Tuesday, 22 April 2014

မန်ယူနဲ့ပတ်သက်သမျှ သတင်း ၊ ပွဲစဉ်ဇယား ၊ ရလဒ် တွေကိုဖော်ပြပေးတဲ့ - Manchester United v1.2

Filled under:

http://www.umnet.com/pic/diy/software/3d1f99ef-a06f.jpg

မန်ယူချစ်သူများအတွက် မန်ယူနဲ့ပတ်သက်သမျှ ပွဲစဉ်ဇယား ၊ ရလဒ်နဲ့ သတင်းအစုံကို အချိန်နဲ့တပြေးညီ Update ပေါ်ပြပေးနိုင်တဲ့ Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ အင်တာနက်ကွန်နရှင် ဖွင့်ပြီး သတင်းများ အားလုံးကိုဖတ်နိုင်မှာဖြစ်ပါတယ်ဗျာ။ Android OS 2.3.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင် မှာဖြစ်ပါတယ်ဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။
                                                                       <<<<<<<DOWNLOAD>>>>>>>

Posted By ဝေယံစိုး00:57

Monday, 21 April 2014

Funny Photo Maker 2.4.0 Portable

Filled under:


ကျွန်တော်တို့ ဒီကောင်လေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရအဆင်ပြေပါတယ်။ ဓါတ်ပုံ Frames လေးတွေအပြင် Funny Faces လေးတွေ , Photo စုစည်းတဲ့ဘောင်လေးတွေပါ ပါဝင်တဲ့ အတွက် တော်တော်များများ အဆင်ပြေပါတယ်။  BMP, JPG, PNG နဲ့ GIF စတဲ့ Format လေးတွေကို high quality နဲ့ Exports လုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့မူရင်း Home Page လေးကတော့ အောက်မှာထည့်ပေးထားပါတယ်။ Home Page = www.funny-photo-maker.com ပဲဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 51.45 MB ဖြစ်ပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။။


                                                       <<<<<<<<DOWNLOAD>>>>>>

Posted By ဝေယံစိုး19:39

INTERNET DOWNLOAD MANAGER IDM 6.19 BUILD 7 FINAL

Filled under:



IDM ကိုတော့ အထူး မိတ်ဆက်ပေးစရာ လိုယ်မယ် မထင်တော့ပါဘူး... IDM နဲ့ ပါတ်သက်ပြီး ရေးထားတာတွေ များနေပြီမို့ အကျယ်ချဲ့မရေးတော့ပါဘူး :) ဒါကတော့ နောက်ဆုံးထွက် Internet Download Manager (IDM) ပါ ... လိုအပ်သူများ အောက်မှာ ဒေါင်းယူနိုင်ကြပါတယ်....
 

What's New in version 6.19 Build 7

(Released: April 18, 2014)

- Improved video recognition in web players
- Fixed a problem with not clickable download panel
in Google Chrome version 34 and above
Crack ဖိုင်လ်ထဲက IDMan.exe ကို C:\Program Files\Internet Download Manager  မှာ Replate လုပ်ပေးပါ..

Posted By ဝေယံစိုး19:37

တရုတ်ဖုန်းတွေကို အလွယ်တကူ ROOT နိုင်တဲ့ CHINA ROOT TOOL (NEW!)

Filled under:



ဒီ Root Tool လေးကတော့ China Devices တွေနဲ့ ထိုင်း ထုတ် ဖုန်းတွေကို Click တစ်ချက်နဲ့ အလွယ်တကူ Root ပြုလုပ်နိုင်ပါတယ်...

အားလုံး စမ်းသပ်နိုင်ဖို့ ပြန်လည်မျှယပေးလိုက်ပါတယ်..။
ZhuoDaShi is a pretty good chinese rooting software for Android devices. It reaches now the 2.4.0.1 number version. The program is actually written in Chinese so it will look odd on your PC, however I’ll show you exactly what needs to be clicked and when.

Posted By ဝေယံစိုး19:34

EQ လား IQ လား (ကောင်းထက်)

Filled under:

 ကျွန်တော်တို့နိုင်ငံမှာ IQ မြင့်တဲ့သူတွေတော်တော် များများရှိပါတယ်။ ဒါပေမဲ့
အများစုကတော့ ဘ၀မှာ မအောင်မြင်ဘဲ ရိုးရိုးသာမာန်ဘ၀နဲ့ ဘဲ
ပြီးဆုံးသွားကြတယ်။ ဒါဟာ IQ မြင့်တိုင်းလည်း ခရီးမပေါက်တာတွေ့ ရတယ်၊ဘ၀မှာ
အောင်မြင်ဖို့ EQ ဆိုတာလည်း အရေးကြီးပါတယ်။ EQ ဆိုတာ ဘာလည်းနဲ့ 
ဘယ်လိုမြင့်အောင်လုပ်မလဲ ဆိုတာ အောက်က ဆောင်းပါးလေးက ရှင်းပြပါလိမ့်မယ် ။

EQ လား IQ လား (ကောင်းထက်)

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(EQ)ဖြစ်ကြောင်း
အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက
ဖော်ထုတ်ပြောကြားခ့သဲ ည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို
သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊
(EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည်
နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊
အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး
ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက
အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည်
လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခ့ရဲ ကြောင်း
နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။


(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော
သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။ နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -

(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)

(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)

(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)

(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားင့ညဲာနိုင်စွမ်းရှိခြင်း (Compassion)

(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)

(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking)

စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။
ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။
နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက်
နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ

နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။

သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏
လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင်
သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့်
အဓိပ္ပါယ်သဘောပင်ဖြစ်သည်။

နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့်
ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊
ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို
တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။

ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏

နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်
စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ
မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။
ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား
ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။

ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခ့သဲူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင်
ကြီးပြင်းခ့သဲူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။
ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု
မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။


ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က
အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ်
ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည်
ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင်
ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး
နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။
ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။


နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင်
မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို
တင်ပြပါမည်။

နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။

(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။

(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။

(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။

(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။


(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။
အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။

(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။

(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။

(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။

ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။
သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည်
ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း
ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။


မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန်
ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့်
အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။

လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။

သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင်
သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ
ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော
ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။

လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်

Credit to :  ခွန်အားရှိသောစာ

Posted By ဝေယံစိုး19:32

၄၂ လက်မအကျယ်အထိ မြင်တွေ့နိုင်မည့် PICO PROJECTOR ပါဝင်သောစမတ်ဖုန်း

Filled under:


 
 
စမတ်ဖုန်းတွင် တပ်ဆင်နိုင်သော Gadgets များကို Company အများစုအနေဖြင့် များစွာ စမ်းသပ်တီထွင် လုပ်ဆောင်လျက်ရှိကြသည်ကို တွေ့ဖူးမြင်ဖူးကြလိမ့်မည်ဖြစ်ပါသည်။ ယခုအခါတွင်လည်း Hong Kong နိုင်ငံမှ Conplex International Company မှ တီဗွီရှာနေစရာမလိုဘဲ လမ်းမပေါ်တွင် နံရံတစ်ခုရှိရုံဖြင့် သူငယ်ချင်းများ နှင့် ဓာတ်ပုံများကို မျှဝေကြည့်ရှုနိုင်သော၊ Presentations များ ပြုလုပ်နိုင်သော MagicOn Ayane စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါသည်။

အတိုင်းအတာအရွယ်အစား 125.5 x 65 x 13 mm ရှိပြီး Dual-SIM ဖြစ်ကာ အရောင်မှာ အနက်နှင့်အညို ဖြစ်ကာ ကြည်လင်ပြတ်သားမှုမှာ 800 x 480 ဖြစ်ပါသည်။ 1.2 GHz Dual-Core Processor ကိုအသုံးပြုထားပြီး RAM 1 GB နှင့် သိုလှောင်နိုင်မှုမှာ 4GB ရှိ၍ MicroSD ထပ်မံစိုက်သွင်းနိုင်ပါသည်။ Android 4.2 Jelly Bean ကိုအသုံးပြုထားပြီး ဘက်ထရီမှာ 2000 mAh ဖြစ်ပါသည်။ ကင်မရာအနေဖြင့် ကျောဘက်တွင် ၅ Megapixel ဖြစ်ပြီး ရှေ့တွင် 0.3 Mp ဖြစ်ပါသည်။



စမတ်ဖုန်းပရိုဂျက်တာအတွက် Digital Light Processing (DLP) နည်းပညာကို အသုံးပြုထားသည့်အပြင် ၁၀၀ ရာခိုင်နှုန်း NTSC Colour ကိုရရှိစေမည် ဖြစ်သည့်အတွက်ု ရရှိစေနိုင်မည်ဖြစ်ပါသည်။ MagicOn Ayane ရောင်းဈေးမှာ အမေရိကန် ၄၉၉ ဒေါ်လာဖြစ်ပြီး သုံးချောင်းထောက်စင်များကဲ့သို့ အခြားသော Accessories များလည်း ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။
 
Ref:GZM

WorldWide(BMSTU)


MyawadyNews

Posted By ဝေယံစိုး19:32

HACK ခံလိုက်ရသည့် သင့်၏ FACEBOOK ACCOUNT ကို ဘယ်လိုပြန်ယူမလဲ

Filled under:



အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။

ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့်အနေနဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ “ဆေး” စွဲနေသူများက ပိုခံရပါလိမ့်မယ်။

Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။
ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။

နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ – www.facebook.com/hacked သို့သွားပါ။

အဆင့် ၂ – “My Account is Compromised” ကို နှိပ်ပါ။

အဆင့် ၃ – မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံကို ထည့်သွင်းပြီး Search လုပ်ပါ။

အဆင့် ၄ – ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password ကို ထည့်သွင်းပါ။

အဆင့် ၅ – မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။

အဆင့် ၆ – Password အသစ်ကို ၂ ခါပြန် ရိုက်ထည့်ပါ။

သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် – ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။

နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ – www.facebook.com/hacked သို့သွားပါ။

အဆင့် ၂ – “My Account is Compromised” ကို နှိပ်ပါ။

အဆင့် ၃ – စာမျက်နှာ ဘယ်ဘက်အောက်ထောင့်ရှိ “I can’t identify my account” ကို နှိပ်ပါ။

အဆင့် ၄ – Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများကို ဖြေပါ။

အဆင့် ၅ – Submit လုပ်ပါ။

မကြာမီတွင် Facebook က သင့်ကို ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account ကို ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များ မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဘဲ သတိထား သင့်ပါသည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -
- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email ကို အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။

mmconsumerguide

Posted By ဝေယံစိုး19:31

Sunday, 20 April 2014

GRAND ROYAL မဏ္ဍပ်ကို အမည်ပျက် စာရင်းသွင်း

Filled under:


Grand Royal မဏ္ဍပ်တွင် ဖျော်ဖြေနေသည့် ထိုင်းမိန်းမလျာအကမယ်များကို တွေ့ရစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)

 
Grand Royal မဏ္ဍပ် ကို အမည်ပျက်စာရင်းသွင်းပြီး နောင်နှစ်များတွင် ခွင့်ပြုချက် မပေးရန် ဆုံးဖြတ် လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်း က ပြောကြားသည်။

မြန်မာသင်္ကြန် အကြိုနေ့ တွင် Grand Royal မဏ္ဍပ်အရက် ကြော်ငြာရှိုးပွဲ၌ ထိုင်းအကမယ် များက အတွင်းခံသာဝတ်ပြီးကပြ ခဲ့၍ သင်္ကြန်ကာလနှင့်ရောကာ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်ဘက် ဖြစ် ခဲ့သောကြောင့် ရန်ကုန် သင်္ကြန်နာမည်ပျက်ခဲ့ရကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။

‘‘သင်္ကြန်မဏ္ဍပ်အနေနဲ့တင် မဟုတ်ဘဲ မျှော်စင်ကျွန်းထဲမှာ ရှိုးပွဲအနေနဲ့ ခွင့်ပြုချက်တင်ပြီး လုပ်တာ။ ထိုင်းအကအဖွဲ့က အဖော်အချွတ်လုပ်ပြီး အရက် ကြော်ငြာလုပ်ခဲ့ကြတာ။ သင်္ကြန် ကာလနဲ့ တိုက်ဆိုင်သွား တာ။ ဘလက်လစ် သွင်းထားတယ်။ မှတ်တမ်းလုပ်ထားတယ်။ နောင်နှစ်မှာရှိုးပွဲမပေးတော့ဘူး။ မဏ္ဍပ် လာလျှောက်ရင်လည်း မပေး တော့ဘူး’’ဟု ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

အဆိုပါ အကမယ်များမှာ Stars and Model Agency ပိုင်ရှင် ဂျွန်လွင် ခေါ်လာသည့် ထိုင်း နိုင်ငံမှ မိန်းမလျာများ၊ အကသမား များဖြစ်ပြီး ရန်ကုန်မြို့ရှိ အရောင်းပြခန်းဖွင့်ပွဲ တစ်ခုတွင်လည်း လာ ရောက်ခဲ့ဖူး သူများဖြစ်ကြောင်း အဆိုပါ မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် နောင်နှစ်သင်္ကြန် ကာလများတွင် မဏ္ဍပ်များလာ ရောက်လျှောက်ထားပါက အမည်ပျက် စာရင်းသွင်းခံထားရသည့် မဏ္ဍပ်များကို ခွင့်ပြုချက် မပေးတော့ဘဲ မဏ္ဍပ်အမည်ဆိုင်းဘုတ်များ ကို မြန်မာလို ရေးသားရာတွင်လည်း အရွယ်အစား သတ်မှတ်ပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဖော်မှ ချွတ်မှ အရက် ရောင်းကောင်းတာမဟုတ်ဘူး။ အရက် ကွာလတီကောင်းရင်၊ ကျန်းမာရေးနဲ့ ညီညွတ်ရင် ရောင်း ကောင်းမှာပဲ။ မန်နေဂျာကို ခေါ် ပြောပြီးပြီ။ သူဌေးက နိုင်ငံခြား ရောက်နေတယ်ဆို လို့ ပြန်လာရင် ခေါ်ပြောမယ်။ သာမန်ကိစ္စမို့ ဝန်ခံချက်နဲ့တော့ နောင်မလုပ်ဖို့ ပြောရတော့မှာပေါ့’’ဟု ဗိုလ်မှူး ကြီးတင်ဝင်းက ပြောသည်။

အလားတူ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် ၉၃ ခုတွင် မဏ္ဍပ် ၃၀ ကျော်၌ မြန်မာ့ ယဉ်ကျေးမှုနှင့် မလျော်ညီသည့် သောက်စားမူးယစ်ပြီး သရုပ်ပျက် အပြုအမူများ ဆောင် ရွက်ခဲ့၍ မှတ်တမ်းပြုစုကာ အမည်ပျက် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ကတော့ သူ တို့ချမှတ်ထားတဲ့စည်းကမ်းအ တိုင်း အကုန်လိုက်နာပါတယ်။ မဏ္ဍပ်တိုင်းက အရက်ပါတာပဲ။ ဘလက်လစ် သွင်းမယ်ဆိုရင် အကုန်လုံးသွင်းရမှာ။ မဏ္ဍပ်တိုင်း မှာ အရက်မသောက်ရင် ဘယ်သူ ကပျော်မှာလဲ။ နောင်နှစ်ဆို နောက်တစ်မျိုးထပ်ပြောင်းပြီး ပြောဦးမှာပဲ’’ဟု ဟစ်ဟော့ပ်အဆိုတော် ရန်ရန်ချမ်းက ပြောကြားသည်။

 
7 Day

Posted By ဝေယံစိုး19:20

ဖိုက်တင်ချတဲ့ GAME ကစားချင်သူများအတွက် - RAGE OF THE IMMORTALS V1.5.12271 APK

Filled under:


အခုတင်ပေးလိုက်တဲ့ Android Game လေးကတော့ ပုံကိုမြင်တာနဲ့တင် Fighting Game မှန်းသိကြမှာပါ။ အခု Game ကအဆင့်တွေအများကြီးပါဘဲ။ မိမိအနေနဲ့ Fighter တစ်ယောက်ကိုယူပြီး အခြားသော Fighter တွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ အဆင့်တစ်ဆင့်ယှဉ်ပြိုင်ပြီးတိုင်း Lock ချထားတဲ့ Fighter တွေကို ကစားခွင့်ရမှာပါ။ ဖိုက်တင် ချရမယ်ဆိုရင်တော့ လက်မြန်ဖို့တော့လိုတယ်နော်။ နမူနာအနေနဲ့ Game ပုံစံလေးကြည့်နိုင်အောင်အောက် မှာ Screen Shot ရပြထားပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ။


 


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။
                                                      <<<<<<<DOWNLOAD>>>>>>>

Posted By ဝေယံစိုး19:19

ပထမဆုံး 3D ပရင်တာနဲ့ အိမ်ဆောက်တဲ့ နည်းပညာ တရုတ်နိုင်ငံမှာ စမ်းသပ်

Filled under:



တရုတ်နိုင်ငံရဲ့ ပထမဆုံး 3D ပရင်တာနဲ့ အိမ်ဆောက်တဲ့ နည်းပညာကို ဧပြီလဆန်းပိုင်းက ရှန်ဟိုင်းမြို့မှာ စမ်းသပ်ခဲ့ကြပါတယ်။ 

အုတ်ခဲတွေ၊ ကြွေပြားတွေ မသုံးပဲ အဝေးကကြည့်လိုက်ရင် သာမန်အိမ်နဲ့ မခြားပဲ အနီးကပ် ကြည့်တဲ့အခါမှ သာ အင်္ဂတေတွေကို အလွှာလိုက် လောင်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်းပြည် နယ်က သိပ္ပံနဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေး ကုမ္ပဏီက စမ်းသပ်ထုတ်လုပ် လိုက်တဲ့ ကွန်ကရစ်နံရံတွေဟာ 3D Printer နဲ့ အလွှာလိုက်လောင်းထားတာ ဖြစ်ပါတယ်။ 3D Printer ရဲ့ မင်အဖြစ် သုံးတာကတော့ သာမန်သဲနဲ့ဖော်စပ်ထားတဲ့ အင်္ဂတေပဲဖြစ်ပါတယ်။ 

3D Printer နဲ့ ထုတ်လုပ်လိုက်တဲ့ ကွန်ကရစ်နံရံတွေကို အချပ်လိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သယ်သွားပြီး တိုင်တွေမှာ ကောက်တပ်လိုက်ရုံပဲဖြစ်တာကြောင့် ကုန်ကျစရိတ် သက်သာပြီး ဆောက် လုပ်ရေးအဆင့်တွေ လျော့ချနိုင်တယ်လို့ဆိုပါတယ်။ 

3D Printer နဲ့ ထုတ်လိုက်တဲ့ အရန်သင့်ဆောက်လုပ်ရေးပစ္စည်းတွေကို ကွန်ပြူတာကနေပဲ ဒီဇိုင်းဆွဲ၊ တိုက်ရိုက် စေခိုင်းတာဖြစ်တာကြောင့် ဖြတ်စရာတောက်စရာမလိုတော့ပဲ တခါထဲအချောတည် ထုတ်လုပ်ပေးနိုင်တာလည်းဖြစ်ပါတယ်။ 

နည်းပညာအဆင့်မြင့်ပေမယ့် 3D Printer နဲ့ ဆောက်လုပ်တဲ့အိမ်တွေဟာ မီးပူဒဏ်ခံနိုင်ရည်၊ သက်တမ်း စတာတွေကို စမ်းသပ်ရအုံးမှာမို့ စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့တော့ လိုအုံးမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

DVB 

Posted By ဝေယံစိုး19:17

ငွေဖြည့်၊ငွေစစ်၊အင်တာနက်လျှောက်ရန် အလွယ်တကူပြု့လုပ်နိုင်သော MMTOPUP. APK

Filled under:




ငွေဖြည့်၊ငွေစစ်၊အင်တာနက်လျှောက်ရန် အလွယ်တကူပြု့လုပ်နိုင်သော APK 

ကို ဆရာမ ဒေါ်ထားထားလွင် က ရေးပေးထားတာပါ။

ဒီထဲမှာ ဘာတွေ ပြု့လုပ်နိုင်သလဲ ဆိုရင်တော့

မည်သည့်ဖုန်းအမျိုးအစားအတွက်မဆို User ကဖုန်းအမျိုးအစားရွေးပေးစရာမလိုဘဲ 

အလွယ်တကူ ငွေဖြည့်ခြင်း၊ အခြားဖုန်းအတွက်ငွေဖြည့်ပေးခြင်း၊ လက်ကျန်ငွေစစ်ခြင်း၊ 

လက်ကျန်ငွေကို နေ့စဉ်မွန်းတည့် ၁၂ နာရီတွင်အလိုအလျှောက်ပုံမှန်စစ်ပေးခြင်း၊ 

အင်တာနတ်လျှောက်ခြင်း တို့ဆောင်ရွက်နိုင်တဲ့ apk ရေးပေးလိုက်ပါတယ်…

အသုံးပြုရန် လက်ကိုင်ကွင်းကိုဆွဲရပါမယ်…


ဆွဲလိုက်ပြီ ဆိုရင်အောက်ကပုံအတိုင်းပေါ်ပါမယ်

 

လက်ကျန်ငွေပုံမှန်စစ်ဆေးခြင်းကို ဆက်လက်မသုံးလိုတော့ပါက 


Menu ခလုတ်ကိုနှိပ်ပြီး ‘နေ့စဉ်လက်ကျန်ငွေမစစ်ချင်တော့ပါ’ ကိုနှိပ်ပါ…



Posted By ဝေယံစိုး19:16

MOBILE PHONE NETWORK အကြောင်းသိကောင်းစရာ

Filled under:


 
မြန်မာနိုင်ငံမှာ ဖုန်းကိုအသုံးများလာကြပါပြီ.. ဒီတော့ ဖုန်းရဲ့ Network အကြောင်းလေး သိထားဖို့ လိုမယ်ထင်တယ်.. ဒါကြောင့် Mobile Phone Network တွေအကြောင်း ဖတ်မိတာလေး မျှဝေလိုက်ပါတယ်..

ကျနော်တို့မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိမ့်လို့ပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုရင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။
 
GPRS(General Packet Radio Service)GPRS ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို အခြေခံထားပါတယ်။ကျနော်တို့ အသိများတာကတော့ 2G Network လို့ခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုရင် Download Speed 144 Kbps လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန့်သက်ချက်တွေရှိပါတယ် ကျနော်တို့ဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။
 
EDGE(Enhanced Data GSM Evolution)GPRS နဲ့ EDGE ဆိုတာ 2G နက်ဝက်နည်းပညာတစ်တည်းပါပဲ။ဒါပေမယ့် EDGE က GPRS ထက် Download Speed ပိုများပါတယ်။384Kbps နီးပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G Network လို့လည်းခေါ်ဆိုကြပါတယ်။3G3G နက်ဝက်ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့ ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိရနိုင်ပါတယ်။
 
HSDPA(Hight-Speed-Down-link Packet Access)HSDPA ဆိုတာကတော့ 3G နက်ဝက်အပေါ်အခြေခံထားပါတယ်။ရိုးရိုးသာမန် 3G နက်ဝက်ထက်ပိုမြန်ပါတယ်။Download Speed 14Mbps အထိရရှိနိုင်ပါတယ်။HSPDA ကိုတစ်ချို့က 3.5G နက်ဝက်လိုလည်းခေါ်ကြပါတယ်။HSPA+(Evolved High-Speed Packet Access)HSPA+(Evolved High-Speed Packet Access) ဆိုတာကလည်း 4G Nework နည်းပညာကိုအသုံးပြုထားပါတယ်။သူရဲ့ အမြင့်ဆုံး Download Speed ကတော့ 168Mbps ပဲဖြစ်ပါတယ်။ WCDMA ရဲ့အရှည်ကောက် ကတော့ "Wideband Code Division Multiple Access" လို့ခေါ်ပါတယ်။4G LTE(Long Term Evolution)LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံပြုလုပ်ထားသောစနစ်ဖြစ်ပါတယ်။HD ဇာတ်ကားတွေကိုအထစ်အငေါ့မရှိကြည့်ရှုနိုင်ပါတယ်။သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။နည်းပညာ ဗဟုသုတရစေရန်အတွက်ရည်ရွယ်ချက် ဖြင့် တင်ပေးလိုက်ပါတယ်။

အဆင်ပြေပါစေ..

မောင်ပေါက်

Posted By ဝေယံစိုး19:14

GRAND ROYAL ၏ လုပ်ရပ်ကြောင့် ရန်ကုန်သင်္ကြန် နာမည်ပျက်ရဟု နယ်လုံဝန်ကြီးပြော

Filled under:


ဇော်ဇော်ထွေး| စနေနေ့၊ ဧပြီလ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ သင်္ကြန်အကြိုနေ့က Grand Royal မဏ္ဍပ်၏ အရက်ကြော်ငြာရှိုးပွဲတွင် ထိုင်းအကအဖွဲ့၏ ဝတ်စားဆင်ယင်မှုနှင့် ဖျော်ဖြေမှုသည် မြန်မာရိုးရာနှင့် ဆန့်ကျင်သောကြောင့် ရန်ကုန်သင်္ကြန် နာမည်ပျက်ခဲ့ရသည်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီ ၁၉ တွင် မီဒီယာများကို ပြောခဲ့သည်။

မြန်မာ့အတာရေသင်္ကြန် ပွဲတော်ကာလအတွင်း စည်းကမ်းမလိုက်နာခဲ့သည့် မဏ္ဍပ်များကို မည်ကဲ့သို့ အရေးယူမည့်အပေါ် မီဒီယာများက တွေ့ဆုံမေးမြန်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဂရမ်းရွိင်ရယ် မဏ္ဍပ်မှာ အရက်ကြော်ငြာ ရှိုးပွဲက သင်္ကြန်နဲ့ ရောသွားပြီး အင်တာနက်မှာ ပြန့်ကုန်တယ်။ ဒါကြောင့် မြန်မာ့သင်္ကြန်မှာ ရိုးရာယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်တဲ့ ပွဲတွေလုပ်နေတယ်ဆိုပြီး ရန်ကုန်က နာမည်ပျက်သွားခဲ့ရတယ်” ဟု ဝန်ကြီးက ဆိုသည်။

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က ကန်တော်ကြီးအတွင်း ကျင်းပပြုလုပ်သည့် Grand Royal အရက်ကြော်ငြာ ရှိုးပွဲတွင် ထိုင်းနိုင်ငံမှ ငှားရမ်းခဲ့သည့် အကအဖွဲ့က အောက်ပိုင်းတွင် အတွင်းခံဘောင်းဘီများသာ ဝတ်ဆင်၍ ကပြဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် အင်တာနက် စာမျက်နှာများတွင် ပြန့်နှံ့ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Grand Royal ရှိုးပွဲအတွက် ထိုင်းအကဖွဲ့အား ခေါ်ယူကျင်းပခဲ့သူ (Star and Model) မှ ဂျွန်လွင်က “ပထမရက်က ဖျော်ဖြေမှုနဲ့ ပက်သက်ပြီးတော့ ဝေဖန်သံတွေ ကြားရပေမယ့် ကျွန်တော် မဖြေရှင်းချင်ပါဘူး၊ ခေတ်တွေကလည်း ပြောင်းနေပြီလေ။ သပြေခက်နဲ့ ပက်တဲ့ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဘန်ကောက်က အကသမားတွေကို ခေါ်တာ လူစိတ်ဝင်စားစေချင်တဲ့ သဘောပါ။ ဒါကို အကောင်းမြင်တဲ့သူရှိသလို အကောင်းမမြင်တဲ့သူလည်း ရှိပါတယ်” ဟု ဧပြီ ၁၄ရက်က မဇ္ဈိမကို ဖြေကြားထားသည်။

ထိုကဲ့သို့ ဖျော်ဖြေမှုများနှင့် ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်ခဲ့ပြီး သက်ဆိုင်ရာကလည်း ကျန်ရှိသည့် သင်္ကြန်ရက်များတွင် ယင်းကဲ့သို့ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်မှုဖြင့် ကပြဖျော်ဖြေမှု မပြုလုပ်ရန် သတိပေးရမှုများ ရှိခဲ့သည်။

“ ကျွန်တော်တို့ စည်းကမ်းနဲ့ ချိုးဖောက်ခဲ့တဲ့ မဏ္ဍပ်တွေကို စီစီတီဗီမှတ်တမ်းတွေ၊ ဓါတ်ပုံတွေနဲ့ ပြန်စိစစ်နေပါတယ်။ ဘလက်လစ် (နာမည်ပျက်စာရင်း)သွင်းသွားဖို့ ရှိပါတယ်။ ဂရမ်းရွိင်ရယ်ကိုတော့ သူဋ္ဌေးဖြစ်သူ ကိုအောင်မိုးကျော်ကို ခေါ်ယူ သတိပေးပြောဆိုသွားမှာပါ။ နောက်နှစ်ဆိုရင်တော့ ခံဝန်ချက်နဲ့ပဲ ဂရမ်းရွိင်ရယ်ကို ခွင့်ပြုသွားတော့မှာပါ” ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောခဲ့သည်။

၂၀၁၄ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များတွင် စည်းကမ်းဖောက်ဖျက်မှုများ၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင် ကခုန်မှုများ ရှိခဲ့ပြီး သင်္ကြန်မဏ္ဍပ်ကော်မတီက ခွင့်ပြုပေးခဲ့သည့် ရေကစားမဏ္ဍပ်များ၏ ခန့်မှန်း သုံးပုံတစ်ပုံမှာ စည်းကမ်းဖောက်ဖျက်ခဲ့သည်ဟု ဆိုသည်။
 
Mizzima

Posted By ဝေယံစိုး19:13

Wifi Hack ချင်သူများအတွက် Hacking Tool ကောင်းကောင်းလေးတစ်ခု - Wifi Slax v3.1

Filled under:

http://www.enjaztech.com/vb/uploadcenter/uploads/04-2013/PIC-869-1366401359.jpg

Wifi Hack ချင်သူများအတွက် Hacking Tool ကောင်းကောင်းလေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Facebook ကအကိုတစ်ယောက်က တောင်ထားလို့ ကျွန်တော်လည်း မစမ်းကြည့်ရသေးဘဲ ရှာရှာဖွေဖွေတင်ပေးလိုက် ပါတယ်ဗျာ။ တစ်ခုတော့ ကျွန်တော် ကြိုပြီးပြောချင်ပါတယ်ဗျာ။ Hacking ဆိုတာ လွယ်ကူတဲ့အရာတော့မ ဟုတ်ပါဘူးနော်။ ပြီးတော့ Wifi Hack ချင်တယ်ဆိုရင်တော့ အချိန်ပေးရပါလိမ့်မယ်။ နှစ်ရက်သုံးရက်လောက် လည်းကြာသွားနိုင်ပါတယ်။ တစ်ခုတော့ သတိထားရမှာက အခု Wifi Slax ကတော့ WEP, WPA or WPA2 စတဲ့ Wifi Type တွေကိုသာ Hack နိုင်မှာဖြစ်ပါတယ်ဗျာ။ မြို့ထဲတွေမှာ Wifi တွေလွင့်နေတာများတယ်ဆို ရင်တော့ ကလိချင်သူများ စမ်းသပ်ကလိနိုင်ပါပြီဗျာ။ ဒီထက်ပိုပြီး အသေးစိတ်ကိုတော့ အောက်မှာဆက် လက်လေ့လာနိုင်ပါတယ်ဗျာ။

                                                                     <<<<<<<<DOWNLOAD>>>>>>

Posted By ဝေယံစိုး18:33

ကွန်မန်ဒိုတိုက်ပွဲတိုက်ချင်သူများအတွက် - FRONTLINE COMMANDO 2 v1.0.1 [Mod Money] APK

Filled under:

FRONTLINE COMMANDO 2 - screenshot

အခုတင်ပေးလိုက်တဲ့ Game လေးကိုပုံကိုမြင်လိုက်တာနဲ့ သိကြမယ်ထင်ပါတယ်ဗျာ။ ကွန်မန်ဒိုစစ်ဆင်ရေး တစ်ခုတိုက်ချင်သူများ အပစ်အခက် Game ကစားချင်သူများသဘောကျကြမှာပါ။ သူငယ်ချင်းတို့ စိတ်ကြိုက် ကစားနိုင်အောင် ကျည်ဆံတွေ ၊ အဆင့်တွေ ၊ သွေး တွေကို Unlimited အသုံးပြုနိုင်အောင် Hack ထားပြီးသား Game လေးကိုဘဲတင်ပေးထားပါတယ်ဗျာ။ Obb Data ထည့်သွင်းစရာမလိုတဲ့အတွက် အလွယ်တကူ Install လုပ်ပြီးကစားနိုင်ပါတယ်။ ရုပ်ထွက်နဲ့ သေနတ်ပစ်သံတွေကလည်း အတော်လေးမိုက်တယ်ဗျာ။ ကျွန်တော် စမ်းပြီးကစားကြည့်ပြီးပါပြီ။ ဘာ Error မှမရှိပါဘူး Android OS 2.1 နှင့်အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ် ပါတယ်ဗျာ။

FRONTLINE COMMANDO 2 - screenshot

FRONTLINE COMMANDO 2 - screenshot

FRONTLINE COMMANDO 2 - screenshot

FRONTLINE COMMANDO 2 - screenshot


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။
                                                                 <<<<<<DOWNLOAD>>>>>

Posted By ဝေယံစိုး18:30

Contacts နဲ့ Dialer တွေကို စတိုင်အလန်းနဲ့ပြောင်းနိုင်တဲ့ - ExDialer - Dialer & Contacts v1.7.3 Apk

Filled under:

Cover art
အခု Android User တွေအတွက် Application အမိုက်စားလေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်တို့ အမြဲတမ်းအသုံးပြုနေတဲ့ Contacts နဲ့ ဖုန်းခေါ်တဲ့ Dialer ကိုစတိုင်အသစ်တမျိုးနဲ့ပြောင်းသုံးနိုင်မယ့် Ex Dialer - Dialer & Contacts ဆိုတဲ့ Application လေးပါ။ မိမိပြောင်းသုံးချင်တဲ့ စတိုင်တွေကိုပြောင်းသုံးနိုင်ပါတယ်ဗျာ။ နမူနာကြည့်ချင်ရင်တော့ အောက်မှာ Screen Shot တွေတင်ပေးထားပါတယ်ဗျာ။ Android OS 2.1 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။



ExDialer - Dialer & Contacts - screenshot

ExDialer - Dialer & Contacts - screenshot   ExDialer - Dialer & Contacts - screenshot

ExDialer - Dialer & Contacts - screenshot   ExDialer - Dialer & Contacts - screenshot




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။
                                                           <<<<<<DOWNLOAD>>>>

Posted By ဝေယံစိုး18:28

OfficeSuite Pro 7 (PDF& Fonts) v7.4.1803 APK (All Android)

Filled under:

OfficeSuite Pro ကတော့ view, create, edit, print ပြုလုပ်နိုင်သည့်အပြင် Word, Excel and PowerPoint files တွေကိုလည်း share ပြုလုပ်နိုင်ပါတယ်။DOC, DOCX, DOCM, RTF, TXT, LOG စသည့် Text format တွေအပြင် PDF, EML, ZIP အပါအ၀င်အခြားသော format တွေလည်းအသုံးပြု
နိုင်ပါတယ်။
                                                             <<<<<<DOWNLOAD>>>>>>>

Posted By ဝေယံစိုး18:25

Autumn Tree Live Wallpaper v1.3 APK

Filled under:



Live Wallpaper လှလှလေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Version အသစ်လေးပါဘဲ။ Screen ပေါ်မှာ သစ်ရွက်လေးတွေလေတိုက်သလိုမျိုး လှုပ်ရှားနေပုံနဲ့ သစ်ရွက်လေးတွေကြွေကျနေတာကို Live Wallpaper အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်ဗျာ။ နမူနာကြည့်နိုင်ဖို့အတွက် အောက်မှာ Screen Shot တွေရိုက်ပြီးတင် ထားပေးပါတယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


 
 
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။
                                                                 <<<<<<DOWNLOAD>>>>>

Posted By ဝေယံစိုး18:23

PAPER APEX/NOVA THEME v1.2 APK

Filled under:

PAPER APEX/NOVA THEME - screenshot thumbnail

အခုတင်ပေးလိုက်တဲ့ Theme လေးကတော့ အသစ်လေးပါ ဘယ်သူ့မှာမှမရှိလောက်သေးပါဘူးဗျာ။ Android ဖုန်း Screen ပေါ်မှာ မြင်သမျှအားလုံးဟာ စာရွက်တစ်ရွက်ပေါ်မှာ မြင်ရသလိုပုံစံမျိုးလေးနဲ့ပါ။ Touch နှိပ် လိုက်တာကအစ စာရွက်လေးပေါ်မှာ နှိပ်နေရသလို တမျိုးဆန်းပါတယ်။ Icon တွေအားလုံးဟာလည်း စာရွက် မှာ Icon လေးတွေဆွဲထားသလိုပုံစံမျိုးလေးပါ။ နမူနာကြည့်နိုင်အောင် အောက်မှာ Screen Shot တွေတင်ပေး ထားပါတယ်ဗျာ။ Android OS 4.0.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


PAPER APEX/NOVA THEME - screenshot  PAPER APEX/NOVA THEME - screenshot 

PAPER APEX/NOVA THEME - screenshot  PAPER APEX/NOVA THEME - screenshot

PAPER APEX/NOVA THEME - screenshot  PAPER APEX/NOVA THEME - screenshot 

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။
                                                                         <<<<<<DOWNLOAD>>>>>ဒီမှာ

Posted By ဝေယံစိုး18:19