Wednesday 15 October 2014

Google က Nexus 9 Tablet ကို ကြေညာ


Google က HTC နှင့် ပူးပေါင်းထုတ်လုပ်ထားသည့် Nexus 9 Tablet ကို ကြေညာလိုက်ပါသည်။

Nexus 9 တွင် ၈.၉ လက်မ 2048x1536 IPS LCD Display တပ်ဆင်ထားပြီး အကြမ်းခံသည့် Gorilla Glass 3 ဖုံးအုပ်ထားပါသည်။ Nexus 9 တွင် 2.3GHz 64-bit Nvidia Tegra K1 Processor, 2GB RAM, 6700mAh Battery , 16 or 32GB Storage ပါရှိပါသည်။ အနောက်ဘက်တွင် 8MP နှင့် မျက်နှာချင်းဆိုင်တွင် 1.6MP ကင်မရာများ တပ်ဆင်ထားပါသည်။


HTC ၏ BoomSound Speaker များတပ်ဆင်ထားသဖြင့် အသံပိုင်းတွင် လွန်စွာ ကောင်းမွန်မည် ဖြစ်သည်။ အနောက်ဘက်တွင် ပျော့ပျောင်းသည့် ပလတ်စတစ် အခွံဖြင့် ဖုံးအုပ်ထားပါသည်။ သတ္တုဘေးဘောင်များကို အသုံးပြုထားပါသည်။

ဝ.၃၁ လက်မ အထူနှင့် ၁၅ အောင်စ အလေးချိန်သည် iPad Air ထက် ပေါ့ပါးပါသည်။ Google က Nexus 9 အတွက် Keyboard Case ကိုလည်း ထုတ်လုပ်ပေးထားပါသည်။

Nexus 9 တွင် နောက်ဆုံးထုတ် Android 5.0 Lollipop ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ WiFi နှင့် LTE နှစ်မျိုး ရွေးချယ်နိုင်ပါသည်။ Nexus 9 ကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကြိုတင်မှာယူနိုင်ပြီး နိုဝင်ဘာလ သုံးရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်သည်။

WiFi အမျိုးအစားအတွက် 16GB ကို ဒေါ်လာ ၃၉၉၊ 32GB ကို ဒေါ်လာ ၄၇၉ သတ်မှတ်ထားပါသည်။ LTE အမျိုးအစားအတွက် 32GB ကို ဒေါ်လာ ၅၉၉ သတ်မှတ်ထားပါသည်။

Myanmar Digital Life Journal

0 comments:

Post a Comment