Friday, 28 November 2014

ကွန်ပြုတာမှ Viber ကို မြန်မာလို ကောင်းစွာ မြင်နိုင်ဖို့ဆိုရင်

Filled under:

ကွန်ပြုတာမှ Viber ကို မြန်မာလို ကောင်းစွာ မြင်နိုင်ဖို့ဆိုရင်
မင်္ဂလာပါ
ဘော်ဒါတစ်ယောက် ဖုန်းဆက်ပြီးကို လာတောင်းလို့
အားလုံးအတွက်တင်ပေးလိုက်ပါတယ်။
သတိမထားတာအမှန်ပါ၊ Viber အတွက်ဆိုရင် Android အတွက်ချည်း
ဗားရှင်းအသစ်တွေကို Official ကတက်လာတိုင်း
တင်ပေးနေကြပါ။ ဒါပေမယ့် ကွန်ပျူတာအတွက်က သိပ်မတင်ဖြစ်
အရေးမကြီးလောက်ဘူး ဒိပြင်နည်းပညာဆိုက်တွေမှာလည်း
အလွယ်တကူရနိုင်ကြမှာပါဆိုတဲ့ အတွေးကြောင့်ပါ။
အခုကျနော် ပြန်လည်မျှဝေချင်တာကတော့
Viber နဲ့ ကွန်ပျူတာက မြန်မာစာ မမှန်တဲ့ ပြသနာလေးပါ
ကွန်ပျူတာမှာ Viber အသုံးပြုနေကြတာတော့
ကြာပါပြီ၊ ကွန်ပျူတာအတွက် စတင်အသုံးပြုတုန်းကတော့
 မြန်မာလိုလည်း အဆင်ပြေတယ်။ တစ်ဖက်ကပို့လာတဲ့
စာတွေကိုလည်း အမှန်မြင်ရတယ်၊ စာပြန်ရေးတော့လည်း မှန်တယ်။
အခုက ဘာပြသနာတစ်ခုတက်လာလဲဆိုတော့
နောက်ဆုံးထွက်လာတဲ့ ဗားရှင်းအသစ်တွေကို Update လုပ်မိလို့
ကွန်ပျူတာအတွက် Viber လေးအင်စတော့လုပ်ပြီး
အသုံးပြုချင်လို့ ဗားရှင်းအသစ်ကို အင်စတော့လုပ်သုံးတော့
မြန်မာစာက ဖတ်ရတာလည်း မမှန်သလို စာရေးပြန်တော့လည်း
မမှန်ပါ။ အဓိကပြသနာက နောက်ဆုံးထွက်လာတဲ့ ဗားရှင်းအသစ်တွေအတွက်
မြန်မာဖောင့်က သိပ်အဆင်မပြေတော့ ကွန်ပျူတာမှာ Viberကို
အင်စတော့လုပ်ရတာ အဆင်ပြေပေမယ့် အသုံးပြုရတာ ကသိကအောက်
ဖြစ်စေပါတယ်။ မိမိကွန်ပျူတာမှာ မြန်မာစာလည်း အမှန်မြင်ချင်တယ်
စာပြန်ရေးတော့လည်း အမှန်ဖြစ်ချင်တယ်ဆိုရင်တော့
အခုကျနော် တင်ပေးထားတဲ့ ဗားရှင်လေးကိုသာ ကွန်ပျူတာမှာ
အင်စတောလုပ်ပြီး မြန်မာဖောင့်ထည့်သုံးလိုက်ရင်
အရင်ကအတိုင်း ဖတ်လို့လည်းမှန်၊ ရေးလို့လည်း မှန်မှာဖြစ်ပါတယ်ခင်ဗျား။

Viber ကို ကွန်ပျူတာမှာ အင်စတောလုပ်နည်း
===============
အခုကျနော် Viber ကို နှစ်မျိုးနှစ်စား တင်ပေးသွားမှာပါ
ကွန်ပျူတာမှာ အင်စတော လုပ်စရာမလိုတဲ့ Viber Portable ရယ်
Set up Application ဖိုင်ရယ် ဖြစ်ပါတယ်။  
 အင်စတော လုပ်စရာမလိုတဲ့ Viber Portable ကိုအောက်ကင့်တွေမှာ
ဒေါင်းယူလိုက်ပါ။

Viber For Pc (Portable )
========== 
Download Here 

OR

Download Here 

OR

Download Here 

 ၁။ ဒေါင်းလော့ရလာမယ့် Zip ဖိုင်ကို Extra Here နဲ့ဖြေပါ။
၂။ Set up ဖိုင်ကို Send to Desktop လုပ်ပါ။
၃။ Desktop ပေါ်က ဆော့ဝဲလေးကို Right Click တစ်ချက်ထောက်ပြီး
Run as administer အနေဖြင့် အင်စတော့ လုပ်ပေးလိုက်ပါ
မိနစ်အနည်းငယ်ကြာလို့ ပရိုဂရမ်ပွင့်လာခဲ့ရင် Portable ဗားရှင်လေးကို
ကွန်ပျူတာမှာ အသုံးပြုနိုင်ပါပြီ။

 Viber For Pc (Set up Application)
 ==============


၁။ Viber ကို အောက်ကလင့်မှာဒေါင်းယူပါ

OR


OR


၂။ ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကို Extra Here နဲ့ဖြေပါ။
Viber ကို အင်စတော့ မလုပ်ခင် ကွန်ပျူတာမှာ အင်တာနက်ရှိနေရပါမယ်။
Set up ဖိုက်ကို Run as administer ဖြင့် အင်စတော့ လုပ်ပါ။
၃။  မိမိ ဖုန်းက အင်တာနက်ကို ဖွင့်ထားပါ။
၎။ ဖုန်းမှာ Viber ထည့်ထားတဲ့ ဖုန်းနံပါတ်ကိုပဲ ကွန်ပြူတာ Viber မှာ ထည့်ပေးလိုက်ပါ။
မက်ဆက် Code ဖြည့်ရန် ဖုန်းကို စာပို့လာပါမယ်။ ကွန်ပျူတာမှာ 
ပို့လာတဲ့ မက်ဆက်ထဲက ဂဏန်းအက္ခရာတွေ ပါသမျှကို အကုန်ရိုက်ထည့်ပေးပါ။
(ဒီနေရာမှာ မိမိဖုန်းမှာ Viber ကိုခနခန ဖွင့်တာများနေရင် မက်ဆက် Code အနေနဲ့
မပို့ပေးတော့ပဲ ဖုန်းဆက်ခေါ်ခိုင်းတာမျိုး၊ Official ဆိုက် ဖုန်းဆက်လာရင် သူတို့
ပြောပေးတဲ့ Code ကို မှတ်ထားပြီး ကွန်ပျူတာမှာထည့်ပါ)
လိုအပ်တဲ့ Code လေးကိုထည့်ပေးလိုက်ပြီးရင် မိနစ်အနည်းငယ်
ကြာပြီး ပြန်တက်လာရင် ကွန်ပျူတာမှာ Viber အင်စတောလုပ်တာ
အောင်မြင်သွားပါပြီ။

ကွန်ပျူတာမှ Viber ကို မြန်မာလို ကောင်းစွာ မြင်နိုင်ဖို့ဆိုရင်တော့
 arial zawgyi.ttf ဆိုတာကို အင်စတောလုပ်ပေးရမှာဖြစ်ပါတယ်၊
အောက်ကလင့်တွေ အရင်ဒေါင်းယူလိုက်ပါ။


Download Here 

OR

Download Here 

OR

Download Here 

OR

Download Here 

 arial zawgyi.ttf အင်စတောလုပ်နည်း
=============== 
၁။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်ကို Extra Here နဲ့ ဖြေပါ။
၂။ arial zawgyi.ttf ကို Copy လုပ်ပါ။ ပြီးတော့ Control Panel ထဲသွားပါ၊ 
 Fonts Foloder ထဲမှာ Paste ချလိုက်ပါ။ အောက်ကပုံလေးကိုကြည့်ပါ။
 ၃။ လိုအပ်မယ့် ဖောင့်ကိုထည့်ပြီးရင် ကွန်ပျူတာကို Restart ချလိုက်ပါ။
 ပြန်ပွင့်လာရင် မြန်မာစာကို ၊ကောင်းစွာ မြင်လည်းမြင်ရပြီ၊ စာရိုက်လို့လည်း လုံးဝမှန်သွားပါပြီ။
တစ်ခုရှိတာက PC Viber တွေက Contact တွေမှာတော့ မြန်မာလိုမပေါ်ဘူးနော်၊
ချက်ဘောက်မှာ ပဲရပါတယ်။ နောက် တခုကတော့ Viber ဗားရှင်းအသစ်
ဘယ်လောက်တက်တက် Update မလုပ်မိပါစေနှင့်။


 Ref-www.zawminthan.com

အဆင်ပြေပါစေ

Posted By ဝေယံစိုး19:08

ပျောက်ဆုံးသွားတဲ့ Viber ထဲက ချစ်သူရဲ့ ပို့စာလေးတွေကို ဘယ်လိုပြန်ရှာမလဲ

Filled under:

ပျောက်ဆုံးသွားတဲ့ Viber ထဲက ချစ်သူရဲ့ ပို့စာလေးတွေကို ဘယ်လိုပြန်ရှာမလဲ

မင်္ဂလာပါခင်ဗျား
မိမိဖုန်းရဲ့ Viber မှာ ချစ်သူပို့စာလေး (သို့) ဆိုင်သူပို့စာလေး
မိမိရဲ့ ဘော်ဒါတွေနဲ့ အရေးတစ်ကြီးပြောထားခဲ့ဖူးတဲ့
အားလုံးရဲ့ ပိုစ့်စာများပျောက်လို့ စိတ်ညစ်နေရတဲ့
ဘော်ဒါများအတွက် အထူးလက်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ်ခင်ဗျား။
ကျနော် အသေးစိတ်ရှင်းပြထားပါတယ်။
ကဲစလိုက်ကြရအောင်ဗျာ

၁။ ဖုန်းမှ Viber ကို ဖွင့်လိုက်ပါ


၂။ More options ကို နှိပ်ပါ



၃။ Setting ကိုနှိပ်ပါ



၎။ Calls and messages ကို ထပ်နှိပ်ပါ။



၅။ Email message history ကိုနှိပ်လိုက်ပါ။


၆။ ပို့ပေးနိုင်တဲ့ နေရာတွေ ပေါ်လာပါလိမယ့် 
Dropbox, Bluetooth, Drive, Email, Gmail, Wi-Fi Direct  
စတဲ့ Social တစ်ခုခုသို့ပေးနိုင်မှာ ဖြစ်ပါတယ်။
ကျနော်ကတော့ မှတ်မိလွယ်ပြီး အသုံးများတဲ့ 
Gmail သို့ ပို့ပေးမှာ ဖြစ်တဲ့အတွက် Gmail ကို ရွေးလိုက်ပါတယ်။


၇။ From... နေရာသည် ကိုယ့် Gmail နေရာပါ။
To...နေရာမှာ ပို့ပေးလိုသော
 အကောက်တစ်ခုခုကို ရေးထည့်ပေးရမှာ ဖြစ်ပါတယ်။


 ၈။ Got it ကို နှိပ်ပါ။

၉။ Take me to Gmail ကို ဆက်နှိပ်လိုက်ပါ။
ဒီနေရာမှလည်း အခြားသော Gmail အကောက်တစ်ခုကို 
ပေါင်းထည့်ပြီး ပို့ပေးချင်သေးရင်တော့ Add another email address
ကိုနှိပ်ပြီး ထပ်ဖြည့်လို့ ရပါသေးတယ်။ 

၁၀။ Viber Messages ဆိုပြီး စောနားက ပို့လိုက်တဲ့
Gmail ထဲသို့ ရောက်နေပါပြီ။
အဲဒီနေရာကို တစ်ချက်ထောက်လိုက်ပါ။ 

၁၁။ ပို့လိုက်သူဆီက Viber Messages Zip ဆိုပြီး ရောက်နေပါလိမ့်မယ်။

၁၂။ Save ကိုနှိပ်လိုက်ပါ၊ 
Save to Drive ကိုနှိပ်ရင်တော့ Drive ဆော့ဝဲလေးသို့
ရောက်သွားမှာဖြစ်ပါတယ်။

၁၃။ မိမိဖုန်းရဲ့ File Manager ကိုဖွင့်ကြည့်လိုက်ပါ
စောနားက Viber Messager Zip လေးရောက်နေပါလိမ့်မယ်
(Phone Storage ထဲမှာပါ)


 ၁၄။ မိမိဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပြီး
Phone Storage ထဲမှ ကွန်ပျူတာသို့ ကူးယူလိုက်ပါ။

၁၅။ ကွန်ပျူတာထဲက Zip ဖိုက်ကို Extra File နဲ့ဖြေလိုက်ပါ။

၁၆။ ဖိုင်အားလုံးဟာ Excel တွေနဲ့ချည်းဖြစ်နေပါလိမ့်မယ်။

၁၇။ ဖိုင်တစ်ခုကို Select ပေးပြီး Right click တစ်ချက်ထောက်ပါ
ပြီးတော့ Properties ထဲကို ၀င်ပြီး Microsoft အဖြစ်ပြောင်းပေးလိုက်ပါ။
ပြီးတော့မှ Microsoft ဖိုင်လေးကို အားရပါးရ ဖွင့်ကြည့်လိုက်ခင်ဗျား
ချစ်ရသူလေးရဲ့ ဟိုအရင်က ပို့ထားပေးတဲ့
အလွမ်းစာတွေဟာ အံ့သြစွာနဲ့ မြင်တွေ့ရပါလိမ့်မယ်။

အားလုံးပဲ ချစ်သူခင်သူတွေနဲ့ ထာဝရချစ်ခင်နိုင်ကြပြီး
ဘ၀အမောလေးတွေ ပြေနိုင်ကြပါစေခင်ဗျား...

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Posted By ဝေယံစိုး19:01

Wednesday, 26 November 2014

Samsung Galaxy Note4 ကို ဘာကြောင့် သင်ဝယ်သင့်တာလဲ

ဘာကြောင့် သင့်Samsung Galaxy Note4 ကိုဝယ်သင့်တာလဲ  

အားသာချက်
နည်းပညာမြင့် စမတ်ဖုန်း တစ်လုံးဖြစ်တဲ့အတွက် ဖုန်းရဲ့ အရည်အသွေးပိုင်းနဲ့ အသုံးပြုနိုင်မှု ပုံစံတွေအပြင် ဖုန်းမှာပါဝင် ဖွဲ့စည်းတည်ဆောက်ထားတဲ့ Hardware စနစ်ပိုင်းတွေ အားလုံးဟာ ကောင်းမွန်ပြည့်စုံမှု ရှိနေတာကို မြင်တွေ့ရမှာပါ။ Finger print စနစ် ပါဝင်တဲ့အတွက် ဖုန်းလုံခြုံရေးတွေမှာ ကောင်းကောင်း အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် Multi Windows စနစ်၊ ကျန်းမာရေး ထောက်ကူပြု Sensor စနစ်ပိုင်းတွေ အပြင်ကင်မရာ စနစ်ပိုင်းတွေမှာ ကောင်းမွန်ပြည့်စုံ နေပါတယ်။ ပါဝါအသုံးပြုနှုန်းအတွက် ကောင်းမွန်တဲ့ Power Saving စနစ် ပါဝင်တဲ့အပြင် အင်တာနက် အသုံးပြုချိန်မှာ ကောင်းမွန်တဲ့ Wi-Fi ကွန်ရက်စနစ်နဲ့ ကောင်းမွန်တဲ့ မိုဘိုင်းအင်တာနက် စနစ်တွေကို အသုံးပြုနိုင်တဲ့ ပုံစံတွေလည်း ပါဝင်ပါတယ်။ ဖုန်းရဲ့ Screen ကို ထိဖို့ မလိုအပ်ဘဲနဲ့ လက်ကိုဖုန်းနဲ့ သတ်မှတ်ထားတဲ့ အကွာအဝေးမှာ ပြလိုက်ရုံနဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်မယ့် Air View စနစ်တွေလည်း ပါဝင်ပါတယ်။ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ ရှေ့ကင်မရာ ပါဝင်တဲ့ အတွက်ကြောင့် Selfie စနစ်ကို အဖွဲ့လိုက် ရိုက်တဲ့နေရာမှာ ကောင်းမွန်ပါတယ်။



အားနည်းချက်
ဖုန်းကို Screen ဖွင့်ခြင်း၊ ပိတ်ခြင်းတွေကို အလွယ်တကူ ပြုလုပ်နိုင်တဲ့ စနစ်တွေ မပါဝင်တဲ့အတွက် Screen ဖွင့်ခြင်း၊ ပိတ်ခြင်းတွေကိုတော့ ဖုန်းရဲ့ ပါဝါခလုတ် ဒါမှမဟုတ် Home Key တွေကိုပဲ အသုံးပြု ရပါလိမ့်မယ်။

ဒီဇိုင်း
ဒီဇိုင်းပိုင်းကို ကြည့်မယ်ဆိုရင်တော့ Galaxy Note4 ဟာ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပုံစံမျိုး ရှိပါတယ်။ ဖုန်းရဲ့ဖွဲ့စည်း တည်ဆောက်မှု ပုံစံဟာ လေးထောင့်ဆန်ဆန် ပုံစံမျိုးဖြစ်ပြီး အရွယ်အစားကလည်း အနည်းငယ်ကြီးမား ပါတယ်။ Screen အရွယ်အစား ၅.၇ လက်မရှိပြီး ဖုန်းရဲ့ ဘေးတိုက် အကျယ်ဟာ ၇.၈၆ စင်တီမီတာနဲ့ အထက်အောက် အမြင့် ၁၅.၃၅ စင်တီမီတာ ရှိပါတယ်။ လက်နဲ့ကိုင်တွယ် အသုံးပြုချိန်မှာ နိုင်နိုင် နင်းနင်းနဲ့အံဝင်ခွင်ကျ ကိုင်တွယ် အသုံးပြုနိုင်တဲ့ ပုံစံမျိုး ရှိနေပေမယ့် ဖုန်းဟာ ပါးတဲ့အတွက် ကိုင်တွယ်အသုံးပြု ရမှာတော့ ဂရုစိုက်ကိုင်တွယ် သင့်ပါတယ်။ ကိုယ်ထည်ရဲ့ ဘေးဘောင်ဟာ သတ္တုကိုယ်ထည် ဖွဲ့စည်းမှု ဖြစ်ပေမယ့် နောက်ဘက် ကာဗာကတော့ သားရေပုံစံ ပြုလုပ်ထားပြီး ဖြုတ်နိုင် တပ်နိုင်တဲ့ ပလတ်စတစ် ကာဗာအမျိုးအစားပါ။ ဖုန်းကို ဖွဲ့စည်း တည်ဆောက်ထားတဲ့ သတ္တုကိုယ်ထည်နဲ့ နောက်ဘက် ကာဗာဟာ ထိတွေ့ကိုင်တွယ် အသုံးပြုရာမှာ ကောင်းမွန်တဲ့ ထိတွေ့မှုမျိုးကို ပေးစွမ်းနိုင်တာလည်း တွေ့ရပါတယ်။ ဖုန်းရဲ့ထုထည်ဟာလည်း ၀.၈၅ စင်တီမီတာ ရှိတဲ့အတွက် ပါးတယ်လို့ဆိုနိုင်တဲ့ ကိုယ်ထည်တစ်ခုဖြစ်ပြီး အလေးချိန်ကလည်း ပေါ့ပါးတဲ့အတွက် သယ်ဆောင် အသုံးပြုချိန်မှာ သက်သောင့်သက်သာ ရှိစေပါတယ်။ နောက်ဘက် ကင်မရာဟာ ဖုန်းကိုယ်ထည်ကနေ အနည်းငယ် ဖောင်းကြွထားတဲ့ ပုံစံမျိုးရှိနေပြီး စပီကာကတော့ ဖုန်းရဲ့အောက်ခြေဘောင်မှာ တပ်ဆင်ထားတာပါ။ ပုံစံဒီဇီုင်းဟာ လှပသပ်ရပ်မှု ရှိနေပြီး GSM 2G/ 3G ကွန်ရက်စနစ်တွေမှာ အသုံးပြုနိုင်မယ့် Micro Sim ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင်မှာရှိတဲ့ သတ္တု ဘေးဘောင်ဟာ တစ်ပြေးညီ ပုံစံမျိုးမဟုတ်ဘဲ အသိမ်အ၀ိုက် ပုံစံမျိုး ပြုလုပ်ထားတဲ့အတွက် ဒါဟာလည်း ဖုန်းကိုကိုင်တွယ် အသုံးပြုရာမှာ ထိတွေ့မှု ပုံစံတစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

နည်းပညာ
Galaxy Note4 ကိုအသုံးပြု သူတွေအနေနဲ့ ဒီဖုန်းမှာ ကောင်းမွန်တဲ့ Finger Print စနစ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Finger Print ဟာ လက်သုံးချောင်းအတွက် သုံးမျိုးမှတ်သား ထားနိုင်မှာဖြစ်ပြီး Finger Print စနစ်ကို ကိုယ့်ရဲ့ Private စနစ်မှာပဲဖြစ်ဖြစ်၊ ဆော့ဖ်ဝဲ App တွေ မှာပဲဖြစ်ဖြစ်၊ ဖုန်းရဲ့ Lock Screen စနစ်မှာပဲဖြစ်ဖြစ် စိတ်ကြိုက်အသုံးပြု နိုင်ပါတယ်။ Samsung ရဲ့ S Health ဆိုတဲ့ နည်းပညာကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတစ်ခုပါပဲ။ ဒီစနစ်မှာတော့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ နှလုံးခုန်နှုန်း တိုင်းတာခြင်း၊ ကယ်လိုရီတိုင်းတာခြင်း၊ လမ်းလျောက်ခြင်းအတွက် Pedometer, လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအတွက် Exercise အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ နှလုံးခုန်နှုန်းကို တိုင်းတာဖို့အတွက် ကင်မရာရဲ့ Flash မှာတပ်ဆင်ထားတဲ့ Hart Rate Sensor ကနေတစ်ဆင့် တိုင်းတာသိရှိ နိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံစနစ်မှာ ဆိုရင်လည်း ကိုယ်ရိုက်ထားတဲ့ ဖုန်းထဲမှာရှိနေတဲ့ ဓာတ်ပုံတွေကို Photo Studio ပြုလုပ်ခြင်း၊ Collage Studio, Shot & more, Video Clip Studio, Video Trimmer အစရှိတဲ့ စနစ်တွေကို အသုံးပြုပြီး ဓာတ်ပုံတွေကို ဗီဒီယိုဖိုင် ပြုလုပ်ခြင်း၊ နောက်ခံအသံတွေ ထည့်သွင်းခြင်း၊ Collage လို့ခေါ်တဲ့ ဓာတ်ပုံတွေကို စုစည်းပြီး ဓာတ်ပုံတစ်ပုံတည်းအဖြစ် စိတ်ကြိုက် Layout ပုံစံတွေ၊ အရောင်တွေကို ထည့်သွင်းပြုလုပ် နိုင်မယ့် နည်းစနစ်တွေကလည်း Note4 အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေ ဖြစ်ပါတယ်။ ကင်မရာနည်းပညာ ပိုင်းမှာလည်း ဓာတ်ပုံကို Panorama ပုံစံရိုက်နိုင်တဲ့အပြင် Panorama ဓာတ်ပုံကို ဗီဒီယိုဖိုင် ပုံစံမျိုးနဲ့ ရိုက်ကူးပေးနိုင်တဲ့ Virtual Tore, ရှေ့ကင်မရာနဲ့ နောက်ကင်မရာ နှစ်ခုစလုံးကို တစ်ပြိုင်တည်း ရိုက်
နိုင်မယ့် Dual Camera, လှုပ်ရှားမှု ပုံရိပ်တွေကို ရိုက်ကူးနိုင်မယ့် Shot & More အစရှိတဲ့ စနစ်တွေအပြင် ဓာတ်ပုံတွေကို စိတ်ကြိုက်ပြုပြင် ဖန်တီးနိုင်မယ့် Photo Edit နည်းပညာတွေကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရှေ့ကင်မရာစနစ်ဟာ မြင်ကွင်းကျယ် ပုံစံမျိုး ရိုက်နိုင်တဲ့အတွက် ဒါလည်း Selfie ကြိုက်သူတွေ အတွက် ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ။ အလင်းအမှောင် မညီမျှတဲ့ နေရာတွေမှာ ဓာတ်ပုံရိုက်မယ် ဆိုရင်လည်း အမှောင်နေရာတွေကို အကောင်းဆုံး အလင်းအမှောင် ချိန်ညှိပေးနိုင်တဲ့ ကင်မရာ နည်းပညာကိုလည်း ဒီဖုန်းမှာ မြင်တွေ့နိုင်ပါတယ်။ အမှောင်ထဲမှာ ဆိုရင်လည်း ကင်မရာဟာ Exposure အလင်းနှုန်းကို အလိုအလျောက် မြှင့်တင်ပေးနိုင်ပါတယ်။ Note စနစ်မှာလည်း ပိုမိုပြည့်စုံ ကောင်းမွန်တဲ့ နည်းပညာတွေကို ပေါင်းစပ်ထားတဲ့အတွက် အသုံးပြုသူတွေ အနေနဲ့ Note စနစ်ပိုင်းမှာလည်း နည်းပညာ အသစ်တွေကို ထိတွေ့အသုံးပြု နိုင်ပါလိမ့်မယ်။ 30MB ကျော်တဲ့ဖိုင်တွေကို Download ပြုတဲ့အခါ Download Speed နဲ့ Wi-Fi Speed တွေကို အလိုအလျောက် မြှင့်တင်ပေးနိုင်မယ့် Download booster ဆိုတဲ့ စနစ်ကလည်း ကောင်းမွန်တဲ့ နည်းပညာတစ်ခုလို့ ဆိုနိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Octa core အတွက် Quad core 1.9GHz CPU နဲ့ Quad core 1.3GHz CPU တွေကို ပေါင်းစပ်အသုံးပြု ထားတာဖြစ်ပြီး ဂရပ်စနစ်အတွက်လည်း Mali-T760 GPU ကိုထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။ Screen ကတော့ Super AMOLED Screen ဖြစ်ပြီး Screen Pixel တွေအနေနဲ့ 1440x2560 Pixel ထိရရှိနိုင်မှာ ဖြစ်တဲ့အပြင် ဂရပ်ဖစ် GPU ပါဝင်တဲ့အတွက် ကောင်းမွန်တဲ့ ရုပ်ထွက်မြင်ကွင်းတွေကို ခံစားကြည့်ရှု နိုင်ပါတယ်။ ဖုန်းမှတ်ဥာဏ်ကတော့ Internal Memory 32GB ပါဝင်ပြီး RAM ကတော့ 3GB RAM ဖြစ်တဲ့အပြင် မှတ်ဥာဏ်ထပ်တိုး အသုံးပြုဖို့ အတွက်လည်း Micro SD Card 128GB ထိထပ်မံထည့်သွင်း အသုံးပြုနိုင် ပါတယ်။ ရှေ့ကင်မရာကတော့ 3.7 Mega Pixel ကင်မရာဖြစ်ပြီး နောက်ဘက် ကင်မရာကတော့ 16 Mega Pixel ရှိတဲ့ ကင်မရာပါ။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ ဘက်ထရီ ဟာ 3220mAh Li-Ion ဘက်ထရီ အမျိုးအစား ဖြစ်တဲ့အတွက် စမတ်ဖုန်းအတွက် လုံလောက်တဲ့ ဘက်ထရီ အမျိုးအစား တစ်ခုဖြစ်တယ်လို့ ဆိုနိုင်တဲ့အပြင် Power Saving ပါဝင်တဲ့အတွက် အဆင်ပြေပါတယ်။ Safety assistance ဆိုတဲ့စနစ်မှာ ဘက်ထရီ အသုံးပြုနှုန်းကို လျော့ချထားနိုင် ပါတယ်။

သုံးသပ်ချက်
ဖုန်းမှာ အသုံးပြုထားတဲ့ Hardware စနစ်တွေဟာ ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းကို ကိုင်တွယ် အသုံးပြုချိန်မှာလည်း သက်သောင့် သက်သာရှိပြီး အဆင်ပြေတဲ့အပြင် ဖုန်းမှာပါဝင်တဲ့ နည်းပညာ ပိုင်းတွေအသုံးပြုစနစ်တွေနဲ့ Sensor စနစ်ပိုင်းတွေဟာလည်း ကောင်းမွန်ပြည့်စုံမှု ရှိနေတာတွေ့ရပါတယ်။ ဖုန်းကို အသုံးပြုရာမှာ Setting နဲ့ ဖုန်းရဲ့ Application တွေကို ကိုယ်ကြည့်ချင်တဲ့ ပုံစံမျိုး စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်တာဟာလည်း အသုံးပြုသူအ နေနဲ့ အမြင်နဲ့ အသုံးပြုခြင်းကို ရိုးမသွားစေပဲ မကြာမကြာ ပြောင်းလဲနေနိုင် ပါလိမ့်မယ်။ ဖုန်းရဲ့ အောက်ခြေမှာရှိနေတဲ့ Home, Menu, Back အစရှိတဲ့ ခလုတ်သုံးခုမှာတော့ Menu
ခလုတ်ဟာ ပုံမှန် Samsung တွေမှာပါဝင်တဲ့ Menu ပုံစံမျိုး မဟုတ်တော့တဲ့အတွက် Samsung သုံးနေကျ လူတွေအတွက်တော့ ဒါက အသစ်အဆန်း ဖြစ်နေစေပါလိမ့်မယ်။ Menu ဟာ ဖုန်းတွင်း စနစ်တွေရဲ့ အပေါ် ညာဘက်ထိပ်နားမှာ အမြဲတမ်းရှိနေပါတယ်။ နောက်ဘက် ကင်မရာဟာ ကိုယ်ထည်ကနေ အနည်းငယ် ဖောင်းကြွနေတဲ့ပုံစံ မျိုးရှိတဲ့အတွက် ဖုန်းကို ချထားတဲ့နေရာမှာတော့ ကင်မရာကို မထိခိုက်အောင် ဂရုစိုက်ရ ပါလိမ့်မယ်။

Credit:Internet Journal 

အဆင်ပြေပါစေ

Posted By ဝေယံစိုး18:28

Prison Break S01 2014 အပိုင်း ၁ မှ ၃ ထိ (မြန်မာစာတန်းထိုး)

Filled under:

ဇာတ်ကားအမည် ၊ Prison Break S01 E03

ဒါရိုက်တာအမည် ၊ TV Series

အရည်အသွေး ၊ အကြည်

စာတန်းထိုးသူ ၊ ချမ်းငြိမ်း


 
 
Download လုပ်ရန် (Mediafire) button ကိုနှိပ်ပါ ..
Download & Watch လုပ်ရန် (Pcloud) button ကိုနှိပ်ပါ
Movie ကြည့်ရန် (VidBull) button ကိုနှိပ်ပါ.


Posted By ဝေယံစိုး18:09

Buddha Episode အပိုင်း ၁ မှ ၅၁ ထိ (မြန်မာစာတန်းထိုး)

Filled under:

ဇာတ်ကားအမည် ၊ Buddha 

ဒါရိုက်တာအမည် ၊ Series

အရည်အသွေး ၊ MQ

Upload By ၊ WatchMyanmarMovies


Download လုပ်ရန် (Mediafire) button ကိုနှိပ်ပါ ..
Download & Watch လုပ်ရန် (Pcloud) button ကိုနှိပ်ပါ
Movie ကြည့်ရန် (VidBull) button ကိုနှိပ်ပါ. 


Posted By ဝေယံစိုး18:04

Buddha Episode 4 (မြန်မာစာတန်းထိုး)

Filled under:


ဇာတ်ကားအမည် ၊ Buddha

ဒါရိုက်တာအမည် ၊ Series

အရည်အသွေး ၊ MQ

Upload By ၊ WatchMyanmarMovies



Download လုပ်ရန် (Mediafire) button ကိုနှိပ်ပါ ..
Download & Watch လုပ်ရန် (Pcloud) button ကိုနှိပ်ပါ
Movie ကြည့်ရန် (VidBull) button ကိုနှိပ်ပါ. 




Posted By ဝေယံစိုး18:01

Buddha Episode 3 (မြန်မာစာတန်းထိုး)

Filled under:

ဇာတ်ကားအမည် ၊ Buddha

ဒါရိုက်တာအမည် ၊ Series

အရည်အသွေး ၊ MQ

Upload By ၊ WatchMyanmarMovies


Download လုပ်ရန် (Mediafire) button ကိုနှိပ်ပါ ..
Download & Watch လုပ်ရန် (Pcloud) button ကိုနှိပ်ပါ
Movie ကြည့်ရန် (VidBull) button ကိုနှိပ်ပါ. 




Posted By ဝေယံစိုး17:08

Buddha Episode 2 (မြန်မာစာတန်းထိုး)

ဇာတ်ကားအမည် ၊ Buddha 

ဒါရိုက်တာအမည် ၊ Series

အရည်အသွေး ၊ MQ

Upload By ၊ WatchMyanmarMovies



Download လုပ်ရန် (Mediafire) button ကိုနှိပ်ပါ ..
Download & Watch လုပ်ရန် (Pcloud) button ကိုနှိပ်ပါ
Movie ကြည့်ရန် (VidBull) button ကိုနှိပ်ပါ. 





Posted By ဝေယံစိုး17:07

Buddha Episode 1 (မြန်မာစာတန်းထိုး)

ဇာတ်ကားအမည် ၊ Buddha 

ဒါရိုက်တာအမည် ၊ Series

အရည်အသွေး ၊ MQ

Upload By ၊ WatchMyanmarMovies



Download လုပ်ရန် (Mediafire) button ကိုနှိပ်ပါ ..
Download & Watch လုပ်ရန် (Pcloud) button ကိုနှိပ်ပါ
Movie ကြည့်ရန် (VidBull) button ကိုနှိပ်ပါ. 




Posted By ဝေယံစိုး17:06

Sunday, 9 November 2014

ShweKey Myanmar Keyboard for iPhone/Pad/Pod touch မြန်မာကီးဘုတ်အသစ်

ShweKey Myanmar Keyboard for iPhone/Pad/Pod touch

iOS 8 နှင့်အထက်တင်ထားတဲ့ iPhone/Pad/Pod touch တွေအတွက် မြန်မာကီးဘုတ်အသစ်လေးဖြစ်တဲ့ “ShweKey” ထပ်မံထွက်ရှိလာပါတယ်။
Shwe Keyboard ရဲ့ ထူးခြားတဲ့ Feacture တွေကတော့ Facebook Emoji နဲ့ iOS Emoji များကို Keyboard ထဲမှာ Built in ထည့်သွင်းပေးထားခြင်း။
iOS 8 တွင် မြန်မာဖောင့်အတွက် လိုအပ်သော Myanmar Font Profile အား Offline Install ပြုလုပ်နိုင်ခြင်း၊ Font Profile တစ်ခါတည်း ပါရှိသည့်အတွက် သွားရောက်ရှာဖွေ Download လုပ်ရန် မလိုတော့ခြင်း။

eaZy Key Feacture အနေဖြင့် Auto Key, Double Tap နှင့် Swipe Gestures များဖြင့် ဖွဲ့စည်းထားပြီး၊ မြန်မာစာတွင် ပါဝင်သော ရရစ်၊ ရပင်းနှင့် အောက်ကမြစ်တို့ကို ဗျည်းတို့ဖြင့် တွဲဖက်အသုံးပြုသည့်အခါ အသုံးပြုသည့် ဗျည်းအပေါ်တွင် မူတည်ပြီး အလိုအလျောက် ချိန်ညှိပြောင်းလဲခြင်း။
Swipe up / down ပြုလုပ်ရုံဖြင့် အသတ်များ၊ ထပ်ဆင့်များ အလွယ်တကူ ရိုက်နိုင်ခြင်း။
Swip left / right လုပ်ရုံဖြင့် သဝေထိုး၊ ရေးချများ အဆင့်သင့် ထွက်ပေါ်ရိုက်နိုင်ခြင်း။
iPhone 6 / 6+ အတွက် HD ပိုမိုထောက်ပံ့၍ ပို၍ကြည်လင်စွာ မြင်နိုင်ခြင်း။
Space ဘားအား ညာဖက်သို့ ဆွဲလိုက်ရုံဖြင့် Emoji များ ပေါ်ထွက် ရိုက်နိုင်ခြင်း။

ShweKey Myanmar Keyboard ကို iTunes Store မှာ ၀.၉၉ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပါတယ်။ အောက်က link မှာရယူပါ။

Download Here

Ref: Apple4MM

Credit Myanmarmobileapp

Posted By ဝေယံစိုး22:53