Thursday, 1 May 2014

PASSWORD ပြောင်းလဲရန် သုံးစွဲသူ သန်းပေါင်းများစွာကို AOL တိုက်တွန်း

 

ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ကြောင့် အကောင့် နှစ်ရာခိုင်နှုန်း ထိန်းချုပ်ခံရပြီးနောက် ကုမ္ပဏီ၏ အီးမေးလ် အကောင့်ပိုင်ရှင်များ အနေဖြင့် ၎င်းတို့၏ password နှင့် လုံခြုံရေးမေးခွန်းများကို ပြောင်းလဲရန် AOL Inc က တိုက် တွန်းခဲ့သည်။ 

AOL ကုမ္ပဏီ၏ ပြောကြား ချက်အရ ဆိုက်ဘာတိုက်ခိုက်မှုအ တွက် ဖက်ဒရယ်အစိုးရက စုံစမ်း စစ်ဆေးမှု များ ပြုလုပ်ခဲ့ကြောင်း၊ ဟက်ကာများသည် အီးမေးလ် လိပ်စာများ၊ စာတိုက်လိပ်စာများ encrypt လုပ်ထား သည့် pass-word များနှင့် reset password လုပ်ရာတွင် အသုံးပြုသည့် လုံခြုံ ရေးမေးခွန်း အဖြေများကို ရယူခဲ့ သည်။ 

သို့သော်လည်း encrypt ပြုလုပ်ထားသည့် အချက်အလက် များ ပေါက်ကြားခဲ့သည့် အရိပ်အယောင် မတွေ့ကြောင်း AOL က ဆိုသည်။ 

ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးကမူ စနစ်ပေါ်တွင် မှတ် ပုံတင်ထားသည့် အီးမေးလ်အ ကောင့်အရေ အတွက်ကို ပြော ကြားရန် ငြင်းဆိုသည်။ 

AOL ၏ အဆိုအရ AOL လိပ်စာများမှ spoof email များ ထွက်ပေါ်လာကာ spam ပမာဏ အဆမတန် များပြားလာပြီးနောက် ယခုကဲ့သို့အချက်အလက် ပေါက် ကြားမှု ဖြစ်ပေါ်လာခြင်းဖြစ်သည် ဟု သိရသည်။ 

အဆိုပါ အီးမေးလ်များ သည် ပေးပို့သူ၏ service provider မှ ထွက်ပေါ်လာခြင်းမဟုတ် ဘဲ ၎င်းတို့၏ လိပ်စာများကို ပြင် ဆင်ထားသည်။ 

—Ref: Reuters
7Day Daily

No comments:

Post a Comment