Monday 30 March 2015

ဖုန်းထဲမှာ VIDEO EDIT & CREATE ပြုလုပ်ပေးနိုင်မယ်-VIVAVIDEO PRO: VIDEO EDITOR V4.1.0 APK

Filled under:

Android ဖုန်းကိုင်းဆောင်ထားတယ်ဘော်ဒါတွေအတွက်မိမိကြိုက်နှစ်သက်တဲ့ video လေးတွေကိုအကောင်းဆုံး တည်းဖြတ်ပေးနိုင်မယ့် VivaVideo Pro: Video Editor v4.1.0apk ဗားရှမ်သစ်လေးကိုတင်ပေးလိုက်ပါတယ်။video တွေကိုမိမိလိုသလိုအလွယ်တကူတည်းဖြတ်နိုင်ပြီး မိမိကြိုက်တဲ့ video တွေထဲက မိမိကြိုက်နှစ်သက်တဲ့အခန်းလေးတွေကို ဓာတ်ပုံတွေအဖြစ်နဲ့ပါထုတ်နိုင်ပြီး video တွေကိုလဲ mp3 သီချင်းတွေဖြစ်တဲ့ audio တွေအဖြစ်သို့ပြောင်းထုတ်နိုင်ပါသေးတယ် ။ ရီစရာဟာသ Video လေးအဖြစ်လည်း ဓါတ်ပုံများ Video များကိုဖန်တီးပေးနိုင်ပါသေးတယ်။ မိမိကြိုက်တဲ့ effect လှလှလေးတွေနဲ့အလန်းစားလေး ပြင်နိုင်သလို  subtitles အနေနဲ့စာတန်းလေးတွေပါထည့်ထိုးနိုင်ပါတယ် ဒါ့အပြင်ဓာတ်ပုံတွေသီချင်းတွေနဲ့ ဖန်တီးယူနိုင်သလိုလိုင်းထဲကိုလဲတခါတည်းရှယ်နိုင်ပါတယ် ။ Feature အသေးစိတ်ကိုတော့ အောက်မှာရေးပြထားပါတယ်ဗျာ။ Application လေးရဲ့ပုံစံကိုကြည့်နိုင်ဖို့ Screen တွေ ကိုအောက်မှရိုက်ပြထားပါတယ်ဗျာ။ဒီကောင်လေး၏ဖိုင်းဆိုဒ်လေးကတော့32.46MB ဖြစ်ပြီး Android OS 2.3.3 အထက်ရှိဖုန်းများသုံးနိုင်ပါတယ်ဗျာ။ 





Ads by InfoAd Options




DOWNLOAD>>>CLICK HERE<><><>

Posted By ဝေယံစိုး18:14

ရာင်စုံ FACEBOOK

Filled under:

 
 
မင်္ဂလာပါ
  အခုတလောမှာခေတ်စား
နေတဲ့ Facebook ရောင်စုံ(၉)မျိုး ကိုတင်ပေးလိုက်ပါတယ်..
 
 
မိမိရဲ့Facebook ကို အရောင်းမျိုးစုံလေးနဲ့ပြောင်းလဲအသုံးပြုနိုင်ပါပြီ..
အဆင်ပြေမယ်ဆိုအောက်မှာ ဒေါင်းယူလိုက်ပါခင်ဗျာ
 
 
အားလုံးအဆင်ပြေပါစေဗျာ...

Posted By ဝေယံစိုး18:07

PHOTOSHOP ဖြင့်မျက်နှာများမှ ဝက်ခြံများကို ဖျက်နည်းစာအုပ် HOW TO REMOVE ACNE IN PHOTOSHOP SIZE(8.9)MB

Filled under:

Photoshop နှင့် မျက်နှာများမှ ဝက်ခြံများကို ဖျက်နည်းလေးကိုတင်ပေးလိုက်ပါတယ်။ပုံထဲကအတိုင်းဖြစ်အောင်တဲ့နည်းလမ်းလေးပါ စာအုပ်အဖြစ်ပြုလုပ်ထားပါတယ် လိုအပ်သူများဒေါင်းယူနိုင်ပါတယ်


                              DOWNLOAD>>>><><><>CLICK HERE<><><>

Posted By ဝေယံစိုး17:49

MOBILE COUNTER PRO – 3G, WIFI V3.8 APK

Filled under:

 Phone တွေအတွက်မဆောင်မဖြစ်ဆောင်ထားရမယ် Android apk ပေးပါသူငယ်ချင်းတို့ရယ်။အများအားဖြင့်အထူသတိပေးချင်းတာကာတော့ဖုန်းအင်တာနက်သုံးစွဲသူတွေ ဆောင်ထားသင့်တဲ့ဆော့ဝဲလေးပါ။ မိမိဖုန်းက အင်တာနက်ဖွင့်လိုက်ချိန်ကစပြီး အင်တာနက် data usage ဘယ်လောက်သုံးစွဲထားတယ်ဆိုတာကိုအသေးစိတ် ပြသနိုင်တဲ့ဆော့ဝဲလေးပါ။ GSM/CDMA/WCDMA အင်တာနက်အကုန်လုံးအတွက်ဒီVersion 3.8APKအသုံးပြုနိုင်ပါတယ်။ဒီကောင်းလေး၏ ဖိုင်းဆိုဒ်လေးကတော့ 1.36 MB ပဲရှိပါတယ်ဗျာ။




Ads bInfoAd Options





DOWNLOAD>>>><><>CLICK HERE<><><

Posted By ဝေယံစိုး17:47

Friday 27 March 2015

အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီက MPT ကို တရားစွဲမည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ၀န်ကြီးအပြောင်းအ လဲကြောင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုထားသည့် အချက်အလက် များကို ဆောင်ရွက်ရန် ပျက်ကွက် ခဲ့သည့်အတွက် အမေရိကန်အ ခြေစိုက်ကုမ္ပဏီတစ်ခုက စက်တင်ဘာတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကုမ္ပဏီက US မှာ ဖြစ်တဲ့ အတွက် အမေရိကန်နိုင်ငံကနေ တစ်ဆင့်သွားပြီး တရားစွဲမယ်။ လုပ်ငန်းနစ်နာမှုကြောင့် ဒါရိုက် တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကန် ဒေါ်လာ သန်း ၃၀ ရလိုမှုရယ်၊ ကျွန်မတစ်ဦးတစ်ယောက်အနေ နဲ့ နစ်နာမှုကြောင့် ကန်ဒေါ်လာ သန်း ၁၅၀ ရလိုမှုရယ် အမှုနှစ်ခုနဲ့ တရားစွဲသွားမှာ ဖြစ်ပါတယ်’’ ဟု အမေရိကန်အခြေစိုက် ကုမ္ပဏီ I.I (W.S) ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာမြတ်နုခိုင်က ပြောသည်။
I.I (W.S) သည် TT Project ဟု အမည်ပေးထားသည့် လုပ်ငန်း တစ်ခုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု စာချုပ်ကို ၁၉၉၉ ခုနှစ်က ဦး ဆောင်ညွှန်ကြားရေးမှူး ဦးမောင် မောင်တင်၊ အင်ဂျင်နီယာချုပ် ဦး တင့်လွင်နှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ဝင်းတင်တို့ ပါဝင်လက် မှတ်ရေးထိုးခဲ့ကြောင်း ၀န်ကြီး အပြောင်းအလဲ ဖြစ်ပေါ်လာသည့် အတွက် စာချုပ်ပါ အချက်များ ပျက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ မြတ်နုလွင်က ဆိုသည်။
‘‘တရားစွဲလာမယ်ဆိုရင် တော့ နိုင်ငံတော်ရဲ့ လုပ်ထုံးလုပ် နည်းအတိုင်းပဲ ဆက်သွားဖို့ ရှိပါ တယ်။ သူတို့က ဘယ်လိုပုံစံမျိုးနဲ့ တရားစွဲမယ်ဆိုတာကို အသေး စိတ်မသိရသေးတဲ့အတွက် သီး ခြားမှတ်ချက်ပေးချင်တာမျိုး မရှိ ပါဘူး’’ ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်ပဆက်သွယ်ရေး ဌာနအင်ဂျင်နီယာချုပ် ဦးစိုင်းစိုး လင်းထွန်းက ပြောသည်။
စာချုပ် ချုပ်ဆိုရာတွင် အ မေရိကန်နှင့် အိန္ဒိယတို့ ပူးပေါင်း လုပ်ဆောင်မည့် ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတွင် ဂြိုဟ်တုလှိုင်း နှုန်း မြန်မာနိုင်ငံ၏ လေနယ် နိမိတ်ပေါ်တွင် ဖြတ်သန်းသွား လာခွင့် ပြုရမည်ဖြစ်ပြီး အသုံးပြု ခွင့်အတွက် မြန်မာ့ဆက်သွယ် ရေးအနေဖြင့် တစ်မိနစ်လျှင် ကန် ဒေါ်လာ ငါးဆင့်နှုန်းရရှိမည်ဖြစ် ကာ တစ်လလျှင် ကန်ဒေါ်လာ ငါး သိန်းမှ ငါးသန်းအထိ ရရှိနိုင်မည် ဖြစ်ကြောင်း သဘောတူညီမှုများ ပြုလုပ်ခဲ့သည်။
သို့သော် လုပ်ငန်းစတင်၍ တစ်နှစ်ခွဲခန့်အကြာ ဆက်သွယ် ရေးဝန်ဆောင်မှုများ ပေးရန် စမ်း သပ်မှုများ ပြုလုပ်နေချိန်တွင် ဆက်သွယ်ရေးဝန်ကြီး အသစ် တက်လာပြီး နောက်ပိုင်း၌ အ ကြောင်းကြားခြင်းမရှိဘဲ စာချုပ် ပါ အချက်အလက်များရပ်ဆိုင်း သွားခဲ့သည့်အတွက် I.I (W.S)  အနေဖြင့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများဆုံးရှုံးခဲ့ပြီး လုပ်ငန်းအချို့လည်း ရပ်ဆိုင်းခဲ့ရကြောင်း ဒေါက်တာမြတ်နုလွင်က ပြောသည်။
‘‘လုပ်ငန်းက စဖို့အတွက် အ သံကြည်လင်မှု စမ်းသပ်နေတုန်း ပဲ။ တကယ်အသုံးပြုတဲ့အထိကို တောင် မရောက်လိုက်ဘူး။ ၀န် ကြီးအသစ်တက်လာတဲ့နောက် ပိုင်းမှာ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့လည်း အဆက်အသွယ်မရတော့ ဘာမှလည်း မသိရဘဲနဲ့ လုပ်ငန်းတွေကလည်း ရပ်ခဲ့ရတယ်’’ ဟု ၎င်းကပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သို့ အကြောင်းကြားစာ နှစ်ကြိမ် ပေးပို့ပြီး ယခုတစ်ကြိမ်တွင် တရားစွဲဆိုရန် ဆုံးဖြတ်ခြင်းဖြစ်ကာ တရားစွဲဆိုခွင့်ရရှိပါက မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုနဲ့ပတ်သက် သည့်ဆက်သွယ်မှုများ အသုံးပြုမရအောင် တားမြစ်ခြင်းမျိုးလည်း ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ဒေါက်တာမြတ်နုလွင်က ပြောသည်။
7Day News Journal

Posted By ဝေယံစိုး17:37

၂၀၅၀ အတွင်း ထွက်ပေါ်လာမည့် မိုဘိုင်းဆိုင် ရာ အိမ်တွင်းသုံးဆန်းသစ်ကရိယာများ


 လွန်ခဲ့သည့် နှစ် ဂျာမနီ အခြေစိုက် စက်မှုဆိုင်ရာ ဒီဇိုင်း ဌာန Gizmodo မှ လာမည့် ၂၀၅၀ အတွင်း ထွက်ပေါ်လာမည့် High Tech Smart Homes များကို Home of the Future ဟု ဆိုသည့် အစီအစဉ်အသစ်အနေဖြင့် လူအများ သိရန် Exhibition တခုတီထွင်တင်ပြခဲ့ပါတယ်။ ဤ သတင်းနှင့်ပတ်သက်ပြီး ဂျာမနီ အခြေစိုက် ဖြစ်တဲ့ Lamudi.com မြန်မာအတွင်း House.com.mm တီထွင် ဆန်းသစ် ကဏ္ဍ တစ်ခုအနေနှင့် တင်ပြလိုက်ပါတယ်။  


 


Wifi-Controlled Futuristic Home

ဦးစွာ Gizmodo မှ Custom Built လို့ခေါ်တဲ့ မိမိကြိုက်နှစ်တဲ့ Design ပုံစံမျိုးနှင့် ဆောက်လုပ်နိုင်တဲ့ အိမ်များကို ပထမဦးဆုံးအနေဖြင့် All in One ဆိုတဲ့ တိုက်ခန်းတခုမှာ တီထွင်တင်ပြခဲ့ပါတယ်။ တိုက်ခန်းမှာ မိမိလိုအပ်တဲ့အရာအားလုံး၊ လုပ်ငန်းဆိုင်ရာ ကိစ္စများ၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာနည်းပညာများနှင့်ပြုလုပ်ထားတဲ့ smart technology များကို အိမ်တွင်းမှာ တပ်ဆင်ထား နိုင်ကြောင်းကို ပြသသွားပါတယ်။
ဥပမာအားဖြင့် မိမိအနေဖြင့် အလုပ်မသွား နိုင်သို့မဟုတ် အစည်းအဝေးကို ကိုယ်တိုင်မတက်ရောက်နိုင်ပါ က မိမိ်ရုံးအတွင်းရှိ Telepresence  Robot ဟုခေါ်သည့် Wifi Ipad စနစ်ဖြင့်  ထိန်းထားပြီး လှုပ်ရှားသွားလာနိုင်သည့် စက်ရုပ်ကို မိမိကိုယ်တိုင် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ Interactive အပြန်အလှန်လွယ်ကူစွာ ဆက်သွယ်နိုင်ရန်ပြုလုပ်ထားပါတယ်။  စက်ရုပ်ပေါ်ခေါင်းအတွင်း မိမိ၏ ပုံကို လုပ်ဖော်ကိုင်ဖက်များအနေဖြင့် Video Camera မှ တဆင့်တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အဝေးမှ ရုပ်မြင် Visual Movement ဖြင့် လှုပ်ရှားသွားလာပြီး မိမိ၏ လုပ်ဖော်ကိုင်ဖက်များနှင့် တိုက်ရိုက် လုပ်ကိုင်ပြောဆို နိုင်သည့်လုပ်ငန်းများလည်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။ 





Telepresence Robot  

အိမ်အတွင်း တပ်ဆင်ထားသည့် Device များမှာလည်း လုပ်ဆောင်မှုပိုမို ထက်မြတ်လာမှာဖြစ်ပြီး  ဥပမာအားဖြင့် ၀ိုင်ပုလင်းများကို လည်း Automatic System ဖြင့် အဖုံး ဖွင့်စရာ မလိုပဲ သောက်နိုင်မှာဖြစ်ပါတယ်။
ပိုမိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့် သဘာဝကို အခြေခံပြီး Cellulose ဖြင့်ပြုလုပ်ထားတဲ့ အလိုအလျှောက် သန့်စဉ်ပေးတဲ့ အိုးခွက်ပန်းကန်များ ဖြစ်ပါတယ်။ ဒီတော့် အနာဂတ်မှာ ပန်းကန်ဆေးစက်ဆိုတာပျောက်ကွယ်သွားနိုင်မှာဖြစ်ပါတယ်။ ဒီထက်မက ဘီယာ ကို မိမိအိမ်တွင်း Home Made အနေဖြင့် ထုတ်လုပ်သောက်လိုပါကလည်း ဘီယာချက် နည်းကိရိယာပါ စက်များ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒီအရာတွေဟာ အခြေခံအနေဖြင့် လောလောဆယ် မှာ တီထွင်စ အခြေအနေမှာဖြစ်နေပါတယ်။ ၂၀၅၀ အတွင်းဆိုရင် တော့် ဈေးကွက်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပိုပြီး သုံးလာနိုင်မှာ ဖြစ်ပါတယ်။
လောလောဆယ်မှာ တော့် အထူးဆန်း သစ် တီထွင်တဲ့သူများမှာကြိုးမဲ့စနစ်ဖြင့် ပိုပြီး သုံးစွဲနေတာကို တွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် Barcelona မှာ ကျင်းပတဲ့ Mobile World Congress မှာလည်း မိုဘိုင်းကို အခြေခံပြီး ထိန်းချုပ်သည့်အိမ်ကို တင်ပြသွားပါတယ်။




Self-Cleaning Plates

 လာမယ့် အချိန်ကာလအတွင်း မှာလည်း  IT ကုမ္ပဏီကြီးများ မှ တီထွင်ဆန်းသစ်မှုများကို ပိုပြီး ရင်းနှီးမြုပ်နှံပြီး တီထွင်သွားမှာဖြစ်ပါတယ်။ လောလောဆယ် Tech ကုမ္ပဏီကြီးဖြစ်တဲ့ Google မှ Nest Labs ဟုခေါ်တဲ့ အိမ်တွင်းပိုင်းရှိ အပူချိန်ကို ထိန်းပေးတဲ့ Nest Smart Thermostat ကို ကန်ဒေါ်လာ ၃၂ သန်း နှင့် ၀ယ်ယူရင်းနှီးမြုပ်နှံထားပါတယ်။ တဆက်ထဲမှာပဲ Nest ရဲ့ CEO ကတော့် လာမယ့် နှစ်အနည်းငယ်အတွင်းမော်ဒန်အိမ်အားလုံးဟာ အင်တာနက် ဖြင့် ဆက်နွယ်ထားပြီး ထိန်းချုပ်ကိရိယာများမှာလည်းပိုမိုပြီး ဈေးသက်သာ အသုံးပြုလာမှာဖြစ်ပါတယ် လို့ပြောကြားသွားပါတယ်။

Posted By ဝေယံစိုး17:31