Monday 29 September 2014

TELENOR, MPT, MEC, OOREDOOအားလုံးမှာအသုံးပြုနိုင်မယ့် - ဖုန်းဝန်​​ဆောင်​မှုများ V1.0 APK

Filled under:

https://lh3.googleusercontent.com/-HPgeJ6S_UQw/VCfjGDN3X0I/AAAAAAAACUc/VXiH2sEdVXk/20140928_171112--1.jpg

အခုတင်ပေးလိုက်တဲ့ Application လေးကိုတော့အရင်ဆုံးဒေါင်းယူလိုက်ပါဦးဗျာ။ ဆက်သွယ်ရေး ၀န်ဆောင်မှုများစုံစမ်းနိုင်ခြင်း ၊ ဖုန်းငွေဖြည့်နိုင်ခြင်း ၊ Mobile Money ၀န်ဆောင်မှုလျှောက်ထားနိုင်ခြင်း ၊ ဖုန်း​ ငွေဖြည့်​မရလျှင်​အကူ အညီ​တောင်းနိုင်ခြင်းအပြင် အခြားသော မိုဘိုင်းဝန်ဆောင်မှုပေါင်းများစွာ ပါဝင်ပါ တယ်ဗျာ။ လုပ်ဆောင်ချက် တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုအောက်မှာရေးပေးထားပါတယ်ဗျာ။ သူငယ်ချင်း တစ်ယောက်ရဲ့ဖုန်းထဲကနေ ယူထားတာဖြစ်လို့ မူရင်းရေးသားသူကို Credit မပေးနိုင်တာနားလည်စေချင် ပါတယ်ဗျာ။

-MPT,MEC,OOREDOO,TELENOR
များအတွက်
-​ငွေလက်​ကျန်​စစ်​ရန်
-ဖုန်းထဲသို့​ငွေပြန်​ဖြည့်​ရန်
-အခြားဖုန်းသို့​ငွေဖြည့်​​ပေးရန်
-အင်​တာနက်​​လျှောက်​ရန်
-ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုများစုံစမ်းရန်
-Call Forwarding ​လျှောက်​ရန်
-Call Wating ​လျှောက်​ရန်
-Miss Call Alert ​လျှောက်​ရန်
-Voice Mail ​လျှောက်​ရန်
-အပိုဝန်​​ဆောင်​မှုများပယ်​ဖျက်​ရန်
-​ငွေဖြည့်​မရလျှင်​အကူအညီ​တောင်းရန်
-အသံညွှန်​ကြားချက်​အတိုင်​​ငွေဖြည့်​/စစ်​ရန်
-Mobile Money ဝန်​​ဆောင်​မှုအ​ကြောင်း
-Mobile Money ​လျှောက်​ရန်
-အခြားဖုန်းသို့​ငွေဖြည့်​ရန်
-ဖုန်းထဲမှ​ငွေလွှဲ​ပြောင်း​ပေးရန်
-​ငွေဖြည့်​​ပေးရန်​​တောင်းဆိုခြင်း
-ဖုန်းပြန်​​ခေါ်ခိုင်းရန်
-ဝန်​​ဆောင်​မှုများကိုစီမံရန်
-အင်​တာနက်​Dataဝန်​​ဆောင်​မှုများ
-ဖုန်းနံပါတ်​ကိုစစ်​​ဆေးရန်​...........



https://lh5.googleusercontent.com/-a8V3WRwDyZ8/VCfjITxkv4I/AAAAAAAACUk/aO4lQxtWvhY/20140928_171112-picsay-1.jpg


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


Posted By ဝေယံစိုး20:43

TELENORဖုန်းနဲ့ FACEBOOK PHOTO LOCK ကျော်ဖြတ်ခြင်း PDF

Filled under:

 
Facebook မှာ Photo တွေရွေးခိုင်းတဲ့ Photo Verification lock ကျသွားရင်ကျော်ဖြတ်နည်းဖြစ်ပါတယ်။ အရင်နည်းတွေပါပဲ။ ခုကျွန်တော်တို့ နိုင်ငံမှာ ချထားပေးတဲ့
Telenor ဆင်းကဒ်တွေက international SMS စနစ်ပါဝင်တဲ့အတွက် Facebook မှ ကုဒ်ပို့ပေးနိုင်ပါတယ်။
ဒါကြောင့် ဖုန်းနံပါတ်နဲ့လည်း Account တွေဖွင့်နိုင်သလို့ identify လည်းလုပ်နိုင်နေပါပြီ။
ဖေ့ဘုတ် Phone နံပါတ်တောင်းတဲ့ lock ကျတာကို Telenor နံပါတ်လေးနဲ့ ကျော်နိုင်ပါပြီ။
Photo လော့ကျရင်တော့ ပုံမှန်အတိုင်းဆို ပုံတွေကို မှန်အောင်ပြန်ရွေးပေးရပါတယ်။
ဒါကလည်း တော်တော်မလွယ်တဲ့ကိစ္စပါ။ အဲဒီတော့ အရင်လူတွေရေးခဲ့တဲ့ Japan IP ကျော်ပြီး photo lock ကျော်ဖြတ်တဲ့နည်းလေးကို  သာမန်သုံးသူတွေပါနားလည်အောင်ပုံလေးတွေနဲ့PDF အဖြစ်ရေးသားလိုက်ပါတယ်
အရင်ကတော့ photo လော့ကျော်ပြီးတာနဲ့  ကုဒ်ပို့မယ့် နံပါတ်ကို
Text Plus,
Text Free,
Text Now,
Talkatone,
Pinger,
Heywire,
UppTalk
စသဖြင့် apk တွေနဲ့ကျော်သုံးကြပါတယ်။နောက်ပိုင်းမှာ အဲကောင်တွေက ကုဒ်တွေလာတဲ့ကောင်လာ မလာတဲ့ကောင်မလာနဲ့ ရှုပ်လာပါတယ်။ခုခါမှာတော့ Telenor ကဒ်တွေဝင်ရောက်လာတာကြောင့် မိမိ ဖုန်းနဲ့ပဲ သေချာပေါက် ကျော်ဖြတ်နိုင်ကြပါပြီ။
ခုလိုကျော်ဖြတ်ပုံကို နားလည်လွယ်အောင် ရေးသားထားပါတယ် အောက်မှာ ဒေါင်းလုပ်ဆွဲလိုက်ကြပါ။

BY hanwailinn-www.facebook.com/hanwailinn.hanwailinn

www.sayyoethe.blogspot.com

 

DOWNLOAD HERE

Posted By ဝေယံစိုး20:41

MOBILE PHONE ဖုန်းအကြောင်း သိသင့်သမျှ

Filled under:

 
ဒီတစ်ခါတော့Hardwareသမားတွအတွက်ဖုန်းအကြောင်းသိသင့်သိထိုက်တာလေးတွေပါ။..။
ဖုန်းအတွင်းပိုင်းနဲ့ ပက်သက်တဲ့ သိထားသင့်တဲ့ အစိတ်အပိုင်းတွေကို မိတ်ဆက်ပေးသွားမယ်။
 
Post ကရှည်လို့ မဖတ်နိုင်ရင်တောင် Downloadဆွဲပြီး ဖတ်လို့ ရအောင် PDF file နဲ့ပါတင်ပေးလိုက်ပါတယ်ခင်ဗျာ..။
အောက်က လင့်ခ်မှာဒေါင်းနိုင်ပါပြီ..။ဖိုင်ဆိုဒ်ကလည်းသေးသေးလေးပါ..။
 
 
 

ခု မိတ်ဆက်ပေးတဲ့ ဖုန်း နဲ့ စာဖတ်သူရဲ့ ဖုန်း တထပ်တည်း ကိုက်ညီမှာမဟုတ်ဘူး၊ ဒါပေမယ့် အခြေခံ အချက်တွေကို သဘောပေါက်ထားရင် အခြား ဖုန်းတွေရဲ့ အစိတ်အပိုင်းတွေ ခွဲထားပုံကိုလဲ နားလည်နိုင်တယ်၊ အောက်က ပုံကိုသေချာကြည့်ပါ အပိုင်းနှစ်ပိုင်းပါတယ်၊ Network Section နဲ့ Power Section တို့ပါ၊

Antenna Switch:
-----------------------
Antenna Switch (အာရုံခံတိုင် ၊ အင်္ဂလိပ်လိုခေါ်နိုင်ရင်အကောင်းဆုံးပဲ) Cell Phone Antenna Switch လို့ခေါ်ရင်တော့ ပိုသိသာသွားတာပေါ့၊ Antenna Switch ကို ဖုန်းရဲ့ Network Section မှာ ရှာတွေ့နိုင်တယ်၊ Antenna Switch ကို သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အမျိုး အစားရှိသလို သတ္ထု မဟုတ်တဲ့
Antenna Switch တွေလဲရှိတယ်၊ GSM baseband သုံးတဲ့ ဖုန်းတွေမှာ အဖြူရောင် နဲ့ တွေ့ရတတ်ပီး
CDMA သုံးဖုန်းတွေမှာတော့ ရွှေသတ္ထုရောင်နဲ့တွေ့ရတယ်၊ သူ့ရဲ့ အလုပ်က Network ရှာဖွေဖို့နဲ့ ရလာတဲ့ Network ကို ချိန်ညှိပီး အခြား သက်ဆိုင်ရာ Procesor များကို ပေးပို့ပေးဖို့ ဖြစ်ပါတယ်၊

P.F.O
------------
PFO ကို Network Section ထဲက Antenna Switch နားမှာတွေ့နိုင်တယ်၊ PFO ကို P.A(Power Amplifier) လို့လဲခေါ်တယ်၊ သူ့ရဲ့ အလုပ်ကတော့ Antenna က ရှာဖွေလို့ရလာတဲ့ Network Frequency ကို စစ်ထုတ်ပေးတယ်၊ ချဲ့ပေးတယ်၊ ဖုန်းက သုံးတဲ့ Network ကို ရွေးချယ်ပေးတယ်၊ PFO အလုပ်လုပ်တာ မှားနေရင် (သို့) ပျက်နေရင် ဖုန်းမှာ Network ပြသနာတတ်မယ်၊ မရဖြစ်မယ်၊ PFO ပြသနာတတ်သွားရင် ဖုန်းပျက်သွားမယ်၊

RF IC / Hagar / Network IC
------------------------------------
RF IC / Hagar / Network IC ကတော့ ဖုန်းရဲ့ Network Section ထဲက PFO နားမှာတွေ့နိုင်တဲ့ Hardware component
ဖြစ်ပါတယ်၊ သူ့ကို RF signal processor လို့လဲခေါ်ပါတယ်၊ သူက CUP ရဲ့ ညွန်ကြားချက် အတိုင်း အသံလှိုင်းနဲ့ ရေဒီယို လှိုင်းတွေကို ထုတ်လွင့်ခြင်း လက်ခံခြင်းတွေကိုပြုလုပ်ပါတယ်၊ RF IC မကောင်းရင်
ဖုးန်ရဲ့ Network ပြသနာတတ်ပါပီ၊ တစ်ခါတစ်လေ ဖုန်း တစ်လုံးလုံးကို အလုပ်မလုပ်တော့ပါဘူး၊

Phone 26 MHz Crystal Oscillator
-----------------------------------------
MHz Crystal Oscillator ကိုတော့ Network Section ရဲ့ PFO နားမှာတွေ့နိုင်ပါတယ်၊ သူ့ကို Network Crystal လို့လဲခေါ်ပါတယ်၊ သတ္ထုနဲ့ ပြုလုပ်ထားတယ်၊ Network Crystal ကတော့ ဖုန်း အထွက် Call
ခေါ်တဲ့ အခါ frequency ကိုဖန်တီးပေးတယ်၊ အကယ်၍ Network Crystal မကောင်းရင် ဖုန်း အထွက် Call မရတော့ပါဘူး၊ ဖုန်းမှာလဲ Network ရှိတော့မှာ တွေ့တော့မှာမဟုတ်တော့ပါဘူး၊

VCO
--------------
VCO ကို ဖုန်းရဲ့ Network Section ထဲက Network IC နားမှာတွေ့နိုင်ပါတယ်၊ VCO ရဲ့ အဓီက အလုပ်ကတော့ အချိန်နဲ့ နေ့စွဲတွေကို RF IC နဲ့ CPU တို့ကိုပို့ပေးပါတယ်၊ VCO က CPU ရဲ့ ညွန်ကြားချက်ကို ရယူပီး frequency တွေကိုလဲ ဖန်တီးနိုင်ပါတယ်၊ VCO မကောင်းရင် ဖုန်း Network
ပျက်မှာဖြစ်ပီး "Call End" တို့ "Call Failed" တို့ကိုပြနေမှာပါ၊

RX Filter
--------------
RX Filter ကို ဖုန်းရဲ့ Network Section ထဲမှာတွေ့ပါတယ်၊ RX Filter ကတော့ ဖုန်း အ၀င် Call တွေလာတဲ့ အခါ မှာ ရရှိလာတဲ့ frequency တွေကို စစ်ထုတ်ပေးပါတယ်၊ အကယ်၍ RX Filter ပြသနာတက်ရင် ဖုန်း အ၀င် Call တွေမှာ Network ပြနာရှိလာပါမယ်၊

TX Filter
------------
TX Filter ကိုလဲ Network Section မှာတွေ့နိုင်ပါတယ်၊ ဖုန်း အထွက် Call တွေအတွက် Frequency တွေကို စစ်ထုတ်ပေးတယ်၊ သူမကောင်းရင် ဖုန်း အထွက် Call တွေမှာ ပြသနာတတ်မယ်၊

ROM
------------
ROM ကို ဖုန်း ရဲ့ Power Section ထဲမှာ တွေ့နိုင်ပါတယ်၊ ROM က ဖုန်းရဲ့ Operation System ကိုဝန်တင်ပေးပါတယ်၊ အကယ်၍ ROM မကောင်းရင် (သို့) ပြသနာ တက်ရင် ဖုန်း ဆော့ဝဲလ် ပြသနာတတ်မှာဖြစ်ပီး ဖုန်းရဲ့ Setting ချထားတဲ့ အစိတ်အပိုင်း တွေအားလုံး ပျက်စီးသွားမယ်၊

RAM
------------
RAM ကိုတော့ ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ RAM ရဲ့ အလုပ်ကတော့ ဖုန်းရဲ့ Operation System ကနေ ပေးပို့သမျှ ညွန်ကြားချက်တွေကို လက်ခံရယူအလုပ်လုပ်ခြင်းနဲ့ လိုအပ်တဲ့
ညွန်ကြားချက်တွေကို Operation System ကို ပေးပို့ခြင်းတွေကိုလုပ်ပါတယ်၊ RAM မကောင်းရင် software ပြသနာသနာ တတ်မှာဖြစ်ပီး ဖုန်းက မကြာခဏ ထစ်သွားတာ ထောက်သွားတာ တို့ ဘာမှမလုပ်တော့ပဲရပ်နေတာတို့ လဲ ဖြစ်တတ်ပီး ဖုန်း လုံးဝ ပျက်သွားတဲ့ အဆင့်အထိလဲဖြစ်နိုင်ပါတယ်၊

Flash IC
------------------
Flash IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်တယ်၊ Flash IC ကို EEPROM IC, Memory IC, RAM IC နဲ့ ROM IC စသဖြင့် ခေါ်ကြပါသေးတယ်၊ Flash IC ထဲမှာ ဖုန်း ဆော့ဝဲလ် တွေကို ထည့်သွင်းထားတယ်၊ အကယ်၍ Flash IC မကောင်းရင် ဖုန်း ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပဲ လုံးဝကို
သုံးမရအောင်ပါဖြစ်သွားနိုင်ပါတယ်၊

Power IC
-------------
Power IC ကိုတော့ ဖုန်းတစ်လုံးရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ ဖုန်းရဲ့ Hardware ဖြစ်တဲ့ capacitor Components တွေကို Power IC ရဲ့ ပတ်ပတ်လည်မှာတွေ့နိုင်ပါတယ်၊ Power IC ရဲ့ အလုပ်က
battery ကနေ power ရယူပီး ဖုန်းရဲ့ အခြား အစိတ်အပိုင်းတွေအားလုံးကို ပို့ပေးတယ်၊ အကယ်၍ Power IC မကောင်းခဲ့ရင် ဖုန်းရဲ့ အခြား Components တွေကို အားမထောက်ပံ့နိုင်တော့တဲ့ အတွက် ဖုန်း
သုံးလို့ရတော့မှာ မဟုတ်တော့ဘူး၊

Charging IC
--------------------
Charging IC ကိုတော့ ဖုန်း Power Section ရဲ့ R22 နားမှာတွေ့နိုင်ပါတယ်၊ Cahrging IC ရဲ့ အလုပ်ကတော့ ဘယ်ထရီ အားသွင်း ကြိုးကနေ လျှပ်စစ်စီးကြောင်းကို ရယူပီးတော့ Battery ကိုအားသွင်းပေးပါတယ်၊ Charging IC မကောင်းရင် ဖုန်းအားသွင်း လို့ရတော့မှာ မဟုတ်ပါဘူး၊ အကယ်၍
Charging IC သာ short then the set will get dead.

RTC
------------

RTC (Simple Silicon Crystal) ကတော့ Real Time Clock ဖြစ်ပီး ဖုန်းရဲ့ Power Section ထဲမှာပါဝင်ပါတယ်၊ သူ့ကို Power IC နားမှာ က RTC ထဲမှာတွေ့နိုင်ပါတယ်၊ သူ့ကို သတ္ထုနဲ့ ကော သတ္ထု မဟုတ်တဲ့ ပစ္စည်းတွေနဲ့ ပါပြုလုပ်ထားတတ်တယ်၊ သူ့အလုပ်က ဖုန်းရဲ့ နေ့စွဲနဲ့ အချိန်တွေကို သတ်မှတ်ပီး
ရေတွက်နေဖို့ပါ၊ အကယ်၍ RTC ပြသနာတက်ရင် အချိန် နဲ့ ရက်စွဲ သတ်မှတ်ချက်တွေပါ အလုပ်လုပ်တော့မှာ မဟုတ်တော့ပါဘူး၊ ပြသနာ အသေးလေးပဲဖြစ်မှာ မဟုတ်ပဲနဲ့ ဖုန်း လုံးဝသုံးမရတဲ့အထိလဲ ဖြစ်သွားနိုင်ပါတယ်၊

CPU
-----------
CPU ကို Power Section ထဲမှာတွေ့နိုင်တယ်၊ သူ့ကို MAD IC လို့လဲခေါ်သလို RAP IC / UPP လို့လဲခေါ်တယ်၊ ဖုန်း ဘုတ် (PCB) ထဲမှာ ပါသမျှ IC ထဲမှာတော့ အကြီးဆုံး IC ဖြစ်သလို အခြား IC တွေနဲ့ သဏ္ဍန် ကွဲနေတယ်၊ သူ့အလုပ်က ဖုန်းထဲက အခြား အစိတ်အပိုင်းအားလုံးကိုထိန်းချုပ်ဖို့ပါ၊ CPU ပျက်ရင်
ဖုန်းတစ်လုံးလုံး အလုပ်လုံးဝ မလုပ်တော့ပါဘူး၊

Logic IC / UI IC
--------------------

Logic IC / UI IC ကိုတော့ ဖုန်းရဲ့ Network Section မှာကော Power Section မှာကော တွေ့နိုင်ပါတယ်၊ သူ့မှာ ပင်(pin) အခု နှစ်ဆယ်ပါရှိပါတယ်၊ သူ့ကို UI IC လို့ခေါ်သလို Interface IC လို့လဲခေါ်ပါတယ်၊ အလုပ်ကတော့ ဖုန်းသံတို့ ၊ ဖုန်းတုန်ခါမှူတို့၊ LED မီးလုံးတို့ကို ထိန်းချုပ်တဲ့အလုပ်ပါ၊
အကယ်၍ Logic IC/UI IC အလုပ်မလုပ်ရင်တော့ ဖုန်းသံတို့ တုန်ခါမှူတို့ LED နဲ့ ပက်သက်တဲ့ မီးတို့ ကင်မရာတို့အလုပ်လုပ်မှာ မဟုတ်ပါဘူး၊

Audio IC
--------------

Audio IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ သူ့ကို Cobba IC လို့လဲခေါ်သလို Melody IC လို့လဲခေါ်သေးပါတယ်၊ Audio IC ရဲ့ အလုပ်ကတော့ ဖုန်း Speaker နဲ့ Microphone တို့ကိုထိန်းချုပ်ခြင်းပါပဲ၊ Audio IC အလုပ်မလုပ်ရင် Speaker နဲ့ Microphone တို့ အလုပ်လုပ်တော့မှာ
မဟုတ်တော့ဘူး၊ ဖုန်းလဲ လုံးဝ ပျက်သွားမယ်၊

 
Credit: BrighterMyanmar

http://www.winhlaing.org/

Posted By ဝေယံစိုး20:40

စက်တင်ဘာ ၂၇ ရက်၌ ရောင်းချသည့် TELENOR ဆင်းမ်ကတ်များ နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် ခေါ်ဆိုနိုင်မည်

Filled under:


မန္တလေးမြို့၌ စက်တင်ဘာလ ၂၇ ရက်တွင် စတင်ရောင်းချသည့် Telenor ဆင်းမ်ကတ်များသည် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန်ခေါ်ဆိုမှု ပြုလုပ်နိုင်မည်ဟု Telenor Myanmar ၏ CEO ဖြစ်သူ Mr. Petter Furberg ကပြောသည်။
Roaming အနေဖြင့် ပြည်ပဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်သည့် နိုင်ငံ ၅ နိုင်ငံနှင့် ပြည်ပခေါ်ဆိုမှုအတွက် ကျသင့်ငွေကို စတင်ရောင်းချသည့် နေ့၌ကြေညာပေးမည်ဟု Petter ကပြောဆိုခဲ့ပြီး ဆင်းမ်ကတ်များကိုမူ ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချမည်ဟု သိရသည်။
ဆင်းမ်ကတ်များကို မန္တလေးမြို့၌ ရောင်းချပြီး တစ်ပတ်ကြာ မြင့်သည့်အခါ နေပြည်တော်တွင် ရောင်းချမည်ဟု သိရသည်။ ရန်ကုန်မြို့ ၌ အောက်တိုဘာ လဆန်းပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ဧရာဝတီ၊ ပဲခူးအရှေ့ပိုင်း၊ ပဲခူးအနောက်ပိုင်း၊ ကရင်၊ မကွေး၊ မွန်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများရှိ မြို့နယ်တချို့၌ ရောင်းချပေးနိုင်မည်ဟု သိရသည်။
Telenor ၏အဓိက ပြိုင်ဘက်ဖြစ်သည့် Ooredoo သည် မိုဘိုင်းဖုန်းပြောဆိုခကို  အခြားသော အော်ပရေတာများ၏ မိုဘိုင်းနံပါတ်များကို ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ် ကောက်ခံသော်လည်း Telenor သည် မည်သည့်အော်ပရေတာကို ခေါ်ဆိုသည်ဖြစ်စေ တစ်မိနစ်လျှင် ၂၅ ကျပ်သာ ကောက်ခံမည်ဟုသတင်း ထုတ်ပြန်ခဲ့သည်။
ငွေဖြည့်ကတ်များကို ၁ ထောင်တန်၊ ၃ ထောင်တန်၊ ၅ ထောင် တန်၊ ၁ သောင်းကျပ်ဟူ၍ Telenor က ထုတ်လုပ်ထားပြီး အီလက်ထရွန်နစ်စနစ်ဖြင့် ငွေဖြည့်သွင်းနိုင်ရန်လည်း စီစဉ်ထားသည်ဟုသိရသည်။ ထို့အပြင် မိုဘိုင်းဖုန်းစာတို ပို့စနစ်အတွက် အခြားသော အော်ပရေတာများက စာတစ်စောင်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံသော်လည်း Telenor သည် စာတစ်စောင်အတွက် ကျသင့်ငွေကို  ၁၅ ကျပ်နှုန်း သတ်မှတ်ထားသည်ဟု သိရသည်။
Telenor ၏ မိုဘိုင်းဆင်းမ် ကတ်များကို မန္တလေးမြို့၌စတင် ရောင်းချရသည်မှာ ကွန်ရက်တည်ဆောက်ရာတွင် လျင်မြန်စွာပြီးစီးသည့် အတွက်ဖြစ်ပြီး  လက်ရှိအချိန်၌ မန္တလေးမြို့တွင် တာဝါတိုင်ပေါင်း ၇၀ ခန့်ကို တည်ဆောက်ပြီးစီး ခဲ့သည်ဟု Petter ကပြောသည်။
ထို့အပြင် ဆင်းမ်ကတ်ရောင်းချရာ၌ ID ကတ်တစ်ခုလျှင် ဆင်းမ်ကတ် ၃ ကတ်ရောင်းချရန် ညွှန်ကြားထားသည်ဟုလည်း ၎င်းကပြောသည်။ Telenor မှပြည်ပသို့ အပြန်အလှန် ခေါ်ဆိုနိုင်မည့် ၅ နိုင်ငံမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နိုင်ငံတို့ဖြစ်သည်။
-မြင့်ကျော်လှိုင်

Posted By ဝေယံစိုး20:39

MPT ဆင်းမ်ကတ် ၁၀ သိန်းကို အောက်တိုဘာလ၌ ဈေးကွက်အတွင်း ထပ်မံဖြန့်ချိမည်

Filled under:


ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်အတွင်းသို့ လာမည့်အောက်တိုဘာ လအတွင်း၌ ဆင်းမ်ကတ် အရေအတွက် ဆယ်သိန်းထပ်မံ ရောင်းချသွားမည် ဖြစ်ကြောင်း MPT မှသတင်းရရှိသည်။
ယခုလက်ရှိ အချိန်တွင် MPT ဆင်းမ်ကတ် အသစ်များသည် ဈေးကွက်အတွင်း၌ ၁၅ သိန်းရောက်ရှိနေပြီဖြစ်ပြီး သုံးစွဲသူအရေအတွက်မှာ ၇ သိန်းကျော်ရှိနေပြီ ဖြစ်သည်။ MPT ကုမ္ပဏီအနေဖြင့် ယခုလ ၁ ရက်နေ့မှစတင်၍ ၎င်းတို့၏ အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ စက်တင်ဘာ တစ်လလုံးတွင် သုံးစွဲသူပေါင်း ၇ သိန်းကျော်ရှိလာခြင်း ဖြစ်သည်။
၂၀၁၄ အောက်တိုဘာလတွင် MPT ဆင်းမ်ကတ်အရေအတွက် ဆယ်သိန်းကို ဈေးကွက်အတွင်း ထပ်မံချထားပေးချိန်တွင် မှောင်ခိုဈေးကွက်ကို ထိန်းချုပ်သွားမည်ဖြစ်ပြီး ကုမ္ပဏီ၏သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချသည့် အရောင်းဆိုင်များရှိပါက ဆင်းမ်ကတ်ခွဲတမ်း ချပေးခြင်းမှ ရပ်ဆိုင်းမည်ဖြစ်ကြောင်းလည်း အဆိုပါ ကုမ္ပဏီထံမှ သတင်းရရှိသည်။
ယခင်အစိုးရဌာန အဖြစ်မှပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ပုဂ္ဂလိကအဖြစ် လုပ်ကိုင်လာသည့် MPT ဆက်သွယ်ရေး ကုမ္ပဏီသည် ဈေးကွက်အတွင်း၌   အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို ယခင်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအမည်ဖြင့် လုပ်ကိုင်ခဲ့စဉ်က သတ်မှတ်ခဲ့သည့် နှုန်းထားများဖြင့်သာ ဆက်လက်ကောက်ခံမှု ပြုလုပ်လာခြင်းဖြစ်သည်။
အဆိုပါ နှုန်းထားများမှာ MPT ဖုန်းအချင်းချင်း သော်လည်းကောင်း၊ MPT မှ အခြားဖုန်းများသို့ ခေါ်ဆိုလျှင် သော်လည်းကောင်း တစ်မိနစ်လျှင် ၂၅ ကျပ်ဖြစ်ပြီး၊ တစ်မိနစ် ကျော်လွန်သွားပါက ၆ စက္ကန့်လျှင် တစ်မိနစ်နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ မိုဘိုင်းဖုန်းအသုံးပြုမှု အနည်းပါးဆုံး အချိန်ဖြစ်သည့် ည ၁၁ နာရီမှ မနက် ၇ နာရီအချိန်ထိ ဖုန်းခေါ်ဆိုမှုများကိုမူ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ဆက်လက်ကောက်ခံ နေခြင်းဖြစ်သည်။ စာတိုပေးပို့ခ နှုန်းထားများသည်လည်း ယခင်အတိုင်းတစ်စောင်လျှင် ၂၅ ကျပ်ဖြစ်သည်။
ထို့အပြင် မိုဘိုင်းအင်တာနက် မြန်နှုန်းများသည် ယခင်အတိုင်း နှေးကွေးနေဆဲ ဖြစ်သော်လည်း GSM  ဖုန်းများအတွက် တစ်မိနစ်လျှင် ၂ ကျပ်နှင့် CDMA 800 MHz နှင့် WCDMA မိုဘိုင်းဖုန်းများအတွက် တစ်မိနစ်လျှင် ၄ ကျပ်ဖြင့်သာ ဆက်လက်ကောက်ခံနေပြီး အင်တာနက် အသုံးပြုရန်အတွက် ကနဦးတပ်ဆင်ခ ကျပ်တစ်သောင်းကို ပေးသွင်းရဦးမည်ဖြစ်ကြောင်း သိရသည်။
“ဒါပေမဲ့ အခုလို အခြေအနေအသစ်မှာ အရင်တိုင်းပဲဆိုတာ စိတ်ပျက်ဖို့အရမ်း ကောင်းပါတယ်" ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းအသုံးပြုသူ တစ်ဦးကဆိုသည်။
ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းထုတ်လုပ်ထားသည့် MPT အမှတ်တံဆိပ် ဆင်းမ်ကတ်များသည် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများနှင့်အပြိုင် လုပ်ကိုင်လာခြင်း ဖြစ်သော်လည်း သုံးစွဲသူများအတွက် ဝန်ဆောင်ခနှုန်းထားများကို ပြင်ဆင်လျှော့ချပေးခြင်း မရှိသည့်အပြင် မိုဘိုင်းအင်တာနက် အမြန်နှုန်းများလည်း တိုးတက်ကောင်းမွန် လာခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ သိရသည်။
-ယုဇနကိုကို

Internet Journal

Posted By ဝေယံစိုး20:38

Saturday 27 September 2014

ဖုန်းအချင်းချင်းဖိုင်များ Share ရာမှာအမြန်ဆန်ဆုံး - Xender v2.1.0813 APK

Filled under:

http://img.giveawaycrew.com/fa/cb/09/cn.xender-0.jpg

ကျွန်တော်အခုတင်ပေးလိုက်တဲ့ Application လေးကတော့ Android ဖုန်းအသုံးပြုသူတိုင်း ရှိထားသင့်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်ဗျာ။ ဖုန်းထဲမှာရှိတဲ့ Game တွေ Application တွေကိုပဲဖြစ်ဖြစ် သီချင်း များနဲ့ Video တွေကိုပဲဖြစ်ဖြစ် သူငယ်ချင်းအချင်းချင်း Share ရာမှာ အင်မတန်အသုံးဝင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ ဖုန်းအချင်းချင်းဖိုင်များကိုကူးယူရာမှာ အားလုံးသိထားကြတဲ့ Zapya ထက်ကို နှစ်ဆ သုံးဆလောက်ပိုပြီးမြန်ဆန်ပါတယ်။ Bluetooth မပါဝင်တဲ့ တရုပ် Tablet များကတော့ မရှိမဖြစ်ဆောင်ထား ရမှာပေါ့ဗျာ။ အသုံးပြုပုံကလည်းလွယ်ပါတယ်။ Wifi ကိုဖွင့်ပြီး ဖုန်းရဲ့ Device ကိုရှာဖွေချိတ်ဆက်ပြီး Shake တစ်ချက်လောက်လှုပ်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းမှာတင် File များကိုဖုန်းတစ်လုံးမှတစ်လုံးသို့ လွယ်ကူ လျှင်မြန်စွာကူပြောင်းနိုင်မှာဖြစ်ပါတယ်ဗျာ။ ဖုန်းအချင်းချင်းဖိုင်တွေကို ကူးယူရာမှာမြန်ဆန်မှုရှိတော့ File Size ကြီးကြီးတွေကို အချိန်ကုန်သက်သာစေတာပေါ့ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်ဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Posted By ဝေယံစိုး00:33

တယ်လီနောဆင်းကတ်များ မန္တလေးတွင် စတင်ရောင်းမည်ဟုကြေညာ

 
ရန်ကုန် စက်တင်ဘာ ၂၅ 
ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောမြန်မာက မည်သည့် ဂျီအက်စ်အမ် ဟန်းဆက်နှင့်မဆို တွဲဖက်သုံးစွဲနိုင်သည့် သရီးဂျီ၊ တူးဂျီ ဆက်သွယ်ရေးမိုဘိုင်းဖုန်းဆင်းကတ် များကို စက်တင်ဘာ ၂၇ ရက်မှ စတင်ကာ မန္တလေးမြို့တွင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း စက်တင် ဘာ ၂၅ ရက် ည ၈ နာရီက သတင်း ထုတ်ပြန်ခဲ့သည်။


မိုဘိုင်းကွန်ရက် စတင်ဖွင့်လှစ် ခြင်းကို စက်တင်ဘာ ၂၇ ရက်နံနက် ၁၁နာရီတွင် လုပ်ဆောင်ပြီး တစ်ပြိုင် နက်တည်း မန္တလေးမြို့ရှိ မိုဘိုင်း ဖုန်းအရောင်းဆိုင် ၁၅ဝဝ ခန့်တွင် ဆင်းကတ်တစ်ကတ် ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် စတင်ရောင်းချပေးမည်ဖြစ် ကြောင်း သိရသည်။


တယ်လီနောက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မိုဘိုင်းဖုန်းအရောင်း ဆိုင် တစ်သိန်းနှင့် ချိတ်ဆက်ထားပြီး လက်ရှိတွင် တာဝါတိုင်တပ်ဆင်ထား ရှိမှု အခြေအနေအရ မန္တလေးမြို့ တွင် စတင်ရောင်းချပေးရခြင်းဖြစ်ပြီး တစ်လအတွင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် တိုးချဲ့ရောင်းချပေး နိုင်ရန် ပြင်ဆင်ထားပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၏ ၉ဝ ရာခိုင် နှုန်းကို တယ်လီနောဆင်းကတ်များ တွင်ကျယ်စွာ ရောင်းချပေးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် မစ္စတာ ပီတာဖားဘာဂ်ျ့က ပြောကြားသည်။


''လိုင်စင်ရရှိပြီးတာ ရှစ်လရှိပါပြီ။ မန္တလေးကို ရွေးချယ်ရခြင်းကတော့ တာဝါတိုင် တပ်ဆင်မှု ပိုမိုအဆင်ပြေ တဲ့အပြင် ရာသီဥတုကောင်းမွန်တာ ကြောင့်လည်းဖြစ်ပါတယ်။ အရေး ကြီးတဲ့အချက်ကတော့ ရန်ကုန်မှာ လူတိုင်း ဖုန်းကိုင်ထားတာကြောင့် ကျွန်တော်တို့နယ်တွေကို ပိုပြီး တွင် ကျယ်စေချင်ပါတယ်။ တယ်လီနော ရဲ့ ပထမဆုံးခြေလှမ်းဖြစ်ပြီး မြို့တွေ အားလုံးကို ဆက်တိုက်အသုံးပြုနိုင် အောင် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ အာမခံနိုင်တာက တယ်လီနောဆင်းကတ်နဲ့ ဖုန်းပြော နေရင်း လိုင်းပြတ်တာမျိုးမဖြစ်အောင် အထူးဂရုပြုထားပါတယ်။ ဒုတိယ အချက်က ကျွန်တော်တို့ ဆင်းကတ် တွေက သရီးဂျီရော၊ တူးဂျီပါ အသုံးပြု နိုင်လို့ မည်သည့် ဟန်းဆက်နဲ့ မဆို တွဲဖက်အသုံးပြုနိုင်တယ်'' ဟု ၄င်းက ပြောကြားသည်။


တယ်လီနောမြန်မာဆင်းကတ် များကို အသုံးပြုနိုင်မည့် ဈေးနှုန်း များမှာ ဆင်းကတ်တစ်ကတ်လျှင် ငွေကျပ် ၁၅ဝဝ၊ ပြည်တွင်း မည်သည့် ဖုန်းခေါ်ဆိုခကိုမဆို တစ်မိနစ်လျှင် ၂၅ ကျပ်၊ စာတိုပေးပို့မှု တစ်ခုလျှင် ၁၅ကျပ်၊ အင်တာနက်သုံးစွဲခနှုန်းမှာ မိုင်အင်တာနက်အဖြစ် သုံးစွဲမည်ဆိုပါ က အမြန်နှုန်း ၃ဝဝkbps နှုန်းဖြင့်1 MB သုံးပါက ငွေ ၆ ကျပ်နှုန်း၊ အမြန်နှုန်း 2 Mbps သုံးစွဲနိုင်မည့် စမတ်အင်တာနက်အဖြစ် သုံးစွဲပါက 1MB လျှင် ငွေ ၁ဝ ကျပ်နှုန်းဖြင့် လိုအပ်သလို သုံးစွဲနိုင်ကြောင်း သိရသည်။


လက်ရှိတွင် စတင်အသုံးပြုမှု ပရိုမိုးရှင်းကာလအတွင်းFacebook အခမဲ့အသုံးပြုနိုင်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် အွန်လိုင်းစွယ်စုံ ကျမ်းWikipedia အခမဲ့သုံးစွဲခွင့် ပေးမည်ဖြစ်ကြောင်း စီအီးအိုက ပြောကြားသည်။ ငွေဖြည့်ကတ်များကို ငွေကျပ် ၁ဝဝဝ၊ ၃ဝဝဝနှင့် ၅ဝဝဝ တန်များထားရှိပြီး မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်းသိရသည်။


စက်တင်ဘာ ၂၇ ရက်မှ စတင်၍ မန္တလေးမြို့အတွင်းရှိ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေး သာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ အမရပူရမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အောက် တိုဘာ ၃ ရက်တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် တို့တွင် ဆက်လက်ရောင်းချပေးသွား မည်ဖြစ်သည်။

ရန်ကုန်မြို့တွင် အောက်တိုဘာ ၁ဝ ရက်ဝန်းကျင်မှစတင်ကာ ရောင်း ချပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးအရှေ့ပိုင်း၊ ပဲခူးအနောက်ပိုင်း၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း)များသို့ အစဉ်လိုက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားသည်။
 
(မြန်မာ့အလင်း)
သတင်း-ခင်ရတနာ
ဓာတ်ပုံ-မေဦးမိုး

Posted By ဝေယံစိုး00:03

ရွှေယောက်ဖလို့ မခေါ်နဲ့ (ပြောဇာတ်)

Filled under:


မအားလို့ မတင်ဖြစ်တာကြာနေပြီမို့  FB မှဘော်ဒါများအတွက် ရယ်မောဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။
 
 
 
Credit : Mg Kankg

Posted By ဝေယံစိုး00:01

ဗုဒ္ဓဘာသာဝင်တိုင်းမိမိဖုန်းထဲမှာ ထည့်ထားကာ ဆောင်ထားသင့်တဲ့ ထေရ၀ါဒ မှတ်ကျောက်

Filled under:


ဗုဒ္ဓဘာသာဝင်တိုင်းမိမိဖုန်းထဲမှာ ထည့်ထားကာ ဆောင်ထားသင့်တဲ့ ထေရ၀ါဒ မှတ်ကျောက် ဆိုတဲ့ဆော့ဝဲလေးမျှဝေလိုက်ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ထေရ၀ါဒ ဓမ္မစစ် အဆုံးမများ၊ ဆရာတော်ဘုရားများ၏ ဓမ္မအမေးအဖြေများ၊ ဓမ္မဆောင်းပါများ၊ စသည် ဓမ္မစစ်ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုင်ရာ အသိဗဟုသုတ၊ လိုက်နာကျင့်ကြံအားထုတ်စရာ အဆုံးမများစွာကို ဆော့ဝဲလေးတခုထဲမှာပဲ အင်တာနက် ၁၅ မိနစ်မျှဖွင့်ထားရုံဖြင့် offline ပြန်လည်ဖတ်ရှုနိုင်လို့ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် တန်ဖိုးကြီးလှစွာသော အဖိုးတန်လှစွာသော အသိပညာဗဟုသုတများရစေမှာပါ။ တကယ်ကို အကျိုးကျေးဇူးကြီးလှတဲ့ ဆော့ဝဲလေးဖြစ်လို့ ဆော့ဝဲရေးသားသူအား ကျေးဇူးတင်ပါကြောင်း မှတ်တမ်းပြုအပ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မိမိတို့အတွက် မြင့်မြတ် အဖိုးကြီးလှတဲ့ ဓမ္မစစ် အသိ၊ အတွေးခေါ်၊ တန်ဖိုးကြီးလှတဲ့ သာသနာတော်အကြောင်း၊ ဘ၀နေထိုင်မှု၊ သံသရာ ခရီးအတွက် အထောက်ကူလမ်းစ၊ စသည်ဖြင့် ကျေးဇူးများလှတဲ့ ဒီဆော့ဝဲလေး ဒေါင်းယူကြပါလို့ ဗုဒ္ဓဘာသာဝင် အားလုံးကို တိုက်တွန်းလိုက်ပါတယ်။ အဆင်ပြေရာ လင့်ခ် တခုမှဒေါင်းယူလိုက်ပါနော်။ အဆင်ပြေပါစေ...
 


ဒေါင်းလုပ်လင့်ခ် ၁ ➳ ➳ 

ဒေါင်းလုပ်လင့်ခ် ၂ ➳ ➳ 

အသုံးပြုလို့ အဆင်ပြေနှစ်သက်တယ်ဆိုရင် မိမိတို့ရဲ့ ဗုဒ္ဓဘာသာဝင် သယ်ချင်းတွေပါ တွေ့မြင် အသုံးပြုကာ ဓမ္မစစ်ထေရ၀ါဒ သာသနာတော်မှာ ဓမ္မစစ်အကျိုးတရားတွေ ရရှိပွားများစေနိုင်ဖို့ share လုပ်ပြီးကူညီမျှဝေပေးခဲ့ပါနော်။

Posted By ဝေယံစိုး00:00

Thursday 25 September 2014

TTKEYBOARD FOR IOS 8 (NO JAILBRAKE NEEDED)

Filled under:

iOS 8 က Custom keyboard ကို install လုပ်ခွင့်ပေးလိုက်တဲ့အတွက် Myanmar 
developer များက မြန်မာ iOS user များအတွက် Keyboard App များကို ကြိုးစား 
ဖန်တီးခဲ့ကြပါတယ်...



အဲဒီကီးဘုတ်တွေထဲကမှ"Mogok" "LikeBook" "Tmusic Player" တို့ကို ဖန်တီးရေးသားခဲ့သူ iOS Developer ကိုဟိန်းသက်ခင်ဇော် ရဲ့ "ttKeyboard" App လေးကို ကြိုတင်ကာ မိတ်ဆက်ပေးလိုက်ပါရစေ..





"ttKeyboard" App လေးက ယခုစာရေးနေတဲ့ အချိန်ထိ Apple iTunes
AppStore မှာ တရားဝင် တင်ပေးနိုင်ဖို့အတွက် Apple ရဲ့ approval ကို
စောင့်နေဆဲ ဖြစ်ပါတယ်...



25.09.2014 : မှာတော့ "ttKeyboard" ကို တရားဝင် ထုတ်ပေးလိုက်ပါပြီ..



>> ttKeyboard Download



ပထမဦးစွာ "ttKeyboard" ကို စမ်းသပ်သုံးစွဲခွင့်ပေးခဲ့သော ကိုသန့်သက်ခင်ဇော် အား ကျေးဇူးအထူးတင်ပါတယ်..



ကျွန်တော် စမ်းသပ်အသုံးပြုခွင့် ရခဲ့တဲ့ "ttKeyboard" ဟာ version 1.1-2b(65) ဖြစ်ပါတယ်။


"ttKeyboard" မှာ "Zawgyi" နှင့် "Zawgyi (Non Smart)" option နှစ်ခုပါဝင်ပြီး "Zawgyi" သည် smart zawgyi ကီးဘုတ်ဖြစ်ပါတယ်...။




"ttKeyboard" ဟာ ကျွန်တော်တို့ ရေးသားနေကြ jailbreak keyboard ရဲ့
လက်ကွက်အတိုင်းဖြစ်လို့ သုံးရတာ လွယ်ကူသလို smart zawgyi လည်း ဖြစ်တာမို့
စာရိုက်ရတာ အလွန်လျှင်မြန်ပါတယ်။


အက္ခရာတွေ တော်တော်များများကို long-press နှိပ်လိုက်ရင် သက်ဆိုင်ရာ ဆက်စပ်
စာလုံးတွေ ထပ်မံရွေးချယ်နိုင်ပါတယ်။ ပတ်ဆင့်များ ရေးသားဖို့အတွက် "အပြာရောင် (alt)" ကီးကို နှိပ်ပြီး ထပ်ဆင့်လိုသော စာလုံးကို ရိုက်လိုက်ရုံပဲ ဖြစ်ပါတယ်။


App ကို ဖွင့်လိုက်ရင် ရိုက်ရမည့် လမ်းညွှန်ချက်ကို ထည့်သွင်းထားပါတယ်..




ပြောင်းလဲသွားတဲ့ ကီးဘုတ်ပုံများကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်...




"ttKeyboard" ဟာ ဘာမှ အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်မြန်ဆန်ပြီး သုံးစွဲသူတွေကို စိတ်ကျေနပ်စေလိမ့်မယ်လို့ ပြောရဲပါတယ်...



"ttKeyboard" ကို Free version အဖြစ် ထုတ်ပေးဖို့ % များတယ်လို့ ကိုသန့်သက်ခင်ဇော် က ပြောကြားခဲ့ပါတယ်...



"ttKeyboard" အမြန်ဆုံး Store ပေါ်ရောက်ပါစေလို့ ဝိုင်းဝန်းဆုတောင်းရင်း အတူတူ စောင့်လိုက်ကြရအောင်လား ခင်မျာ....










Credit to : သန့်သက်ခင်ဇော်
http://www.moethagyarr.info

Posted By ဝေယံစိုး22:51

iOS 8 တွင် မြန်မာစာ အသုံးပြုနိုင်ရန်အတွက် ထည့်သွင်းခြင်း

Filled under:

Photo: iOS 8 တွင် မြန်မာစာ အသုံးပြုနိုင်ရန်အတွက် ထည့်သွင်းခြင်း
====================================== 
 
အသစ်ထွက်ရှိထားသည့် iOS 8 တွင် မြန်မာစာကို အသုံးပြုလိုသူများအတွက် Zawgyi Font နှင့် မြန်မာစာ စာလုံးအားရိုက်ရန်အတွက် Keyboard ဖြစ်သည့် ttkeyboard ကို အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာစာ ထည့်သွင်းမည့် iPhone သို့မဟုတ် iPad တွင် ပထမဦးဆုံး Zawgyi Font ထည့်သွင်းရန်အတွက် အဆိုပါ Device များမှ Safari Browser ကို ဖွင့်ရမည်ဖြစ်သည်။ Safari Browser ထဲကိုရောက်ပြီဆိုလျှင် Address Bar တွင် http://t.co/WM70j6av69 အဆိုပါ လိပ်စာကိုရိုက်ထည့်ပြီး Zawgyi Font ကို ထည့်သွင်းပေးရမည်ဖြစ်သည်။ Zawgyi Font ကို ထည့်သွင်းပြီးလျှင် General ထဲမှ Profile တွင် Zawgyi 2008 ဆိုသော ဖိုင်ကိုတွေ့မြင်ရမည် ဖြစ်သည်။

Zawgyi Font ထည့်သွင်းပြီးသွားပြီဆိုလျှင် မြန်မာစာ စာလုံးကို Keyboard ဖြင့် အသုံးပြုနိုင်ရန်အတွက် ttkeyboard ကို ထည့်သွင်းရမည် ဖြစ်သည်။ ttkeyboard ကို ထည့်သွင်းချင်သူများအတွက် ဖော်ပြထားသည့် http://goo.gl/9JLP63 ဝက်ဘ်ဆိုက် လိပ်စာမှတစ်ဆင့် ttkeyboard ကို သွားရောက် ရယူနိုင်မည်ဖြစ်ပြီး iTunes တွင်လည်း ttkeyboard ဟု ရိုက်ထည်ပြီး ရှာဖွေကာ ထည့်သွင်းနိုင်မည်ဖြစ်သည်။ ထည့်သွင်းပြီးသွားလျှင် ttkeyboard ကို အသုံးပြုနိုင်ရန်အတွက် Settings > General > Keyboards Keyboard >Add New Keyboard > ttkeyboard အစရှိသည်တို့ကို အဆင့်ဆင့်သွား၍ ရွေးချယ်ပြီး ထည့်သွင်းပေးရမည်ဖြစ်သည်။ ထိုအဆင့်များအားလုံး ပြီးသွားလျှင် iOS 8 အသုံးပြုထားသည့် Device များတွင် မြန်မာစာကို အသုံးပြုနိုင်ပြီ ဖြစ်သည်။

အင်တာနက်ဂျာနယ်ဝက်ဘ်ဆိုက်တွင်လည်း ဖတ်ရှုနိုင်ပါသည်။
 ====> http://internetjournal.com.mm/content/14505

အသစ်ထွက်ရှိထားသည့် iOS 8 တွင် မြန်မာစာကို အသုံးပြုလိုသူများအတွက် Zawgyi Font နှင့် မြန်မာစာ စာလုံးအားရိုက်ရန်အတွက် Keyboard ဖြစ်သည့် ttkeyboard ကို အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာစာ ထည့်သွင်းမည့် iPhone သို့မဟုတ် iPad တွင် ပထမဦးဆုံး Zawgyi Font ထည့်သွင်းရန်အတွက် အဆိုပါ Device များမှ Safari Browser ကို ဖွင့်ရမည်ဖြစ်သည်။ Safari Browser ထဲကိုရောက်ပြီဆိုလျှင် Address Bar တွင် http://t.co/WM70j6av69 အဆိုပါ လိပ်စာကိုရိုက်ထည့်ပြီး Zawgyi Font ကို ထည့်သွင်းပေးရမည်ဖြစ်သည်။ Zawgyi Font ကို ထည့်သွင်းပြီးလျှင် General ထဲမှ Profile တွင် Zawgyi 2008 ဆိုသော ဖိုင်ကိုတွေ့မြင်ရမည် ဖြစ်သည်။

Zawgyi Font ထည့်သွင်းပြီးသွားပြီဆိုလျှင် မြန်မာစာ စာလုံးကို Keyboard ဖြင့် အသုံးပြုနိုင်ရန်အတွက် ttkeyboard ကို ထည့်သွင်းရမည် ဖြစ်သည်။ ttkeyboard ကို ထည့်သွင်းချင်သူများအတွက် ဖော်ပြထားသည့် http://goo.gl/9JLP63 ဝက်ဘ်ဆိုက် လိပ်စာမှတစ်ဆင့် ttkeyboard ကို သွားရောက် ရယူနိုင်မည်ဖြစ်ပြီး iTunes တွင်လည်း ttkeyboard ဟု ရိုက်ထည်ပြီး ရှာဖွေကာ ထည့်သွင်းနိုင်မည်ဖြစ်သည်။ ထည့်သွင်းပြီးသွားလျှင် ttkeyboard ကို အသုံးပြုနိုင်ရန်အတွက် Settings > General > Keyboards Keyboard >Add New Keyboard > ttkeyboard အစရှိသည်တို့ကို အဆင့်ဆင့်သွား၍ ရွေးချယ်ပြီး ထည့်သွင်းပေးရမည်ဖြစ်သည်။ ထိုအဆင့်များအားလုံး ပြီးသွားလျှင် iOS 8 အသုံးပြုထားသည့် Device များတွင် မြန်မာစာကို အသုံးပြုနိုင်ပြီ ဖြစ်သည်။


Internet Journal

Posted By ဝေယံစိုး22:37

Telenor ၏ အင်တာနက်နှင့်ဖုန်းခေါ်ဆိုခနှုန်းထားများ - Telenor‬ (27 - 9-2014) စနေနေ့ မန္တလေးမြို့မှာ စတင်ရောင်းချမည်။

Filled under:


Phone ခေါ်ဆိုခကို မိနစ် ၂၀ စာထည့်သွင့်ပေးထားပြီး.. Facebook ကိုတော့ ၁ လ Free စိတ်ကြိုက်သုံးနိုင် မည်ဖြစ်ကြောင်း အသိပေးကြော်ငြာလိုက်ပါသည်။

ဖုန်းခေါ်ခ = 25 /- (မည်သည့်ဖုန်းကိုမဆို) 
message ပို့ခ = 15 /-
အင်တာနက် Plan ကို 2 မျိုး ရှိတယ်၊ 

‪#‎ရိုးရိုး‬ PLAN ( Facebook နဲ့ Viber အသုံးပြုသူများအတွက် )
1MB = 6 /-
1GB = 6000 /-
အမြန်နှုန်း = 300 KBs
‪#‎SMART‬ PLAN ကို activate ပြုလုပ်အသုံးပြုနိုင် (Youtube , Download ဆွဲလိုသူများအတွက် )
1MB = 10 /-
1GB = 10000 /-
အမြန်နှုန်း = 2 MBs
(27 - 9-2014) စနေနေ့ မန္တလေးမြို့မှာ စတင်ရောင်းချမည်၊
နေပြည်တော် တွင် တစ်ပတ်ခန့်အကြာ (4.10.2014)...
ရန်ကုန်မြို့ နှစ်ပတ်ခန့်အကြာ (11.10.2014) နေ့များတွင် ရောင်းချသွားမည်။
မည်သည့် GSM Handset နှင့်မဆို တွဲဖက်အသုံးပြုနိုင်ပြီး 2G, 3G network အသုံးပြုနိုင်မည်ဖြစ်သည်။
Telenor တံဆိပ်ဖြင့် handset များကိုလည်း ရောင်းချသွားမည်
2G keypad ဖုန်းများအတွက် 19900 /-
Smart phone အတွက် 49900 /-
Telenor စတင်ရောင်းချသည့်အချိန်မှ စ၍ ရက် 30 တိတိ facebook အခမဲ့ အသုံးပြုနိုင်ပြီးhttp://en.wikipedia.org/wiki/Main_Page အား အခမဲ့တောက်လျောက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော telenor ပွဲတွင် တာဝန်ရှိ အကြီးအကဲများမှ ထုတ်ဖော်ပြောဆိုသွားပါသည်။

Posted By ဝေယံစိုး22:36

Thursday 18 September 2014

မျက်မှန်လွတ်နည်း

Filled under:

jas

မျက်မှန်လွတ်နည်း

ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၁.၆၆ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂နှင့်အထက်
ကူးယူသည့် အရေ အတွက် - 149
မျက်စိသည် လူသားတိုင်းအတွက် အရေးကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်း တခုဖြစ်ပါတယ်။ ဤ အသုံးချပရိုဂရမ်တွင် မျက်စိကြည်ပြီး မျက်မှန်လွတ်နိုင်စေဖို့ နည်းလမ်းများကို လေ့ကျင့်ခန်းပုံလေး မျာနှင့်တကွ ဖော်ပြထားပါတယ်။

Posted By ဝေယံစိုး01:55

နိုင်ငံတကာဖုန်းကုတ်များ

Filled under:

jas

နိုင်ငံတကာဖုန်းကုတ်များ

ဗားရှင်း - ၁.၁
ဖိုင် အရွယ်အစား - ၆၄၄ ကီလိုဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
ကူးယူသည့် အရေ အတွက် - 280
နိုင်ငံပေါင်း ၂၃၂ နိုင်ငံ ကို ဖုန်းခေါ်ဆိုရန် အတွက် နိုင်ငံများ၏ ကုတ်နံပါတ်များကို အဆင့်သင့်ဖုန်းခေါ်ဆိုရန် ပြုလုပ်ပေးထားသော အသုံးချပရိုဂရမ် ဖြစ်သဥ၁်။

download >>>>>>


jas

Posted By ဝေယံစိုး01:52

Friday 12 September 2014

MPT ကြိုတင်ငွေဖြည့်ကတ် ၆၀ရာခိုင်နှုန်းအထိ အပိုပေးမည်

Filled under:

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အတွင်းရှိ E LITE IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲ တစ်ခုတွင် MPT ဆင်းကဒ်များ စတင်ရောင်းချနေ သည်ကို စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ) 
 
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ဆက်သွယ်ရေး (MPT) ၏ GSM နှင့် WCDMA ဖုန်းဆင်းကတ် များအတွက် ကြိုတင် ငွေဖြည့်ကတ် ငါးထောင် ထည့်လျှင် ၄၀ ရာခိုင်နှုန်းကျပ် ၂၀၀၀ အပိုရမည်ဖြစ်ပြီး ငွေဖြည့်ကတ် တစ်သောင်းတန်နှင့် အထက်ကို ထည့်ပါက ၆၀ ရာခိုင်နှုန်း ကျပ် ၆၀၀၀ အပိုဆုကြေး ရရှိမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။


အပိုဆုကြေး ထပ်ပေါင်းပေးသည့် အစီအစဉ်ကို စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်အတွင်း ငွေဖြည့်သူ များအတွက် အကျုံးဝင်မည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်အထိသာ အပိုဆုကြေးကို အသုံးပြုနိုင်မည်ဖြစ်သည်။


"ကျွန်မ ဒီညပဲ တစ်သောင်းတန်ဖြည့်လိုက်တာ bonus ခြောက်ထောက် ၀င်လာတယ်" ဟု ကျပ်တစ်သောင်းတန် ငွေဖြည့်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဆင်းမ်ကတ်များအတွက် ငွေဖြည့်ကတ် ဖြည့်သွင်းရာတွင် အပိုဆုကြေးပေး သည့် အစီအစဉ်ကို ဧပြီလအတွင်းက ပြုလုပ်ခဲ့ဖူးပြီး ယခုအခါ ဒုတိယအကြိမ် Promotion ပြုလုပ်ခြင်း ဖြစ်သည်။


လက်ရှိတွင် MPT ၏ GSM ဖုန်းငွေဖြည့်ကတ်မှာ ကျပ်ငါးထောင် ၊ တစ်သောင်းမှ သုံးသောင်းအထိ ရှိနေပြီး ကျပ်ငါးထောင်အောက် လျော့နည်းသော ငွေဖြည့်ကတ်များကိုလည်း ထုတ်လုပ်ရောင်းချပေးသွားမည်ဟု မိုဘိုင်း အင်ဂျင်နီယာချုပ်က ပြောကြားထားသည်။

Mizzima News

Posted By ဝေယံစိုး18:01

ဖုန်းတစ်ခုလုံးကိုပေါ့ပါးသွက်လက်အောင်ရှင်းလင်းပေးမယ့်-Clean Master Phone Boost v5.8.4 Apk

Filled under:

Android phone တစ်ခုလုံးရဲ့ System ပိုင်းတွေကို အကောင်းဆုံးရှင်းလင်းပေးနိုင်တဲ့Clean Master PhoneBoostဆိုတဲ့ နောက်ဆုံထွက် Version လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ Task killer တွေထဲမှာ ဒီကောင်းလေးကိုအကြိုက်ဆုံးဖြစ်သလို လူများနာမည့်ကြီးထဲမှာသူလည်းပါတယ်ဗျာ။ အခုCleaner လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။ ဒီကောင်းမှာ Function မျိုးပါတယ်။ ကျွန်တော်တို့စက်တွေထဲမှာ မလိုအပ်တဲ့ junk ဖိုင်တွေ အကုန်လုံးအသေးစိပ် ရှာပြိးဖျက်ပေးနိုင်တဲ့ အတွက်စက်ကို လုံဝပေါ့သွားစေပါတယ်။ App တစ်ခုကိုunistall လုပ်လိုက်ပြီ ဆိုရင်စက်ထဲမှာ ကျန်ခဲ့တဲ့ အမှိုက်တွေ junk ဖိုင်းတွေကိုလည်းလုံးဝ ထိထိရောက်ရောက်ဖျက်နိုင်သလို Task killer ကိုလည်း လုံးဝ kill ပေးနိုင်ပါတယ်။သုံးကြည့်ပါ အပြော နဲ့ လက်တွေ ယုံသွားစေချင်းပါတယ်ဗျာ။ 


Clean Master - Free Optimizer - screenshot    Clean Master - Free Optimizer - screenshot

Clean Master - Free Optimizer - screenshot     Clean Master - Free Optimizer - screenshot

 Clean Master - Free Optimizer - screenshot    Clean Master - Free Optimizer - screenshot

Clean Master - Free Optimizer - screenshot     Clean Master - Free Optimizer - screenshot

Posted By ဝေယံစိုး00:13