ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် KDDI , Sumitomo တို့နှင့် ပူးပေါင်းထားသည့် MPT အနေဖြင့် ၂၀၁၅ နှစ်လယ်ပိုင်းတွင် 3G ကွန်ရက်ကို တစ်နိုင်ငံလုံးအနှံ့ ဖြန့် ကျက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ လိုအပ်နေသေးသည့် ကျေးလက်ဒေသများတွင် ၎င်းတို့၏ ကွန်ရက်များကို ၂၀၁၅ ပထမနှစ်ဝက် အတွင်း ဆက်လက် ဖြန့်ကျက်သွားမည်ဖြစ်ပြီး ယင်းအချိန် ကာလအတွင်း၌ပင် 3G ကွန်ရက်ကို နိုင်ငံအနှံ့ ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးခင်မောင်ထွန်းက ပြောကြားသည်။
ထို့ကြောင့် ၂၀၁၅ နှစ်လယ်ပိုင်းအရောက်တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက် မရရှိသည့် ဒေသအများစုတွင် မိုဘိုင်းဖုန်းများနှင့် အင်တာနက်ဝန်ဆောင်မှုများကို စတင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
internetjournal

No comments:
Post a Comment