Wednesday 15 October 2014

How To Downgrade iOS 8 to iOS 7.1.2

Filled under:

မြန်မာစာကီးဘုတ် ရရှိပြီဖြစ်လို့ iOS 8 ကို ဒီမနက်ပဲ ကျွန်တော့်ရဲ့ iPad 2 မှာ update လုပ်လိုက်ပါတယ်။ အရင်က ပြောထားခဲ့သလို iOS 8 မှာ မြန်မာစာ ယူနီကုဒ် စနစ်နဲ့ ပါဝင်လာတာ ဟုတ် မဟုတ် သိလိုတာကြောင့် iOS ကိုလည်း backup restore မလုပ်ပဲ New အနေနဲ့ Clean ဖြစ်အောင် သွင်းယူလိုက်ပါတယ်။ 

iOS 8 update ဖြစ်သွားပြီးတဲ့ အချိန်မှာ ဘာမှ မလုပ်သေးပဲ ကျွန်တော် ပထမဦးဆုံး သွားလိုက်တာကတော့ Settings > General > Language & Region ပဲ ဖြစ်ပါတယ်။ Preferred Language Order မှာ Add Language ကိုနှိပ်ပြီး လိုက်ရှာကြည့်တဲ့ အခါမှာ "Burmese" မြန်မာဘာသာကို လုံးဝ ရှာလို့မရခဲ့ပါဘူး၊ ဒါပေမယ့် Region Formats ထဲက Region မှာတော့ Myanmar (Burma) ဆိုတာ ပါဝင်လာပါတယ်။
Continue Reading....

SUNDAY, SEPTEMBER 21, 2014

 How To Downgrade iOS 8 to iOS 7.1.2

iOS 8 နဲ့ အားလုံး အဆင်ပြေပြေ ဖြစ်ကြပါရဲ့လား..? 

Apple က iOS 8 ကို ထုတ်ပေးလိုက်တာနဲ့ တော်တော်များများလည်း iOS 8 ကို update လုပ်ပြီးကြပြီလို့ ယုံကြည်ပါတယ်။ iOS 8 နဲ့ အဆင်ပြေကြတဲ့ သူတွေရှိသလို iOS 8 တင်လိုက်မှ လေးသွားတယ်၊ အရင်ကလောက် မမြန်တော့ဘူး ဆိုပြီး သိပ်မကြိုက်တဲ့ သူတွေလည်း ရှိကောင်း ရှိကြပါလိမ့်မယ်၊ အထူးသဖြင့် မော်ဒယ်နိမ့် iDevice တွေမှာ ဖြစ်နိုင်ပါတယ်.. 

ဘယ်လို အကြောင်းမျိုးကြောင့်ပဲ ဖြစ်ဖြစ် iOS 7.1.2 ဆီကို ပြန်သွားလိုသူများအတွက် iOS 8 မှ iOS 7.1.2 ကို Downgrade ပြန်ဆင်းနည်း ဖော်ပြပေးလိုက်ပါတယ်.. 

ယခုလို Downgrade ပြန်ဆင်းနိုင်တဲ့ အခွင့်အရေးက အမြဲတမ်းရနေမှာ မဟုတ်ဘူးလို့ ကြိုတင် သတိပေးပါရစေ.. 

iOS 7.1.2 ကို Apple sever က signing လုပ်ခွင့်ပြုထားတဲ့ အချိန်ထိတော့ ရနေပါလိမ့်မယ် ဒါပေမယ့် ဘယ်အချိန်ကာလထိ ရနေမယ်ဆိုတာ ကျိမ်းသေ မပြောနိုင်ပါဘူး။ 
iOS 7 ထွက်ခဲ့စဉ်တုန်းက နှစ်ပါတ်ခန့် အကြာမှာ iOS အနိမ့်များကို ဖယ်ရှားလိုက်တဲ့ အတွက် singing မလုပ်နိုင်တော့လို့ Downgrade လဲ ဆင်းခွင့် မရတော့ပါဘူး။ 

Apple ၏ ထုံးစံအရ ပုံမှန်အားဖြင့် iOS အသစ်တစ်ခု ထွက်လာပြီး နှစ်ပါတ်အကြာလောက်မှာ အဟောင်းတွေကို Apple server ကမေ ဖယ်ရှားပစ်လေ့ရှိပါတယ်။ 

သို့ပါ၍ မိမိ၏ iDevice ကို Downgrade မလုပ်မီ၊ downgrade လုပ်လို့ ရ, မရ အောက်ပါ နေရာတွင် ဦးစွာပထမ ဝင်ရောက်စစ်ဆေးကြည့်ပါ၊ အစိမ်းရောင်ဖြင့် "Yes" ဟု ဖော်ပြထားမှသာ downgrade ဆင်နိုင်မည် ဖြစ်ပါသည်။ 

>> Downgrade အတွက် စစ်ဆေးရန် 

အပေါ်တွင် စစ်ဆေးခဲ့ပြီးနောက် downgrade လုပ်နိုင်မည် ဆိုပါက အောက်ပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။ 

How To Downgrade 

သတိပြုရမည့် အချက်မှာ iOS 7.1.2 သို့ ဆင်းပြီးသည့်အခါ iOS 8 နှင့် backup ထားခဲ့သည်များကို restore ပြန်လုပ်၍ မရနိုင်ပါ။
  • ပထမဦးစွာ မိမိ device နှင့် သက်ဆိုင်သည့် iOS 7.1.2 (.ipsw) file ကို အရင် download လုပ်ထားပါ။
    (ယခုဖတ်ရှုနေသော site ၏ ညာဖက်ခြမ်း Site bar တွင် "iOS Download" ကို တွေ့ရပါမည်၊ မိမိ၏ iDevice အလိုက် iOS 7.1.2 ကို download လုပ်ပါ) 

  • iPhone ၏ Settings -> iCloud -> Find My iPhone ကို OFF(Disable) လုပ်ပါ။ 
  • iPhone ကို PC နှင့်ချိပ်ဆက်ကာ iTunes ကို ဖွင့်ပါ။ 
  • iTunes တွင် မိမိ device ကို ရွေးချယ်ပြီးနောက် "Summary" ကိုသွားပါ။ 
  • (Windows) အတွက် Shift Key + Restore button ၊ (Mac) အတွက် Option + Restore button ကို တွဲနှိပ်ပြီး အထက်တွင် download သိမ်းထားခဲ့သော iOS 7.1.2 (.ipsw) file ကို ရှာဖွေပေးလိုက်ပါ။ 
  • iTunes က အလိုအလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။

အဆင်ပြေပြေနှင့် Downgrade လုပ်နိုင်ကြပါစေ.. 






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

0 comments:

Post a Comment