Friday 24 October 2014

iOS 8 အတွက် Cydia တွင် AFC2 ကို Update ပေးပြီ

Filled under:

iOS 8 to 8.1 ကို Jailbreak လုပ် Cydia သွင်းယူပြီးနောက်တွင် iOS 8 အတွက် မရှိမဖြစ်သော files အချို့ကို Cydia ဂုရုကြီး "Saurik" က တစ်ဖြည်းဖြည်းချင်း update လုပ်ပေးနေရာ တစ်နေ့က "Cydia Substrate" ကို ထုတ်ပေးခဲ့ပြီး ဒီနေ့တော့ jailbreak device အတွက် အရေးကြီးသည့် "Afc2" ကို update ထပ်မံလုပ်ပေးလိုက်ပါပြီ.. 

"Afc2" သည် မိမိ၏ Device ကို PC နှင့် USB ကြိုးသုံးပြီး ချိပ်ဆက်ရာတွင် အတွင်းပိုင်း File System များထိ ဝင်ရောက် နိုင်အောင် ပံ့ပိုးပေးသည့် အရေးကြီး system file တစ်ခု ဖြစ်သည်။ 

"Afc2" ကို မသွင်းယူနိုင်မီက Device ကို PC နှင့် ချိပ်ဆက်ကာ iFunBox, iTools တို့နှင့် ဖွင့်ကြည့်သည့်အခါ အောက်ပါ ပုံအတိုင်း "Connecting" မျှသာ အချိန်အကြာကြီး ပြသနေခဲ့ပြီး အတွင်းပိုင်းသို့ ဝင်မရခဲ့ပါ။ 


ယခု "Afc2" ကို သွင်းယူပြီးနောက် ပြန်လည်ချိပ်ဆက်ကြည့်ရာ အောက်ပါ ပုံအတိုင်း ဝင်ရောက်နိုင်ပါသည်။ ဤကဲ့သို့ ဝင်ရောက်နိုင်မှာ App များအတွက် hack file များကို ဝင်ရောက် ပြင်ဆင်နိုင်ပါလိမ့်မည်။ 


Cydia -> Search တွင် Apple File Conduit "2" ဟု ရိုက်ရှာပြီး သွင်းယူကြပါကုန်.. 


0 comments:

Post a Comment