Wednesday 15 October 2014

iOS 8 မှာ Jailbreak မလုပ်ဘူးဆိုတာ သေချာနေပြီလား...?

Filled under:

Jailbreak မလိုတော့ဘူးဆိုတာ သေချာသွားပြီလား..? 

ကမ္ဘာတစ်လွှားက Apple ပရိဿတ်တွေ Jailbreak ကို အကြောင်းအမျိုးမျိုးကြောင့် ပြုလုပ်ကြပေမယ့် ကျွန်တော်တို့ မြန်မာတွေ အတွက်ကတော့ အဓိကအားဖြင့် မြန်မာစာနှင့် လက်ကွက် သွင်းယူလိုတဲ့ ရည်ရွယ်ချက်ကြောင့် မဖြစ်မနေ Jailbreak လုပ်ကြရသူက များပါတယ်။ 

iOS 8 မှာ မြန်မာစနစ် ပါဝင်လာပြီး Custom keyboard ကိုလည်း ထည့်သွင်းခွင့် ရပြီလို့ သတင်းကြား ရတဲ့အခါ၊ မြန်မာစာကို ဒီအတိုင်း ရေးလို့ ဖတ်လို့ရရင် Jailbreak မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားသူတွေ တော်တော်များများ ရှိလာပါတယ်... 

ဒီအခါ iOS 8 မှာ ကျွန်တော်တို့ Jailbreak မလိုတော့ဘူးလား တစ်ကယ် သေချာနေပြီလား... ဆိုတဲ့ မေးခွန်းအတွက် ကျွန်တော် စဉ်းစားမိသလောက် တင်ပြလိုက်ပါတယ်၊ ဆုံးဖြတ်ချက် ကတော့ ကိုယ်တိုင်ပဲ ချရမှာဖြစ်ပါတယ်... 

တစ်ခြား Cracked App တွေ Tweaks တွေအကြောင်း ခဏဘေးဖယ်ပြီး မြန်မာစာ စနစ် တစ်ခုထဲကို အခြေခံပြီး ပြောကြည့်ရအောင်ပါ... 

ပထမဦးစွာ iOS 8 မှာ မြန်မာစာ(ယူနီကုဒ်) ပါလာသည်ဟု ပြောကြသော်လည်း ကျွန်တော့်အနေနဲ့ ပေါ်လာသည် (မြင်ရသည်) လို့သာ သတ်မှတ်လိုပါသည်။ 
ယူနီကုဒ်၏ Font Config profile ကို install လုပ်လိုက်မှသာ settings ၏ Other Language တွင် 'Burmese' အဖြစ် နောက်တိုးပါလာပြီး နာရီ၊ ပြက္ခဒိန်တို့မှာ မြန်မာစာ ပြောင်းနိုင်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က iOS 8 မှာ မြန်မာစာ ပေါ်လာတယ် ဟုသာ ပြောလိုခြင်းဖြစ်ပါတယ်။ 

ယင်းအကြောင်း အသေးစိတ်ကို ဤနေရာတွင် ဖတ်ပါ.. 

မြန်မာစာ(Font) နဲ့ မြန်မာလက်ကွက်(Keyboard) ကို တစ်ခုစီ ခွဲပြောပါမယ်။ 

**မြန်မာစာ(Font)** 

iOS 8 တွင် မြန်မာစာနှင့် ရေးသားထာသော Website, Blog, Facebook အစရှိသည်တို့ကို ဖတ်ရှုနိုင်ရန်အတွက် ဇော်ဂျီ (သို့) ယူနီကုဒ် ၏ Font Configuration profile နှစ်ခုကို install လုပ်ထားမှသာ ဖတ်ရှုနိုင်ပါတယ်။ 
အဆိုပါနည်းပညာသည် အသစ်မဟုတ်ပါ၊ iOS 7 အတွက် Jailbreak မရမီ အချိန်ကတည်းက မြန်မာ developer များ ဖြစ်ကြသော ကိုစေတန်၊ ကိုသန့်သက်ခင်ဇော် တို့မှ ဖန်တီးပေးထားခဲ့ခြင်း ဖြစ်ပါတယ်။ ယခု iOS 8 မှာလည်း ဒီနည်းလမ်းကို သုံးထားခြင်းဖြစ်သည်။ 

ကိုဟိန်းသက်ခင်ဇော် ရေးသားထားသော အာက်ပါ App ကို AppStore တွင် ရယူ install လုပ်ခြင်းဖြင့်လည်း မြန်မာစာ (ဇော်ဂျီ) ကို မှန်ကန်စွာ ဖတ်ရှုနိုင်ပါတယ်။ 

>> MyFont (Free on AppStore) 

မြန်မာစာကို ဖတ်ရှုနိုင်သော အဆိုပါ နည်းလမ်း၏ အားနည်းချက်မှာ iOS ၏ system တွင် သွင်းယူထားခြင်းမျိုး မဟုတ်သည့်အတွက် search တွင် မြန်မာလိုရိုက်ရှာလိုက်သည့် အခါတွင် ဖော်ပြပါပုံအတိုင်း လေးဒေါင့်တုံးများသာ တွေ့ရှိရပါမည်။ 


နောက်တစ်ခါ Template လှလှလေးများကို အသုံးပြုထားသော Blog များတွင်လည်း မြန်မာစာကို လေးဒေါင့် အတုံးလေးများသာ မြင်တွေ့ရပါမည်။ ထိုသို့သော Site/Blog များကို ဖတ်ရှုရန်အတွက် Safari ၏ bookmark တွင် "Zawgyi Force" တစ်ခု ဖန်တီးပေးထားရပြီး မြန်မာစာကို လေးဒေါင့်တုံးများသာ မြင်နေရသည့် ဆိုက်ရောက်တိုင်း ထို Zawgyi Force ကို နှိပ်ပေးလိုက်မှသာ အမှန်အတိုင်း ဖတ်ရှုနိုင်ပါလိမ့်မည်။ 


>> Zawgyi Force အတွက် ပြင်ဆင်နည်း 

'moethagyarr.info' တွင် မြန်မာဖောင့် မလိုအောင် စီမံထားသည့်တိုင် comment box တွင် မြန်မာလို comment ရိုက်ထည့်သည့်အခါ လေးဒေါင့်တုံးများသာ မြင်တွေ့ရပါမည်။ 
နံမည်ကြီး မြန်မာနည်းပညာ ဘလောခ့်တစ်ခုဖြစ်သော "winkabarkyaw Dot com" ကိုဝင်းကမ္ဘာကျော်၏ ဆိုက်တွင်မူ modern template သုံးထားသဖြင့် ဖတ်ရှုနိုင်ရန် Font profile သွင်းထားရုံနှင့် မလုံလောက်သေးပဲ "Zawgyi Force" ကိုပါ ထပ်မံနှိပ်ပေးရပါသည်။ 



ဆိုလိုချင်သည်မှာ Font profile install သည် jailbreak လုပ်ပြီး မြန်မာဖောင့် သွင်းယူထားသလို ရာနှုန်းပြည့် ချော့မွေ့မူမရှိသေးပဲ ပေါင်းစပ်လုပ်ဆောင်ရသည့် ကိစ္စလေးများရှိနေပါသေးသည်။ 

သို့သော် အများသုံး App မျာဖြစ်ကြတဲ့ Facebook, Viber, Tango အစရှိသည်တို့မှာတော့ အဆင်ပြေချောမွေ့နေတဲ့ အတွက် ကျေနပ်စရာ ကောင်းနေပါသေးတယ်...။ 


**မြန်မာစာကီးဘုတ်** 

iOS 8 တွင် ကျေနပ်စရာအကာင်းဆုံးများထဲက တစ်ခုက third-party keyboard သွင်းယူနိုင်အောင် ခွင့်ပြုလိုက်ခြင်းပင်ဖြစ်ပါတယ်။ 
Myanmar iOS developers များဖြစ်ကြတဲ့ ကိုစေတန် က "Sar Yay" ၊ ကိုသန့်သက်ခင်ဇော်က "ttKeyboard" တို့ကို iOS 8 အတွက် ဖန်တီးပေးထားပါတယ်။ သိုသော် ယခုကျွန်တော် စာရေးနေစဉ် အချိန်ထိ Apple ရဲ့ Approval ကိုစောင့်နေတာကြောင့် Myanmar keyboard App နှစ်ခုစလုံး Official မထွက်လာသေးပါဘူး... 

ထိုကီးဘုတ်နှစ်ခုတို့ထက် စောစွာ AppStore မှာ မြန်မာစာစနစ် ပါဝင်တဲ့ "Black Keys" App ကို SG$1.28 နဲ့ ဝယ်ယူနိုင်ပါတယ်။ 
'Black Keys' ဆိုသည့်အတိုင်း ကီးဘုတ်မှာ အမဲရောင် ဖြစ်ပြီး ဇော်ဂျီဖောင့်ဖြစ်ပါတယ်။ Jailbreak ရဲ့ မြန်မာကီးဘုတ်က အက္ခရာအထားအသို များနှင့် ကွဲပြားနေပြီး smart zawgyi မဟုတ်တဲ့အတွက် စာရိုက်ရာတွင် နှောင့်နှေးလွန်းလှပါသည်၊ အသားမကျသေးသည့် အနက်ရောင် နောက်ခံကလည်း အမြင်အာင်္ရုကို တစ်မျိုးဖြစ်စေပါတယ်။ 


ဒါပေမယ့် Jailbreak လုပ်ရန်မလိုပဲ စာရေးနိုင် ဖတ်နိုင်သည့် အခွင့်အရေးကတော့ မနည်းလှပါ။ ယခုဆောင်းပါးတစ်ခုလုံးကို Black Keys နှင့် စိတ်ရှည်စွာ ရေးသားထားပါတယ်။ "TTKeyboard" "Sar Yay" keyboard ကို ဆက်စောင့်ရပါဦးမည်။ 

အထက်ပါ အကြောင်းအရာများသည် iOS 8 နှင့်ပက်သက်ပြီး မြန်မာစာစနစ်၏ အားနည်းချက် အားသာချက်များ ဖြစ်ပါတယ်။ 
တိုနည်းတူစွာ Jailbreak လုပ်ရာတွင်လည်း အားနည်းချက်၊ အားသာချက် အကျိုးအပြစ်များ ရှိပါတယ်၊ ဒါတွေကို jailbreak လုပ်ဖူးကြသူများ သိရှိပြီး ဖြစ်ပါလိမ့်မည်။ 

အခုလက်ရှိမှာ iOS 8 အတွက် Jailbreak မထွက်လာသေးပေမယ့် သိပ်မကြာခင်မှာတော့ Jailbreak ထွက်လာဖို့ ပြင်ဆင်နေပါပြီ၊ အဲဒီအချိန်ဟာ iOS 8.0.1 ဖြစ်သွားတဲ့ အချိန်လဲ ဖြစ်နိုင်ပါတယ်။ 
ဒါကြောင့်မို့ Jailbreak ထွက်လာတဲ့အခါ စဉ်းစားဆုံးဖြတ်ပြီးသား ဖြစ်နေအောင် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်.. 

ကျေးဇူးတင်ခြင်း။ ။ Screen shot ဖော်ပြရန် ခွင့်ပြုပေးခဲ့သော ကိုဝင်းကမ္ဘာကျော် ကို အထူးကျေးဇူး တင်ရှိပါကြောင်း.. 

လေးစားစွာဖြင့် 






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

0 comments:

Post a Comment