Friday 26 April 2013

“နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာဘုရား ဖြစ်တော်စဉ်” ဓမ္မဒါနအဖြစ်ထပ်ဆင့်မျှဝေပေးပါ

Filled under:


အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...

၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။

၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။

၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။

၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။

၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။

၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။

၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။

၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။

၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်

အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။

*အရိမေတ္တေယျမြတ်စွာဘုရား*

ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလ၀ံသကို အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန့်တော့လိုက်ပါတယ် ဘုရား

ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါး ဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် "အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။"

အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ် …သုံးချက်ထဲပါ

၁။ မကောင်းမှု ကိုရှောင်ရမယ် ။

၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။

၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။

ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။

နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း...

အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။

ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..

(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)

(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း

(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ

(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး

(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီး ခုနစ်ရက်သာနေရခြင်း

ပဋိသန္ဓေယူုခြင်း...

ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့် တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။

ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့" ဟူသောစကားကိုအရပ်လေးမျက်နှာကို ကြည့်ပြီးပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...

အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့ လူသားတွေမျက်စိဖြင့် စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင် ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသော ပြာသာဒ်လေးဆောင် ပေါ်ပေါက်လာလိမ့်မည်။ ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။ ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ေ ထာင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ ဖြင့်ဖျော်ဖြေကြလိမ့်မည်။

အဇိတမင်းသားအိမ်ထောင်ပြုခြင်း...

အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွမြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော်ဖွားမြင်ခြင်း...

အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့ သားယောကျာ်းလေးမွေးဖွားလိမ့်မယ် ။

နိမိတ်လေးပါးမြင်ခြင်း...

ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့် မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့် မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။

အဇိတမင်းသားတောထွက်တော်မူခြင်း...

အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။

သဗ္ဗညုတဥာဏ်ရသည့်အချိန်...

ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တို င်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။

ဓမ္မစကြာတရားဟောကြွခြင်း...

ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။

ဘုရားရှင်၏တန်ခိုးတော်...

ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။

ရုပ်မြင်သံကြားမေတ္တေယျဘုရား...

အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။ နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။

လူနတ်ဗြဟ္မာသတ္တဝါအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းပြီး ရောဂါခပ်သိမ်းကင်းဝေးနိုင်ကြပါစေ...

       +++++KO WIN GA BAR ++++++++++Ma Kuu Yuu Faw Pya THE+++++

Posted By ဝေယံစိုး00:44

Sunday 21 April 2013

ZawGyi Font for Windows

Filled under:


Windows အတွက် ZawGyi Font  For 32bit အတွက်ရော 64bit အတွက်ပါ ပါတယ်ခင်ဗျ....



DOWNLOAD LINKS:

Posted By ဝေယံစိုး23:24

Driver Genius Professional 12.0.0.1211 ( 14 MB )

Filled under:


အရင်ဆုံးပြောလိုတာက မိမိစက်မှာ အင်တာနက် ချိတ်ဆက်ထားဖို့လိုအပ်ပါမယ်..ပြီးရင် ဒီ Software အသုံးပြုပြီး မိမိကွန်ပျူတာအတွက် လိုအပ်တဲ့ နောက်ဆုံးပေါ် Driver တွေကို Update ရယူနိုင်ပါမယ်..
Driver တွေ Update ဖြစ်ရင် မိမိရဲ့ ကွန်ပျူတာလေးဟာလည်း အရင်ကထက် လုပ်ဆောင်မှုကောင်းမွန်
လာပါလိမ့်မယ်.. :-)
                                             
                              Crack ဒေါင်းရန်
                              SETUP ဒေါင်းရန်

Posted By ဝေယံစိုး23:20

PowerISO 5.6 + Keygen Full Version

Filled under:



ဒါလေးကတော့ အသုံးဝင်ဆော့ဝဲတွေကို iso images အဖြစ် ဘမ်း ချင်ရင် သုံးတဲ့

ဆော့ဝဲ လေးပါ ဥပမာ။ ဝင်းဒိုး ခွေတွေ ဘမ်းတဲ့ အခါမှာသုံးပါတယ်

keygen လေးကို ဖြည်တော့မယ် ဆိုရင်တော့ Antivirus ကို ပိတ်ထားဖို့တော့ လိုမယ်နော်

update အသစ် လေးထွက်လာလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်


Posted By ဝေယံစိုး22:23

Android Phone မှာ ငွေလက်ကျန်စစ်ပေးနိုင်တဲ့ 1st MM Balance v1.0

Filled under:



Android Phone တွေမှာ Click တစ်ချက်နှိပ်ရုံနဲ့ ငွေလက်ကျန်ကိုစစ်ပေးနိုင်တဲ့ Application လေးတစ်ခုမျှ
ဝေပေးလိုက်ပါတယ်ဗျာ။ တချို့ကတော့ပြောကြမှာပါ ဒါက အပိုပါဘဲ မလိုပါဘူးလို့ပြောကြမှာပါ။ အပိုမ
ဟုတ်ဆိုတာကို သုံးကြည့်လိုက်ရင်သိသွားမှာပါ။ ဖုန်းမှာ နံပါတ်တွေနှိပ်ပြီး အချိန်ကုန်စရာမလိုတော့ဘူး
ပေါ့ဗျာ။ ငွေလက်ကျန်စစ်ရုံနဲ့တင်မဟုတ်ပါဘူး။ ဖုန်းငွေဖြည့်တဲ့နေရာမှာလည်း လွယ်ကူလျှင်မြန်စွာ ငွေ
ဖြည့်နိုင်ပါတယ်ဗျာ။ ကျွန်တော်စစ်သုံးပြီး သဘောကျလွန်းလို့မျှဝေပေးလိုက်တာပါ။




Posted By ဝေယံစိုး22:20

၁၅ဝဝ ကျပ်တန် CDMA-800 MHz ဆင်းကတ်သုံး မိုဘိုင်းလ်ဖုန်းများ MECTel အမှတ် တံဆိပ်ပါ ကြိုတင် ငွေဖြည့် ကတ်ဖြင့်သာ အသုံးပြု နိုင်မည်

Filled under:


ရန်ကုန် ဧပြီ ၁၉
ငွေကျပ် ၁၅ဝဝ တန်ဖိုး သတ်မှတ်ထားသော CDMA-800 MHz ဆင်းကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့်
ဧပြီ ၂၄ ရက်မှ စတင် ရောင်းချပေး မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
မကြာမီရက် အတွင်း စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ CDMA-800 MHz ဆင်းကတ်များသည် လက်ရှိမိုဘိုင်းလ် တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA-800 MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ကြေညာချက်တွင် ဖော်ပြ ထားသည်ကို တွေ့ရသည်။
MECTel တံဆိပ်ပါ DMA-800 MHz ဆင်းကတ်များ အသုံးပြုသော မိုဘိုင်းလ် တယ်လီဖုန်း များသည် အသစ်ထုတ်လုပ် ရောင်းချမည့် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့် တယ်လီဖုန်း ဆက်သွယ် ပြောဆိုခငွေ ဖြည့်တင်းမှသာ ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ MECTel အမှတ်တံဆိပ်ပါ CDMA-800 MHz မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ် များကို ပြည် နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်း ဆိုင်ကြီးများနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Posted By ဝေယံစိုး02:44

Soldier vs Aliens Premium v1.1.2 (Android APK)

Filled under:




One soldier against a swarm of violent aliens. Hold your position fighting off wave after wave of invaders and clear the area of aliens.
Switch off your brain and grab your weapons: rifle, shotgun, railgun, laser, grenades, flame thrower… You have only one obligation: to kill everything!!!
It’s going to be a carnage and that's exactly what you need…

Screenshot

Requirements: Android 2.2 and up

Features
  • A simple concept: defend your position and kill all the aliens!
  • Magnificent art design with perfectly hand-drawn 2D backgrounds, characters and aliens
  • 50 levels with various objectives: clean areas, save scientists, hold your position, kill the queens…
  • Explore different levels: labs, orbital stations, subways, undergrounds…
  • Customize and improve every part of your armor
  • A large choice of weapons (shotgun, railgun, laser, flame thrower…)
  • Survival mode with unlimited waves of enemies
  • Look at your face getting hurt…

Link download
Mirror via BillionUploads
Mirror via Sharebeast
Mirror via TusFiles

Posted By ဝေယံစိုး02:37

Windows 7 SP1 41 in 1 AIO (x86/x64) Integrated March 2013

Filled under:





FREE Download Windows 7 SP1 AIO Full Version - Win 7 AIO adalah paket all in one installer windows 7 yang berisikan semua varian operating system Windows 7 seperti di antaranya: starter, home basic, home premium, professional, ultimate dan enterprise. Ini merupakan versi terbaru dari OS windows 7 yang sudah terintegrasi dengan update-an dari microsoft sampai dengan bulan maret 2013, di samping itu OS ini merupakan versi PreActivated atau sudah otomatis teraktivasi sehingga anda tidak perlu repot-repot lagi mencari ataupun menggunakan aktivator agar dapat menggunakan Operating system ini secara bebas.

Screenshot

Info
This release is the best you could find on the net, because it's just simple:
  • No Windows 7 Settings were harmed in the making of this ISO.
  • No Programs are added to Windows.
  • No Unattended Settings were added to the installation.
  • No Registry Settings were modified.
Installation Indexes:
  • Windows 7 Starter SP1 32-bit / WinLoader / OEMLoader
  • Windows 7 Home Basic SP1 32-bit / WinLoader / OEMLoader
  • Windows 7 Home Premium SP1 32-bit / WinLoader / OEMLoader
  • Windows 7 Professional / N SP1 32-bit / WinLoader / OEMLoader / KMS-SS
  • Windows 7 Ultimate SP1 32-bit / WinLoader / OEMLoader
  • Windows 7 Enterprise / N SP1 32-bit / KMS-SS
  • Windows 7 Home Basic SP1 64-bit / WinLoader / OEMLoader
  • Windows 7 Home Premium SP1 64-bit / WinLoader / OEMLoader
  • Windows 7 Professional / N SP1 64-bit / WinLoader / OEMLoader / KMS-SS
  • Windows 7 Ultimate SP1 64-bit / WinLoader / OEMLoader
  • Windows 7 Enterprise / N SP1 64-bit / KMS-SS
  • Added WinLoader and OEMLoader Indexes on non-N except Enterprise.
  • Added KMS-SS Indexes to Pro, Pro N, Enterprise, Enterprise N.
  • Default Keys were added with /set-productkey passes for Loader indexes and gVLK keys were added to KMS-SS indexes to clear any confusion.

Link download
Mirror via PutLocker (6.70 GB Interchangeable)
Mirror via UPaFile (6.70 GB Interchangeable)
Mirror via BillionUploads (6.70 GB Interchangeable)
Password: koskomputer.blogspot.com

Installation
1. Unrar 
2. Burn ISO file into a DVD with MINIMAL speed.
3. Install as normal. IF asked for a key leave it empty.
4. After the system is ready use Windows and ENJOY.

Posted By ဝေယံစိုး02:32

Stardock Start8 1.15 Final (Full)

Filled under:


Start8 includes support for “jump lists”/recent documents for recently accessed programs (Devices, Documents, Music, Videos, Photos, Computer, and more). Pin favorite desktop and Metro apps shortcuts directly to the start menu for easy access. Stardock Start8 adds searchable Windows 8-style (Modern UI) Start menu options for Windows desktop applications, Modern applications, and documents. It allows automatically load directly to your Windows desktop on login (vs the start screen). In addition, you can also easily shutdown your PC without needing to access another menus.

Stardock Start8 Features:

• Windows 7-style Start menu with Windows 8 enhancements
• Pin desktop and Modern UI apps
• Jump list support
• Unified Search for Apps, Settings and Files
• Boot directly to the Windows 8 desktop
• Automatically matches the color of the taskbar
• Skinnable Start button
• Windows 8 Start screen accessible from the Start Menu
• Optionally disable the Windows 8 desktop “hot spots”
• Adds option for WinKey to show fullscreen metro desktop
• Group Policy support
Control:
• Configurable Start menu size
• Windows 8 Start screen accessible from the Start menu
• Clean, streamlined UI enhances Start8′s usability
Customization:
• Optionally disable the desktop Windows 8 “hot spots”
• Supports WindowFX 5.1 start menu animations (currently in beta)
• Choose a custom Start button skin and color
System Requirements: Windows 8 or Windows Server 2012.
Changes in Stardock Start8 1.15:
- optionally view the taskbar when using fullscreen Windows 8-style menu

Programs: Direct Link
Patch/Keygen/Serial: Direct Link

Posted By ဝေယံစိုး02:15

Android Phone မှာ သီချင်းနှင့်ဗီဒီယိုတွေကို ဒေါင်းလုပ်ဆွဲပေးနိုင်တဲ့ Music Video Downloader v1.0

Filled under:


http://img.1mobile.com/web/screenshot/6/3/d16aa140a9dacdb6a0e6a85270e32d82.png

ကျွန်တော်တို့ လူသုံးများနေတဲ့ Android Phone နဲ့ Tablet တွေမှာ အင်တာနက်ကနေတဆင့် Video တွေ
Music တွေကို ကြည့်နိုင် နားထောင်နိုင်ပါတယ်။ ဒါပေမယ့် မိမိသဘောကျတဲ့ Video နဲ့ Music တွေကို
ဒေါင်းယူထားဖို့ Application တစ်ခုတော့လိုအပ်ပါတယ်။ အဲဒီ Application တွေကလည်း ရှိတော့ရှိပေမယ့်
အသုံးပြုရတာအဆင်မပြေပါဘူး။ အခုလည်း Facebook ကနေတဆင့် တောင်းလာတဲ့ အကိုတစ်ယောက်
အတွက် ထပ်ရှာရင်းမွှေရင်းနဲ့ အခုလို All Video & Music Downloader/Player လေးတစ်ခုကိုရှာတွေ့သွား
တာပါ။ တော်တော်လေးကိုအသုံးဝင်ပါတယ်။ နောက်ဆုံးပေါ် Video တွေ Music တွေကို ကြည့်နိုင်ဒေါင်းနိုင်
ပါတယ်ဗျာ။ မိမိသဘောကျတဲ့ Video / Music ကိုဖွင့်လိုက်တာနဲ့ Download or Watch ဆိုပြီး Box ပေါ်လာ
မှာပါ။ အဲဒီအချိန်မှာ မိမိ လိုသလို အသုံးပြုနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေဗျာ
                                                               
                                                              Download Now

Posted By ဝေယံစိုး00:21

Ravensword Shadowland 1.21 APK For Android OS

Filled under:



အခုတင်ပေးလိုက်တဲ့ Android Game ကတော့ လုံးဝကြီးကို အလန်းဇယားကြီးဗျာ။ ပုံကိုမြင်လိုက်တာနဲ့
တင်ဘဲသိနိုင်ပါတယ်။ ဇာတ်လမ်းသွားနဲ့ Game ကောင်းကောင်းကစားချင်သူတွေ နဲ့တိုက်ရခိုက်ရ၀ါသနာ
ပါသောသူငယ်ချင်းများအတွက် အကြိုက်တွေ့စေမယ့် Game ပါ။ Resolution ကတော့ HD ရုပ်ထွက်ဆို
တော့ တော်တော်ကြီးကို အရသာရှိရှိကစားရမှာပါ။ ကောင်းမှာပေါ့ဗျာ System Requirement ကိုလည်းကြည့်
လိုက်ဦးလေး Android OS 4.0 နှင့်အထက်ဖုန်းများမှာသာကစားနိုင်တဲ့ Game ဖြစ်ပါတယ်။ နမူနာအနေနဲ့
အောက်မှာ Screen Shoot ရိုက်ပြီးတင်ပေးလိုက်ပါတယ်ဗျာ။






Posted By ဝေယံစိုး00:02

Saturday 20 April 2013

RAR Password Unlocker 4.2.0.0 Portable

Filled under:



Rar ဖိုင်တွေရဲ့ Password တွေကို ဖျက်ပစ်မယ့် Software ပါ.. တစ်ခါတစ်လေ Rar ဖိုင်တွေ ဒေါင်းထားပြီးတော့ Password မသိတော့တဲ့အခါမျိုးကြုံဖူးကြတယ်မဟုတ်လား.. ဒီကောင်လေးက ကူညီပေးပါလိမ့်မယ်.. Portable ဖြစ်တာကြောင့် Install လုပ်ရတဲ့အခက်အခဲက ကင်းဝေးသွားပြီး Memory ထဲထည့်ကာ သွားလေရာ ယူဆောင်သွားနိုင်ပါတယ်..
RAR Password Unlocker is proved to be a helpful tool when you forgot WinRAR/RAR password and cannot open the RAR archives. It can remove RAR password at high speed via 3 attack options: Brute-force, Brute-force with user-defined Mask and Dictionary. By using advanced search algorithm, multiple-core CPUs and NVIDIA-GPU etc, this RAR password recovery tool enables you enjoy faster recovery speed than other similar programs.
Key Features
Powerful Recovery Ability
Recover forgotten passwords from RAR archives encrypted by WinRAR 4.01 and its previous versions, no matter whether you encrypted file names or not.
High Password Recovery Speed
Recover forgotten RAR password at high speed, regardless of your encrypted RAR archive size.
Support multi-core CPUs and SSE to accelerate password recovery process significantly. The more CPU cores you have, the faster recovery speed you will enjoy.
NVIDIA-GPU support is newly added for accelerating recovery process efficiently. (NVIDIA CUDA-enabled device and CUDA 4.0 driver are required for GPU load.)
Program Priority is available to allocate more CPU power to RAR Password Unlocker and speed up the recovery speed efficiently.
3 Efficient Recovery Options
Brute-force Attack - Try all possible password combinations when you have no idea about it.
Brute-force Attack with Mask - Greatly reduce the recovery time by specifying the forgotten password length, character set, etc. (High Recommended)
Dictionary Attack – Recover lost RAR password by trying the password combinations in the built-in dictionary as a password. Self-created dictionary is also supported.
Auto-save Recovery State
Automatically save the recovery state every 15 minutes by default so that you can resume the RAR password recovery process after the former interruption or stop. And the auto-save time interval can be changed as you wish.
Extremely Easy and Safe Operation
With easy and intuitive interface, this enhanced RAR password recovery program allows you to easily and safely recover RAR password in 3 simple steps. No computer skills required and no any loss or damage to your RAR file. Moreover, it can automatically shut down your computer after recovery.
                                                  

DOWNLOAD LINKS:

Posted By ဝေယံစိုး23:56

Andriod Phone Pattern Lock ကျပြီးပြသနာတက်နေသူများအတွက် ဖြေရှင်းနည်း

Filled under:

Android ဖုန်းတွေမှာ Pattern Lock ကျသွားတဲ့အခါ .. ဒါမှမဟုတ် မမှတ်မိတော့တဲ့အခါ ပြန်လည် ပြင်ဆင်
နည်းလေး တင်ပေးလိုက်ပါတယ်ခင်မျာ...

Andriod Phone Patten Lockဖြည်ဖို့အတွက်ကို Software လေးကိုအရင်ဒေါင်းထားလိုက်ပါ ပြီးရင် Pမှာတင်မယ်ပေါ့...တင်လို့ပြီးရင် အဲဒီ Software လေးကိုဖွင့်ပြီးတော့ phone နဲ့တွဲပေးလိုက်ဗျာ Driver သိနေဖို့တော့လိုတာပေါ့နော်..Driver လိုအပ်နေသူများ မိမိဖုန်းနဲ့သက်ဆိုင်ရာ Driver လေးတွေကို အရင် Download ချလိုက်ပါ..






 Driver တွေဒေါင်းပြီးပီဆိုရင်...ကွန်ပျူတာမှာ Install လုပ်ပြီး လုပ်ငန်းစလို့ရပါပြီ..
 ဒါလေးကမြင်ရမယ့်ပုံလေးပါ






အဲဒါလေးကိုအခုကျွန်တော်ပြောင်းတဲ့နေရာကိုပြောင်းလိုက်ပါ အောက်ကပုံလေးကိုကြည့်ပါ..



အခုမြှားလေးတွေနဲ့ပြထားသလိုလေးပေါ့ Patten Lock လေးကိုနှိပ်လိုက်ပါ

 မျှားပြထားတဲ့အတိုင်းလေးပေါ့နော်...

 ပြီးရင်တော့ သူ့ပုံမှန်အတိုင်း Software လေးကပြန်ဖြစ်သွားပါလိမ့်မယ်...
.ပြီးရင် Phone မှာ ကြိုက်တဲ့ Patten Lock
ပုံစံကို ဆွဲပြီးရင် ဖုန်းကို PC နဲ့တွဲထားတဲ့ကြိုးကို ဖြုတ်လိုက်လို့ရပါပြီ
ဒါဆိုရင် အခု သင့်ဖုန်းက အခုဆွဲလိုက်တဲ့ Patten Lock ပုံစံဖြစ်သွားပါပြီ အရင်က မေ့နေတဲ့ပုံစံမဟုတ်တော့ပါဘူး ပြောင်းပစ်လိုက်တဲ့သဘောပါဘဲ မကြိုက်ဘူးဆိုရင်တော့လည်းဖြုတ်ပစ်လို့ရနေပြီလေ  အဲဒါနဲ့ Huawei T 8620 ကို Root လုပ်လို့ လည်းရသေးတယ်နော် နောက်လုပ်လို့ရတာတွေလည်းရှိသေးပါတယ် ကလိကြည့်ပေါ့ဗျာနော်
အားလုံးအဆင်ပြေကြပါစေဗျာ.....

Posted By ဝေယံစိုး23:19

AV Uninstall Tools Pack v 2013.03 Full Version ( 102 MB )

Filled under:


Antivirus Programs တွေကို ဟိုဟာကောင်းနိုးနိုး သည်ဟာကောင်းနိုးနိုး နဲ့ လေ့လာစမ်းသပ်ရင်း နောက်ဆုံး မိမိ စက်နဲ့ မကိုက်ညီလို့ပဲဖြစ်ဖြစ်, မလိုချင်တော့လို့ တခြား Antivirus  Program ကိုပြောင်းသုံးချင်တဲ့အခါ လက်ရှိစက်ထဲက ရှိနှင့်ပြီးသား Antivirus Program ကို အရင်ဆုံး Uninstall လုပ်ပစ်ရပါတယ် .. ဒါပေမဲ့ ဘယ်လိုUninstallre ဆော့ဝဲလ် တွေသုံးပြီး ထုတ်ထုတ် အစ,အန လေးတွေ ကျန်နေတတ်ပြီး ထုတ်မရတာမျိုး , နောက်ထပ်Antivirus Program ကိုလည်း ထပ်ထည့်မရတာမျိုးတွေ ကြုံရတတ်ပါတယ် .....။ 
အဲ့ဒီပြဿနာတွေကို ... ဒီ  AV Uninstall Tools ကရှင်းပေးနိုင်ပါတယ်..။
 နောက်ဆုံး Version လေးပါ.. နာမည်ကြီး Antivirus အမျိုး အစားပေါင်း (၄၀) ကျော် ကို မိမိ ကွန်ပြူတာထဲကနေ အပြတ်ရှင်းထုတ်ပေးနိုင်တဲ့Software ကောင်းလေးမို့ ကွန်ပြူတာ အသုံးပြုသူတိုင်း ဆောင်ထားကြစေလိုပါတယ်....။ 
 Autorun ဆိုတဲ့ .exe ဖိုင်လ်လေးကို Double Click 
ပြီးဖွင့်လိုက်ပါ။ စစချင်း Russian Language နဲ့ပေါ်နေပါလိမ့်မယ်။ ဘယ်ဘက်မှာEnglishLanguageလေးကိုနှိပ်ပြီးLanguage ပြောင်းလိုက်ပါ။ ပြီးတော့ ကိုယ် Uninstall လုပ်ချင်တဲ့  
Antivirus အမျိုးအစားကိုရွေးပြီး Uninstall ကိုနှိပ်ပါ။ ဒါဆိုရင် Antivirus ဟာ မိမိကွန်ပြူတာထဲကနေ အစ,အန မကျန်အောင် ပျက်သွားပါလိမ့်မယ်...။ နောက်ထပ် မိမိ အသုံးပြုလိုတဲ့ Antivirus Program ကိုလည်း အဆင်ပြေပြေနဲ့Install လုပ်နိုင်ပါပြီ...။ 
 Antivirus Program တွေ ဖြုတ်မရ , ထုတ်မရလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများ ပျော်ရွှင်ကြပါစေ...။


Windows 8 အတွက်ပါ ထောက်ပံ့ပေးထားပါတယ်ခင်မျာ

Posted By ဝေယံစိုး23:14