Wednesday 25 June 2014

မိုးသိကြား လမ်းသလားနေသည်..

Filled under:

ကျွန်တော့် ဘယ်ဘက်ခြေထောက် နာနေတာ နှစ်နဲ့ချီကြာနေခဲ့ပါပြီ၊ ခြေထောက် ဆိုတာထက် ခြေဖနောင့်ပိုင်းကဆိုရင် ပိုတိကျလိမ့်မယ်... ခုတစ်လောမှာ ပိုပို ဆိုးလာပါတယ်.. 

ဒဏ်ကြေလိမ်းဆေး မှန်သမျှ အင်္ဂလိပ်လူးဆေး၊ မြန်မာလူးဆေးတွေ စုံအောင်လူးပေမယ့် ခဏပဲ သက်သာတယ်။ တော်ကြာ လမ်းပြန်လျှောက်တာနဲ့ မိနစ် နှစ်ဆယ်လောက်ဆိုရင် နာလာပါရော။
နားရက်လေးများ အပြင်ထွက်မိရင် စိတ်အပန်းပြေတာနဲ့ မကာမိအောင် ဒုက္ခပေးပါတယ်၊ ဒါကြောင့်မို့ အပြင်လဲ သိပ်မသွားဖြစ်တော့ဘူး။ 

နီးစပ်တဲ့သူတွေက ပြောတော့ အဲဒါ ဖနောင့်ကျေတာတဲ့၊ sole ထူထူပါတဲ့ ဖိနပ်မျိုး ဝယ်စီးဖို့ အကြံပေးကြတယ်၊ ဒါဆိုရင် သက်သာသွားမယ်တဲ့။ ဖြစ်နိုင်ပါတယ် ကျွန်တော် များသောအားဖြင့် စီးနေတာက 'converse' 'everlast' တို့က ထုတ်တဲ့ အဝတ်ဖိနပ်တွေ ဆိုတော့ sole က တော်တော်ပါးတာပေါ့။ 

အဓိက ကတော့ ကျွန်တော့် ဘော်ဒီဝိတ် နည်းနည်းချင်း တက်လာတာပါ၊ အလုပ်ကလဲ အထိုင်အလုပ် ဖြစ်ပြန် အိမ်ပြန်ရောက်တဲ့ အခါမှာလည်း TV သို့မဟုတ် Computer ရှေ့က မထသူမို့ အလုပ်အသွား အပြန်လောက်ကလွဲရင် လမ်းမလျှောက်ဖြစ် သလောက်ပါပဲ။ 

အခုလို ဝိတ်ချဖို့ လိုပြီဆိုတာ သိလိုက်တဲ့ အချိန်မှာတော့ ပြေးဖို့၊ Joggle လုပ်ဖို့ မပြောနဲ့ လမ်းတောင် အဝေးကြီး မလျှောက်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ ညစာကို လျှော့စားပြီး sole ထူထူနဲ့ ဖိနပ်မျိုးကိုပဲ လိုက်ရှာရပါတယ်။ ဒီကြားထဲမှာ သက်သာလို သက်သာငြား ခြေဖနောင့်မှာ ခုတဲ့ စီလီကွန် တစ်စုံ SG$36 နဲ့ ဝယ်သုံးပေမယ့်လည်း သိပ်အဆင်မပြေပါဘူး.. 

Walking Shoes ကိုတော့ ငယ်ငယ်ထဲက မနှစ်သက်ခဲ့တဲ့သူမို့ မစဉ်းစားတော့ပဲ ခရီးသွားတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ 'Skechers' တစ်ရံကို ဒီဇိုင်း မကြိုက်ပဲ ကျိတ်မှိတ် ဝယ်လိုက်ပါတယ်။ စီးကားစမှာ ဟုတ်သလိုလို ရှိသော်လည်း အရင်ထက်စာရင် လမ်းကို နည်းနည်းကြာကြာ လျှောက်နိုင်တာက လွဲလို့ မထူးခြားမလာပါဘူး၊ ခြေဖနောင့်က နာမြဲ နာလျှက်ပါပဲ.. 

ဒီလိုနဲ့ သက်သာအောင်နေရင်း တစ်နေ့တော့ အကြံရပြီး အဲဒီ ခြေဖနောင့်နာ (Heel Pain) အကြောင်းကို Internet မှာ ရှာဖတ်လိုက်မိပါတယ်၊ အခြားဖြေရှင်းနည်း (သို့) Treatment တစ်ခုခုများ သိရလေမလားလို့...
အဲဒီလို ရှာဖတ်မိလိုက်တာ တစ်ကယ့်ကို အကျိုးရှိသွားပါတယ်၊ အဖြေတွေ့သွားပါတယ်။ 

"လူတစ်ယောက်ရဲ့ ခြေဖျားပိုင်းမှာ အရိုး (၂၆)ချောင်းရှိပြီး၊ ခြေဖနောင့်ရိုးက အကြီးဆုံးလို့ ဆိုပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလေးချိန်ကို ထောက်ခံထားနိုင်ဖို့ သဘာဝတရားက ခြေဖနောင့် အတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။
ခြေဖနောင့်ဟာ ကျွန်တော်တို့ ပြေးတဲ့အခါ၊ လမ်းလျှောက်တဲ့အခါမျိုး ခြေဖျား မြေကြီးပေါ်ကျတဲ့ ဒဏ်ခံနိုင်အောင်အပြင် နောက်ခြေတစ်လှမ်းအတွက် စပရင်ကဲ့သို့ ပြန်တွန်းကန်ပေးပါတယ်။ 
ပညာရှင်များရဲ့ အဆိုအရ လမ်းလျှောက်တဲ့ အခါ မိမိခန္ဓာကိုယ် အလေးချိန် ၁.၂၅ဆ နဲ့ ပြေးတဲ့အခါမှာ ၂.၇၅ဆ ရဲ့ ဝန်ကို ခြေဖျားက ထမ်းရတယ်လို့ ဆိုပါတယ်။ အကျိုးဆက်အနေနဲ့ ကြာလာတဲ့အခါမှာ ခြေဖနောင့်ရဲ့ ခုခံနိုင်စွမ်းအား ကျဆင်းလားပြီး နောက်ဆုံးမှာ နာကျင်မှု ဝေဒနာကို ခံစားရတယ်" 

လို့ ဖတ်လိုက်ရပါတယ်။ 

ခြေဖနောင့်နာ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ ပါသလို၊ မဖြစ်အောင် ကာကွယ်နည်း၊ ဖြစ်လာတဲ့အခါ သက်သာအောင် ပြုလုပ်နည်း တွေကိုပါ အထိုက်လျှောက် စုံလင်စွာ ဖတ်ရှုနိုင်ပါတယ်..
ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် ဘာသာပြန်ခြင်းငှာ ကျွန်တော်မစွမ်နိုင်းတဲ့ အတွက် စိတ်ဝင်စားသူများ အောက်ပါ လင့်ခ်တွင် မူရင်းအတိုင်း ဖတ်ရှုပါလို့ မေတ္တာရပ်ပါတယ်... 

>> မူရင်းအတိုင်း အသေးစိတ် ဖတ်ရှုရန် 

ဆက်ပါဦးမည်...
စာဖတ်ပြီးသွားတဲ့အခါ ဖနောင့်နာရသော အကြောင်းရင်းများထဲမှ ကျွန်တော်ရဲ့ ပြဿနာဟာ ဘာကြောင့်လဲ ဆိုတာ ကောင်းကောင်း သဘောပေါက်သွားပါတယ်၊ ကျွန်တော့် ခြေဖဝါးရဲ့ ပုံစံနဲ့ အဆင်ပြေမယ့် Insole တစ်စုံ မဖြစ်မနေလိုနေပါပြီ... 

Funan Digital Mall ဒုတိယထပ်မှာ ရှိတဲ့ ခြေဖဝါး ပလာစတာမိုလ် လုပ်တဲ့ဆိုင်ကို ရောက်ပါတယ်။ 
မိမိခြေထောက်ရဲ့ အခွင်းအခွက် ပုံစံအတိုင်း ပလာစတာမိုလ် လောင်းပြီးမှ ရလာတဲ့ Sole ကို စီးမယ့် ဖိနပ်အတွင်းမှာ ခံစီးရမှာဖြစ်ပါတယ်။
မိုလ်ပြီးအောင် စောင့်ရမယ့် အချိန်က တစ်ပါတ်လောက် ကြာမှာဖြစ်ပြီး ဈေးနှုန်းက ခြေဖဝါးတစ်စုံ အတွက် SG$360 ကျမှာ ဖြစ်ပါတယ်။
တော်တော် ဈေးများပါတယ် ကျွန်တော် အဲဒီလောက်ကြီးတော့ မတတ်နိုင်ပါဘူး၊ ခြေထောက်ကို ဆေးခန်းပြ ဓါတ်မှန်ရိုက်ကြည့်ရ ကောင်းမလား စဉ်းစားပါတယ်၊ တစ်ခုခုဆိုရင်လဲ ကုမ္ပဏီက 70% ပြန်ရှင်းပေးတော့ သိပ်ပြဿနာ မရှိပါဘူး။ 

ဒါပေမယ့် အဖြေကသိပြီးသား ဆိုတော့ မထူးဖူးဆိုပြီး Internet, YouTube ကနေထပ်ပြီး Sole တွေ အကြောင်းလိုက်ရှာပါတယ်၊ တွေ့ပါပြီ... 

 

 

'Sole Supports' နဲ့ 'Superfeet' နှစ်မျိုးကို YouTube ကနေ ရှာတွေခဲ့ပါတယ်။ Superfeet ကို ပိုပြီး စိတ်ဝင်စားတာကြောင့် မူရင်းဆိုက်မှာ ဝင်ကြည့်တော့ USA နဲ့ UK အတွက်ပဲ support လုပ်ထားတာ တွေ့ရပါတယ်။ 

>> Superfeet.com 

>> Superfeet.com 

ဒါကြောင့်မို့ ဘယ်နေရာမှာ ဝယ်လို့ ရမလည်းဆိုတာ ထပ်ရှာကြည့်တော့ OnlineStore တစ်ခုမှာ ဝယ်လို့ရတာ သွားတွေ့ပါတယ်။ 

ဒါပေမယ့် size တွေခွဲထားတာကြောင့် တစ်စုံတစ်ရာမှားခဲ့ရင် ပြန်လဲဖို့ အခက်အခဲရှိတဲ့ အတွက် စင်ကာပူမှာ ရနိုင်မယ့် နေရာကိုသာ ဇောင်းပေးပြီး အသေးစိပ် ထပ်ရှာဖြစ်ခဲ့ပါတယ်။ 
စင်ကာပူ ကျွန်းတစ်ခုလုံးမှာ Superfeet ကို ရနိုင်တဲ့ တစ်ဆိုင်တည်းသော ဆိုင်ကို ကံကောင်းစွာနဲ့ ရှာတွေ့ခဲ့ပါတယ်။ 

စကားချပ်။ ။အပြင်မှာတော့ အခြားမည်သည့် ဆိုင်များတွင် ရောင်းသေးသည် မသိပါ၊ Online မှာတော့ ထိုတစ်ဆိုင်ကိုသာ စစ်စစ်ပေါက်ပေါက် ရှာတွေ့ခဲ့ပါတယ်... 


Superfeet မှာ အမျိုးအစား ငါးမျိုးမက ရှိပြီး shoes အမျိုးအစားတွေ အတွက် အရောင်တွေနဲ့ ခွဲခြားထားပါတယ် (Green, Blue, Black, Pink, Red...)။ တစ်ခုချင်းစီးရဲ့ သက်ရောက်မှုကလည်း အနည်းငယ် ကွဲပြားပါတယ်။ 

လက်ရှိစီးနေတဲ့ မိမိဖိနပ်အတွက် Superfeet Insole ကို ဝယ်မည်ဆိုပါက အဆိုပါ ဖိနပ်အတွင်းမှ sole အရောင်ကို ထုတ်ကြည့်ပြီး Superfeet ရဲ့ အရောင်ကို အလွယ်တစ်ကူ ရွေးချယ် နိုင်ဖို့ ခွဲခြားထားတာ ဖြစ်ပါတယ်၊ ဝယ်မယ်ဆိုရင်တော့ ကိုယ်တိုင် စီးကြည့်ပြီးမှ သင့်လျှော်ရာကို ရွေးချယ်ပါ။ 

 

Insole size တွေကို အောက်ပါအတိုင်း (C,D,E,F) ခွဲထားပါတယ်.. 

Insole size: C Men’s Shoe size: 5.5 – 7
Women’s Shoe size: 6.5 – 8 

Insole size: D Men’s Shoe size: 7.5 – 9
Women’s Shoe size: 8.5 – 10 

Insole size: E Men’s Shoe size: 9.5 – 11
Women’s Shoe size: 10.5 – 12 

Insole size: F Men’s Shoe size: 11.5 – 13
Women’s Shoe size: 12.5+ 

Green နဲ့ Black မှာ Carbon, Copper ဆိုပြီး ခံနိုင်ရည် ပိုကောင်းတဲ့ အထူးအမျိုးအစား ထပ်ခွဲထားပါတယ်၊ ဈေးနှုန်းကလည်း ပုံမှန်နဲ့ SG$30 လောက် ကွာဟပါတယ်။ 
အားလုံးထဲမှာ popular အဖြစ်ဆုံးကတော့ Green ပါ၊ သူက လူတော်တော်များများနဲ့ အဆင်ပြေပါတယ် ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကို စီးကြည့်ပြီးတဲ့နောက်မှာ Green (Carbon) ကို ရွေးချယ် ဝယ်ယူခဲ့ပါတယ်။ Carbon ကတော့ ဘော်ဒီဝိတ်ကို ပိုပြီးခံနိုင်တဲ့ အတွက် ရွေးချယ်ခဲ့ရတာပါ၊ အဲဒီအတွက် SG$85 လျှောကနဲ ထွက်သွားပါတယ်.. 


Superfeet က ပုံမှန်လမ်းလျှောက်သူများ အတွက်သာမက နေ့စဉ် ပုံမှန်ထက် ပို၍လမ်းလျှောက် ကြရသော လုပ်ငန်းခွင်မှ ဝန်ထမ်းများ၊ အားကစားသမားများ သာမက ခရီးကြမ်းထွက်တက်သော ခရီးသွားများ အတွက်ပါ အထူးသင့်လျှော်တဲ့ Insole တစ်ခု ဖြစ်ပါတယ်။

                                        မိုးသိကြား 


 

Superfeet insole တစ်စုံကို ဖိနပ်ထဲ ထည့်စီးပြီး ဆိုင်က ထွက်လာတော့ အစပိုင်းမှာ ခိုးလို့ခုလု ဖြစ်နေပေမယ့် ဆယ့်ငါးမိနစ်လောက်အကြာ ဖိနပ်နဲ့ sole တစ်သားထဲ ကျသွားတဲ့ အခါမှာတော့ သတိတောင် မထားမိတော့ပါဘူး၊ သေချာတာကတော့ ဆိုင်က စထွက်လာထဲက နာကျင်မှုကို လုံးဝ (လုံးဝ) မခံစားရတော့တာပါပဲ။ 

အဲဒီနေ့က ကျွန်တော် အများကြီး လမ်းသလားပစ်လိုက်တယ်... 

>> စင်ကာပူတွင် ဝယ်ယူနိုင်သော လိပ်စာ << 

CAMPER'S CORNER
51 Waterloo Street, #01-01
Singapore 187969
PH: (65) 6337 4743
Web Site: Camper's Corner 

(ကျွန်တော်ကဲ့သို့ ဝေဒနာ ခံစားနေရသူများအတွက် စေတနာသက်သက်ဖြင့် ဤဆောင်းပါးကို ရေးသားပါသည်၊ မည်သည့်ပစ္စည်းကိုမှ ကြေငြာခြင်း မဟုတ်ပါကြောင်း) 

Posted By ဝေယံစိုး22:33

ZAWGYI FONT ကို MAC OS တွင် INSTALL ပြုလုပ်နည်း

Filled under:


Mac OS တွေမှာ Zawgyi Font ထည့်ပြီး သုံးချင်သူများအတွက် မျှဝေလိုက်ပါတယ် …

၁။ အရင်းဆုံး Zawgyi-KB.dmg ကို Download လုပ်ပါ။

Mediafire – Download

pcloud – Download 


၂။ Download လုပ်ပြီးတဲ့ Zawgyi-KB.dmg ကို double click နှိပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါပုံအ တိုင်းမြင်တွေ့ရ ပါလိမ့်မယ်။

Zawgyi.keylayout ကို drog ဆွဲပြီး Keyboard Layouts ဆိုတဲ့ Folder ထဲ ဆွဲထည့်လိုက်ပါ။

Zawgyi.icns ကိုရေ drag ဆွဲပြီး Keyboard Layouts Folder ထဲထည့်ပါ။

ထိုနည်းတူစွာ Zawgyi One.ttf ကိုလဲ Fonts Folder ထဲ ဆွဲထည့်လိုက်ပါ။

ကဲဒါဆို Zawgyi Font ကို install လုပ်ပြီးပါပြီ။ Zawgyi-KB.dmg ဆိုတာကို ပိတ်လို့ရပါပြီ။



၃။ Font install လုပ်ပြီးသွားပြီ ဆိုတော့ internet browers safari ကနေ မြန်မာ Website တစ်ခုခုကို ဝင်ကြည့်ရင်

မြန်မာ Font ကို ကောင်းကောင်း မြင်တွေ့ဖတ်ရှုနိုင်ပါပြီ။ မြင်တော့ မြင်တွေ့ရပေမဲ့ စာရိုက်လို့တော့ မရသေးပါဘူး။

အဲ့ဒီအတွက်ကြောင့် စာရိုက်လို့ရအောင် ထပ်မံပြုလုပ်ပေးရပါ အုန်းမယ်။

၎။ Mac OS ရဲ့ system preferences ထဲကို ဝင်လိုက်ပါ။ Language & Text ဆိုတာကို မြင်တွေ့နေရပါ လိမ့်မယ်။

Double click နှိပ်ပြီးဖွင့်လိုက်ပါ။ Box လေးတစ်ခုထပ်ထွက်လာပါလိမ့်မယ်။ Input Sources tab ကို Click တစ်ချက်နှိပ်လိုက်ပါ။

ထိုအခါ Keyboard က US လို့ Auto ဖြစ်နေပါလိမ့်မယ်။ ကျနော်တို့က မြန်မာ Font ရိုက်ချင်တာဖြစ်တဲ့ အတွက် Auto ရွေးထားတဲ့

US အပြင် Zawgyi KB ဆိုတာကို ပါ On ပေးရပါလိမ့်မယ်။ ဒါဆို မြန်မာ Font ရိုက်လို့ရပါပြီ။ ဒါပေမဲ့ ထပ်ပြုလုပ်ပေးရမှာ ရှီပါသေးတယ်။

၅။ Language & Text ရဲ့ Box ညာဘက်နားလေးမှာ Keyboard Shortcuts ဆိုတာလေးကို မြင်တွေ့ရ ပါလိမ့်မယ်။ တစ်ချက်နှိပ်ပြီးဝင်လိုက်ပါ။

အဲ့မှာ ပြောင်းလဲပေးရမှာက Keyboard & Text input ကိုရွေးပေးပါ။



၆။ ထိုအခါ Select the previous input source ကို On ပေးပါ။ ထိုအခါ အဝါရောင် ! လေးတွေကို မြင်တွေ့ရလျှင်

အဝါရောင် ! error ရှီတဲ့နေရာကိုသွားပြီး On ထားသော check ကို Off ပေးလိုက်ပါ။ ဒါဆိုရင်တော့ အားလုံးအိုခေသွားပါပြီ။



ဒါဆိုရင် အားလုံးအဆင်ပြေသွားပါပြီ။ Mac OS တွင် Zawgyi Font ကို အသုံးပြုနိုင်ပါပြီ။ တကယ်လို့ Zawgyi Install ပြုလုပ်ပုံကို Videos အနေနှင့် လဲကြည့်နိုင်အောင် တင်ပေးလိုက်ပါ။ 



Sharing – Thaw Tar

Posted By ဝေယံစိုး02:18

မြန်မာဇာတ်ကားများကို အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်မည့် - Myanmar Movie VCD v1.0

Filled under:

Photo: မြန်မာဗီဒီယိုဇာတ်လမ်း များကိုမှ နှစ်ချိုက်စွာ အားပေးချင်သူတွေအတွက် ထွက်ရှိသမျှမြန်မာ ဇာတ်ကားအသစ်များကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်မယ့် Android App လေးတစ်ခုကို မိတ်ဆက်ပေး ပါရစေ။ FreeMyanmarVCD ဟာ လွန်ခဲ့သော ၆ နှစ်ကျော်ခန့် ကတည်းက ပြည်ပရောက် မြန်မာများ ညစဉ် မြန်မာပြည် အလွမ်းပြေ စွဲစွဲလန်းလန်း ကြည့်ရှုနေခဲ့ရတဲ့ မြန်မာဇာတ်လမ်းများ တင်ဆက်ပြသတဲ့ website တစ်ခုဖြစ်ပါတယ်။ အသစ်ထွက် မြန်မာဇာတ်လမ်းများသာမက ဇာတ်ကားအဟောင်းများကို ပါ ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်တဲ့ နေရာလေးပါ။ ကမ္ဘာနှင့်အဝှမ်း ကြည့်ရှုသူပေါင်း ၇ သိန်းကျော်ရှိပြီး မြန်မာဇာတ်ကားပေါင်း 1800 ကျော်ကို တစ်နေရာတည်းမှာ စုစုစည်းစည်း ကြည့်ရှုနိုင်ပါတယ်။
ဒီ app လေးကိုလိုချင်တယ်ဆိုရင် တော့ Google Play

https://play.google.com/store/apps/details?id=com.felix.myanmarvcd
(or)
http://fmv.mx/MyanmarVCD.apk

မှာ download ရယူနိုင်ပါတယ်။

အသစ်ထွက် မြန်မာဇာတ်လမ်းများ သာမက ဇာတ်ကားအဟောင်းများကိုပါ ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အဆိုပါ Application တွင် မြန်မာဇာတ်ကားပေါင်း ၁၈၀၀ ကျော်ကို တစ်နေရာတည်းတွင် စုစုစည်းစည်း ကြည်ရှုနိုင်မှာဖြစ်ပါတယ်။ Free Myanmar VCD ကိုလွန်ခဲ့သော ၆ နှစ်ကျော်ခန့်က ပြည်ပရောက် မြန်မာများ ကြည့်ရှုနေတဲ့ မြန်မာဇာတ်လမ်းများ တင်ဆက်ပြသပေးနေသော Website ဖြစ်ပါတယ်။

" ယခုအချိန်တွင် Android ဖုန်းများအတွက်သာ တင်ဆက်နိုင်သလို နောက်ပိုင်းအချိန်တွင် iOS ဖုန်းအတွက် ပါ ပြသပေးနိုင်ရန် စီစဉ်သွားဖို့ရှိကြောင်းကို Felix Myanmar မှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါ တယ်။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


Credit to ==> Felix Myanmar 

Myanmar Movie VCD - screenshot   Myanmar Movie VCD - screenshot

Myanmar Movie VCD - screenshot   Myanmar Movie VCD - screenshot

Myanmar Movie VCD - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Posted By ဝေယံစိုး02:16

Tuesday 24 June 2014

မြန်မာများအတွက်ပါမစ်ပေးမည့်အခမ်းအနားစတင်ဖွင့်လှစ် (မလေးရှားရောက် မြန်မာများအတွက် အထူး)

Filled under:

မြန်မာသံရုံးမှတာဝန်ရှိသူများ နှင့် မလေးရှားလဝက တာဝန်ရှိသူများ
 
*******************************************************
သတင်း
မလေးရှား (24.6.2014)

မြန်မာနိုင်ငံသားများအတွက် ပါမစ် ပေးမည့် အစီအစဉ် ဟုကြော်ငြာထားသော OSC အစီအစဉ် (သို့) G to G (အစိုးရ ၂ ဘက်သဘောတူမှု) အစီအစဉ်သည် ၂ ဘက်အစိုးရ ကြော်ငြာထားသည့်အတိုင်း ယနေ့ ၂၄.၆.၂၀၁၄ တွင် ကလနားဂျာရာ အင်မီဂရေးရှင်း ရုံးအပေါ်ထပ်ရှိ ONE STOP CENTRE (OSC) တွင် ၂ ဘက်အစိုးရ တာဝန်ရှိသူများ ၊ သက်ဆိုင်ရာ အစိုးရ အသိမှတ်ပြုကုမ္မဏီများ မှ တာဝန်ရှိသူများ ၊ ပါမစ်လာရောက်လျှောက်ထားသော မြန်မာနိုင်ငံသားများဖြင့် စည်ကားစွာ ကျင်းပသွားခဲ့သည် ။

မြန်မာအစိုး၏ တရားမဝင်နိုင်ငံသားများ မလေးရှားတွင်
ပါမစ်ရရှိစေရန်ဆောင်ရွက်မှုဖြစ်ကြောင်းတာဝန်ရှိသူများကပြောသလို ၊ မလေးရှားဘက်မှလည်း မလေးရှားနိုင်ငံ နိုင်ငံလုံခြုံရေး နှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပြဿနျာားကြောင့် ပြည်တွင်းလုံခြုံရေး ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် တရားမဝင် ဖြစ်နေသာ မြန်မာနိုင်ငံသားများကို စစ်တမ်းကောက်ယူကာ ပါမစ်ရရှိရန် လိုအပ်သူများအတွက် ပါမစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ဖြေကြားသွားခဲ့သည် ။
ပါမစ်လျှောက်ထားမည့် မြန်မာနိုင်ငံသားများသည် အောက်ပါအချက်အလက်မျာကို ဆောင်ရွက်ရမည် ။ မည်သည့် တရားမဝင် မြန်မာနိုင်ငံသားမဆို မည်သည့်အတွက်ကြောင့် တရားမဝင်ဖြစ်နေသည့်သူမဆို လျှောက်ထားခွင့်ရှိကြောင်း သိရသည် ။

ဆောင်ရွက်ရန် များ
*****************
၁. ပတ်စပို့ လက်ဝယ် မရှိသေးသောသူများသည် မြန်မာသံရုံးတွင် (သို့) EVERFINE ကုမ္မဏီ တွင် စာအုပ်လျှောက်ထားပါ ။ ထို့နောက်ပါမစ်လျှောက်ထားရန် စီစဉ်ပါ ။

၂. စာအုပ်လျှောက်ပြီး လက်ဝယ်မရရှိသေးပါကလည်း ယခုစတင်သော G TO G အစီအစဉ်တွင်ပါဝင် လျှောက်ထားနိုင်သည် ။ စာအုပ်မရမီစပ်ကြား အထောက်အထား စာရွက်ရရှိမည်ဖြစ်ကြောင်းသိရသည် ။

၃. လျှောက်ထားသူတွင် အလုပ်ရှင်ရှိပါက OSC တွင် ချက်ချင်း လက်ဗွေ နှိပ်ကာ မလေးရှားလဝက မှထုတ်ပေးသော ပစ်မှု့ကင်းရှင်းကြောင်း နှင့် ပါမစ်ဆက်လျှောက်ရန် အတွက် ထောက်ခံစာ တစ်ရွက်ရရှိမည်ဖြစ်သည် ။
၎. အလုပ်ရှင်မရှိပါက မြန်မာအစိုးရ မှ တရားဝင် သတ်မှတ်ထားသော EVERFINE တွင်သွားရောက် အကူညီတောင်းခံ ညှိနှိုင်းပါ ။ အလုပ်ရှင်နေရာတွင် သင့်တော်သော လုပ်ငန်းရှင် ဖြည့်ရန် ညှိနှိုင်းဆောင်ရွက်ပါ ။
၅. ယခု အစီအစဉ်သည် လုပ်ငန်းရှင်မရှိပါက လုံးဝ ပါမစ်ပေးမည်မဟုတ်ကြောင်း မလေးရှား အစိုးရက တရားဝင်ကြော်ငြာထားသောကြောင့် ယခင် သို့မဟုတ်ကြောင်း သိရှိရန်လိုအပ်သည် ။

၆. လုပ်ငန်းရှင်ရှိသူများအဖို့ မိမိလုပ်ငန်းရှင် နိုင်ငံသားအား ယခု OSC သို့ဆက်သွယ်ရန် တိုက်တွန်းကာ ဆောင်ရွက်ရမည့် အချက်များ နှင့် လိုအပ်သော စာရွက်စာတမ်းများကို မေးမြန်းစုံစမ်းပြီး ဆောင်ရွက်ပါ ။

၇။ ထိုစာရွက်ရရှိပြီးနောက် ပါမစ်လျှောက်ထားခွင့် ရရှိရန် လဝက သက်ဆိုင်ရာ ၂ ဘက်ကုမ္မဏီ ၏ အစီအစဉ်ဖြင့် ပါမစ်ဆက်လက်လျှောက်ထားပေးမည်ဖြစ်ကြောင်းသိရသည် ။

၈။ ပါမစ်ရရှိရန် လဝက မှ အတည်ပြုပြီးပါက ပါမစ်ပြန်လည်ရရှိမည်ဖြစ်ကြောင်းသိရသည် ။

၉. ပါမစ်လျှောက်ထားပေးမည့် လုပ်ငန်းရှင်သည် ယခု အစီစဉ်ကြောင့်တရားဝင်အလုပ်သမား အတွက်မည်သည့်ပစ်ဒဏ် နှင့် မည်သည့် ဒဏ်ကြေးမှ ပေးဆောင်ရန်မလိုကြောင်းသိရသည် ။

၁၀။ ပါမစ်ဖိုးကုန်ကျစရိတ်များကို မလေးအစိုးရသတ်မှတ်ထားသော OSC (ONE STOP CENTRE (သို့) EVERFINE SERVICE (M) SDN BHD သို့ တိုက်ရိုက်မေးမြန်းနိုင်သည် ။

ကေအယ်ရှိ ဆောင်ရွက်နိုင်သာနေရာများ ။
G2G (ONE STOP CENTRE)
*******************************
LRT KALANA JAYA ဘူတာတွင်ဆင်းပြီး KALANA JAYA IMMIGRATION ,
Kelana Center point (PLAZA GLOMAC ) သို့ တက္ကစီစီးပါ (သို့) T624 Bus ကားစီးပါ။
သင့်လုပ်ငန်းရှင် စုံစမ်းရန်ရှိပါက
ဖုန်း - 0378874724
မြန်မာများစုံစမ်းလိုပါက -0182688007
(ရုံးချိန်အတွင်းသာ ဆက်သွယ်ပါရန်)
EVERFINE SERVICE COMPANY
************************************

OSC တည် ရှိရာ Kalana Jaya လဝက ရုံးအပေါ်ထပ် နေရာ
 
MASJID JAMEK LRT ဘူတာအနီး ၊ အမှတ် ၁၉ - ၂၁ ၊ JALAN TUN PERAK , KL.
032064075 , 0320264076
0183559540
(ရုံးချိန်အတွင်းသာ ဆက်သွယ်ပါရန်)
သို့စုံစမ်းနိုင်ပါသည် ။
ယနေ့လာရောက် လျှောက်ထားသူ များအားလုံး မြန်မာနိုင်ငံသားများချည်းဖြစ်ပြီး ပထမနေ့ဖြစ်သည့်အလျှောက် လူများနေသည်ကိုတွေ့ရသည်။
ကွာလာလမ်ပူအပြင် ၊

၁. ဂျိုဟိုး
၂. ပီနန်း
၃. မွား
၎. မြန်မာနိုင်ငံ တို့တွင်ပါ HOMME ခေါ် မြန်မာနိုင်ငံသားများ 
 
မလေးရှားတွင်ပါမစ်ရရှိရန်ဆောင်ရွက်သည့်နေရာများဖွင့်လစ်ထားကြောင်းလဲသိရသည် ။
အဆိုပါ နေရာများ၏ လိပ်စာအား မနက်ဖြန် ဆက်လက်ဖော်ပြပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ အတွက် ယခု ပါမစ်ပေးသည့် အစီအစဉ်အား နေ့စဉ် တင်ဆက်ပေးသွားပါမည် ။
 
 လက်ဗွေနှိပ်ရန်စောင့်ဆိုင်းနေသော မြန်မာနိုင်ငံသားများ
 

www.facebook.com/mmrinmy
အား ကလစ်ကာ like လုပ်ထားနိုင်သည် ။
‪#‎မလေးရှားရောက်မြန်မာများ‬ Official Facebook မှတင်ဆက်သည် ။

PHOTO : #မလေးရှားရောက်မြန်မာများ OFFICIAL PAGE
www.facebook.com/mmrinmy

Posted By ဝေယံစိုး23:10

IOS 7.1 အတွက် ဖြန့်ချိခဲ့သည့် PANGU UNTETHERED JAILBREAK ကို သတိဖြင့် အသုံးပြုရန်လိုဟုဆို

Filled under:



Pangu ဟုခေါ်သည့် တရုတ်အဖွဲ့တစ်ဖွဲ့က ဖြန့်ချိပေးခဲ့သည့် jailbreak tool အကြောင်းသည် အင်တာ နက်ပေါ်တွင် အလျင်အမြန်ပျံ့နှံ့လျက်ရှိပြီး ၎င်းသည် Jailbreak package installer application ဖြစ်သော Cydia ကို အောင်မြင်စွာ ထည့်သွင်းပေးနိုင်ကြောင်း သိရသည်။ အဆိုပါ jailbreak tool သည် ပြီးခဲ့သည့်နှစ်က TaiG ကဖြန့်ချိခဲ့သည့် evasi0n jailbreak နှင့် တူညီပြီး ၎င်းတွင် တရုတ် pirated app installer တစ်ခု ပါဝင်လာသည်။ 

Pangu jailbreak tool ကို Pangu team ၏ ဝက်ဘ်ဆိုက်ဖြစ်သော http://pangu.io တွင် ရယူနိုင် သည်။ လက်ရှိတွင် ၎င်း tool ကို Windows ပေါ်တွင်သာ အသုံးပြုနိုင်သည့် .exe installer တစ်ခုတည်း သာ ဖြန့်ချိထားသည်။ ဖိုင်အရွယ်အစားမှာ 70MB ရှိသည့်အတွက် အနည်းငယ် သံသယဖြစ်ဖွယ်ရှိနေခြင်း ဖြစ်သည်။ 

သို့သော်လည်း အွန်လိုင်းမှ ဖော်ပြချက်များအရ Pangu jailbreak tool တွင် pirated app installer ပါဝင် သည့်တိုင် တိုက်ရိုက် အန္တရာယ်ဖြစ်စေမည့် ရည်ရွယ်ချက်များ မပါဝင်ကြောင်း သိရသည်။ နာမည်ကျော် jailbreak developer ဖြစ်သည့် iH8sn0w ကလည်း Pangu တွင် spyware နှင့် အန္တရာယ်ရှိသည့် လမ်းကြောင်းများ မပါဝင်ကြောင်း ၎င်း၏ Twitter မှတစ်ဆင့် အတည်ပြုခဲ့သည်။ 

 

Mac သုံးစွဲသူများအတွက် Pangu jailbreak tool ကို မကြာခင်အသုံးပြုနိုင်ဖွယ်ရှိပြီး Pangu ဝက်ဘ်ဆိုက် တွင် OS X version အတွက် လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။ 


Ref: 9to5mac Internet Journal

Posted By ဝေယံစိုး18:15

ANDROID WEAR စမတ်နာရီကို GOOGLE I/O တွင် SAMSUNG မိတ်ဆက်မည်

Filled under:



ဇွန်လ ၂၅ ရက်တွင် ကျင်းပမည့် Google ၏ developer conference တွင် Samsung က ကုမ္ပဏီ၏ ပထမဦးဆုံး Android Wear ထုတ်ကုန်ကို မိတ်ဆက်ရန် စီစဉ်နေကြောင်း CNET က ဖော်ပြခဲ့သည်။ အဆိုပါ Android Wear ထုတ်ကုန်သည် စမတ်နာရီတစ်ခု ဖြစ်ပြီး လွန်ခဲ့သည့်နှစ်က Samsung မှ ဖြန့် ချိခဲ့သည့် Gear ထုတ်ကုန်များနှင့် တူညီသည်ဟု ဆိုသည်။ 

Samsung သည် ကုမ္ပဏီပိုင် ချစ်ပ်များဖြင့် Android Wear စမတ်နာရီကို ဖန်တီးလျက်ရှိသလို Qualcomm ၏ ပရိုဆက်ဆာများဖြင့်လည်း အခြား အမျိုးအစားများကို တည်ဆောက်လျက်ရှိသည်။ သို့သော်လည်း Google I/O တွင် Samsung က မည်သည့် ထုတ်ကုန်အမျိုးအစား မိတ်ဆက်ပြသမည်ကို အသေအချာ မသိရသေးပေ။ Android Wear သည် စမတ်နာရီနှင့် အခြားသော ဝတ်ဆင်နိုင်သည့် ထုတ် ကုန်များအတွက် Google က ဖြန့်ချိထားသည့် operating system တစ်မျိုး ဖြစ်သည်။ 

စမတ်ဖုန်းများနှင့် tablet ကွန်ပျူတာများ၏ တင်ပို့ရောင်းချမှုနှုန်း တိုးတက်မှု နှေးကွေးလာချိန်တွင် ကုမ္ပဏီ များက ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များဖြင့် ဈေးကွက်သစ်ချဲ့ထွင်ရန် စီစဉ်လာကြသည်။ ဈေးကွက်သုတေ သနအဖွဲ့ IDC ၏ ဧပြီလ အစီရင်ခံစာအရ ယခုနှစ်ကုန်တွင် ကမ္ဘာတစ်ဝန်းသို့ ဝတ်ဆင်နိုင်သည့် ထုတ် ကုန် ၁၉ သန်းကျော် ရောင်းချရဖွယ်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း တင်ပို့ရောင်းချမှု ၁၁၁.၉ သန်းအထိ ရှိလာနိုင်ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း အဆိုပါ ပမာဏသည် ပြီးခဲ့သည့်နှစ် က စမတ်ဖုန်း ၁.၇ ဘီလီယံ ရောင်းချခဲ့ရသည့် ပမာဏဖြင့် နှိုင်းယှဉ်လျှင် နည်းပါးလျက်ရှိသည်။ 

Samsung နှင့်အတူ LG နှင့် Motorola ကလည်း Android Wear ထုတ်ကုန်ကို developer conference တွင် မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရသည်။ 


Ref: CNET Internet Journal

Posted By ဝေယံစိုး00:02

IWATCH မှာ ခန့်မှန်းထားသည်ထက် အချိန်စောစီးစွာ ထွက်လာနိုင်ဖွယ်ရှိ

Filled under:



Apple ၏ iWatch စမတ်နာရီသည် ခန့်မှန်းထားသည့် အောက်တိုဘာလထက် စောစီးစွာထွက်ရှိ လာနိုင်ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ Apple သည်စမတ်နာရီ ထွက်ရှိမည့် ပထမနှစ် တွင်ပင် အလုံးရေ သန်း ၅၀ ခန့်ကို တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း အထက်ပါ သတင်းဌာန ကဖော်ပြ သွားခဲ့သည်။ 

တရုတ် (တိုင်ပေ) ရှိ Quanta Computer ကုမ္ပဏီအနေဖြင့် ဇူလိုင်လမှစတင်၍ စမတ်နာရီအကြီးစား ထုတ်လုပ်မှုကို စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းရင်းမြစ်များကလည်း အဆိုပါနာရီတွင် ၂.၅ လက်မ ထောင့်မှန်စတုဂံ display ပါဝင်လာဖွယ်ရှိ ကြောင်းပြောဆိုထားကြပြီး စမတ်နာရီ မျက်နှာပြင် ကို ဖောင်းကြွပုံစံ ဖန်တီးရန် ထင်ရှားအောင်ဒီဇိုင်း ပြုလုပ်ထားကြောင်းလည်း သိရသည်။ အဆိုပါနာရီတွင် touch interface နှင့် ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်လာနိုင်ဖွယ်ရှိသည့်အပြင် သုံးစွဲသူ၏ သွေးခုန်နှုန်းစောင့်ကြည့်ပေးမည့် sensor လည်းပါဝင်လာဖွယ်ရှိသည်။ 

ယခုအခါတွင်လည်း Apple ၏ စမတ်နာရီထုတ်လုပ်မှု စတင်ရန် Quanta ကုမ္ပဏီအနေဖြင့် စမ်းသပ် ထုတ်လုပ်မှုများ စတင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ 


-စိုးထက်

Ref : BGR Internet Journal အတွဲ (၁၅)၊ အမှတ် (၂၄)

Posted By ဝေယံစိုး00:01

Friday 20 June 2014

တူတာရွှေ့မယ်

Filled under:

တူတာရွှေ့မယ်

ဗားရှင်း - ၅.၂
ဖိုင် အရွယ်အစား - ၁.၈၃ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂နှင့်အထက်
ကူးယူသည့် အရေ အတွက် - 116
တူဥ၁ီသော အရာလေးများကို အပေါ်အောက်သော်လဥ၁်းကောင်း ၊ ဘေးတိုက်သောလဥ၁်းကောင်း သတ်မှတ်ထားသောအချိန် အတွင်းမှာ ၃ လုံးတန်းအောင်ဆက်ပေးရသော ဂိမ်းကစားနဥ၁်းဖြစ်ပါတယ်။ တခြားဂိမ်းများနှင့်မတူဥ၁ီသော အရာတစ်ခုမှာ အရ၀တ္ထုများမတူဥ၁ီသော်လဥ၁်း လိုချင်တဲ့နေရာရောက်အောင် အပေါ်အောက် (သို့) ဘေးတိုက်ရွှေ့၍ ကစားနိုင်ပါတယ်။

Posted By ဝေယံစိုး02:49

ခွန်ဆာမ်လောနှင့် နန်းအို့ပိမ်

Filled under:

ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၈.၃၆ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
ကူးယူသည့် အရေ အတွက် - 154
ခွန်ဆာမ်လော နှင့် နန်းအို့ပိမ် တို့ ချစ်သူ နှစ်ဦး၏ ကြည်နူး၊ ဆွတ်ပျံ့၊ ကြေကွဲ၊ ဝမ်းနည်းဖွယ် ရှမ်းတိုင်းရင်းသား ရိုးရာ ပုံပြင်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်သော အသုံးချ ပရိုဂရမ် တစ်ခု ဖြစ်ပါတယ်။

Posted By ဝေယံစိုး02:47

ပဌာန်းတရားတော်

Filled under:

ပဌာန်းတရားတော်

ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၃၇.၉ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
ကူးယူသည့် အရေ အတွက် - 112
ပဌာန်းတရားတော် အကျယ်ရွတ်ဖတ်နဥ၁်းကို နိုင်ငံကျော် ဓမ္မကထိက ကြာနီကန် ဆရာတော် ဦးဇဋိလ ၏ ရွတ်ဆိုသံ ၊ ပါဌိ အသံထွက်ရွတ်ဖတ်နဥ၁်း တို့ဖြင့် ဖော်ပြထားသော အသုံးချပရိုဂရမ်တစ်ခုဖြစ်ပါတယ်။

Posted By ဝေယံစိုး02:45

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ မသိသေးတဲ့သူတွေအတွက်ပါ.....

Filled under:

22.4.2013


၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...


၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...



၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...

Posted By ဝေယံစိုး02:36

Thursday 19 June 2014

ASUS ZENFONE 4 ဖုန်းတွေကို ROOT လုပ်နည်း

Filled under:

ဈေးသက်သာပြီး သုံးလို့လည်း အဆင်ပြေတဲ့ ASUS ZenFone 4 ဖုန်းတွေ ကိုင်ဆောင်တဲ့ ဘော်ဒါတွေအတွက်ပါ...
ဒီ Asus ဖုန်းက နဂိုမြန်မာဘာသာ ပါလာပေမဲ့ ယူနီကုဒ်ကြီးဖြစ်တဲ့အတွက် Zawgyi ကိုဖတ်ဖို့ အဆင်မပြေတော့ပါ...
 ဒါကြောင့် Zawgyi Font ကို သွင်းဖို့ မဖြစ်မနေ Root ဖောက်ရတော့မှာပါ ဒီ Zenfone4 က Root Tools တွေနဲ့ Root ဖောက်လို့ မရပါဘူး... ဒါကြောင့် Root ဖောက်ချင်တဲ့ ဘော်ဒါတွေ လိုအပ်တဲ့ဖိုင်လ်တွေ အောက်မှာဒေါင်းယူလိုက်နော်...

ကဲ...  ဒေါင်းလို့ အဆင်ပြေပြီဆိုရင် Usb Driver ကိုအရင်းသွင်းလိုက်ပါ ပြီးရင် Root zip ကို zip ဖြည်လိုက်ပါ..
ပြီးရင် ဖုန်းကို usb setting တွေ ပြင်ပေးလိုက်ပါ ....
ပြီးရင်ဖုန်းကိုဘက်ထရီခဏ ထုတ်လိုက်ပါ... ပြီးရင် Droidboot Mode ခေါ်ဖို့ အတွက် စောစောကထုတ်ထားတဲ့ ဘက်ထရီ ပြန်ထည့်ပါ... ပြီးရင်  vol up ကိုအရင်ဖိပြီး power ကိုပြိုင်တူ ထပ်ဖိပါ.... ဒါဆို asus logo တက်လာပြီး စက်ရုပ်ပုံတက်လာရင် usb ကြိုးချိတ်ဆက်ပေးလိုက်ပါ...
 ဒါဆို
Ready for download စာတန်းတက်လာရင် Droidboot mode တက်လာပါပြီ ဒါဆို စောစောက zip ဖြည်ထားတဲ့ Root ဖိုင်လ်တွေကိုဖွင့်လိုက်ပါ ဒီပုံတိုင်းတွေ့ ရပါမယ်...
ပြီးရင် open နေရာမှာနှိပ်ပေးလိုက်ပါ ဒီလို cmd box တက်လာပါမယ်..
အဲ့ဒီ box အကွက်ထဲမှာ အောက်က စာတန်းတွေ copy ကူးပြီး ရိုက်ထည့်ပေးလိုက်ပါ

fastboot flash update root_v2_zenfone4_v4.2.0.zip 

ပြီးရင် Enter ရိုက်ပေးလိုက်ရင် cmd ကသူဟာသူ root zip ကို flash ပေးသွားမှာပါ Flash လို့ အောင်မြင်ပြီဆိုရင် ဖုန်းက reboot ကျသွားပါမယ်...

Reboot ကျပြီး ခဏနေပြန်တက်လာရင် Root လုပ်ဖို့ အောင်မြင်ပါပြီ..
post by : SmartGhost

Posted By ဝေယံစိုး23:09

Uniblue SpeedUpMyPC 2014 v6.0.3.10 With LicenseKeys

Filled under:

Updateထွက်ရှိလာတယ် SpeedUpMyPC ဆိုတဲ့အတိုင်း စက်တစ်ခုလုံးကို တည့်ငြိမ်ပြီး မြန်ဆန်အောင် optimize လုပ်ပြီး ပြုပြင်နိုင်ပါတယ်။Memory ပြဿ     နာကို မလိုအပ်တဲ့ဖိုင်များကိုဖျက်ပေးပြီး အင်တာနက်မြန်ဆန်အောင်လည်း လုပ်ဆောင်ပေးပါတယ်၊Startup programs များရဲ့အရှိန်ကိုမြှင့်တင်ပေးပြီး System ကိုစောင့်ကြည့်ပေးပါတယ်၊ကွန်ပြုတာထဲက Resources အားလုံးကိုအလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်၊
ဒီဆော့လ်ဝဲကို Windows XP, Vista, 7, 8 တင်ထားတဲ့စက်မှာအသုံးပြုနိုင်ပြီး
လုပ်ဆောင်ချက်များကိုအောက်မှာဖတ်နိုင်ပါတယ်၊အဆင်ပြေပါစေ။

Posted By ဝေယံစိုး23:07

$ပေးဝယ်ရမယ့် Viber Scticer 43ခုကို Free ရယူနိုင်တဲ့ - Viber Sticker Enabler v4.0 Apk (New Version)

Filled under:

Stickers-Mayo-Blu

Viber Sticker Enabler ဗားရှင်းအသစ်ကိုထပ်မံရေးသားထားပါတယ်။ ယခု version အသစ်မှာတော့ဝယ်ရ မယ့် နောက်ဆုံးထွက် Sticker အသစ် ၁၀ ခု ထပ်ထည့်ပေးထားပါတယ်။ Viber Sticker Market ကနေ၀ယ်ယူသုံးစွဲရမယ့် Sticker စုစုပေါင်း ၄၃ ခုကို ဒီ app ကိုအသုံးပြု၍ ၀ယ်စရာမလိုဘဲ free ရယူနိုင် ပါတယ်။ အခု version အသစ်ကိုရေးဖို့အတွက် အသစ်ထွက် sticker အသစ် ၁၀ ခုကို ဒေါ်လာ ၂၀ ဖိုး အကုန်ခံဝယ်ပြီး ထည့်ပေးထားပါတယ်။ Viber Sticker Enabler v4.0 for Android (New Version) ကို အောက် က link ကနေရယူနိုင်ပါတယ်။

Viber Sticker Enabler ကိုအသုံးမပြုခင်မှာ Viber ဆော့ဝဲထဲကနေထွက်ထားပါ။ (Background Process မှာပင် Run မနေစေအောင်ထွက်ထားပါ) ပြီးရင် Viber Sticker Enabler ဆော့ဝဲကိုဝင်ပြီး " Hack Me " ကိုနှိပ်ပြီးတာနဲ့ Viber ဆော့ဝဲထဲပြန်ဝင်ပြီး Sticker Market ထဲက Paid Sticker တော်တော်များများကို Free ရယူနိုင်ပါပြီ။ ပိုက်ဆံနဲ့ဝယ်ရမယ့် Sticker ထဲဝင်လိုက်တာနဲ့  Download လုပ်ပြီးဖြစ်ပါလိမ့်မယ့်။ Viber Sticker Enabler Application သည် Myanmar Mobile App Store (www.myanmarmobileapp.com) ၏ Product တစ်ခုဖြစ်ပြီး ဒီ Application မှာ အသုံးပြုထားတဲ့ Sticker Hacking Method အနေနဲ့ ကိုထူးဇော်ဖြိုး ရဲ့ Viber Sticker Hacking Method ကိုအသုံးပြုထားခြင်းဖြစ်ကာ Viber Sticker Enabler Application အားရေးသားသူမှာ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်သည်။ Viber Sticker Enabler v4.0 For Android ကို Download ရယူလိုသူများအတွက် အောက်က Link ကနေရယူနိုင်ပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ ။
သက်နိုင်စိုး (Myanmar Mobile App Store)


  

   

Posted By ဝေယံစိုး23:05

အရောင်ရှစ်မျိုးပါဝင်တဲ့ - Frozen Keyboard Colourful

Filled under:


Android ဖုန်းတွေမှာ English & Myanmar Keyboard ကိုအသုံးပြုဖို့အတွက် Forzen Keyboard အရောင် ရှစ်မျိုးကိုတင်ပေးလိုက်ပါတယ်ဗျာ။ အထဲမှာ မိမိနှစ်သက်တဲ့အရောင်ကိုရွေးချယ်အသုံးပြုနိုင်အောင် အရောင် တစ်မျိုးကို Apk တစ်ခုစီခွဲပြီးတင်ပေးလိုက်တာပါ။ ပုံမှန်အတိုင်းသုံးရုံပါပဲ အရောင်လေးတွေနဲ့ဆိုတော့ ပိုလန်းတာပေါ့နော်။ Android OS 2.3.6 နှင့်အထက်ဖုန်းများမှာအသုံပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Posted By ဝေယံစိုး23:03