Wednesday, 22 October 2014

TRANSFOMER (1+2+3+4) မြန်မာစာတန်းထိုး

Filled under:

ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ် ၊ Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။ ( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကျုဗတုံးတစ်ခုပါ ) Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက် ချင်ပါတယ် ။ Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြ၀ဠာကို စိုးမိုးချင်သူများပါ ။ Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်း ကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် crash landing ကြောင့် အာတိတ်သမုဒ္ဒရာ ရေခဲအောက်မှာ ခဲသွားခဲ့ပါတယ် ။ ဒါကို Sam ရဲ့ အဖိုး ကပ္ပတိန် Witwicky တွေ့ရှိခဲ့ပါတယ် ။ ဒီမှာတင် မတော်တစ်ဆ Megatron ရဲ့ navigational system ကို အက်တီဗိတ်လုပ်မ်တာကြောင့် သူ့ မျက်မှန်မှာ ကိုအော်ဒီနိပ်များနဲ့ ဖော်ပြလိုက်သလိုဖြစ်သွားပါတယ် ။ ဒီ ရေခဲအောက်မှာ ခဲနေတဲ့ Megatron နဲ့ All Spark ကို အမေရိကန်အစိုးရ ရဲ့ ထိပ်တန်းလျှို့ဝှက်အဖွဲ့အစည်းဖြစ်တဲ့ Sector 7 မှ သိမ်းဆည်း ခဲ့ပါတယ် ၊ All Spark မှ စွမ်းအင်အဆက်မပြတ်ထုတ်လွှတ်မှုကို ကာကွယ်တဲ့ အနေနဲ့ ၄င်းထားရှိရာ လျှို့ဝှက်နေရာရဲ့ပတ်ပတ်လည်မှာ ရေလွှဲဆည်အကြီးကြီး တစ်ခုကို တည်ဆောက်ခဲ့ပါတယ် ။ ဒါကို Autobots နဲ့ Decepticons တွေသိရှိပြီး All Spark ကို လိုချင်လို့ တိုက်ပွဲဖြစ်ကြပြီး
ဘယ်လိုစခန်းသွားကြမလဲဆိုတာ........။



File size...1.1GBQuality....flash
Format...mp4
hour....02:15:16
subtitle....မြန်မာစာတန်းထိုး

Download and Watch(pCloud link)




Transformers:Revenge of The Fallen(2009) မြန်မာစာတန်းထိုး


 
Transformers 1 ကိုအဆက်အဖြစ်ဆက်လက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ..
မင်းသမီး Megan Fox ကိုညှို့အားပြင်းစွာဆက်လက်မြင်တွေ့ရပြီး မင်းသားလဲအပြောင်းအလဲ
မရှိပါဘူး...ထုံးစံအတိုင်း Autobots တွေရဲ့ တိုက်ပွဲဝင်ခန်းတွေကို ဦးစားပေးကြည့်ရှုရပါမယ်။


File size...1.2GBQuality....DVDrip
Format...mp4
hour....02:23:14
subtitle....မြန်မာစာတန်းထိုး

Download and Watch(pCloud link)



Transformers:Dark of The Moon(2011) မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်းကတော့........

စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။ အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်........။


File size...1.2GBQuality....flash
Format...mp4
hour....02:27:07
subtitle....မြန်မာစာတန်းထိုး

Download and Watch(pCloud link)



Transformers:Age of Extinction(2014) မြန်မာစာတန်းထိုး


ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။ Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေ ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့ အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်နေပြီးတော့၊ အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေပြီး ဘယ်လိုတွေစခန်းသွားကြမယ်ဆိုတာ.......။


File size...1.4GBQuality....flash
Format...mp4
hour....02:37:48
subtitle....မြန်မာစာတန်းထိုး

Download and Watch(pCloud link)

Posted By ဝေယံစိုး18:48

Downloader/ Music Downloader များဖြင့်ဒေါင်းယူထားသောသီချင်းများအား computer တွင်သိမ်းပြီး iDevice music library သို့ Tongbu Assistance ဖြင့်ထည့်သွင်းနည်း။ (IOS.8-8.0.2)

Filled under: ,



Downloader/ Music Downloader များဖြင့်ဒေါင်းယူထားသောသီချင်းများအား Computer တွင်သိမ်းပြီး iDevice 
===========================================================================
music library သို့ Tongbu Assistance ဖြင့်ထည့်သွင်းနည်း။ (IOS.8-8.0.2)
===================================================

IOS 8-8.0.2 users တွေအနေနဲ့မိမိ iDevice Music Library ထဲကိုသီချင်းတွေထည့်သွင်းချင်ကြမှာပါ။ iTools ဟာ Error ရှိတဲ့
အတွက်ဒီနည်းလေးကိုတင်ပြအသိပေးခြင်းဖြစ်ပါတယ်။ ဒီနည်းလေးဟာ music downloader များနဲ့ downloader တွေနဲ့ဒေါင်း
ယူထားတဲ့သီချင်းတွေကို Computer မှာသိမ်းဆည်းနိုင်ပြီး မိမိ iDevice Music Library ထဲသို့လည်းပြန်လည်ထည့်သွင်းပေးနိုင်
မယ့်နည်းလမ်းလေးပါ။
Tongbu Assistance ကို Computer အတွက်အရင်ဒေါင်းပါ။ စမ်းသပ်ထားတဲ့ App က DownCloud 
ဆိုတဲ့ SoundCloud ကသီချင်းတွေကိုဒေါင်းပေးနိုင်တဲ့ downloader လေးဖြစ်ပါတယ်။ သူ့ကို Tongbu Assistance ထဲကနေ
ဒေါင်းယူပြီး iDevice သို့ Install လုပ်ပေးရန်လိုအပ်ပါတယ်။  Install ပြုလုပ်ပြီးဖွင့်မရပါက Crack Fix ပြုလုပ်ပေးပါ။


Tongbu Download Link>


၁) iDevice ကို Comluter မှ Tongbu ဖြင့်ချိတ်ပါ။ iDevice ကိုမြင်ရလျှင်အပေါ်ဘားတန်းမှ App ကိုရွေးပါ။ App ထဲတွင်မိမိအသုံး
    ပြုထားသော Downloader နာမည်ရှာပါ။ ဥပမာ။ DownCloud ကိုရှာပြီး သူ့ရဲ့ညာဘက်အစွန်ဆုံးကဖိုဒါလေးနှိပ်ပါ။





၂) Folder နှိပ်ပြီးသောအခါသူ့ထဲတွင် Documents Folder ကိုပုံပါအတိုင်းမြင်တွေ့ရပါမယ်





၃) Documents Folder ထဲတွင်မိမိဒေါင်းယူထာားသောသီချင်းများကိုမြင်တွေ့ရပါမယ်။ သီချင်းနာမည်များမပေါ်ပါ။
    သီချင်းများကို
     အားလုံး Select လုပ်ပြီး Computer သို့ export ပြုလုပ်ပေးခြင်းဖြင့် Computer တွင်သိမ်းဆည်းနိုင်ပါတယ်။




၎) သိမ်းဆည်းထားတဲ့သီချင်း(သို့) မိမိနှစ်သက်ရာသီချင်းများကို iDevice Music Library ထဲသို့သီချင်းများထည့်ပါမယ်။
    Tongbu ရဲ့အပေါ်ဘာတန်းတွင် Music ကိုနှိပ်ပြီးဘယ်ဘယ်အပေါ်က Music ကိုနှိပ်ပါကပုံပါအတိုင်း Add File နဲ့ Add folder ၂ ခုမြင်တွေရမှာပါ။ Add File နှိပ်ပေးပြီးမိမိနှစ်သက်ရာသီချင်းရွေးပေးပါ။




၅) ပုံကတော့ခုနကသိမ်းထားတဲ့ DownCloud ထဲကဒေါင်းထားတဲ့သီချင်းတွေကို Computer ထဲကနေပြန်ရွေးပေးထားတာပါ။
    သီချင်းတွေအားလုံး Selected လုပ်ပြီး Import to device လုပ်ပြီးခနစောင့်နေပါ။ 




၆) ဒီပုံမှာကြည့်ပါ။ သီချင်းများ iDevice Music Library ထဲသို့ရောက်နေပါလိမ့်မယ်ခင်ဗျာ။








     အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေခင်ဗျာ။

Posted By ဝေယံစိုး18:42

Apple ID ရဲ့ Security Questions & Answer မေ့ခဲ့ပါကဖြေရှင်းနည်း

Filled under: ,

Apple ID ဖွင့်တဲ့သူတော်တော်များများ Security Questions & Answers ကိုရေးသားထည့်သွင်းခဲ့ကြရမှာ..  အကယ်၍မေ့သွားခဲ့သည်ရှိသော်ပြန်လည်Resetလုပ်ယူပုံကိုတင်ပြပေးချင်ပါတယ်


- ဤလင့်ကိုဝင်ပါ (https://appleid.apple.com) 

- Manage your ID ကိုရွေးချယ်ပေးပြီး Sign In လုပ်ပါ 

- ဘယ်ဘက်တွင်ရှိသော " Password & Security " ကိုရွေးပါ

- ထို့နောက် မိမိယခင်ကဖြည့်သွင်းခဲ့သော Question တခုခုပေါ်လာပါလိမ့်မယ်... Answer ကိုမမှတ်မိတော့တဲ့အတွက်ကြောင့် " Send Reset security info to *****@gmail/hotmail (စသည်) ကိုနှိပ်ပါ

- အဲ့ဒီ့မှာ Rescue Mail ထဲကို Mail ဝင်လာပါလိမ့်မယ်.  

- Rescue mail မှတဆင့် Apple ID sign in ပြန်ဝင်ကာ Security Questions & Answers ကိုပြန်လည် Reset လုပ်ပြီး Save လုပ်နိုင်ပါပြီ... 




အဆင်ပြေကြပါစေ... 

Posted By ဝေယံစိုး18:40

Samsung Galaxy S5 VS HTC One (M8) တို့၏အားသာချက်အားနည်ချက်များ

Filled under:



လက်ရှိပြည်တွင်းဈေးကွက်မှာတော့ ကမ္ဘာ့ထိပ်သီးဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေဖြစ်တဲ့ Samsung, Sony, HTC, LG တို့ရဲ့အကောင်းဆုံးသောစမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S5, Xperia Z3, One (M8) နဲ့ G3 စီးရီးတွေအားလုံး ဈေးကွက်ထဲ ရောက်ရှိလို့ နေပါပြီ။ ဖုန်း ၄လုံးစလုံးရဲ့ specification ဟာ အတူတူနီးပါးလောက်ဖြစ်တဲ့အပြင် အကောင်းဆုံးသော မျက်နှာပြင်၊ များပြားလှတဲ့ RAM ပမာဏ၊ ကောင်းမွန်တဲ့ ကင်မရာစနစ်တွေနဲ့ အခြားသော feature ကိုယ်စီပါဝင်လာကြပါတယ်။ ဖုန်းအားလုံးရဲ့ ဈေးနှုန်းတွေကလည်း မတိမ်းမယိမ်းဖြစ်နေတာကြောင့် သုံးစွဲသူတွေအနေနဲ့ ဘယ်ဖုန်းဟာ မိမိနဲ့ သင့်တော်မယ့်ဖုန်းဆိုတာကို ရွေးရခက်နေပါလိမ့်မယ်။
ယင်းဖုန်းများထဲကမှ ဒီနှစ်လယ် ရန်ကုန်မှာကျင်းပခဲ့တဲ့ ကမ္ဘာကျော် Kpop အဖွဲ့ 2NE1 kpop ပွဲကို စပွန်ဆာပေးခဲ့တဲ့ Samsung ရဲ့ Galaxy S5 နဲ့ မြန်မာနိုင်ငံဖွား ထိုင်ဝမ်လူမျိုး ပီတာချူး CEO အဖြစ် ဦးဆောင်နေတဲ့ HTC ရဲ့ နောက်ဆုံးထုတ် One (M8) တို့ကို နှိုင်းယှဉ်ကြည့်ရအောင်ပါ။
ဒီဖုန်း၂လုံးစလုံးဟာ ဒီနှစ်မှာပဲ ထွက်ရှိထားတဲ့ အဆင့်မြင့်စမတ်ဖုန်းတွေဖြစ်ပါတယ်။ ၂လုံးစလုံးဟာ ၅လက်မဝန်းကျင်အရွယ်ရှိတဲ့ မျက်နှာပြင်၊ Android KitKat 4.4 တွေပါရှိလာပြီး တခြားသော ကိုယ်စီ feature တွေနဲ့ ကိုယ်ထည်ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ထားပါတယ်။


HTC One M8 ကတော့ ဒီဇိုင်းနဲ့ ကိုယ်ထည်ပိုင်းကို အဓိကအာရုံထားထားပြီး အလူမီနီယံကိုယ်ထည်နဲ့ စတိုင်ကျလှတဲ့ Sense 6 UI ကိုအသုံးပြုထားပါတယ်။ Samsung ကတော့ feature ဖုန်းလို့ ဆိုရပါမယ်။ Galaxy S5 မှာ ရေစိုခံနိုင်တဲ့စနစ်၊ ကောင်းမွန်လှတဲ့ 16 MP ရှိကင်မရာ၊ လက်ဗွေလုံခြုံရေးစနစ်တွေနဲ့ နှလုံးခုန်နှုန်းတိုင်းတာပေးမယ့် heart rate sensor တွေစတဲ့ feature စုံစုံလင်လင်ပါရှိလာပါတယ်။ ၂ခုစလုံးဟာ အားချက်ကိုယ်စီရှိနေကြပြီး ဈေးနှုန်းပိုင်းမှာတော့ HTC One M8 ကအနည်းငယ်ကြီးမြှင့်နေတာကိုတွေ့ရပါတယ်။ အသေးစိတ်တချက်လေ့လာကြည့်ရအောင်။


Design and Build Quality
---------------------------------

HTC One M8 နဲ့ Samsung Galaxy S5 တို့ရဲ့ ကိုယ်ထည်တည်ဆောက်ပုံက ခြားနားလှပါတယ်။ Galaxy S5 က ပိုပေါ့တယ်၊ ပလတ်စတစ်ကိုယ်ထည်ကိုပဲ အသုံးပြုထားတယ်၊ ရေစိမ်ခံနိုင်တဲ့ ဒီဇိုင်းနဲ့ ဖြုတ်တပ်လို့ရတဲ့ကာဗာတွေနဲ့ တည်ဆောက်ထားပါတယ်။ HTC ကတော့ ဖြုတ်တပ်လို့မရတဲ့ အလူမီနီယံသတ္ထုကိုယ်ထည်ဒီဇိုင်းနဲ့ လာပြီး S5 ထက်စာရင် ပိုလေးပေမယ့် အသုံးပြုထားတဲ့သတ္ထုကိုယ်ထည်ကြောင့် အဆင့်မြှင့်တဲ့ ခန့်ညားတဲ့စမတ်ဖုန်းပုံစံရှိပါတယ်။

HTC က သတ္ထုကိုယ်ထည်ကို အသုံးပြုထားတယ်ဆိုတဲ့အတိုင်း iPhone 5S လိုပဲ အဆင့်မီတဲ့ကိုယ်ထည်ဒီဇိုင်းနဲ့ လူတောတိုးပါတယ်။ ဒါပေမယ့် သတ္ထုကိုယ်ထည်ကြောင့်ပဲလားမသိ၊ တခါတလေလက်ထဲကိုင်ရတာအဆင်မပြေလှပါဘူး။ မတော်တဆ လွှတ်ကျနိုင်ပါတယ်။ Galaxy S5 ကတော့ M8 လို အဆင့်မြင့်တဲ့ပုံစံတော့မရှိပေမယ့် ပလတ်စတစ်ကိုပဲ လှပခန့်ညားတဲ့ဒီဇိုင်းကိုယ်ထည်ဖြစ်အောင်အသုံးပြုတည်ဆောင်ထားပါတယ်။ soft-touch plastic အသုံးပြုထားတာကြောင့် လက်ထဲမှာကိုင်ရတာတော့ သက်တောင့်သက်သာရှိလှပါတယ်။

HTC One M8 ကိုတော့ ခဲရောင်သန်းတဲ့ သတ္ထုအစင်းကြောင်းအနက်ရောင်၊ အဖြူရောင်နဲ့ ရွှေရောင်ဆိုပြီး ၃မျိုးရနိုင်ပြီး Samsung Galaxy S5 ကတော့ အနက်ရောင်၊ အဖြူရောင်၊ မိုးပြာရောင်နဲ့ ရွှေရောင်ဆိုပြီး အရောင် ၄မျိုးနဲ့ ပြည်တွင်းဈေးကွက်မှာ ဝယ်ယူရရှိနိုင်ပါတယ်။
ကိုယ်ထည်ပိုင်းကိုကြည့်မယ်ဆိုရင် HTC One M8 ဟာ Galaxy S5 ထက် 4mm ခန့်ပိုရှည်ပြီး ပါးလွှာမှုပိုင်းမှာတော့ S5 ကသာပါတယ်။ HTC One M8 ဟာအထူ 9.35 mmရှိပြီး Samsung Galaxy S5 ကတော့ 8.1 mm သာရှိပါတယ်။ မျက်နှာပြင်အကျယ်မှာတော့ Samsung က HTC ထက် 0.1 လက်မ ပိုကြီးပါတယ်။ ဒါပေမယ့် အပြင်ပန်းကကြည့်ရင်တော့ Speaker ၂လုံးကိုရှေ့မှာတပ်ထားတဲ့ HTC One M8 ဟာ S 5 ထက် ပိုကြီးတယ်လို့ ထင်ဖွယ်ရှိပါတယ်။

Specification
-----------------

HTC One M8 နဲ့ Samsung Galaxy S5 မှာ ပါရှိလာတဲ့ အစိတ်အပိုင်းတွေတော်တော်များများဟာ တူညီပါတယ်။ Snapdragon 801 processor, RAM 2GB, 1080p မျက်နှာပြင် စတဲ့ အဓိကအစိတ်အပိုင်းတွေက တူညီနေပါတယ်။ အဓိကကွာခြားချက်ကတော့ ကင်မရာပါပဲ။ HTC ကတော့ ယခင် One မှာပါရှိခဲ့တဲ့ Ultrapixel နည်းပညာကိုပဲ ဒီ M8 မှာလည်း အသုံးပြုထားပါတယ်။ 4MP ရှိတဲ့ Duo Camera ၂လုံးပါရှိပြီး ကင်မရာ၂ခုပါရှိတာကြောင့် ထူးခြားပါတယ်။ Samsung ကတော့ ISOCELL နည်းပညာသုံး 16 megapixel ရှိတဲ့ ကင်မရာကိုအသုံးပြုထားပါတယ်။ စမ်းသပ်ချက်တွေအရတော့ ထုံစံအတိုင်းပဲ Samsung Galaxy S5 ကပိုမိုစိုပြေတဲ့အရောင်နဲ့ တိကျတဲ့ပုံရိပ်တွေကို HTC One M8 ထက် ပိုမိုထုတ်လုပ်ပေးနိုင်ပါတယ်။ အချက်အလက်အသေးစိတ်ကိုတော့ ပုံမှာပြထားပါတယ်။

Software, performance and features
-----------------------------------------------

HTC One M8 နဲ့ Galaxy S5 ၂ခုစလုံးမှာ Android ရဲ့ KitKat နောက်ဆုံးဗားရှင်းဖြစ်တဲ့ 4.4 တွေကိုယ်စီပါရှိလာကြပြီး HTC ကတော့ ရှင်းလင်းခန့်ညားတဲ့ Sense 6 UI ကိုအသုံးပြုထားသလို Samsung ကတော့ ယခင် S4 ရဲ့ TouchWiz UI ထက် ပိုမိုသပ်ရပ်တဲ့ TouchWiz UI အသစ်ကိုအသုံးပြုထားပါတယ်။
Samsung ရဲ့ Galaxy S5 မှာထူးခြားလာတာကတော့ HomeKey ကနေ လက်ဗွေစနစ်အသုံးပြုနိုင်လာတာဖြစ်ပြီး နောက်ကျောဘက်ကင်မရာအောက်ပိုင်းမှာလည်း နှလုံးခုန်နှုန်းတိုင်း တာနိုင်မယ့် heart rate sensor တစ်ခုပါရှိလာပါတယ်။ ဒီ feature တွေကိုတော့ HTC One M8 မှာမရရှိနိုင်ပါဘူး။ နောက်ပြီး S5 မိတ်ဆက်ပွဲမှာ S5 နဲ့အတူမိတ်ဆက်ခဲ့တဲ့ GearFit လို စမတ်နာရီတွေနဲ့လည်း ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ပါသေးတယ်။ Download ဆွဲတာကြိုက်တဲ့သူတွေအတွက် Wifi နဲ့ LTE ၂ခုတပြိုင်နက်တည်းပေါင်းပြီး ဒေါင်းလုပ်ဆွဲနိုင်မယ့် Download booster နည်းပညာလည်း ပါရှိလာပါသေးတယ်။ နောက်ထပ် feature တွေများစွာကျန်ရှိပါသေးတယ်။ Samsung ရဲ့ Galaxy S5 ကတော့ feature တွေမြောက်များစွာထည့်သွင်းထားပေးတဲ့ feature phone လို့တောင် ဆိုရမလားပဲ။

Sense 6 UI အသုံးပြုထားတဲ့ HTC One M8 မှာတော့ ယခင် BlinkFeed ဗားရှင်းကိုအဆင့်မြှင့်ထားတဲ့ ဗားရှင်းပါရှိလာပြီး home screen ကနေပဲ မိမိကြိုက်နှစ်သက်တဲ့သတင်းတွေ၊ ဆိုရှယ်မီဒီယာတွေကို အချိတ်အဆက်မပြတ်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ Samsung မှာလည်း My Magazine ဆိုတဲ့ Flipboard ကိုအခြေခံထားတဲ့ စနစ်ပါရှိလာပေမယ့် BlinkFeed လောက်တော့ သုံးရတာအဆင်မပြေပါဘူး။
HTC ရဲ့ နောက်ထပ်နာမည်ကြီးစနစ်တခုဖြစ်တဲ့ BoomSound အသံစနစ်ကလည်း Samsung ရဲ့ သမရိုးကျ အသံစနစ်ထက် လွန်စွာကောင်းမွန်လှပါတယ်။ သီချင်းနားထောင်တာနဲ့ ရုပ်ရှင်ကြည့်တာကြိုက်နှစ်သက်သူတွေအတွက်တော့ HTC ရဲ့ BoomSound စနစ်က အကောင်းဆုံးဝန်ဆောင်မှုပေးပါလိမ့်မယ်။
HTC ရဲ့ software ဒီဇိုင်းကတော့ ရိုးရိုးရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ပါပဲ။ ကျနော့်မျက်စိထဲမှာတော့ ကာတွန်းပုံစံဘက်ကိုပိုယိမ်းနေတဲ့ Samsung ရဲ့ TouchWiz UI ထက် HTC ရဲ့ Sense 6 UI က ပိုပြီးခန့်ညားသလို ကြည့်ရတာလည်း ရှင်းရှင်းလင်းလင်းရှိလှပါတယ်။ HTC ကတော့ Google ရဲ့ Android စနစ်ကို မွမ်းမံထားတဲ့ UI တာပါရှိလာပြီး Samsung လိုတော့ feature တပုံတပင်တော့ မပါရှိလာပါဘူး။

Camera
-----------

စမတ်ဖုန်းတစ်လုံးရဲ့ အရေးကြီးဆုံးသောအရာတွေထဲမှာ ကင်မရာစနစ်ဘယ်လောက်ကောင်းတယ်ဆိုတာကလည်း ပါရှိပါတယ်။ HTC ကတော့ ယခင်ဖုန်းမှာပါရှိခဲ့တဲ့ Ultrapixel နည်းပညာကိုပဲ ထပ်သုံးထားပြီး ထူးခြားလာတာက 4MP ကင်မရာ၂လုံးပါရှိလာတာပါ။ Samsung ကတော့ sensor နည်းပညာသစ် ISOCELL ပါဝင်တဲ့ 16 MP ကင်မရာပါရှိပါတယ်။
ကင်မရာ၂ ခုစလုံးမှာ အသုံးတည့်တဲ့ feature တွေ၊ ထူးခြားတဲ့ဓါတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးမှုစနစ်တွေကိုထည့်သွင်းပေးထားပါတယ်။ အလင်းရောင်နည်းတဲ့အခြေအနေတွေမျိုးမှာတော့ HTC က စွမ်းဆောင်ရည်ပိုမိုကောင်းမွန်ပြီး နေ့ခင်းလို ရှုခင်းဓါတ်ပုံတွေရိုက်ကူးရင်တော့ Samsung က ပိုသာပါတယ်။

Battery
---------

Samsung မှာတော့ ဖြုတ်တပ်လို့ရတဲ့ 28000 mAh ပမာဏရှိတဲ့ ဘထ္ထရီပါရှိလာပြီး HTC မှာတော့ ဖြုတ်လို့မရတဲ့ 2600 mAh ပမာဏရှိ ဘထ္ထရီပါရှိလာပါတယ်။ တစ်နေကုန် အင်တာနက်သုံး၊ ဂိမ်းဆော့၊ ဓါတ်ပုံရိုက်ရင်တော့ HTC One M8 ဟာ ၁၅နာရီခန့် ခံပြီး Samsung Galaxy S5 ကတော့ ၁၃-၁၄ နာရီလောက်ပဲ ခံတာကိုတွေ့ရပါတယ်။ HTC မှာတော့ Extreme Power Saving Mode ပါရှိလာပြီး Samsung မှာတော့ Ultra Power Saving Mode ပါရှိလာပါတယ်။ ဒီထဲကမှ Samsung ရဲ့ Ultra Power Saving mode က ပိုထူးခြားပြီးကြာရှည်ပိုခံပါတယ်။ ဘထ္ထရီ 20% လောက်ပဲ ကျန်တဲ့အချိန်မှာ ဒီစနစ်ကိုအသုံးပြုလိုက်ရင် နောက်ထပ် ၁၂နာရီလောက်ကြာရှည်ခံနိုင်မယ့် နည်းပညာကတော့ လေးစားစရာပါပဲ။ ဒီလိုကြာရှည်ခံနိုင်အောင် Samsung က ဖုန်းမျက်နှာပြင်ရဲ့ brightness ကိုလျှော့ချရုံတင်မက ကာလာစုံကနေ အဖြူအမည်းဘက်ကိုပါ ပြောင်းလိုက်ပါတယ်။ ဒါကြောင့်လည်း ပိုမိုကြာရှည်ခံတာဖြစ်ပါလိမ့်မယ်။

Conclusion
---------------
ဒီဖုန်း ၂လုံးထဲက ဘယ်ဖုန်းပိုကောင်းသလဲဆိုတာကတော့ မိမိက ဘယ်လိုအရာကို ပိုမိုအလေးပေးကြိုက်နှစ်သက်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်ယ်။
အကယ်၍ သင်ဟာ ကျန်းမာရေးလိုက်စားသူတယောက်၊ ဓါတ်ပုံရိုက်ကူးတာဝါသနာပါတဲ့သူတယောက်၊ feature တွေစုံစုံလင်လင်ပါရှိတာကိုကြိုက်နှစ်သက်တယ်၊ ရေစိုလည်းခံရမယ်ဆိုရင်တော့ Samsung Galaxy S5 က သင့်အတွက်အသင့်တော်ဆုံးဖြစ်မှာပါ။
ဒါမှမဟုတ်ပဲ သင်က ဖုန်းကိုရိုးရိုးရှင်းရှင်းနဲ့ စတိုင်ကျခန့်ညားတဲ့ သတ္ထုကိုယ်ထည်ဖုန်းမျိုးကိုကိုင်ချင်တယ်၊ သီချင်းနဲ့ ဗီဒီယိုကြည့်တာကို ဝါသနာပါတယ်၊ သတင်းတွေကြည့်ရတာ ဝါသနာပါတယ်ဆိုရင်တော့ HTC One M8 က သင်နဲ့ သင့်တော်မှာပါ။

TechSpace Journal

Posted By ဝေယံစိုး18:33

မလေးရှားနိုင်ငံ KUALA LUMPUR (KL) တွင် တာဝန်ထမ်းဆောင်ရန် IT PROFESSIONAL (PERMANENT POSITION) များ ခေါ်ယူနေပါသည်။


Aung Ko Htet (www.mmitknowledge.com)

စိတ်ပါဝင်စားသူများ October 31, 2014 နောက်ဆုံးထားပြီးလျှောက်ထား နိုင်ပါသည်။မိမိတို့နီးစပ်ရာ သူငယ်ချင်းများ သိရှိလျှောက်ထားနိုင်ရန် ထပ်ဆင့် share ပေးစေလိုပါသည်။
-------------------------------------------------------------------------------------

Kuala Lumpur, Malaysia တွင် အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ထားရန်။
Malaysian-based IT Solution Provider ကုမ္ပဏီမှ Goods & Services Tax (GST) နှင့် self-serve kiosk system projects များအတွက် အောက်ပါ အရည်အချင်းရှိ ၀န်ထမ်းများ ခန့်ထားလိုပါသည်။

1. Project Manager (Required Staff – 7) (RM5,000-RM7,200)
Skillset required - At least 8-12 years of experiences. Minimum 2 years of experience in managing large projects. Either PMP or Prince2 certified - added advantage

2. Project Director (Required Staff – 2) (RM7,500-RM12,000)
Skillset required - Minimum 15 years of experiences in IT with at least 5 years of experience in managing large/global projects

3. IT Infrastructure Lead (Required Staff – 1) (RM3,200-RM5,000)
Skillset required – Minimum 5-7 years experiences in managing servers, network and datacenter

4. Technical Lead (Required Staff – 1) (RM4,000-RM6,000)
Skillset required - Above 8 years of experiences in working on Infrastructure and application development

5. PHP Developer (Required Staff – 1) (RM4,000-RM5,500)
Skillset required - At least 4-7 years experiences in developing applications using Php

6. Java Programmer (Required Staff – 15) (RM4,000-RM5,500)
Skillset required - At least 3-5 years experiences in Java programming. Experience in working on bank related applications is an added advantage

7. .Net Developer (Required Staff – 10) (RM3,500-RM5,500)
Skillset required - At least 4-7 years experiences in developing applications using (.Net). Prior experience in Kiosk related projects is added advantage

8. Network Engineer (Required Staff – 1) (RM3,500-RM5,000)
Skillset required - Minimum 3-5 years experiences in support network devices. Possessing CCNA certification or related would be added advantage

9. Technical Support Engineer (Required Staff – 2) (RM2,500-RM3,000)
Skillset required - At least 3-5 years experiences in supporting Desktops, PCs, network and servers. Having knowledge on Point of Sales is added advantage. Willing to work on shift basis

10. Informix Engineer (Required Staff – 2) (RM4,000-RM6,000)
Skillset required - Minimum 4-6 years experiences in Informix

- ကုမ္ပဏီမှ အလုပ်ဗီဇာ (Work Pass) ကုန်ကျစရိတ် နှင့် (Yangon-KualaLumpur one way ticket) လေယာဉ်လက်မှတ်ခ များကို တာဝန်ယူ ပေးမည်ဖြစ်သည်။

- မလေးရှားသို့ စရောက်သည့်နေ့မှ (၂ ပတ်) အထိသာ ကုမ္ပဏီမှ နေစရာ စီစဉ်ပေးမည်။

- အလုပ်လုပ်ကိုင်ရမည့် သက်တမ်းသည် ဗီဇာ ခွင့်ပြုချက် ၊ မိမိ၏ ပတ်စ်ပို့ သက်တမ်း နှင့် မိမိ၏ အရည်အချင်းပေါ်တွင်သာ မူတည်သည်။

- လစာ၊ အခြားခံစားခွင့် နှင့် အသေးစိတ်အချက်အလက်များကို ကုမ္ပဏီနှင့် Final Interview တွင် တိုက်ရိုက် ဆွေးနွေးညှိုနှိုင်းရမည် ဖြစ်ပါသည်။


ပထမအဆင့် ရွေးချယ်/အင်တာဗျူးခြင်းအဆင့်များ ကို online processing (via Skype, Viber, Gtalk) ဖြင့် ရွေးချယ်မည် ဖြစ်ပြီး၊ ရွေးချယ်ခံရသူများသည် ဒုတိယအဆင့်တွင် Malaysia Employer နှင့် personal interview တိုက်ရိုက် ဖြေဆိုရမည်ဖြစ်သည်။

စိတ်ပါဝင်စားသူများသည် အောက်ပါ CV form (both PDF and MS Words version) ကို download ယူပြီး လိုအပ်သည်များကို English လိုဖြည့်စွက်၍ မိမိတို့၏ Cover Letter နှင့်အတူ October 30, 2014 နောက်ဆုံးထားပြီး recruit@monservices.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

CV form ဖြည့်ခြင်းအတွက် sample ကိုလည်း Reference အဖြစ် download ယူနိုင်ပါသည်။ ပေးထားသော CV form ကိုဒေါင်းလုပ်ယူပြီးဖြည့်စွက်ခြင်းကိုသာ လက်ခံပါသည်။


To download Blank CV form and Sample CV from.
---------------------------------------------------------------
1. Sample CV download link:
https://www.dropbox.com/s/dluao62t5xg0rjy/SAMPLE%20CV.7z?dl=0

2. CV to be completed download link: https://www.dropbox.com/s/804ts966wk40z91/CV%20to%20be%20completed.7z?dl=0

ဆက်သွယ်ရန်-
Mobile (1) : +65 8328 7040 (Viber/Whatsapp/Line)
Mobile (2) : +65 9180 1418 (Viber/Whatsapp/Line)
Skype ID : mnoservices
Hangouts : mnoservices.sg@gmail.com
Email (1) : recruit@mnoservices.com
Email (2) : general@mnoservices.com

Posted By ဝေယံစိုး17:34

How To Check Your Apple Product Warranty

မြန်မာလူမျိုးများကြားမှာ Apple ၏ ထုတ်ကုန်များ တစ်ဖြည်းဖြည်း လူကြိုက်များ လူသုံးများလာသည်နှင့်အမျှ လက်ဆင့်ကမ်း ဝယ်ယူရောင်းချမှုများလည်း များပြားလာနေသည်။ (အထူးသဖြင့် iPhone, iPad များ) 

Apple product များဖြစ်ကြသော Mac, iPhone, iPad, iPodTouch, Apple TV တို့ကို တစ်ဆင့် ပြန်လည် ဝယ်ယူရာတွင် မိမိ ဝယ်ယူမည့် ပစ္စည်းရဲ့ Hardware Warranty သက်တမ်း မည်မျှကျန်သေးသည်ကို စစ်ဆေးနိုင်မည့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်... 

Apple Hardware Warranty Coverage ကို စစ်ဆေးရန် >>ဤနေရာကို<< နှိပ်ပါ။ 

မိမိသိရှိလိုသော Product/Device တစ်ခုကို နှိပ်ပါ (အချို့ device များ ထပ်ဆင့်ရွေးရပါမည်) 


အောက်ပါပုံအတိုင်း ပေါ်လာပါက အနီရောင် လမ်းညွှန်မှုကို ထပ်နှိပ်ပါ။ 


မိမိစစ်ဆေးလိုသော product ကိုရွေးချယ်ပြီး Serial number ကို ထည့်သွင်း၍ စစ်ဆေးပါ။ Serial number ရှာဖွေရန် လမ်းညွှန်ပေးထားပြီး များသောအားဖြင့် Settings -> General -> About မှာ ရှာတွေ့နိုင်ပါသည်။ 


အခုဆိုရင် မိမိရဲ့ Device warranty ဘယ်လောက်ကျန်သေးလဲ၊ expire ဖြစ်နေပြီလားဆိုတာကို အလွယ်တစ်ကူ စစ်ဆေးတွေ့ရှိနိုင်ပါတယ်...






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် 

မိုးသိကြား 

Posted By ဝေယံစိုး01:10

Monday, 20 October 2014

Laptop တစ်လုံးကို ဘယ်လို ရွေးချယ် ၀ယ်ယူမလဲ

သည်ဆောင်းပါးဟာ local အတွက်ပဲ သီးသန့်ရည်စူးပါသည်။
ကျနော့် အရင် ကင်မရာဆောင်းပါးလိုပဲ …ဘာကိုဝယ်ပါ
ဘာက မကောင်းဘူး အစရှိသဖြင့် ပြောမှာ မဟုတ်တဲ့အတွက်
အဖျား ရှူးသည် ဟု အပြစ်မတင်စေချင်ပါ ..ကျနော်က
နှိုင်းယဉ်နည်းကိုပဲ မသိသေးတဲ့ သူငယ်ချင်းတွေအတွက်
ပြောပြပေးချင်တာဖြစ်ပြီး ၀ယ်တာတော့ ကိုယ့်စိတ်ကြိုက်ကိုယ်
ရွေးပါလို့ ပြောချင်ပါတယ်။ Brand preference အရလည်း
HP, Acer, Lenovo, Dell, Asus အစရှိသဖြင့် မပြောလိုပါ
အလွန်အကျွံ အစွဲကြီးတာကိုတော့ တချက် ဆင်ခြင်စေချင်ပါသည်
ဧရာမ corporation တွေဆိုတော့ သည် modelမှာ သူသာသွားသလို
ဟို modelမှာ ကိုယ်သာသွားတာ တွေရှိတတ်လို့ ဖြစ်ပါသည်။
ကျနော်ကိုယ်တိုင်ကတော့ dell / lenovo user ဖြစ်ပါသည်။

ကျနော်တို့ လွယ်လွယ်ပဲ အပြင်ပန်း ကနေ စပြောရအောင် ..
၁။ Size or Monitor
၁၀လက်မ လေးတွေ ရှိတယ် …ဒါလေးတွေက
netbook လေးတွေများပါတယ် …ခရီးဆောင် သုံး
ဖြစ်ပါတယ် ..ပေါ့ပါးမယ် သေးငယ်မယ် Intel Atom
လိုမျိုး power အစားသက်သာတဲ့ CPUပါမယ် battery
ကြာရှည် ခံရန် အတွက်ပါ။ စွမ်းဆောင်ရည်တော့မမြင့်မားကြပါဘူး
13.3″ ဆိုတဲ့ size ပါ .အတော် လေး portable ဖြစ်ပါတယ်
screen resolution က 1280×800 ရှိတတ်ပါတယ်..
(တချို့ …standard မဟုတ်တဲ့ size တွေလည်းရှိတတ်လို့ပါ)
14.1″ နဲ့ 15.6″ ကတော့ standard size လို့ ဆိုနိုင်ပါတယ်
monitor ကတော့ 1366 x 768 ဒါမှမဟုတ်  1280×800 resolution
ရှိပါတယ်..
17.3″ လက်ပကျွတ် တွေကတော့ power laptopတွေဖြစ်ပြီး
gaming အတွက် ရည်စူးကြတာများပါတယ်..
ကိုယ်ဘာ သုံးမှာလဲ ဆိုတာနဲ့ ကိုယ်နဲ့ ဘယ်size သင့်လျော်မလဲဆိုတာ
ရွေးနိုင်ပါတယ်။  ရုံးလုပ်ငန်းသုံး မယ်ဆိုရင်တော့ 14.1″or 15.6″ ကို ရည်ညွှန်းပါတယ်




Size ကို ရွေးပြီးရင်တော့ အတွင်းပိုင်းက ပစ္စည်းတွေ ကိုသွားပါမယ်

၂။ CPU
CPUဟာ ကွန်ပြူတာရဲ့ အင်ဂျင် ဖြစ်ပါတယ် သူမကောင်းရင်
ကျန်တာတွေ ဘယ်လောက်ကောင်းကောင်း သုံးစားမရပါဘူး..
လက်ပကျွတ် ဘော်ဒီ အထူးသဖြင့်  keyboard နဲ့ touchpad
နားက နေရာလွတ်မှာ ဘာ အမျိုးအစား CPU ထည့်ထားတယ်
ဆိုတာ ရေးသားဖော်ပြလေ့ ရှိပါတယ်..
ကမ္ဘာမှာ အဓိက CPU maker ၂ခုရှိပြီး  Intel နဲ့ AMD တို့ဖြစ်ပါတယ်
Intel က dominent ဖြစ်ပြီး တချို့ လက်ပကျွတ် မိတ်ကာတွေလည်း
AMDနဲ့ ထုတ်ပါတယ်80- 90%လောက်အထိ အတွေ့ရများတဲ့
Intel CPU တွေအကြောင်းပဲ ဆက်ရေးပါတော့မယ်

မ၀ယ်သင့်တဲ့အမျိုးအစား လို့ ကျနော် သတ်မှတ်ထားတာရှိပါတယ်
Celeron ပါ ..သူဟာ ဟိုးရှေးခေတ် Pentium II Architectureဖြစ်ပါတယ်




Celeron ကိုမှ Dual Core ဆိုပြီး Core ၂ခုနဲ့ ထုတ်ကြပါသေးတယ်..
စွမ်းဆောင်ရည် မကောင်းပါ။




သည်နေရာမှာ hardware ပိုင်းနည်းနည်းရှင်းပြလိုပါတယ်..
CPU ဟာ တွက်ချက်မှုတွေ လုပ်တယ် operationတွေ လုပ်တယ်လို့
အကြမ်းဖျင်း သိထားမယ်ထင်ပါတယ် .. လူတွေသုံးတာ ခိုင်းတာတွေကို
သူလုပ်ပေးနိုင်ဖို့ ပေါင်းကူးပေးရတာ Motherboardဖြစ်ပါတယ်
ဖွဲ့စည်းပုံအရဆို motherboardမှာ ဘာမဆို လာရောက်တပ်ဆင်ရပါတယ်..
motherboard ကနေ CPU ဆီ local bus အနေနဲ့ RAM ကိုအသုံးပြုပြီး
ပို့ပါတယ် …(RAM အကြောင်း သီးသန့်ရေးပါ့မယ်)

CPUဟာ အလွန်မြန်ဆန်တဲ့ အတွက်အချက်သမားဖြစ်ပါတယ်။
သူ့ဆီ ပို့ပေးတဲ့ ဒေတာတွေကို သူ့အတွင်းပိုင်းမှာ ခန သိုလှောင်ရပြီး
လိုတဲ့အတိုင်းထုတ်ပေးဖို့ Cache Memory ဆိုတာ လိုပါတယ်…Cache ကို
L1,L2,နဲ့ခုနောက်ပိုင်း L3 အထိ ရှိလာပါပြီ …board ပေါ်က RAMနဲ့
သဘောတရားချင်းတူပေမယ့် သူဟာ သေးငယ်ပါတယ်နောက်ဆုံးပေါ်
L3 cacheတွေ တောင်6Mb, 8Mb လောက်သာရှိတာပါ

Cache ကို အချုပ်ဆိုရရင်တော့ များလေကောင်းလေပါခင်ဗျား
Celeron တွေဟာ Cacheနည်းပါးကြပါတယ် သူတို့ပါဝင်တဲ့
လက်ပကျွတ်တွေဟာ ဈေးမဆိုးလှပေမယ့် တခြားအပိုင်းတွေ
ကောင်းမယ်ဆိုရင်တောင် လေးဘီးကားအင်ဂျင်တပ်ထားတဲ့
မာစီဒီးတော့ ဘယ်သူမှ စီးချင်မယ် မထင်ပါဘူးခင်ဗျာ။

CPU ရဲ့ နောက်တခုပြောစရာဝိသေသကတော့ core တွေကိစ္စပါ
Dual core, Core2Duo သည်၂ခုဟာ မတူညီပါ ဒါကိုသတိပြုစေချင်ပါတယ်
Dual core ဟာ core 2ခုပါဝင်ပါတယ် Core 2Duo ကတော့
core 4ခုပါဝင်ပါတယ်။
ဟုတ်ကဲ့ core တွေ ဘာလုပ်သလဲ မေးရင် တပြိုင်နက်တည်းသော
တွက်ချက်မှုဆိုင်ရာတွေလုပ်ပါတယ်လို့ ဖြေရပါမယ်။
core ၂ခုဟာ မီးဖို၂ခုနဲ့ တပြိုင်တည်း ချက်တာ ကိုဆိုလိုပြီး
core ၄ခုဟာမီးဖို ၄ခုပါ။





ကျနော်တို့ ယနေ့ ကွန်ပျူတာတွေမှာ antivirus software
က အမြဲ run ထားရပြီးဥပမာ  word နဲ့စာစီနေတုန်း
website ကြည့်တဲ့အလုပ် ကို လုပ်တယ်ဆို ရင် သည် process
တွေအတွက် computer ကတပြိုင်တည်း အလုပ်လုပ်ပေးနေရတာပါ
သည့်အပြင် သည် အလုပ်တွေလုပ်ဖို့အတွက် underground
process တွေserviceတွေ လည်း run ရသေးတာမို့
Core ဟာလည်း များလေကောင်းလေ ဖြစ်ပါတယ်

Core အကြောင်း ဆက်ပါဦးမည်။ အထက်က Core2Duo
ဆိုတဲ့အဆင့်အထိက သူ့ရဲ့ pin sizeဟာ 45nm ဖြစ်ပါတယ်
သည်ဘက်ခေတ်မှာ 32nm တွေ ပေါ်လာပြီဖြစ်ပါတယ်(လက်ရှိLGA 1366ထိ)
ဒါတွေဟာ Corei3, i5, i7 တို့ဖြစ်ပါတယ်
i3 ဟာ core ၂ခုဖဖြစ်ပြီး i5 ဟာ ၄ခုပါi7 ကတော့ ၆ခု လို့
အကြမ်းဖျင်းပြောလို့ရပါတယ်။
(variation တွေရှိပေမယ့် စာတမ်းပြုစုမှာ မဟုတ်လို့ အဲ့သည့်လောက်အသေးစိတ်မလိုပါ)
သည်တော့ DualCore,Core2Duo တို့ထက်စာရင် iSeries ကမော်ဒယ်ပိုမြင့်ပါတယ်
ဈေးလည်းပိုမြင့်ပြီး တတ်နိုင်မယ်ဆိုရင်တော့  iSeries ကို recommend လုပ်ပါတယ်




CPU အကြောင်းကို Intel Inside ဆိုပီး စက်မှာ ရေးသားဖော်ပြထားပေမယ့်
အပြည့်အစုံတော့ မဟုတ်သေးပါ သူက မော်ဒယ်လောက်ပဲဖော်ပြထားတာပါ
အပြည့်အစုံကို ရောင်းသူကိုမေးကြည့်နိုင်သလို
my computer ကို right-click ခေါက်ပြီး properties မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်

ဒါ amazon မှာ ရောင်းထားတဲ့ CPU sample တခုပါ
Intel Core i5-2500K3.3 GHz 6 MB Cache Socket LGA1155 Processor

ဈေးမတိမ်းမယိမ်း လက်ပကျွတ်၂လုံးကို CPU နဲ့ ယှဉ်ထိုးပြီး ရွေးချယ်ဝယ်ယူမှု ပြုမယ်ဆိုရင်
အမျိုးအစား (Core i5 ) နဲ့ စတင်ယှဉ်ထိုးပြီး
CPU clock speed (3.3GHz) ကို ချိန်ပါတယ်
နောက်ဆုံးမှာတော့ Cache (6MB) ကိုယှဉ်ပါတယ်

လက်ပကျွတ်တွေမှာ motherboardနဲပ နှိုင်းယှဉ်ဝယ်ယူမှု မရှိသလောက်ပါ ဒါ့ကြောင့်မို့
မရေးတော့ပါ။

၃။ Graphic
CPUပြီးရင် အရေးအကြီးဆုံး အစိတ်အပိုင်း မဟုတ်ပေမယ့် ဆက်စပ်မှုရှိနေလို့ သူ့ကိုရေးပါမယ်
graphic card ဟာသီးခြား အစိတ်အပိုင်းဖြစ်ပါတယ် ။ graphic card မပါလည်း
motherboard ပေါ်က RAM စွမ်းအားနဲ့ graphic function တွေကို အတိုင်းအတာ တခုထိ
စွမ်းဆောင်ပေးနိုင်ပါတယ်။ Graphic card ပါမပါ ကိုတော့
keyboard အောက်က space မှာ ကြည့်နိုင်ပါတယ် NVIDIA ဒါမှမဟုတ် ATi ဆိုတဲ့ တံဆိပ်
ကို တွေ့ရင် အဲ့ဒါ Graphic ပါပြီး သူ့ အမျိုးအစားကို ရေးထားတာပါ။ တံဆိပ် တခုမှ မပါရင်တော့
memory on-board ပဲဖြစ်ပါတယ်။







iSeries CPU တွေရဲ့ second generation(လက်ရှိနောက်ဆုံးပေါ်များ) မှာ
CPU အတွင်းမှာပါ Graphic function ဆိုင်ရာ အလုပ်တွေ လုပ်ပေးနိုင်လာကြပါပြီ။
graphic build-in ပါတယ် ပေါ့ဗျာ.  အဲ့သည့်လို လက်ပကျွတ် တွေမှာ ရုံးသုံးဦးစားပေးထုတ်
ထားတဲ့ model တွေဆို သီးခြား graphic card မပါဝင်ဘဲ ..entertainment ဦးစားပေးထုတ်တဲ့
စက်တွေမှာတော့ graphic card သပ်သပ်ပါပါတယ်.
အဲ့သည့်လို စက်တွေမှာတော့ဖြင့် hybrid performance ရတယ်လို့ ဆိုပါတယ် …
CPU ရဲ့ function နဲ့ graphic cardရဲ့ power ပေါင်းစပ် ထုတ်လုပ်နိုင်တယ်လို့ ပြောတာပါ..

Graphic အကြောင်းချဲ့ပြီးပြောပြရတာကတော့ တချို့ မသမာတဲ့ အရောင်းစာရေးတွေကြောင့်ပါပဲ..
CPU ထဲက build-in လား card သီးခြားလား မပြောဘဲ နားမလည်တဲ့ ၀ယ်သူကို
Graphic ပါတယ် 1Gb 2Gb အော်ရောင်းတတ်ကြလို့ပါ။
CPU graphic က တော်ရုံတန်ရုံ support ဖြစ်ပေမယ့် Haloတို့လို Gameမျိုးတွေ
ချောမွေ့စွာ ကစားနိုင်မယ်မဟုတ်ပါ။ Graphic Card ဟာ video ဆိုင်ရာ
operation တွေကို ဖြေရှင်းလုပ်ကိုင်ရတဲ့အတွက် သူ့ကို CPU လိုမျိုး GPU
လို့တောင် နာမည်ပေးကြပါသေးတယ်။ CPU လိုပဲ သူ့မှာ capacity (1GB, 2GB)နဲ့
clock speed (MHz/GHz)တို့ ပါဝင်ပါတယ်

ဝယ်သူအနေနဲ့ ကိုယ်ဘာသုံးမှာလဲဆိုတာကို Graphic အပိုင်းရောက်ရင် တခါပြန်
စဉ်းစားစေချင်ပါတယ်။ Graphic card တွေဟာ ဒေါ်လာ ဆယ်ဂဏန်းလောက်ကနေ
ထောင်ဂဏန်းလောက်ထိ ပေးရတဲ့အတွက်ပါပဲ …သာမာန်အိမ်သုံး game ကလည်း
Plants Vs Zombie, Zuma တို့လောက် flash game လေးတွေသာ ဆော့မယ် ဆိုရင်
တော့ ၁သိန်း ၂သိန်း ပိုများမယ့် Cardစိုက်ထားတဲ့ စက်တွေကို မရွေးသင့်ကြောင်းပါ။


၎။ Memory




RAM တွေအကြောင်းစ ပါမယ် 2GB,4GB, 8GB, 16GB အစရှိသဖြင့်ကြားရမှာဖြစ်ပါတယ်
အမျိုးအစားကို ပြောပါဆိုရင် DDR3 ဟာနောက်ဆုံးပေါ်ပါ.. အများစုသော လက်ပကျွတ်တွေမှာ
RAM slot ၂ခုပါတတ်ပါတယ်..သည်တော့ ရောင်းသူက RAM 4GB ပါတယ်ဆိုရင်
2GB ၂ချောင်းစိုက်လို့ စုစုပေါင်း 4GB ဖြစ်တာလား 4GB တချောင်းစိုက်
နဲ့ slot အလွတ် ၁ခုလား ပြန်မေးသင့်ပါတယ်။ လိုကယ်မှာလည်း လက်ပကျွတ် RAMတွေ
ပေါလာပြီဖြစ်လို့ ကိုယ်သုံးမယ့် လုပ်ငန်းကိုကြည့်ပြီး အတိုးအလျော့ လုပ်နိုင်ပါတယ်။
သောင်းဂဏန်းပဲရှိတဲ့ RAM ကို စက်ဝယ်ကတည်းက တိုးသင့်ရင်တိုးထားပါ။
ဝယ်ပြီး ၆လနေမှ ၁နှစ်နေမှ တိုးသင့်ရင် တိုးမယ် ဆိုတာမျိုးကိုတော့ အားမပေးလိုပါ
RAMတွေမှာလည်း Clock speed ဆိုတာရှိပါတယ် …data transfer နှုန်းပါ
RAM ၂ချောင်းစိုက်မှာ တချောင်းနဲ့ တချောင်း speed မတူရင် အလုပ်မလုပ်ပါ
(ဒါမှမဟုတ် speed အနိမ့် အချောင်း အလိုက်ပဲ လုပ်ပါတယ်)
နိုင်ဂျံဂါးမှာ ကိစ္စမရှိပေမယ့် local မှာတော့ ပစ္စည်း ပြတ်တတ်လို့ပါ။

၅။HDD




HardDrive ကတော့ ရွေးချယ်ဝယ်ယူရေးမှာ သိပ် အရေးမပါတဲ့ နှိုင်းယှဉ်မှုပါပဲ။
320GB, 500GB အစရှိသဖြင့် တပ်ထားတတ်ကြပါတယ်။
ဈေးမကွာတဲ့ လက်ပကျွတ်၂လုံးကို CPU,Graphic ကိုသေချာ မနှိုင်းယှဉ်ကြည့်ဘဲ
500GB မို့လို့ယူလိုက်တယ် ဆိုရင် technical အရ ဒါဟာ မကောင်းလှပါဘူး
(ကံကောင်းစွာ CPU, Graphic တွေ ပိုpowerful ဖြစ်တာကို ရွေးမိရင်တောင်မှ)
ဘာလို့လဲ ဆို ဟို၂ခုဟာ တခြား လဲလို့ လှယ်လို့ရတာ တွေမဟုတ်ဘဲ
HDDကသာ external stoage တွေ ထပ်ဖြည့်နိုင်လို့ပါ။
နောက်ဆုံးနီးပါးလောက် ထားပြီး နှိုင်းယှဉ်သင့်ကြောင်းပါ။

၆။ Battery

6 Cells or 9Cells ဆိုပြီး လာကြပါတယ်
9Cell က ပို ကြာကြာခံပေမယ့် 6 Cells က standard လို့ဆိုနိုင်ပါတယ်။
9တွေကို 17″ တွေ ဒါမှမဟုတ် gaming လက်ပကျွတ်တွေလောက်မှာသာ
တွေ့ရတာပါ။ သိပ်တော့ အရေးမကြီးပါ။

၇။ အပေါက်များ
USB ဒါကတော့ များလေကောင်းလေပေါ့ဗျာ 2.0 အပြင် USB 3.0
ခုနောက်ပိုင်းအပေါက်ပါ ပါလာတတ်ပါပြီ data transfer speed ပိုမြန်ပါတယ်
monitor port, network cable, telephone port တွေကတော့ အားလုံးမှာ ပါလို့ ထည့်ပြောစရာ
မလိုပါ။ option အနေနဲ့ HDMI ပေါက် ပါလာတတ်ပါတယ် ..
HDMI LCDs တွေနဲ့ တွဲဖို့ သုံးပါတယ် သာမန်မော်နီတာ ပေါက်သုံးတာထက်
ရုပ်ထွက်ပိုကောင်းပါတယ်။mic, earphone ပေါက်တွေလည်း စမ်းသပ်စစ်ဆေးစေချင်ပါတယ်။
တချို့ 5.1 အပေါက်တွေပါပါဝင်ပါတယ် (sound-editing, gaming တွေမှာပါ)
အပေါက်တွေအကြောင်း ပြောရင်းနဲ့ speaker အကြောင်းထည့်ပြောပါရစေ
entertainment laptopတွေမှာ dolby speakers တွေ JBL speakers တွေ
ပါဝင်တတ်ပါတယ် ..အသံထွက် ပိုမိုကောင်းမွန်ပါတယ် …ရုံးသမားတွေအတွက်တော့
မလိုအပ်တဲ့ features တွေလို့ ဆိုချင်ပါတယ်
wireless, bluetooth တို့ကတော့ အားလုံးလိုလိုမှာ ပါဝင်နေပြီးဖြစ်လို့ မပြောတော့ပါ

၈။ Media Drive
သည်ခေတ်မှာတော့ အားလုံး DVD Driveတွေဖြစ်ကုန်ပါပြီ
DVD-ROM
DVD-ROM /CD RW  (Combo လို့ခေါ်တတ်ကြပါတယ်..)
DVD RW ဆိုပြီး ၃စား ရှိပါတယ် …
ROM က ဖတ်လို့ပဲရတဲ့ read-only memory ဖြစ်ပြီး
RW ကတော့ read & write ဖြစ်ပါတယ်
Drive ကို နောက်ဆုံးနားမှာ ထားရတာက portable device တွေ
အင်မတန်ပေါတဲ့ခေတ် ဖြစ်လို့ပါ ပဲ ..
လက်ပကျွတ်နဲ့ DVD…ကြည့်ရင်တော့ drive က၁ နှစ်လောက်ပဲခံ
တတ်ပြီး နောက်ဆုံး USB  stick ကိုပဲ ပြန်အားကိုးရတာ …
external drive တပ်ရတာများပါတယ်..

DVDဟာ dual-layer disk ဖြစ်လို့
DVD-RW မှာ single-layer writer နဲ့ dual-layer writer
၂မျိုးရှိပါတယ် …
single writerမှာ သီးခြားရေးပြထားတာ မရှိပေမယ့်
dual writerမှာတော့ DL ဆိုတဲ့ စာလုံးပါဝင်ပါတယ် သတိပြုပါ
DVD single layer ရဲ့ capacityဟာ 4.7 GBဖြစ်ပြီး
dual layer write ရင်တော့ ၂ဆ 9.4GB ဆန့်ပါတယ်




အချို့ writer တွေမှာ lightscribe ဆိုတာ ပါဝင်ပါတယ်..
အဲ့ဒါကတော့ DVD ကိုဇောက်ထိုးပြန်ထည့်ပြီး lens နဲ့ပဲ
label print တဲ့ feature ဖြစ်ပါတယ်…
lightscribe drive ဟာ lightscribe လို့ ရေးထားတဲ့
DVDကိုပဲ print နိုင်မှာဖြစ်ပါတယ်..DVDတိုင်း ရေးလို့မရပါ
HP Pavilionတွေမှာ ပါဝင်တတ်ပါတယ်။
ခုနောက်ပိုင်း blueray drive တွေလည်း စ၀င်လာပြီ
လို့ သိရပါတယ် …သူက single-layerကို 25GBနဲ့
dual ဆို 50MB ရပါတယ်..
Dell ရဲ့ Inspiron တချို့မှာ မြင်ဖူးပါတယ်…
သေချာတာ သည်driveပါတဲ့ လက်ပကျွတ်က
တခြားစွမ်းဆောင်ရည်တူတဲ့ ကောင်တွေထက်
ဈေးပိုမယ် ဆိုတာပါပဲ

၉။ အပိုပစ္စည်းများ
ဝက်ကင်(web-cam), fingerprint scan နဲ့ keyboard backlights တွေကို ဆိုလိုပါတယ်
ပါရင် သုံးရတာပေါ့ မပါတော့လည်း အရေးတော့ မကြီးလှပါ..

၁၀။ Operating System
Hardware တွေ အကြောင်း သပ်သပ်စီပြောပြီးသွားလို့ OS အကြောင်း ပြောရတာပါ
တကယ်က ဈေးအတွက် ဆိုသူ့ကို CPU/Graphic တို့လောက် အရေးကြီးတဲ့နေရာထားပြီး
စဉ်းစားသင့်တာပါ။ OS License လား Pirate(Copy) လားအရင်မေးပါ။
Copyကတော့ ကြိုက်တာ တင်လို့ရတာမို့ မဆွေးနွေးလိုပါ။ License တွေအကြောင်းပြောပါမယ်
License ဆိုတိုင်းလည်း မယုံသင့်ပါ စက်မှာ ကပ်ထားတာနဲ့ တင်ထားတာ တူမတူ
တိုက်ကြည့်ပါ။ သည်နေရာမှာ ဘယ်လောက် လိုင်စင်ဖြစ်ဖြစ် သည်ခေတ်မှာတော့
Windows Vista ဆိုရင် မယူသင့်ပါ။ Windows 7 Versionတွေပါ
Windows 7 Starter
Windows 7 Home Basic
Windows 7 Home Premium
Windows 7 Professional
Windows 7 Enterprise
Windows 7 Ultimate




အိမ်သုံးသမားတွေ အတွက် Home Premium လောက်ယူသင့်ပါတယ် …
Professionalဟာ small-business အတွက်ရည်စူးတာဖြစ်ပြီး
Enterprise နဲ့ Ultimate ကတော့ full features တွေပါဝင်ပါတယ်
development ပိုင်းတွေအတွက် feature တွေဖြစ်လို့ entertainmentပိုင်းမှာတော့
premium နဲ့ ဘာမှပိုမပါပါ။ အပျော်တမ်းနဲ့ အိမ်သုံး အတွက်ကို license Version
Ultimate ကြီး ၀ယ်ချလာလဲ ဘာမှ ပိုထူးတာ ခံစားရမှာ မဟုတ်တဲ့အပြင်
ကိုယ်မသုံးတဲ့ service feature တွေ process တွေ run နေမှာဖြစ်တဲ့အတွက်
စက် လေးတာပဲ အဖတ်တင်မှာကို သတိပြုစေချင်ပါသည်။
ဒါဟာ Pirate ပါတဲ့စက် ၀ယ်မယ်ဆိုလည်း သည်သဘောပါပဲ..
တင်ထားတဲ့ version ကို မကြိုက်ရင် ပြန်လဲ တင်ခိုင်းလို့ရပါတယ်။

Pirate ယူမလား License ယူမလားကတော့ ကိုယ့်ဖာသာဆုံးဖြတ်ပါ
Pirate အားပေးတာမဟုတ်ပေမယ့် local မှာပဲနေမယ် သုံးမယ်
လုပ်ငန်းသုံးလည်းမဟုတ်ဘူး ဘယ်မှ မယူသွားဘူးဆိုရင်တော့ Pirate
ပဲသုံးလို့ ရပါသည်။(Copyright အကြောင်း သီးခြား ရေးပါဦးမယ်)

License OS၀ယ်တယ်ဆိုရင်တော့  back-up media အကြောင်းသေချာမေးပါ
OS ပျက်ပြီ ဆိုပါစို့ HDD ထဲက partition တနေရာကနေ restore လုပ်မှာလား
Repair and Recover CD ပါလား မေးရမှာဖြစ်ပါတယ်။

OS ကိစ္စပြီးတဲ့အခါမှာ Driver CDs တွေ ပါမပါမေးပါ။ တချို့ ရောင်းတဲ့သူတွေ
သိပ်လွယ်လွယ် လုပ်ကြပါတယ် HDD ကို partition ပိုင်းပြီး တပိုင်းထဲမှာ
ထည့်ပေးလိုက်တတ်ကြပါတယ် ။
(pirate OS တင်ထားတဲ့ စက်တွေ ၀ယ်ရင် ဖြစ်တတ်တာပါ license
ဝယ်ရင်တော့ original driver disks တွေ ပါတတ်ပါတယ်)

သည်တော့ virus ကိုက်လို့ HDDကြွလို့ကတော့windows ပြန်တင်ရင်
တိုင်ပတ်ပြီသာအောက်မေ့ပါတော့ …Driver software
တွေက သက်ဆိုင်ရာ brand အလိုက် ရှာဖွေ download လို့ရပါတယ်…
connection က မကောင်းတော့ အချိန်ကုန် လူပမ်းတာတော့ ကိုယ်တွေ့ပါ။
သည်ဈေးရောင်းသူတွေ CD တစ်ချပ်နဲ့ ခုတ်ပေးဖို့ တောင်းဆိုပါ။
(ဒါမှမဟုတ်လည်း ကိုယ့်ဟာကိုယ်သာ backup တော့ဗျာ.)

driver နဲ့ပါတ်သတ်တဲ့ နောက်တခု ကတော့ driver တွေစုံအောင်
တင်မထားခြင်းပါ …(ပြပွဲတွေမှာ ၀ယ်ရင် သတိထားစစ်ဆေးစေချင်ပါတယ်
ပွဲနီးမှ ဂိုထောင်ကနေ အလုံး ၅၀-၁၀၀ ထုတ်လာ အမြန် OS တင်driverမောင်းနဲ့)
display drive, sound drive တို့က တော့ တင်ထားမှာ သေချာပေမယ့်
တချို့ မမြင်သာတဲ့ driver တွေ ပြုတ်နေတတ်ပါတယ်..
Run မှာ devmgmt.msc လို့ ရိုက်ထည့်ပြီး ဖြစ်ဖြစ်
control panel ထဲကဖြစ်ဖြစ် Device manager ဖွင့်ကြသည့် သင့်ပါတယ်…
ကိုယ်တိုင် မရိုက်တတ်ရင်လည်း အရောင်းစာရေးကိုသာ device manager
ဖွင့်ပြပါ လို့ ပြောလိုက်ပါ…

Device manager ထဲမှာ monitor, memory, hdd, sound အစရှိသဖြင့်
componene တခုချင်းစီအလိုက် ပုံလေးတွေနဲ့ ပြထားပါတယ် ..
ပုံမှာ question mark ပုံပေါ်နေရင်တော့ အဲ့ဒါ driver ပြုတ်နေလို့
အဲ့သည့် service သုံးမရဘူးလို့ မှတ်ပါ။

Control panel အကြောင်းပြောရင်း ဆက်စပ်ပြီး
အဲ့သည့်မှာ Windows Experience Index ဆိုတာရှိပါတယ်(Vista, 7)
လက်ပကျွတ် ရွေးရတာ သိပ် ဦးနှောက်ခြောက်လာရင်
ကိုယ်တိုင် ဘာပိုကောင်းသလဲ မသိတော့ရင် အဲ့သည့် index နဲပ ယှဉ်လို့ရပါတယ်
processor, memory, graphic, game performance, hdd သည်၅ခုနဲ့မူတည်ပြီး
point ပေးတဲ့ စနစ်ဖြစ်ပါတယ် …
တခုချင်းစီကို အမှတ်ပေးပြီး အနိမ့်ဆုံး base score ကို သည်စက်ရဲ့ score အဖြစ်
ယူပါတယ် ..score range က 1.0 မှ 7.9 ဖြစ်ပါတယ်..
အရောင်းစာရေး ကျေးဇူးရှင်များက တခါတခါ သူတို့စက်ကိုသူတို့
Windows Experience Index အကဲမဖြတ်ထားကြပါဘူး
ကိုယ်တိုင် လုပ်ကြည့်ရတာ ရှိသလို လုပ်ခိုင်းရတာလဲ ရှိပါတယ်.
အတော်လေး အသုံးဝင်တဲ့ အမှတ်တွေဖြစ်ပါတယ်…



ကျနော် တခါက i3 Vs i5 ၁သိန်းလောက်ကွာ တဲ့၂လုံးကို
သည်နည်းနဲ့ စမ်းလိုက်တော့ score 5.8 နဲ့ 5.6ရပါတယ်..
ကျနော် i3 ကိုပျော်ပျော်ကြီး ၀ယ်လိုက်ပါတယ်..

နောက်တချက် ကတော့ software သွင်းခိုင်းတဲ့ကိစ္စပါ…
local မှာ သုံးကြတဲ့ license version OS ၀ယ်ထားကြသူတွေဟာ
software တွေသွင်းကြတဲ့အခါမှာတော့ pirate တွေကိုသာ သုံးလေ့ရှိကြတာပါ
copyright မလာခင်သုံးတာဆိုတော့ သိပ်မပြောလိုပါ..
မိမိ အမှန်တကယ် သုံးမယ့် software ကိုသာ သွင်းခိုင်းပါ
မလိုသည်များကို ၀ဲပစ်ပါ .
antivirus နဲ့ပါတ်သတ်ရင်တော့ License ၀ယ်သုံးပါလို့ တိုက်တွန်းပါရစေ ..
တလမှ ၁၀၀၀ ကျပ် လေးပဲကျတာပါ သူက regional license မို့ ဈေးချိုတာပါ..
trial တွေ free တွေသုံးပြီး ဒေတာတွေ ဆုံးရှုံး အချိန်ကုန်လူပန်းဖြစ်ရတာတွေ အများကြီးပါ


build-in software တွေကိုလည်း တချက်ငဲ့ကြည့် လိုက်ပါဦးဗျာ…
အရမ်းကြီးအရေးမပါဘူးဆိုပေမယ့် တချို့ဟာတွေ အတော် ကောင်းတယ်ဗျာ…
ဥပမာ lenovo ရဲ့ one click only နဲ့ system restore ချလို့ရတဲ့ think vantage ကနာမည်ကျော်တယ်
HP နဲ့ Dell တို့လည်း ကောင်းကြတယ် ခင်ဗျ ..တချို့ကတော့ ဒါတွေကို ရှုပ်လို့ ဆို မကြိုက်ကြဘူး …
ဥပမာ lenovoမှာပဲ …wireless ချိတ်ရတာ ordinary windows ကပါတဲ့ system နဲ့ vantage နဲ့ ရှုပ်နေလို့
သေချာမသိရင် အချင်းချင်းငြိပီး တိုင်ပတ်တတ်တာမျိုးဆိုပါတော့…


နောက်ဆုံးပိုင်းရောက်ပါပြီ warranty ကိစ္စကိုသွားမယ်ဗျာ …
အားလုံး ၁နှစ်တော့ ပေးကြပါလိမ့်မယ်….
တခုပြောချင်တာက local dealer ရှိတာ ၀ယ်ပါ လို့ပြောချင်ပါတယ် dealer မရှိတာတွေက
အောက်လမ်းက ၀င်လာတာတွေ ဖြစ်ဖို့များလို့ပါ …service ဘယ်လိုပေးမယ် ဆိုတာ မခိုင်မာ ဘူး
သတ်မှတ်လို့ပါ ..ဥပမာ …HPQ (HP, Compaqက ကောင်းပေမယ့် local dealer မရှိလို့ …စဉ်းစားသင့်ပါတယ်..)
တခြား dealer ရှိတဲ့ brand တွေကို ပထမဦးစားပေး ရွေးစေချင်ပါတယ် …
အဲ့သည့် အထဲက local service center ရှိတာတွေကို  ပို စဉ်းစား သင့်ပါတယ်

ပျက်ရင် (ပျက်ရင်ဆိုတာ user false မဟုတ်ဘဲ ပစ္စည်း ကွာလတီ မကောင်းလို့ ပျက်ရင်)
ဘယ်လို တာဝန်ယူ ဆောင်ရွက်ပေးမလဲ ဆိုတာ သေချာစေချင်ပါသည်…
တချို့ dealerများ တွေ့ဖူးပါသည် မီးအား အတက်အကျ ပေါ် အပြစ်ပုံချ တဲ့အကြောင်းပါ..
user ကို သည်လို မီးအားတွေကြောင့် ပျက်ရတာပါ ဆိုတာမျိုး …
အကြောင်းပြတတ်ကြပါသည် …အကြောင်းပြတာ အကြောင်းမဟုတ်ပါခင်ဗျား…
သင့်တော်သော service တခုခု ပေးဖို့ လိုတယ် ဆိုတာ ပြောလိုခြင်းဖြစ်ပါသည်…
တချို့ … သင့်တော်သော service မပေးသည့်အပြင် မောက်မာစွာ ဆက်ဆံတတ်တာ
တွေ့ရတော့ စိတ်ထဲမကောင်းပါ …။

ရပ်ကွက်ထဲမှ မီးအား အတက်အကျသည် …သူတို့လုပ်စားသည့်ခေတ်ကျမှ
ဖြစ်ပေါ်လာသည့်အရာ မဟုတ်ပါ. ..ဘယ် user မှ ကိုယ့်အလုပ် အပျက်ခံပြီး..
သူတို့ ကွန်ပျူတာကို ဘောင်အတွင်းမှ မဖျက် (ပျက်အောင် မလုပ်ပါ)
သူရို့ သွင်းတဲ့ လက်ပကျွတ် ဆိုပေမယ့် ၀ယ်လိုက်ပီဆိုရင် ဒါက ကိုယ့်ပစ္စည်း
မဟုတ်ပါလား …ကိုယ့်ပစ္စည်းကိုယ် ကိုယ့်အထိုက်အလျောက်တော့ တန်ဖိုးထား
သုံးဆွဲ သူချည်းသာ ဖြစ်ပါသည်….

သည်တော့ ယူဇာတွေကို အကြံပေးချင်တာက ….
သေချာ မေးမြန်း စုံစမ်းပြီးမှ ၀ယ်ယူရန် ဟုသာ ဆိုချင်ပါသည်…

နောက်တချက် ဘာညာ ပွဲတော်တွေမှာ လက်ဆောင်ပေး ဈေးလျော့ကြတဲ့
ကိစ္စတွေဖြစ်သည် …ကျနော်လည်း marketer မို့ marketing strategyအရ
ဘယ်လို promotion လုပ်သည် ဆိုတာ အပြစ်မတင်လိုပါ ….
user လုပ်မည့် ကျနော့်သူငယ်ချင်းတွေ တခု သတိထားစေချင်တာက …
လက်ပကျွတ်ဝယ်ရင် ဘာတွေ ပုံမှန် အားဖြင့် လက်ဆောင်ပေးတယ် ဆိုတာ
သိစေချင်ပါသည်..(လက်တလော ဈေးကွက်အတွင်း ဘယ်လို ပေးနေသည် ကျနော်မသိပါ)
ပုံမှန် အားဖြင့် ပြောရရင် ၅သိန်းကနေ ၁၀သိန်းကြား ၀ယ်ယူရသော လက်ပကျွတ်အတွက် ..
၃၅၀၀တန် ကြွက်တကောင် လက်ဆောင်ပေးတာ …ဖြစ်သင့်သော ကိစ္စလို့ ယူဆပါသည်…
သာမန်အချိန် အရောင်းနဲ့ ပွဲတော်ကာလ promotionမှာ ပေးသော အထူး လက်ဆောင်မွန်
ကွာခြားမှု ဘယ်လောက် ရှိသလဲ တွေးစေချင်ပါသည်….

အရေအတွက်သည် အဓိက မဟုတ်ပါ …
တချို့ လူပြိန်းတွေးတွေးတတ်ကြလို့ ပြောရတာဖြစ်ပါသည်
ဈေးပွဲတော်တွေမှာ ဟိုဘက်က လက်ဆောင် ၈မျိုးပေးတယ်
သည်ဘက်က ၃မျိုးပဲပေးတယ် …၈မျိုးဘက်ကပဲ ၀ယ်ရအောင် ဆိုတာမျိုး
ခနခန ကြားဖူးပါသည် …မဖြစ်သင့်ပါ … ပေးတဲ့ ပစ္စည်းကို evaluate လုပ်ကြည့်ကြပါ..
mouse pad, monitor cleaning cloth, keyboard သန့်ရှင်းတဲ့ လေမှုတ် ရာဘာလုံး
ဒါမျိုးတွေ ပါတဲ့ ၈ခုဟာ ….antivirus software 1 year, wireless mouse စတာတွေပါတဲ့
၃ခု ထက် ပိုမသာဘူးဆိုတာ မြင်ရမှာပါ …
ကျနော့် ကိုယ်ပိုင်အမြင်ပြောရရင်တော့ … လက်ဆောင်ပေးတယ် promotion လုပ်တယ်ဆိုတာ
5000- 10000ks လောက်ပဲ အများစုပေးတာပါ…
ကျနော့်ကို ၅ထောင်၁သောင်းလောက် ပေးမယ် မင်း ပိုစုတ်တဲ့ လက်ပကျွတ် ၀ယ်ကွာ ဆိုရင်
ကျနော် ချက်ခြင်း ခေါင်းခါမိမှာပါ …
ဘာလို့လဲဆို ….ကျနော်လည်း user တယောက်ဖြစ်ပါသည် …
ကျနော် ဘာလိုချင်လဲ ဘာသုံးချင်လဲ အတိအကျ သိတဲ့ user တယောက်ဖြစ်ပါသည်…
သူငယ်ချင်းတို့လည်း ကျနော် သိသလို သိစေလိုကြောင်း ရည်စူး၍ သည်post
ကို ရေးပါသည် …

Posted By ဝေယံစိုး20:44