Friday, 12 September 2014

ဖုန်းအ၀င် Call လက်ခံတိုင်းပိုက်ဆံရမယ့် APK နှင့်၎င်းအစီအစဉ်တစ်ရပ်ပြုလုပ်

Filled under:


ဖုန်းလာတိုင်းပိုက်ဆံရရှိမည့် အစီအစဉ်တစ်ရပ်ကို VMG ကုမ္ပဏီမှဆောင်ရွက်လိုက်ကြောင်း သိရသည်။ အဆိုပါ Cash 4 Call အစီအစဉ်မှာဖုန်းဝင်သည့် အခါတိုင်းမိမိ၏ ဖုန်း Ringtone သံအစား ကြော်ငြာ တစ်ခုကိုဆယ်စက္ကန့်မှ စက္ကန့်သုံးဆယ်အတွင်းကြည့်ပြီးမှ ဖုန်းကိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် မည်ဆိုပါက ဖုန်းကိုင်ဆောင်သူမှကြော်ငြာ ကြည့်ခအနေဖြင့် တစ်ကြိမ်လျှင်ငါးကျပ်ရရှိမည့် အစီအ စဉ်ဖြစ်ကြောင်း သိရသည်။

Cash 4call Application ရှိသူမည်သူမဆိုအသုံးပြုနိုင်မည်ဖြစ်သည်။ “ဖုန်းခေါ်ဆိုနှုန်း အကြိမ်အရေ အတွက်ကို ကန့်သတ်ထားခြင်း မရှိတဲ့အတွက်ကြောင့် မိမိရဲ့ဖုန်းမှာ ဖုန်းတစ်ခါဝင်တိုင်း ပိုက်ဆံငါးကျပ်ရရှိ မှာဖြစ်ပါတယ်၊ Cash 4call Application ကို Register လုပ်မယ် ဆိုရင်မိမိရဲ့ Facebook နဲ့ တိုက်ရိုက် ချိတ်ထားပါတယ်။ ဆော့ဖ်ဝဲသုံးစွဲသူနေထိုင်ရာနယ်မြေ၊ ကျားမ၊ အသက်အရွယ် ကိုကွဲပြားစွာသိရှိနိုင် မှာဖြစ်ပါတယ်” ဟု Project Manager မမြသီရိဦးကပြောသည်။ Cash 4call Application ကို Free Download အဖြစ် Google Play Store နှင့် အမြို့မြို့ အနယ်နယ်ရှိဖုန်းဆိုင်များတွင်အခမဲ့ရရှိနိုင်ကြောင်း သိရသည်။

Internet Journal



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Posted By ဝေယံစိုး00:05

Monday, 11 August 2014

ASUS ZENFONE 5 MODEL T00J ANDROID 4.3 တွေကို CWM RECOVERY ထည့်ကြည့်ရအောင်

Filled under:

asus zenfone 5  model T00J android 4.3 ကို CWM recovery ထည့်ကြည့်ရအောင်ဗျာ။ နည်းလမ်းလေးကတော့ရထားတာကြာပါပြီ စမ်းစရာဖုန်းမရှိတာကတစ်ကြောင်း ဖုန်းရလာပြန်တော့လဲ သူများဖုန်းပျက်မှာစိုးတာတစ်ကြောင်း နဲ့ မလုပ်ဖြစ်တာ ခုတော့ ဖုန်းပိုင်ရှင်ကလည်း ခွင့်ပြု လိုက်တာရယ် အောက်ကနေ မီးထိုးပေးမဲ့ ကိုဝင်းကမ္ဘာကျော် ရှိတာကြောင့် လုပ်ဖြစ်သွားတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။
ပထမဆုံး CWM recovery nstall လုပ်မဲ့ zenfone 5 မှာ root ရှိထားဖို့လိုပါတယ်။ root လုပ်ရတာလဲလွယ်ပါတယ်။ Apk လေးဖုန်းထဲ install လုပ်ပြီး root လိုက်ရုံပါပဲ root လုပ်နည်းလေးကိုတော့ ဒီနေရာလေးမှာသွားကြည့်ပြီးလုပ်လိုက်ပါ။ root လုပ်လို့ အစင်ပြေပြီဆိုရင် အောက်က zenfone_5_cwm_installer.rar
ဖိုင်လေးကို ယူလိုက်ပါ။ 
ပြီးရင် ဖုန်းထဲမှာ developer option ဖော်ဖို့အတွက် setting / About / Software infomation / Buld number နေရာလေးကို လေးငါးချက်လောက်တောက်လိုက်ရင် You are now a developer ဆိုတဲ့စာလေး ပေါ်လာပါလိမ့်မယ်။ developer option ထဲကိုဝင်ပြီး USB debugging ဘေးကအကွက်လေးထဲမှာ အမှန်ခြစ်ပေလိုက်ပါ။ ပြီးရင်
 ဖုန်းကို PC နဲ့ ချိတ်လိုက်ပါ။အောက်ကပုံမှာလို PC မှာ driver တွေ install လုပ်နေပါလိမ့်မယ်


download ဆွဲလို့ရလာတဲ့ rar ဖိုင်ထဲက Window Batch File လေးကို click နှစ်ချက်နှိပ်လိုက်ပါ။
 
 ဖုန်း reboot ကျပြီးပြန်တက်လာရင် Volume Down ခလုပ်ကို( တောက်တောက်တောက်တောက် ) လေးနှိပ်ပေထားပြီးခဏနေရင် CWM recovery လေးတက်လာပါပြီဗျာ ကဲပုံပြင်လေးကတော့ ဒါပါပဲ။
အစင်ပြေကြမယ်ထင်ပါတယ်။
ဒါလေးကကျွန်တော်စမ်းလို့ရထားတဲ့ video ပါ။
  

http://htwenaingwin.blogspot.com/

Posted By ဝေယံစိုး00:06

ဝယ်ရတဲ့ VIBER STICKER တွေကိုအခမဲ့ရယူချင်တဲ့ ANDROID ဖုန်းပိုင်ရှင်တွေအတွက်

Filled under:

v1

ဝယ်ရတဲ့ Viber Sticker တွေကိုအခမဲ့ရယူချင်တဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် ‘ Viber Sticker Enabler ‘ version အသစ် 5.0 ကိုထပ်မံရေးသားပေးလိုက်ပါတယ်။

 ဒီ Viber Sticker Enabler v5.0 မှာဆိုရင် ၀ယ်ယူသုံးစွဲရမယ့် Sticker ပေါင်း ၅၆ ခုကိုထည့်သွင်းပေးထားပါတယ်။ အသုံးပြုနည်း Guide ကိုပါတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ Viber Sticker Enabler v5.0 ကိုသုံးစွဲရန် ဖုန်းသည် Root လုပ်ထားရပါမယ်။ Viber Sticker Enabler v5.0 for Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။


https://play.google.com/store/apps/details?id=com.mmas.vseinstaller

(or)

http://apkleecher.com/?id=com.mmas.vseinstaller




 
အားလုံးပဲအဆင်ပြေကြပါစေ ။ 
 
 
သက်နိုင်စိုး
 

Posted By ဝေယံစိုး00:05

ဖုန်းတစ်လုံးမှာ VIBER အကောင့်နှစ်ခုသုံးနိုင်တဲ့ - 2LINES FOR VIBER ★ ROOT V 1.0.1 APK

Filled under:

Cover art

ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့တင်ဘော်ဒါတွေ စိတ်ဝင်စားသွားကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ တကယ် လည်းမိုက်ပါတယ်။ ဖုန်းတစ်လုံးထဲမှာတင် Viber Account နှစ်ခုသုံးနိုင်တဲ့ Application လေးဖြစ်ပါတယ်။ 2Lines for Viber ကိုအသုံးပြုဖို့အတွက် မိမိတို့ရဲ့ဖုန်းက Root Access ဖြစ်ဖို့တော့လိုအပ်ပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ Error မရှိပါဘူး ကျွန်တော်စမ်းပြီး ကလိကြည့်လို့အဆင်ပြေမှ တင်ပေးလိုက်တာပါ။ နောက်ထပ် Account တစ်ခုထပ်ဖွင့်ချင်တယ်ဆိုရင်တော့ အောက်ကပုံမှာမြင်ရတဲ့ အတိုင်း Add new line for viber ကိုနှိပ်ပြီး Viber ဖွင့်နေကြပုံစံအတိုင်း ထပ်ဖွင့်ရုံပါပဲ။ အသုံးပြုရင်လည်း Viber ကိုနှိပ်ပြီး အသုံးပြုရမှာပါ။ သုံးနေရင်း အခြား Account ပြောင်းပြီးသုံးချင်တယ်ဆိုရင်တော့ 2Line For Viber ကို နှိပ်ပြီး ပြောင်းသုံးချင်တဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီးသုံးရမှာပါ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

2Lines for Viber ★ ROOT - screenshot     2Lines for Viber ★ ROOT - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Posted By ဝေယံစိုး00:04

Friday, 8 August 2014

HOW TO CONVERT 5$ TO 8$ IN SHOWYOURLINK WITHIN 1 MONTH ( မြန်မာလို PDF )

Filled under:


ခုရက်ပိုင်းအတွင်း Online ပေါ်မှာနာမည်ကြီးလာတဲ့စာအုပ် တစ်အုပ်ဖြစ်ပါတယ်။ ငွေထည့်ရင်းပြီး အမြတ်ပြန်ထုတ်နည်းရေးထားတဲ့စာအုပ်ပါ။ ရေးသားသူ ကိုယ်တိုင်ကလည်း အင်တာနက်ငွေရှာနည်းပေါင်း များစွာကိုလေ့လာဝေမျှပေးနေသူဖြစ်ပါတယ်။ သူ့ရဲ့ Facebook Link ကိုတော့ ဒီမှာဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။အားလုံးအတွက် အလွန်အကျိုးရှိမှာပါ။ မြန်မာငွေပါ အဆင်ပြေပြေနဲ့ပြန်ထုတ်နိုင်ပါတယ်။ အောက်မှာ စာအုပ် Download ရယူနိုင်ပါပြီ။

Posted By ဝေယံစိုး19:00