Cydia ကလည်း တစ်ဖြည်းဖြည်းခြင်း update ပေးလာသော်လည်း ယခုအထိတော့ ပုံမှန် Jailbreak များကဲ့သို့ စိတ်ကြိုက် ချောမွေ့စွာ အသုံးမပြုနိုင်သေးပါ.. ဖြစ်တတ်သည့် ပြဿနာများထဲတွင် အဆိုးဆုံးမှာ Reboot လုပ်လိုက်သည့်အခါ Apple logo တွင် တစ်နေပြီး ရှေ့မဆက်နိုင်သော ပြဿနာဖြစ်ပြီး အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်..
ယခုပြဿနာကို ဖြေရှင်းနိုင်ရန် Jailbreak စလုပ်စဉ်ကထဲက Cydia ကို သွင်းယူထားပေမယ့် "Cydia" ကို လုံးဝ မဖွင့်ထားဖူး (Setup) မလုပ်ထားရသေးသော အနေအထား ဖြစ်မှသာ အလုပ်လုပ်ပါလိမ့်မယ်။
ဒါကြောင့်မို့ ဤနည်းလမ်းကို အသုံးပြုလိုပါက (Restore, Rejailbreak, Reinstall Cydia) လုပ်ရန် လိုအပ်ပါသည်။
**လုပ်ငန်းစဉ်**
၁) move.sh file ကို ဤနေရာတွင် Download လုပ်ထားပါ။
၂) ထို့နောက် WinSCP နှင့် Cydia သွင်းခဲ့စဉ်ကအတိုင်း Device နှင့် ချိပ်ဆက်ပါ။
၃) ပုံတွင်ပြသထားသည့်အတိုင်း ညာဖက်တွင် "/
၎) ထို့နောက် " /usr/libexec/cydia " လမ်းကြောင်းသို့သွားပါ
၅) "Cydia" ထဲသို့ ဘယ်ဖက်ရှိ 'move.sh' file ကို Drag & drop ဆွဲပြီး REPLACE လုပ်လိုက်ပါ။
၆) Device ကို Reboot လုပ်ပါ။ Cydia ကို (လုံးဝ) မဖွင့်ပါနဲ့ဦး။
၇) Device ပြန်တက်လာတဲ့ အခါကျရင် Cydia ကို စတင် အသုံးပြုနိုင်ပါပြီ။
၈) Touch ID, Find My iPhone, Passcode စတာတွေကို ပြန်လည် "Enable" လုပ်နိုင်ပါပြီ။
ယခုနည်းဖြင့် Bootloop ကို ဖြေရှင်းထားနိုင်ပါပြီ...
မှတ်ချက်။ ။ Cydia ကို အသုံးပြုပြီးသားအတွက် Bootloop ဖြေရှင်းနည်းသည် ပိုမိုရှုပ်ထွေးပြီး System file များကို ပြုပြင်ရမှာ ဖြစ်လို့ အများအတွက် (တစ်ကယ် ပြဿနာတက်တာထက်စာရင် Restore,ReJB,Reinstall Cydia) လုပ်တာက ပိုမို လျှင်မြန်လွယ်ကူ ပါသောကြောင့် မသင့်လျှော်သည့်အတွက် ချန်လှပ်ထားခဲ့ပါသည်။



No comments:
Post a Comment