Monday, 8 August 2016


ဒီဂိမ်းမှာတော့ ကမ္ဘာဂြိုဟ်ကို ကျူးကျော်လာတဲ့ ထူးဆန်းတဲ့မကောင်းဆိုးဝါး evil တွေကို တိုက်ခိုက်သတ်ဖြတ်ရမယ့် ဂိမ်းပုံစံဖြစ်ပါတယ်။ ကစားသူအနေနဲ့ ဇာတ်ကောင်ကိုထိန်းချုပ်ပြီး ဂိမ်းမြေပုံတစ်လျှောက် သွားလာကာ တွေ့သမျှ မကောင်းဆိုးဝါး evil တွေကို သတ်ဖြတ်ပြီး သူတို့ဆီကနေ သော့တွေကို ပြန်လည်သိမ်းယူရမှာဖြစ်ပါတယ်။

အဲဒီသော့တွေကို အသုံးပြုပြီးတော့ ရှေးခေတ်ဘုရင်ကြီးတွေရဲ့ အစိတ်အပိုင်းတွေကို unlock လုပ်ယူရမှာပါ။ သော့တွေအားလုံးကို ရှာဖွေဖို့အတွက် screen ပေါ်မှာ tap လုပ်ကာ ဇာတ်ကောင်ကို ထိန်းချုပ်ပေးရမှာဖြစ်ပါတယ်။ ကစားသူအနေနဲ့ evil တွေရဲ့ တိုက်ခိုက်တဲ့ အနေအထားကိုလိုက်ပြီးတော့ အလိုက်သင့် တုံ့ပြန်တိုက်ခိုက်ရုံပဲ ဖြစ်ပါတယ်။ ရန်သူက ဘယ်ဘက်ကနေ ခုတ်မယ်ဆိုပါက သင့်အနေနဲ့ အဲဒီလမ်းကြောင်းအတိုင်း swipe လုပ်ပြီး တိုက်ခိုက်မှုကို ပုတ်ထုတ်နိုင်ပါတယ်။

ရန်သူတွေရဲ့ health bar တွေက သင့်ရဲ့ဇာတ်ကောင်ထက် ပိုမိုကြီးမားပြီး တိုက်ခိုက်မှုအား ပိုကောင်းတဲ့အတွက် ရန်သူတွေကို မလွဲတမ်းတိုက်ခိုက်ဖို့ လိုပါတယ်။ ကစားရင်းကနေ ရရှိတဲ့ရွှေတွေနဲ့ resource တွေကို အသုံးပြုပြီးတော့ ဇာတ်ကောင်ရဲ့ လက်နက်နဲ့ ဝတ်စုံတွေကို အဆင့်မြှင့်တင်ပေးနိုင်ပါတယ်။ ဒီဂိမ်းကိုတော့ Android 4.4 နဲ့အထက်မှာ ကစားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment