Wednesday 22 October 2014

How To Check Your Apple Product Warranty

မြန်မာလူမျိုးများကြားမှာ Apple ၏ ထုတ်ကုန်များ တစ်ဖြည်းဖြည်း လူကြိုက်များ လူသုံးများလာသည်နှင့်အမျှ လက်ဆင့်ကမ်း ဝယ်ယူရောင်းချမှုများလည်း များပြားလာနေသည်။ (အထူးသဖြင့် iPhone, iPad များ) 

Apple product များဖြစ်ကြသော Mac, iPhone, iPad, iPodTouch, Apple TV တို့ကို တစ်ဆင့် ပြန်လည် ဝယ်ယူရာတွင် မိမိ ဝယ်ယူမည့် ပစ္စည်းရဲ့ Hardware Warranty သက်တမ်း မည်မျှကျန်သေးသည်ကို စစ်ဆေးနိုင်မည့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်... 

Apple Hardware Warranty Coverage ကို စစ်ဆေးရန် >>ဤနေရာကို<< နှိပ်ပါ။ 

မိမိသိရှိလိုသော Product/Device တစ်ခုကို နှိပ်ပါ (အချို့ device များ ထပ်ဆင့်ရွေးရပါမည်) 


အောက်ပါပုံအတိုင်း ပေါ်လာပါက အနီရောင် လမ်းညွှန်မှုကို ထပ်နှိပ်ပါ။ 


မိမိစစ်ဆေးလိုသော product ကိုရွေးချယ်ပြီး Serial number ကို ထည့်သွင်း၍ စစ်ဆေးပါ။ Serial number ရှာဖွေရန် လမ်းညွှန်ပေးထားပြီး များသောအားဖြင့် Settings -> General -> About မှာ ရှာတွေ့နိုင်ပါသည်။ 


အခုဆိုရင် မိမိရဲ့ Device warranty ဘယ်လောက်ကျန်သေးလဲ၊ expire ဖြစ်နေပြီလားဆိုတာကို အလွယ်တစ်ကူ စစ်ဆေးတွေ့ရှိနိုင်ပါတယ်...






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် 

မိုးသိကြား 

0 comments:

Post a Comment