Showing posts with label မန်မာပြည်သတင်း. Show all posts
Showing posts with label မန်မာပြည်သတင်း. Show all posts

Monday, 8 August 2016

အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ



မေး - ကျွန်တော့်ဖုန်းမှာ Zapya Install လုပ်ထားပါတယ်။ Zapya ထဲက ကူးသမျှက Zapya ထဲမှာပဲဖွင့်လို့ရတယ်။ File Manager ထဲက Zapya ထဲမရောက်ဘူး။ အဲ့ဒါ ဘယ်လိုလုပ်ရမလဲခင်ဗျာ။

 ဖြေ - ဟုတ်ကဲ့။ Zapya Version 3.8 လောက်ကစပြီး အစ်ကိုပြောသလို File Manager ထဲက Zapya ထဲကို မရောက်တာပါ။ ဒါပေမဲ့ File Manager > Android > Data com.devmobile.kuaiya > Files အတွင်းကိုတော့ မိမိဆီ Share သမျှ ၀င်သွားပါလိမ့်မယ်။ အဲ့ဒီ Directory အတိုင်း မိမိယူချင်တာကို Copy (Or) Cut လုပ်ပြီး File Manager အတွင်းမှာ Paste လုပ်လိုက်ရင် Gallery, Movies စတဲ့ Player တွေမှာ ပြန်မြင်ရမှာဖြစ်ပြီး အရင်လို Zapya ကနေ ဖွင့်စရာမလိုတော့ပါဘူး။ အကောင်းဆုံးကတော့ Zapya ကို Version 4.3 လောက်မြှင့်လိုက်ပါ။ ဒါဆို မိမိ Share သမျှတွေ File Manager > Zapya ထဲကို ပြန်ရောက်မှာပါခင်ဗျာ။

 မေး - အစ်ကိုရေ ကျွန်တော့် Huawei C8816 ဖုန်းလေး Charging ကြိုးထိုးပြီးသုံးရင်ရတယ်။ ကြိုးဖြုတ်လိုက်တာနဲ့ ပါဝါပြန်သေသွားတယ်။ ပါဝါလည်းပြန်မနှိုးတော့ဘူးခင်ဗျာ။ ဘယ်လိုလုပ်ရင်အဆင်ပြေနိုင်မလဲ။ ကူညီပေးပါဦး။

 ဖြေ - ဟုတ်ကဲ့။ အရင်ဦးဆုံး ဘက်ထရီအသစ်လဲပြီးသုံးကြည့်ပါ။ ဘက်ထရီမကောင်းရင်လည်း ဖြစ်တတ်ပါတယ်။ မရရင်တော့ Charg-ing လမ်းကြောင်းကိုစစ်ရမှာပါ။ အများအားဖြင့် Charging IC ကြောင့် အဖြစ်များ ပါတယ်ခင်ဗျာ။
မေး - အစ်ကိုရေ ကျွန်တော့် Samsung Tab A လေး Second Hand ပါ။ ၀ယ်လာတုန်းက Touch က ဆွဲလို့ရတယ်။ အိမ်ပြန်ရောက်တော့ Touch ကရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်။ Pin နဲ့သုံးရင် အကုန်ရတယ်ဗျ။ ဘာကြောင့်များဖြစ်နိုင်မလဲ။ ကူညီပါဦး။

 ဖြေ - အစ်ကို့ဖုန်းက အပေါ် Glass လဲထားလို့ဖြစ်မယ်ထင်တယ်ဗျ။ အပေါ်က Glass နဲ့ အောက်က Touch မထိလို့ဖြစ်တာပါ။ ဖိပြီးဆွဲရင်တော့ရပါလိမ့်မယ်။ အဆင်မပြေရင်တော့ နီးစပ်ရာ Service မှာ Glass အသစ် ပြန်လဲလိုက်ရင် အဆင်ပြေသွားမှာပါခင်ဗျာ။

 မေး - ကျွန်တော့် Xiaomi ဖုန်းလေးမြန်မာစာရချင်ပါတယ်။ Root မလုပ်ပဲ ရတယ်လို့ပြောပါတယ်။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။

 ဖြေ - Xiaomi ဖုန်းတွေမှာ Root မလုပ်ပဲ မြန်မာစာရချင်တယ်ဆိုရင် ပထမဆုံး မိမိရဲ့ဖုန်းဟာ ဘာ ROM လဲဆိုတာသိဖို့လိုပါတယ်။ China Developer, Global Developer တွေဖြစ်နေရင် အလွယ်တကူသွင်းလို့ရပါတယ်။ နောက်ပိုင်းထွက်လာတဲ့ Redmi 3 တို့မှာတော့ Global Stable မှာလည်း အဆင်ပြေပါတယ်။ ပထမဆုံး Setting > System Font ပါမပါ ကြည့်ပါ။ System Font > Offline မှာ Zawgyi Roboto လို့ရိုက်ပြီး Themes လေး Download လုပ်လိုက်ပါ။ Mi Account ရှိဖို့တော့လိုပါမယ်။ Mi Account တောင်းရင် Log In ၀င်လိုက်ပါ။ Down ပြီးရင် Apply ကိုနှိပ်ပါ။ Reboot ကို နှိပ်ပေးလိုက်ပါ။ Reboot ပြန်တက်လာရင် နှစ်သက်ရာ မြန်မာ Keyboard တစ်ခုခု Install လုပ်ပြီး အသုံးပြုနိုင်ပါပြီခင်ဗျာ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei ဖုန်းပါ။ Touch လဲလိုက်တာ Sensor မရတော့ဘူး။ ဘာလုပ်ရမလဲမသိဘူးဗျာ။

 ဖြေ - အစ်ကိုရေ အဲ့ဒါက Touch ကိုပြန်တပ်တဲ့အခါမှာ Sensor နားမှာ ကော်သေချာမကပ်ဘဲ ဟနေရင်လည်းဖြစ်တတ်ပါတယ်။ Sensor အပေါ်မှာ စွပ်ထားတဲ့ရာ ဘာအစွပ်လေးပြန်မတပ်ပေးရင်လည်း ဖြစ်တတ်ပါတယ်။ အစ်ကိုပြင်ထားတဲ့ဆိုင်ကို ပြန်သွားပြကြည့်ပါ။

 မေး - ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကိုင်တဲ့ဖုန်းလေးက Samsung Note 2 လေးဖြစ်ပါတယ်။ သူငယ်ချင်းက ဖုန်းကိုအရမ်းကြီးကျွမ်းကျွမ်းကျင်ကျင်လည်း သိပ်မသုံးတတ်ပါဘူး။ ဖုန်းပြောတာတို့၊ Viber သုံးတာတို့၊ Facebook သုံးတာတို့လောက်ပဲ သုံးတတ်ပါတယ်။ အဲ့လောက်လေးပဲသုံးတတ်တာကို သုံးတာများသွားလို့လားမသိဘူး။ မီးဘုတ်ပျောက်သွားတယ်ဗျ။ ဘာကြောင့် အဲ့လိုဖြစ်ရတာလဲဆိုတာမသိလို့ ကူညီပေးပါဗျာ။

 ဖြေ - အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ Samsung Note 2 နဲ့ Samsung S3 တွေမှာ Hardware ပိုင်းဆိုင်ရာ Emmc-ic Error ကို မကြာခဏ တွေ့မြင်ရပါတယ်။ Emmc-ic သေသွားပြီဆိုရင် ဖုန်းမှာ Power လုံးဝမလာတော့ပါဘူး။ အဲ့လိုမျိုး Error ကို ဖုန်းမှာ Deat Boot သေတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။ အဓိက Error ကတော့ ဖုန်းမှာထည့်ထားတဲ့ Emmc-ic အရည်အသွေးညံ့လို့ဖြစ်ပါတယ်။ အဲ့လို Error မျိုးတွေကို Samsung Note 2 နဲ့ Samsung S3 တို့မှာတွေ့ရလေ့ရှိပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် Emmc-ic အကြောင်းနားလည်တဲ့ ကျွမ်းကျင်တဲ့ Service ဆရာကိုပြပြီး ပစ္စည်းလဲရမယ်ဆိုလည်း လဲလိုက်သင့်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Posted By ဝေယံစိုး18:10

XENDER‬ ပြောင်းသုံးကြပါ ZAPYA VIRUS အကြောင်းပြောပြမယ်


ဒီကောင်က အကျိုးပြုသလိုလိုနဲ့ နောက်ကွယ်မှာ လုပ်စားနေတဲ့အကောင်လို့ပြောရင်မှန်တယ်

သူ့ကိုတင်ပြီးတာနဲ့ Run တွေကိုအရင်စားတယ်
😂😂😂

အင်တာနတ်ဖွင့်နေချိန်မှာ နောက်ကွယ်ကနေ run ပေးနေပြီး
အမည်မသိ app တွေ .c file တွေ auto ဒေါင်းနေလိမ့်မယ်
(ဘားမှမသုံးရပဲ ဘေလ်ကုန်သွားတာပေါ့)

Rom တွေကို ဖြုန်းတီးပြစ်တယ်
ဒါ့ကြောင့် စက်က လေးသွားလိမ့်မယ်

နောက်ပြီး virus app တွေ ဒေါင်းပြီး install တင်လိမ့်မယ်
Unknow Sources ကိုကျော်သွားပြီဆိုရင်တော့
ခင်ဗျားဖုန်းကို link တွေ စတက်ပါပြီ

ရလဒ်က အင်တာနတ်ဖွင့်တာနဲ့ file တွေ ဒေါင်းနေပါလိမ့်မယ်
ဘေလ်တွေ စွန့်စားနေပါလိမ့်မယ်
Browser ဖွင့်တိုင်း app တွေ Security apk လိုမျိုးဟာတွေ ဒေါင်းဖို့ တက်လာပါလိမ့်မယ်

Phone အားတွေစားနေပါလိမ့်မယ်

နောက်ကွယ်ကနေ rom ကိုစားပြစ်နေတဲ့အတွက် ဖုန်းက တဖြေးဖြေးလေးလာပါလိမ့်မယ်
App က သုံးနေရင် ပြန်ပြန်ထွက်သွားပါလိမ့်မယ်

Zapya file share လုပ်နေရင်း တစ်ဖက်ဖုန်းမှ
Virus တွေ သယ်ဆောင်လာပါလိမ့်မယ်
File ထဲမှာ ရှိတဲ့ virus တွေ ဆွဲထုတ်လာပါလိမ့်မယ်

နောက်ဆုံး ဖုန်းက ပါဝါကျလိုက်တက်လိုက်ဖြစ်ပြီး
လဲရတဲ့ အဆင့်အထိ ဖြစ်သွားပါလိမ့်မယ်

Zapya ထဲ virus တွေ သွင်းထုတ်လုပ်နေတာ ၂၀၀၃ခုနှစ်ကတည်းကပါ

လုံခြုံရေး အားနည်းတာကတဆင့် ချိုးဖောက်ဝင်ယောက်လာတာပါ

ဒီလောက်ဆို သူ့ရဲ့ ကောင်းကျိုးလေးကို သိပြီးလောက်ရောပေါ့ 😂😂😂


Xender ပြောင်းသုံးပါဗျာ
Credit

Posted By ဝေယံစိုး18:05

Sunday, 7 August 2016

FACEBOOK NOTIFICATION များကို ပိတ်ထားနည်းများ


Facebook လို လူမှုကွန်ရက် ၀န်ဆောင်မှုများမှာ Notification များဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း Facebook မှာ စိတ်ပျက်စရာကောင်းတဲ့ Notification များကိုလည်း ရရှိနေတတ်ပါတယ်။ အဲဒီ Notification များ အားလုံးကို ပိတ်ထားလို့ မရပေမယ့် အချို့ကို ပိတ်နိုင်တဲ့ နည်းလမ်းတွေကို Facebook က ပံ့ပိုးပေးထားပါတယ်။


Facebook Notification Settings
၁။ Facebook Notification Settings ထဲသွားဖို့အတွက် ညာဘက်အပေါ်ထောင့်မှ Dropdown Arrow ကိုနှိပ်ပါ။ Menu ပေါ်လာရင် Settings ကို နှိပ်ပါ။ Settings ထဲရောက်သွားရင် ဘယ်ဘက်ခြမ်းမှ Notifications ကို နှိပ်ပါ။ On Facebook ရဲ့ ညာဘက်မှ Edit ကို နှိပ်ပါ။


၂။ အဲဒီကနေ Notification အချို့ကို ပိတ်နိုင်ပါတယ်။ သင့်သူငယ်ချင်းတွေရဲ့ မွေးနေ့နဲ့ ပတ်သက်ပြီး အသိပေးတဲ့ Notification တွေကို ပိတ်ထားချင်ရင် Birthdays ကို တစ်ချက်နှိပ်ပြီး Off လုပ်ပေးပါ။



၃။ သင့်သူငယ်ချင်း မဟုတ်သူများက သင့်ကို Tag လုပ်ရင် Notification များရရှိနေမှာပါ။ အဲဒါကို ဖြေရှင်းဖို့ Tags ကို တစ်ချက်နှိပ်ပြီး Friends ကိုရွေးပေးပါ။


၎။ နောက်တစ်ခုက သင်ဟာ Page တစ်ခု သို့မဟုတ် Page များစွာကို ကိုင်တွယ်နေရတယ်ဆိုရင် Notification ယူမယ့် Page တွေကိုသာ သတ်မှတ်ထားနိုင်ပါတယ်။ Pages you manage မှာ သတ်မှတ်နိုင်ပါတယ်။ Notificaiton ပိတ်ထားချင်တဲ့ Page ရဲ့ ညာဘက်မှ Edit ကို နှိပ်ပြီး နောက်အဆင့်မှာ Off လုပ်ပေးပါ။


၅။ သင် အဖွဲ့ဝင်ထားတဲ့ Group တွေကနေ Notification တွေ တောက်လျှောက်ရနေလို့ ပိတ်ထားချင်ရင် Group Activity ကို နှိပ်ပါ။ Group တွေရဲ့ ညာဘက်မှ Dropdown Arrow ကို နှိပ်ပြီး Off ကို ပြောင်းပေးပါ။ သူငယ်ချင်းတွေရဲ့ ပို့စ်ကိုသာ Notification ယူထားချင်ရင် Friend’s Posts ကို ရွေးပေးပါ။


မှတ်သားစရာတစ်ခုက အချို့ Notification တွေကိုတော့ ပိတ်ထားလို့ မရပါဘူး။ ဥပမာ အားဖြင့် သူငယ်ချင်းတစ်ယောက်က သင့်ရဲ့ Timeline မှာ ပို့စ်တင်ရင် သင် Notification ရရှိမှာပါ။ သင် ပို့စ်တစ်ခု တင်လိုက်ပြီး သူငယ်ချင်းတွေက အဲဒီပို့စ်မှာ ကွန်းမန့်မှာ ရေးသားကြရင်လည်း Notification ရရှိနေမှာပါ။

၆။ အချို့ Notification တွေကိုတော့ ပို့စ်ကနေ ပိတ်ထားနိုင်ပါတယ်။ သင်ဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ပို့စ်တစ်ခုမှာ ကွန်းမန့်ရေးလိုက်တယ်ဆိုရင် အခြားသူတစ်ယောက်က အဲဒီပို့စ်မှာပဲ ကွန်းမန့်ရေးရင် သင်ဟာ Notification ရရှိမှာပါ။ ဒီလို မရချင်ဘူးဆိုရင် အဲဒီပို့စ်မှ Stop Notifications ကို နှိပ်ပါ။

၇။ အလားတူပဲ သင် Status တစ်ခုတင်လိုက်တဲ့အခါမှာ သင့် Status ကို Like, Comment, Share ပြုလုပ်ရင် Notification တွေရရှိနေမှာ ဖြစ်ပါတယ်။ အဲဒါကို ပိတ်ထားချင်ရင် ပို့စ်ရဲ့ ညာဘက်ဘေးမှ Dropdown Arrow ကိုနှိပ်ပြီး Turn off notifications ကို နှိပ်ပါ။

ဒါကတော့ Facebook Notification တွေကို PC ကနေ ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ Mobile Device , Tablet တွေကနေလည်း Facebook Notification တွေကို ထိန်းချုပ်နိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။ Facebook Notification အားလုံးကို ထိန်းချုပ်လို့ မရပေမယ့် စိတ်ပျက်စရာကောင်းတဲ့ Notification တွေကိုတော့ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
Credit to ==> Myanmar Digital Life Journal

Posted By ဝေယံစိုး18:40

Tuesday, 24 March 2015

USB ကောက်တွေ့တိုင်း လွယ်တကူ ကွန်ပြူတာထဲ မထိုးသင့်တဲ့ အကြောင်းရင်း



ပုံမှာ မြင်တွေ့နေရတဲ့ USB Stick ကို USB Killer လို့ အမည်ပေးထားပါတယ်။ သူက ထိုးလိုက်တာနဲ့ ကွန်ပြူတာ တစ်ခြမ်းလုံးကို လောင်ကျွမ်းသွားအောင် လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။


ယင်း ကဲ့သို့ Pen Drive မျိုးကို ရုရှားနိုင်ငံမှ သူလျှိုများက ဖန်တီးပြီး အသုံးပြုကြတယ်လို့ သတင်းများက ဆိုပါတယ်။ မြန်မာပြည်ရောက် မရောက် ကတော့ မသိနိုင်ပါဘူး။ သူဟာ ရန်သူရဲ့ စက်ကိုပဲ ဖြစ်ဖြစ် မိမိရဲ့ စက်ကိုပဲ ဖြစ်ဖြစ် ဖျက်ဆီးစေအောင် လုပ်တဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ သူက ထိုးလိုက်တာနဲ့ ကွန်ပြူတာရဲ့ အပူချိန် ထိန်းစနစ်ဆီကို ဗိုင်းရက်စ် ပို့ပြီး လုပ်ဆောင်ချက် ရပ်တန့်သွားအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ပြီးတဲ့အပြင် ဗို့အားတစ်ခုပါ ထည့်သွင်းပေးမှုကြောင့် ကွန်ပြူတာကို လောင်ကျွမ်းစေပါ လိမ့်မယ်။ ယနေ့ခေတ် ကွန်ပြူတာများ အနေနဲ့ အပူချိန်ထိန်းစနစ် ပျက်သွားရင်အောင် ကွန်ပြူတာ အလိုအလျောက် ပိတ်စနစ် ပါဝင်တာကြောင့် ယင်း Stick ဟာ ကွန်ပြူတာကို မပိတ်စေပဲ အတွင်းမှာ လုပ်ဆောင်ချက် ပုံမှန်အတိုင်း ရှိနေစေပြီး လောင်ကျွမ်းစေတာမျိုး ဖြစ်ပါတယ်။


နောက်တစ်မျိုး အနေနဲ့ စတစ်မှာ ပေါက်ကွဲမှုအား ပြင်းတဲ့ ချိန်ကိုက်ဗုံး ထည့်သွင်းတာမျိုး ဖြစ်ပြီး ထိုးလိုက်တာနဲ့ အချိန် ခဏအတွင်း ပေါက်ကွဲတာမျိုး ဖြစ်ပါတယ်။ Pen Drive ကို သူလျှိုများ တိုက်ခိုက်ရေးမှာ အသုံးပြုစေဖို့အတွက် တီထွင်လာခြင်း ဖြစ်ပါတယ်။


ဒါကြောင့်မို့ စတစ်များ ကောက်ရရင် မဆင်မခြင် ထိုးမိတာမျိုးတို့ မလုပ်ရန် လိုအပ် ပါတယ်။ အနည်းဆုံးကတော့ ကောက်ရတဲ့ စတစ်မှာ ဗိုင်းရက်စ်ကတော့ ပါနိုင်ပါတယ်။
.
Ref: dyknow

Credit: အောင်ခမ်း

Posted By ဝေယံစိုး00:37