Wednesday 15 October 2014

Recover Deleted Photos : iOS 8 Tip

Filled under:

iPhone, iPad တို့ရဲ့ ကင်မရာကို အသုံးပြု၍ ဓါတ်ပုံရိုက်ယူပြီးနောက် မတော်တစ်ဆ ဖြစ်စေ၊ ဖျက်ပစ်လိုက်မိသော ဓါတ်ပုံများကို Recovery အနေနဲ့ ပြန်လည် ရယူနိုင်တဲ့ လုပ်ဆောင်ချက်ကို iOS 8 မှာ ထည့်သွင်းထားပါတယ်။ 

မိမိဖျက်ပစ်လိုက်သော ဓါတ်ပုံများကို Recently Deleted Album အဖြစ် ရက်ပေါင်း (၃၀) ထိ သိမ်းပေးထားတာကြောင့် ပြန်လိုချင်တယ် ဆိုပါက လွယ်လွယ်ကူကူနဲ့ ပြန်ရယူနိုင်ပါတယ်...။ 

ဖျက်လိုက်တဲ့ ဓါတ်ပုံတွေကို Recover လုပ်ဖို့အတွက် Photo App ထဲက Albums ကိုသွားပါ။ 
Albums ထဲမှာ Default အနေနဲ့ Recently Added, Videos နဲ့ Recently Deleted ဆိုတဲ့ album သုံးခုကို တွေ့ရပါလိမ့်မယ်။ 


Recently Deleted album ကို ဖွင့်လိုက်ရင် မိမိဖျက်ထားခဲ့တဲ့ ပုံတွေကို မြင်တွေ့ရပါလိမ့်မယ်။ 


ပြန်လည် ရယူလိုတယ် ဆိုရင်တော့ ညာဖက်ထောင့်က "Select" ကို နှိပ်ပြီး မိမိ ပြန်လိုချင်တဲ့ ပုံတွေကို ရွေးချယ်ပြီး "Recover" နှိပ်ပါ။ (သို့မဟုတ်) "Recover All" နဲ့လည်း ပုံများအားလုံးကို တစ်ပြိုင်တည်း ပြန်လည်ရယူနိုင်ပါတယ်။ 


သတိပြုရမည်မှာ ရက်(၃၀) အတွင်းက ပုံများသာ ပြန်လည် ရယူနိုင်မှာဖြစ်ပြီ၊ ပုံများ၏ အောက်ဖက်နားတွင် ဘယ်နှစ်ရက်က ဖျက်ထားခဲ့တယ် ဆိုတာကိုပါ မြင်တွေ့နိုင်ပါမည်..။ 






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

0 comments:

Post a Comment