Friday, 6 March 2015

phone sim unlock လုပ် နည်း

Filled under:

sim unlock code ကိုတွက်ချက်ပေးမဲ့ software.....လေးပါ....တန်ဖိုးအရမ်းရှိပါတယ်ခင်ဗျာ....ပုံမှန်ဆိုရင် ကျွန်တော် တို့ ဦးဏှောက်နဲ့တော်တော်လေး တွက်ချက် ရမဲ့အဖြေကို တစ်ထိုင်တည်း ရှာပေးမဲ့ဆော့ဝဲလေးလည်းဖြစ်ပါတယ်.....
မိမိတို့ရဲ့မိတ်ဆွေတွေကို လည်း အွန်လိုင်းကနေ ဒီ ကောင်လေးကိုအသုံးပြုပြီး အကူအညီပေး နိုင်ပါပြီ...ပုံမှန်ဆိုရင်တော့ sim unlock လုပ်တာ နိုင်ငံခြား ဆိုဒ်တွေမှာ ဒေါ်လာ ကိုသောက်သောက် လည်အောင်တောင်းပါတယ်....ကျွန်တော်ကတော့ဖရီးအနေနဲ့ပြန်လည်မျှဝေထားပါတယ်...အသုံးပြုပုံလေးကို တစ်ခါတည်းပါ ဖော်ပြပေးထားတာမို့....အသုံးပြု လိုတယ်ဆိုရင် အောက်မှာဒေါင်းလုပ်ယူကြပါ...ဒီနေရာမှာ SIM LOCK ဆိုတာနားမလည်သေးတဲ့သူတွေအနေနဲ့ကျွန်တော် ဘလော့မှာအသေးစိတ်ရေးထားတာလေးကို ဒီမှာ ဝင်ဖတ်ပေးပါ။

လိုအပ်ချက်အနေနဲ့ကတော့
==========================

1 . ROOT လုပ်ထားရပါမယ်။


2. အရင်ဆုံး sim unlock လုပ်ဖို့အတွက်Android Terminal Emulator ကိုအရင် ဒေါင်းထားပါ။  


3. မိမိတို့ဖုန်းကို *#06# ကိုနိုပ်ပြီး IMEI နံပါတ်ကိုရှာပေးပါ



 UN LOCK CODE ကိုတွက်ချက်ပုံ
========================= =


Terminal Emulator app ကိုဖွင့်ပြီး

 su [enter]

strings -n 8 /dev/block/mmcblk0p6[enter] ကိုနိုပ်ပေးပါ။ ဒါဆိုရင် မိမိရဲ့ IMEI

နံပါတ်ပါတာတစ်ခုကိုတွေ့ရပါလိမ့်မယ်... [ဥပမာ] UN_Lock_code = 063312345

မျိုးပေါ်လာပါလိမ့်မယ်.


ဒါဆိုရင်တော့ ....UNLOCK ကုဒ်ရပါပြီ။......



SIM UNLOCK လုပ်ပေးမဲ့  လိုအပ်တဲ့ဆော့ဝဲကိုဒေါင်းရန်  



 ဒီဆော့ဝဲလေးကို မိမိတို့ pc မှာ install လုပ်ထားပေးပါ...ဖုန်းနှင့်ချိတ်စရာမလိုပါဘူးခင်ဗျာ...
အပေါ်က UN LOCK CODE နေရာမှာမိမိတို့ရရှိထားတဲ့ကုဒ်ကို  ဖြည့်ပေးလိုက်ပါ..အောက်မှာ IMEI နံပါတ်ကို နောက်ဆုံး ( ရ ) လုံးကိုထည့်ပေးလိုက်ပါ။


ပြီးရင် OK နိုပ်တာနှင့်.....အောက်မှာ SIM UNLOCK ကုဒ်ထွက်ပေါ်လာပါလိမ့်မယ်....



မိမိတို့ဖုန်းကို SIM UNLOCK လုပ်ဖို့ အတွက်ဖုန်းကိုပါဝါပိတ်ပြီး  SIM CARD

ကိုထုတ်လိုက်ပါ။။။ နောက်မိမိအသုံးပြုလိုတဲ့ SIM CARD ကိုထည့် လိုက်ပါ...ပြီးရင် အပေါ်က ရထားတဲ့

SIM UNLOCK ကုဒ်ကိုရိုက်ထည့်ပေးလိုက်ပါ........ဖုန်း REBOOT

ကျပြီးပြန်တာလာတာနှင့်မိမိတို့ဖုန်းကိုအသုံးပြုလို့ရပါပြီ...

1 comments:

  1. Sim unlock code ​ဒေါင်းလုပ်​လင့်​ကိုတင်​​ပေးပါအုံး

    ReplyDelete