Thursday, 25 September 2014

TTKEYBOARD FOR IOS 8 (NO JAILBRAKE NEEDED)

Filled under:

iOS 8 က Custom keyboard ကို install လုပ်ခွင့်ပေးလိုက်တဲ့အတွက် Myanmar 
developer များက မြန်မာ iOS user များအတွက် Keyboard App များကို ကြိုးစား 
ဖန်တီးခဲ့ကြပါတယ်...



အဲဒီကီးဘုတ်တွေထဲကမှ"Mogok" "LikeBook" "Tmusic Player" တို့ကို ဖန်တီးရေးသားခဲ့သူ iOS Developer ကိုဟိန်းသက်ခင်ဇော် ရဲ့ "ttKeyboard" App လေးကို ကြိုတင်ကာ မိတ်ဆက်ပေးလိုက်ပါရစေ..





"ttKeyboard" App လေးက ယခုစာရေးနေတဲ့ အချိန်ထိ Apple iTunes
AppStore မှာ တရားဝင် တင်ပေးနိုင်ဖို့အတွက် Apple ရဲ့ approval ကို
စောင့်နေဆဲ ဖြစ်ပါတယ်...



25.09.2014 : မှာတော့ "ttKeyboard" ကို တရားဝင် ထုတ်ပေးလိုက်ပါပြီ..



>> ttKeyboard Download



ပထမဦးစွာ "ttKeyboard" ကို စမ်းသပ်သုံးစွဲခွင့်ပေးခဲ့သော ကိုသန့်သက်ခင်ဇော် အား ကျေးဇူးအထူးတင်ပါတယ်..



ကျွန်တော် စမ်းသပ်အသုံးပြုခွင့် ရခဲ့တဲ့ "ttKeyboard" ဟာ version 1.1-2b(65) ဖြစ်ပါတယ်။


"ttKeyboard" မှာ "Zawgyi" နှင့် "Zawgyi (Non Smart)" option နှစ်ခုပါဝင်ပြီး "Zawgyi" သည် smart zawgyi ကီးဘုတ်ဖြစ်ပါတယ်...။




"ttKeyboard" ဟာ ကျွန်တော်တို့ ရေးသားနေကြ jailbreak keyboard ရဲ့
လက်ကွက်အတိုင်းဖြစ်လို့ သုံးရတာ လွယ်ကူသလို smart zawgyi လည်း ဖြစ်တာမို့
စာရိုက်ရတာ အလွန်လျှင်မြန်ပါတယ်။


အက္ခရာတွေ တော်တော်များများကို long-press နှိပ်လိုက်ရင် သက်ဆိုင်ရာ ဆက်စပ်
စာလုံးတွေ ထပ်မံရွေးချယ်နိုင်ပါတယ်။ ပတ်ဆင့်များ ရေးသားဖို့အတွက် "အပြာရောင် (alt)" ကီးကို နှိပ်ပြီး ထပ်ဆင့်လိုသော စာလုံးကို ရိုက်လိုက်ရုံပဲ ဖြစ်ပါတယ်။


App ကို ဖွင့်လိုက်ရင် ရိုက်ရမည့် လမ်းညွှန်ချက်ကို ထည့်သွင်းထားပါတယ်..




ပြောင်းလဲသွားတဲ့ ကီးဘုတ်ပုံများကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်...




"ttKeyboard" ဟာ ဘာမှ အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်မြန်ဆန်ပြီး သုံးစွဲသူတွေကို စိတ်ကျေနပ်စေလိမ့်မယ်လို့ ပြောရဲပါတယ်...



"ttKeyboard" ကို Free version အဖြစ် ထုတ်ပေးဖို့ % များတယ်လို့ ကိုသန့်သက်ခင်ဇော် က ပြောကြားခဲ့ပါတယ်...



"ttKeyboard" အမြန်ဆုံး Store ပေါ်ရောက်ပါစေလို့ ဝိုင်းဝန်းဆုတောင်းရင်း အတူတူ စောင့်လိုက်ကြရအောင်လား ခင်မျာ....










Credit to : သန့်သက်ခင်ဇော်
http://www.moethagyarr.info

Posted By ဝေယံစိုး22:51

iOS 8 တွင် မြန်မာစာ အသုံးပြုနိုင်ရန်အတွက် ထည့်သွင်းခြင်း

Filled under:

Photo: iOS 8 တွင် မြန်မာစာ အသုံးပြုနိုင်ရန်အတွက် ထည့်သွင်းခြင်း
====================================== 
 
အသစ်ထွက်ရှိထားသည့် iOS 8 တွင် မြန်မာစာကို အသုံးပြုလိုသူများအတွက် Zawgyi Font နှင့် မြန်မာစာ စာလုံးအားရိုက်ရန်အတွက် Keyboard ဖြစ်သည့် ttkeyboard ကို အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာစာ ထည့်သွင်းမည့် iPhone သို့မဟုတ် iPad တွင် ပထမဦးဆုံး Zawgyi Font ထည့်သွင်းရန်အတွက် အဆိုပါ Device များမှ Safari Browser ကို ဖွင့်ရမည်ဖြစ်သည်။ Safari Browser ထဲကိုရောက်ပြီဆိုလျှင် Address Bar တွင် http://t.co/WM70j6av69 အဆိုပါ လိပ်စာကိုရိုက်ထည့်ပြီး Zawgyi Font ကို ထည့်သွင်းပေးရမည်ဖြစ်သည်။ Zawgyi Font ကို ထည့်သွင်းပြီးလျှင် General ထဲမှ Profile တွင် Zawgyi 2008 ဆိုသော ဖိုင်ကိုတွေ့မြင်ရမည် ဖြစ်သည်။

Zawgyi Font ထည့်သွင်းပြီးသွားပြီဆိုလျှင် မြန်မာစာ စာလုံးကို Keyboard ဖြင့် အသုံးပြုနိုင်ရန်အတွက် ttkeyboard ကို ထည့်သွင်းရမည် ဖြစ်သည်။ ttkeyboard ကို ထည့်သွင်းချင်သူများအတွက် ဖော်ပြထားသည့် http://goo.gl/9JLP63 ဝက်ဘ်ဆိုက် လိပ်စာမှတစ်ဆင့် ttkeyboard ကို သွားရောက် ရယူနိုင်မည်ဖြစ်ပြီး iTunes တွင်လည်း ttkeyboard ဟု ရိုက်ထည်ပြီး ရှာဖွေကာ ထည့်သွင်းနိုင်မည်ဖြစ်သည်။ ထည့်သွင်းပြီးသွားလျှင် ttkeyboard ကို အသုံးပြုနိုင်ရန်အတွက် Settings > General > Keyboards Keyboard >Add New Keyboard > ttkeyboard အစရှိသည်တို့ကို အဆင့်ဆင့်သွား၍ ရွေးချယ်ပြီး ထည့်သွင်းပေးရမည်ဖြစ်သည်။ ထိုအဆင့်များအားလုံး ပြီးသွားလျှင် iOS 8 အသုံးပြုထားသည့် Device များတွင် မြန်မာစာကို အသုံးပြုနိုင်ပြီ ဖြစ်သည်။

အင်တာနက်ဂျာနယ်ဝက်ဘ်ဆိုက်တွင်လည်း ဖတ်ရှုနိုင်ပါသည်။
 ====> http://internetjournal.com.mm/content/14505

အသစ်ထွက်ရှိထားသည့် iOS 8 တွင် မြန်မာစာကို အသုံးပြုလိုသူများအတွက် Zawgyi Font နှင့် မြန်မာစာ စာလုံးအားရိုက်ရန်အတွက် Keyboard ဖြစ်သည့် ttkeyboard ကို အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာစာ ထည့်သွင်းမည့် iPhone သို့မဟုတ် iPad တွင် ပထမဦးဆုံး Zawgyi Font ထည့်သွင်းရန်အတွက် အဆိုပါ Device များမှ Safari Browser ကို ဖွင့်ရမည်ဖြစ်သည်။ Safari Browser ထဲကိုရောက်ပြီဆိုလျှင် Address Bar တွင် http://t.co/WM70j6av69 အဆိုပါ လိပ်စာကိုရိုက်ထည့်ပြီး Zawgyi Font ကို ထည့်သွင်းပေးရမည်ဖြစ်သည်။ Zawgyi Font ကို ထည့်သွင်းပြီးလျှင် General ထဲမှ Profile တွင် Zawgyi 2008 ဆိုသော ဖိုင်ကိုတွေ့မြင်ရမည် ဖြစ်သည်။

Zawgyi Font ထည့်သွင်းပြီးသွားပြီဆိုလျှင် မြန်မာစာ စာလုံးကို Keyboard ဖြင့် အသုံးပြုနိုင်ရန်အတွက် ttkeyboard ကို ထည့်သွင်းရမည် ဖြစ်သည်။ ttkeyboard ကို ထည့်သွင်းချင်သူများအတွက် ဖော်ပြထားသည့် http://goo.gl/9JLP63 ဝက်ဘ်ဆိုက် လိပ်စာမှတစ်ဆင့် ttkeyboard ကို သွားရောက် ရယူနိုင်မည်ဖြစ်ပြီး iTunes တွင်လည်း ttkeyboard ဟု ရိုက်ထည်ပြီး ရှာဖွေကာ ထည့်သွင်းနိုင်မည်ဖြစ်သည်။ ထည့်သွင်းပြီးသွားလျှင် ttkeyboard ကို အသုံးပြုနိုင်ရန်အတွက် Settings > General > Keyboards Keyboard >Add New Keyboard > ttkeyboard အစရှိသည်တို့ကို အဆင့်ဆင့်သွား၍ ရွေးချယ်ပြီး ထည့်သွင်းပေးရမည်ဖြစ်သည်။ ထိုအဆင့်များအားလုံး ပြီးသွားလျှင် iOS 8 အသုံးပြုထားသည့် Device များတွင် မြန်မာစာကို အသုံးပြုနိုင်ပြီ ဖြစ်သည်။


Internet Journal

Posted By ဝေယံစိုး22:37

Telenor ၏ အင်တာနက်နှင့်ဖုန်းခေါ်ဆိုခနှုန်းထားများ - Telenor‬ (27 - 9-2014) စနေနေ့ မန္တလေးမြို့မှာ စတင်ရောင်းချမည်။

Filled under:


Phone ခေါ်ဆိုခကို မိနစ် ၂၀ စာထည့်သွင့်ပေးထားပြီး.. Facebook ကိုတော့ ၁ လ Free စိတ်ကြိုက်သုံးနိုင် မည်ဖြစ်ကြောင်း အသိပေးကြော်ငြာလိုက်ပါသည်။

ဖုန်းခေါ်ခ = 25 /- (မည်သည့်ဖုန်းကိုမဆို) 
message ပို့ခ = 15 /-
အင်တာနက် Plan ကို 2 မျိုး ရှိတယ်၊ 

‪#‎ရိုးရိုး‬ PLAN ( Facebook နဲ့ Viber အသုံးပြုသူများအတွက် )
1MB = 6 /-
1GB = 6000 /-
အမြန်နှုန်း = 300 KBs
‪#‎SMART‬ PLAN ကို activate ပြုလုပ်အသုံးပြုနိုင် (Youtube , Download ဆွဲလိုသူများအတွက် )
1MB = 10 /-
1GB = 10000 /-
အမြန်နှုန်း = 2 MBs
(27 - 9-2014) စနေနေ့ မန္တလေးမြို့မှာ စတင်ရောင်းချမည်၊
နေပြည်တော် တွင် တစ်ပတ်ခန့်အကြာ (4.10.2014)...
ရန်ကုန်မြို့ နှစ်ပတ်ခန့်အကြာ (11.10.2014) နေ့များတွင် ရောင်းချသွားမည်။
မည်သည့် GSM Handset နှင့်မဆို တွဲဖက်အသုံးပြုနိုင်ပြီး 2G, 3G network အသုံးပြုနိုင်မည်ဖြစ်သည်။
Telenor တံဆိပ်ဖြင့် handset များကိုလည်း ရောင်းချသွားမည်
2G keypad ဖုန်းများအတွက် 19900 /-
Smart phone အတွက် 49900 /-
Telenor စတင်ရောင်းချသည့်အချိန်မှ စ၍ ရက် 30 တိတိ facebook အခမဲ့ အသုံးပြုနိုင်ပြီးhttp://en.wikipedia.org/wiki/Main_Page အား အခမဲ့တောက်လျောက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော telenor ပွဲတွင် တာဝန်ရှိ အကြီးအကဲများမှ ထုတ်ဖော်ပြောဆိုသွားပါသည်။

Posted By ဝေယံစိုး22:36

Thursday, 18 September 2014

မျက်မှန်လွတ်နည်း

Filled under:

jas

မျက်မှန်လွတ်နည်း

ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၁.၆၆ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂နှင့်အထက်
ကူးယူသည့် အရေ အတွက် - 149
မျက်စိသည် လူသားတိုင်းအတွက် အရေးကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်း တခုဖြစ်ပါတယ်။ ဤ အသုံးချပရိုဂရမ်တွင် မျက်စိကြည်ပြီး မျက်မှန်လွတ်နိုင်စေဖို့ နည်းလမ်းများကို လေ့ကျင့်ခန်းပုံလေး မျာနှင့်တကွ ဖော်ပြထားပါတယ်။

Posted By ဝေယံစိုး01:55

နိုင်ငံတကာဖုန်းကုတ်များ

Filled under:

jas

နိုင်ငံတကာဖုန်းကုတ်များ

ဗားရှင်း - ၁.၁
ဖိုင် အရွယ်အစား - ၆၄၄ ကီလိုဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
ကူးယူသည့် အရေ အတွက် - 280
နိုင်ငံပေါင်း ၂၃၂ နိုင်ငံ ကို ဖုန်းခေါ်ဆိုရန် အတွက် နိုင်ငံများ၏ ကုတ်နံပါတ်များကို အဆင့်သင့်ဖုန်းခေါ်ဆိုရန် ပြုလုပ်ပေးထားသော အသုံးချပရိုဂရမ် ဖြစ်သဥ၁်။

download >>>>>>


jas

Posted By ဝေယံစိုး01:52

Friday, 12 September 2014

MPT ကြိုတင်ငွေဖြည့်ကတ် ၆၀ရာခိုင်နှုန်းအထိ အပိုပေးမည်

Filled under:

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အတွင်းရှိ E LITE IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲ တစ်ခုတွင် MPT ဆင်းကဒ်များ စတင်ရောင်းချနေ သည်ကို စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ) 
 
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ဆက်သွယ်ရေး (MPT) ၏ GSM နှင့် WCDMA ဖုန်းဆင်းကတ် များအတွက် ကြိုတင် ငွေဖြည့်ကတ် ငါးထောင် ထည့်လျှင် ၄၀ ရာခိုင်နှုန်းကျပ် ၂၀၀၀ အပိုရမည်ဖြစ်ပြီး ငွေဖြည့်ကတ် တစ်သောင်းတန်နှင့် အထက်ကို ထည့်ပါက ၆၀ ရာခိုင်နှုန်း ကျပ် ၆၀၀၀ အပိုဆုကြေး ရရှိမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။


အပိုဆုကြေး ထပ်ပေါင်းပေးသည့် အစီအစဉ်ကို စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်အတွင်း ငွေဖြည့်သူ များအတွက် အကျုံးဝင်မည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်အထိသာ အပိုဆုကြေးကို အသုံးပြုနိုင်မည်ဖြစ်သည်။


"ကျွန်မ ဒီညပဲ တစ်သောင်းတန်ဖြည့်လိုက်တာ bonus ခြောက်ထောက် ၀င်လာတယ်" ဟု ကျပ်တစ်သောင်းတန် ငွေဖြည့်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဆင်းမ်ကတ်များအတွက် ငွေဖြည့်ကတ် ဖြည့်သွင်းရာတွင် အပိုဆုကြေးပေး သည့် အစီအစဉ်ကို ဧပြီလအတွင်းက ပြုလုပ်ခဲ့ဖူးပြီး ယခုအခါ ဒုတိယအကြိမ် Promotion ပြုလုပ်ခြင်း ဖြစ်သည်။


လက်ရှိတွင် MPT ၏ GSM ဖုန်းငွေဖြည့်ကတ်မှာ ကျပ်ငါးထောင် ၊ တစ်သောင်းမှ သုံးသောင်းအထိ ရှိနေပြီး ကျပ်ငါးထောင်အောက် လျော့နည်းသော ငွေဖြည့်ကတ်များကိုလည်း ထုတ်လုပ်ရောင်းချပေးသွားမည်ဟု မိုဘိုင်း အင်ဂျင်နီယာချုပ်က ပြောကြားထားသည်။

Mizzima News

Posted By ဝေယံစိုး18:01

ဖုန်းတစ်ခုလုံးကိုပေါ့ပါးသွက်လက်အောင်ရှင်းလင်းပေးမယ့်-Clean Master Phone Boost v5.8.4 Apk

Filled under:

Android phone တစ်ခုလုံးရဲ့ System ပိုင်းတွေကို အကောင်းဆုံးရှင်းလင်းပေးနိုင်တဲ့Clean Master PhoneBoostဆိုတဲ့ နောက်ဆုံထွက် Version လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ Task killer တွေထဲမှာ ဒီကောင်းလေးကိုအကြိုက်ဆုံးဖြစ်သလို လူများနာမည့်ကြီးထဲမှာသူလည်းပါတယ်ဗျာ။ အခုCleaner လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။ ဒီကောင်းမှာ Function မျိုးပါတယ်။ ကျွန်တော်တို့စက်တွေထဲမှာ မလိုအပ်တဲ့ junk ဖိုင်တွေ အကုန်လုံးအသေးစိပ် ရှာပြိးဖျက်ပေးနိုင်တဲ့ အတွက်စက်ကို လုံဝပေါ့သွားစေပါတယ်။ App တစ်ခုကိုunistall လုပ်လိုက်ပြီ ဆိုရင်စက်ထဲမှာ ကျန်ခဲ့တဲ့ အမှိုက်တွေ junk ဖိုင်းတွေကိုလည်းလုံးဝ ထိထိရောက်ရောက်ဖျက်နိုင်သလို Task killer ကိုလည်း လုံးဝ kill ပေးနိုင်ပါတယ်။သုံးကြည့်ပါ အပြော နဲ့ လက်တွေ ယုံသွားစေချင်းပါတယ်ဗျာ။ 


Clean Master - Free Optimizer - screenshot    Clean Master - Free Optimizer - screenshot

Clean Master - Free Optimizer - screenshot     Clean Master - Free Optimizer - screenshot

 Clean Master - Free Optimizer - screenshot    Clean Master - Free Optimizer - screenshot

Clean Master - Free Optimizer - screenshot     Clean Master - Free Optimizer - screenshot

Posted By ဝေယံစိုး00:13

Fast Pro for Facebook v2.6.6 Apk

Filled under:

Android ဖုန်းUersတွေအတွက် Updateထွက်ရှိလာသော Fast Pro for Facebook ကိုတင်ပေးလိုက်ပါ
တယ်။မိမိဖုန်းအပေါ်တွင် Facebookအပြုနေကြသောသူများအတွက်အင်တာနက်လိုင်း  နှေးကွေးမှုကြောင့်
facebook သုံးရတာ အဆင် မပြေသူတွေအသုံးတည့်မယ်  Fast Pro for Facebook ဆော့ဝဲလ်လေး က သာမန် facebook ထက် အသုံးပြုရတာ သိသိသာသာမြန်ဆန်တာကို  တွေ့ရမှာဖြစ်ပါတယ်..
connection မကောင်းတဲ့ နေရာတွေမှာဆို ပိုအသုံးဝင်မှာ အသေအချာပါပဲ….security ပိုင်းအတွက်လည်း လုံးဝ စိတ်ချရဖို့ အာမခံထားပါတယ်.. လက်ရှိအသုံးပြုနေတဲ့ facebook လို features တွေပါဝင်လာမှာဖြစ်ပြီး ကွာသွားတာက  မြန်ဆန်မှုအပိုင်းပဲဖြစ်ပါတယ်…photo tagging, new tablet landscape layout တို့ပါဝင်မှာဖြစ်သလို   နောက်ခံ background ကိုလည်း မိမိကြိုက်နှစ်သက်တဲ့ အရောင် ထားပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Fast Pro for Facebook - screenshot
Fast Pro for Facebook - screenshot
Fast Pro for Facebook - screenshot
Fast Pro for Facebook - screenshot
Fast Pro for Facebook - screenshot 


Posted By ဝေယံစိုး00:12

ဖုန်းတစ်လုံးမှာဆောင်ထားသင့်တဲ့ - Super Backup Pro SMS & Contacts v1.7.9 APK

Filled under:

 Android OS တွေမှာ ရှိထားသင့်တဲ့ Application လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ Contacts နဲ့ Message တွေကို Backup / Restore လုပ်ပေးနိုင်တဲ့ Application လေးဖြစ်ပါတယ်ဗျာ။ Backup လုပ်တဲ့ Application တွေအများကြီးရှိတယ်ဆိုပေမယ့် ကျွန်တော်ကတော့ အခုတင်ပေးလိုက်တာလေးကို Recommend လုပ်ပါတယ်ဗျာ။ ဘာလို့လည်းဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ Error ကင်းကင်းအသုံးပြုနိုင်လို့ ဘဲဖြစ်ပါတယ်ဗျာ။ Phone တစ်ခုခုဖြစ်သွားလို့ အစအဆုံး Format ပြန်ရိုက်ရရင်တော့ Contact တွေက ပျက်သွားမှာသေချာပါတယ်။ Contact ဆိုတာမျိုးက ပျက်သွားရင် အတော်လေးကို ကွိုင်တက်ပါတယ်။ မနည်းကိုလိုက်စုပြီး အသစ်ပြန်ရိုက်ရတာမျိုးပါ။ ဒါကလည်း လူတိုင်းသိပြီးသားပါ။ Message ကတော့ဗျာ။ ရိုက်ထားပြီးသားတွေ ပြန်မရနိုင်တော့ပါဘူး။အမှတ်တရMessage တွေရှိတယ်ဆိုရင်တော့ သေပြီဆရာဘဲ။
အဲဒါကြောင့် Message နဲ့ Contact တွေကို Backup လုပ်ထားဖို့လိုပါတယ်ဗျာ။ သိထားပြီးသားအကြောင်း အရာတွေကို ထပ်ပြီးပြောပြနေတာက အရေးကြီးကြောင်းသိစေချင်လို့ပါဗျာ။ သေးသေးကွေးကွေး Application လေးဆိုတော့ တွေ့တုန်းလေးယူထားစေချင်ပါတယ်ဗျာ။


.com/  .com/

.com/   .com/

 .com/  .com/


Posted By ဝေယံစိုး00:09

VIDEO CALL ပါခေါ်လို့ရလာပြီဖြစ်တဲ့ VIBER V5.0.0.4083 APK (11-SEPT)

Filled under:

Viber - screenshot

ဒီနေ့ Sept-11 ရက်နေ့မှာဘဲ Viber နောက်ဆုံးထွက် Version လေးထွက်လာပါပြီဗျာ။ ဆန်းပြားတဲ့အသွင် သစ်များအပြင် Video Call ပါပါဝင်လာပြီဆိုတော့ လုံးဝကိုလန်းသွားပါပြီ။ အသွင်အပြင်တွေကလည်း အရင် Version အဟောင်းတွေနဲ့မတူဘဲ ပြောင်းလဲသွားပါပြီ။ Sticker အသစ်တွေလည်းပါဝင်လာပါပြီ။ အောက်က Link မှာသာဒေါင်းယူသွားကြပါဗျာ။


Viber - screenshot

Viber - screenshot

Viber - screenshot

Viber - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Posted By ဝေယံစိုး00:08

Root Cleaner v3.3.0 For android

Filled under:

android ဖုန်းတွေမှာ Root ဖောက်ထားတာတွေကိုဖျက်ချင်တဲ့ဘော်ဒါတွေအတွက် Root Cleaner v3.3.0 Apk လေးကိုတင်ပေးလိုက်ပါတယ် ။ ဒီကောင်လေးကတော့အကြောင်းအမျိုးမျိုးကြောင့်မိမိရဲ့ဖုန်းထဲက
Root တွေကိုဖျက်ချင်တဲ့သူတွေအတွက်လွယ်လွယ်ကူကူပဲဒီကောင်လေးကစွမ်းဆောင်ပေးပါလိမ့်မယ်
ဖိုင်ဆိုဒ်ကလဲ 888kb ပဲရှိပြီးအရမ်းသေးပြီးအသုံးပြုရလဲအရမ်းလွယ်ကူပါတယ် ။






Root Cleaner Apk - Simple and effective application which a lot increases your performance by cleaning your system. You can choose between quick and full cleaning. Quick cleaning clears your memory, file cache etc and you can do that without reboot. Full cleaning requires reboot, but it makes really total maintenance of your system.
Full cleaning is also great when you want to flash other ROM or kernel, it will clean your device to prevent any problem. Application is also great application manager, you can uninstall, clear data and unfreeze your system and non system applications.



Posted By ဝေယံစိုး00:06