Thursday 30 October 2014

iOS 8 New Feature : Find My iPhone

Filled under:

Apple product မျာရဲ့ အားသာချက် တစ်ခုမှာ iOS 7 မှ စတင်ကာ ပြောင်းလဲတိုးမြှင့်လိုက်သော Activation စနစ်နှင့် Find My iPhone တို့ကြောင့် လုံခြုံရေး ပိုမိုကောင်းမွန်လာပြီး ဖုန်းစောရများကလည်း iDevice များဆိုရင် လက်ရှောင်လာကြပါတယ်။ 

မိမိရဲ့ iDevice ပျောက်ဆုံးသွားသည့်အခါ "Find My iPhone" အသုံးပြုပြီး Device ၏ တည်နေရာကို ရှာဖွေနိုင်ခြင်း၊ message လှမ်းပို့နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်.. 

ထိုအခါ မိမိ Device ကို ရရှိထားသူနှင့် ချိပ်ဆက်မိပြီး ပြန်လည် ရရှိဖို့ အခွင့်အလမ်းများပါသည်။ 

ယခင်က Find My iPhone သုံး၍ ပျောက်ဆုံးသွားသော ဖုန်း၏ တည်နေရာကို ရှာဖွေနိုင်သော်လည်း အဆိုပါဖုန်း ဘက်ထရီအား ကုန်သွားသည့် အခါမျိုးတွင်တော့ ရှာဖွေနိုင်တော့မည် မဟုတ်ချေ။ 

ယခု iOS 8 မှာတော့ Find My iPhone ရဲ့ လုပ်ဆောင်ချက်ကို ထပ်မံမြှင့်တင်လိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ကတော့ iPhone ရဲ့ ဘက်ထရီအား ကုန်ခါနီးမှာ နောက်ဆုံး တည်နေရာ Last Location ကို Apple သို့ အလိုလျှောက် ပေးပို့မှာဖြစ်ပါတယ်။ 

ဒီ Feature ကို အသုံးပြုဖို့ဆိုရင် Settings > iCloud > Find My iPhone ကို "ON" ပေးထားပြီး Send Last Location ကိုပါ "ON" ထားလိုက်ပါ။ 



အကယ်၍ iPhone ကို Airplane mode "ON" ထားခြင်း၊ WiFi, Cellular connection မရှိရင်တော့ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ 

ပျောက်ဆုံးသွားတဲ့ မိမိရဲ့ iPhone ကို ရှာဖို့ဆိုရင် Computer ကနေ iCloud dot com သို့ ဖြစ်စေ၊ မိမိ၏ အခြား iDevice မှ Find My iPhone App ကို အသုံးပြုပြီး ပျောက်ဆုံးသွားတဲ့ ဖုန်းကို ရွေးချယ်ပါ။ ထိုအခါ နောက်ဆုံး တည်နေရာ Last location ကို ဖော်ပြပေးနေပါလိမ့်မည်။ 

ဒါဟာ ပျောက်ဆုံးသွားတဲ့ iPhone တွေ အတွက် အသုံးဝင်ကောင်း ဝင်နိုင်ပါလိမ့်မယ်... 

0 comments:

Post a Comment