Friday, 29 March 2013

ဧပြီ ၁ ရက်တွင် ရောင်းချမည့် တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ်များအား တစ်လလျှင် ကတ်ရေသုံးသိန်းခွဲနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်

 ဧပြီ ၁ ရက်တွင် ရောင်းချမည့် တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ်များအား တစ်လလျှင် ကတ်ရေသုံးသိန်းခွဲနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီး ယင်းဖုန်းကတ်များ ရောင်းချမည့်ကာလအတွင်း ရောင်းချသူများ ဈေးမကစားစေရန် စီစဉ်ထားကြောင်း ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဆင်းမ်ကတ်များ ရောင်းရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချမည်ဖြစ်ကာ ပြင်ပအရောင်းဆိုင်များ ဈေးမစားနိုင်ရန်အတွက် ထိန်းချုပ်သွားမည်ဖြစ်ပြီး ဖုန်းကတ်ရေ သုံးသိန်းခွဲအား လစဉ်ဈေးနှုန်းမပြောင်းလဲဘဲ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁ ရက်၌ ဆင်းမ်ကတ်များ ရောင်းချပေးမည်ဟု ကြေညာထားပြီး ဖြစ်သော်လည်း ယခုအစည်းအဝေးတွင် ရောင်းချမည့်နေ့ရက်နှင့် ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ထပ်မံရောင်းချမည့် မိုဘိုင်းဖုန်းကတ်များကြောင့် ဖုန်းလိုင်းကျပ်တည်းမှု မရှိစေရေးအတွက် ကြိုတင်စီမံထားရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ကြောင်း ယင်းအစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။
 
Ref: 7day

No comments:

Post a Comment