Thursday 30 October 2014

Samsung ဖုန်းတွေအတွက် Full/4Files Fimware ထုတ်ပေးမဲ့ Fimware Maker

Filled under:



image
Samsung Firmware File .tar.md5 ကို ဖိုင်စုံ Firmware / 4 Files Firmware ဖြစ်အောင်လုပ်ပေးမယ့် Utility လေးတစ်ခုပါ ...
ရဲလင်းအောင်က Shell Execution ပိုင်းကူညီပါတယ်။မြှောက်လဲမြှောက်ပေးတယ်ပေါ့။
Model စုံ အဆင်မပြေနိုင်သေးပေမယ့် နောက်ထွက်ဖို့ ရှိတဲ့ updates တွေမှာ ဒီထက်ပြည့်စုံအောင် ကျနော်တို့ လုပ်ပေးပါအုံးမယ်။
1 .tar.md5 ကို Open နှိပ်ပီးရွေးပေးပါ။
2 Unpack button ကို နှိပ်ပါ။
3 Make button နှိပ်ပြီး 4Files Firmware ထွက်လာပါလိမ့်မယ်။
Requirement ကတော့ DotNet 4.0 Framework ပါ
About dependencies:
libarchive2, bzip, ICSharpCode's ShareZipLib တို့ ရဲ့ Developer တွေကို Credit ပေးပါတယ်
Credit= Post by ဦးဦး တွိတွိ
★Download Click Here★ 

Ref:သား​ကောင်းရတနာ(နည်းပညာ)

Posted By ဝေယံစိုး00:54

Fixed Cydia Bootloop in iOS 8+

Filled under:

iOS 8+ အတွက် Jailbreak သည် ယခုအချိန်တွင် Developer များအတွက် ရည်ရွယ်ထားသည့် version ဖြစ်သည့်အလျောက် သွင်းယူ သုံးစွဲရာတွင် အခက်အခဲလေးများ ရှိနေပါသေးသည်။ 

Cydia ကလည်း တစ်ဖြည်းဖြည်းခြင်း update ပေးလာသော်လည်း ယခုအထိတော့ ပုံမှန် Jailbreak များကဲ့သို့ စိတ်ကြိုက် ချောမွေ့စွာ အသုံးမပြုနိုင်သေးပါ.. ဖြစ်တတ်သည့် ပြဿနာများထဲတွင် အဆိုးဆုံးမှာ Reboot လုပ်လိုက်သည့်အခါ Apple logo တွင် တစ်နေပြီး ရှေ့မဆက်နိုင်သော ပြဿနာဖြစ်ပြီး အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်.. 

ယခုပြဿနာကို ဖြေရှင်းနိုင်ရန် Jailbreak စလုပ်စဉ်ကထဲက Cydia ကို သွင်းယူထားပေမယ့် "Cydia" ကို လုံးဝ မဖွင့်ထားဖူး (Setup) မလုပ်ထားရသေးသော အနေအထား ဖြစ်မှသာ အလုပ်လုပ်ပါလိမ့်မယ်။ 
ဒါကြောင့်မို့ ဤနည်းလမ်းကို အသုံးပြုလိုပါက (Restore, Rejailbreak, Reinstall Cydia) လုပ်ရန် လိုအပ်ပါသည်။ 

**လုပ်ငန်းစဉ်** 

၁) move.sh file ကို ဤနေရာတွင် Download လုပ်ထားပါ။ 

၂) ထို့နောက် WinSCP နှင့် Cydia သွင်းခဲ့စဉ်ကအတိုင်း Device နှင့် ချိပ်ဆက်ပါ။ 

၃) ပုံတွင်ပြသထားသည့်အတိုင်း ညာဖက်တွင် "" ကို သွားလိုက်ပါ။ 


၎) ထို့နောက် " /usr/libexec/cydia " လမ်းကြောင်းသို့သွားပါ 


၅) "Cydia" ထဲသို့ ဘယ်ဖက်ရှိ 'move.sh' file ကို Drag & drop ဆွဲပြီး REPLACE လုပ်လိုက်ပါ။ 


၆) Device ကို Reboot လုပ်ပါ။ Cydia ကို (လုံးဝ) မဖွင့်ပါနဲ့ဦး။ 

၇) Device ပြန်တက်လာတဲ့ အခါကျရင် Cydia ကို စတင် အသုံးပြုနိုင်ပါပြီ။ 

၈) Touch ID, Find My iPhone, Passcode စတာတွေကို ပြန်လည် "Enable" လုပ်နိုင်ပါပြီ။ 

ယခုနည်းဖြင့် Bootloop ကို ဖြေရှင်းထားနိုင်ပါပြီ... 

မှတ်ချက်။ ။ Cydia ကို အသုံးပြုပြီးသားအတွက် Bootloop ဖြေရှင်းနည်းသည် ပိုမိုရှုပ်ထွေးပြီး System file များကို ပြုပြင်ရမှာ ဖြစ်လို့ အများအတွက် (တစ်ကယ် ပြဿနာတက်တာထက်စာရင် Restore,ReJB,Reinstall Cydia) လုပ်တာက ပိုမို လျှင်မြန်လွယ်ကူ ပါသောကြောင့် မသင့်လျှော်သည့်အတွက် ချန်လှပ်ထားခဲ့ပါသည်။ 

Posted By ဝေယံစိုး00:52

iOS 8 New Feature : Find My iPhone

Filled under:

Apple product မျာရဲ့ အားသာချက် တစ်ခုမှာ iOS 7 မှ စတင်ကာ ပြောင်းလဲတိုးမြှင့်လိုက်သော Activation စနစ်နှင့် Find My iPhone တို့ကြောင့် လုံခြုံရေး ပိုမိုကောင်းမွန်လာပြီး ဖုန်းစောရများကလည်း iDevice များဆိုရင် လက်ရှောင်လာကြပါတယ်။ 

မိမိရဲ့ iDevice ပျောက်ဆုံးသွားသည့်အခါ "Find My iPhone" အသုံးပြုပြီး Device ၏ တည်နေရာကို ရှာဖွေနိုင်ခြင်း၊ message လှမ်းပို့နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်.. 

ထိုအခါ မိမိ Device ကို ရရှိထားသူနှင့် ချိပ်ဆက်မိပြီး ပြန်လည် ရရှိဖို့ အခွင့်အလမ်းများပါသည်။ 

ယခင်က Find My iPhone သုံး၍ ပျောက်ဆုံးသွားသော ဖုန်း၏ တည်နေရာကို ရှာဖွေနိုင်သော်လည်း အဆိုပါဖုန်း ဘက်ထရီအား ကုန်သွားသည့် အခါမျိုးတွင်တော့ ရှာဖွေနိုင်တော့မည် မဟုတ်ချေ။ 

ယခု iOS 8 မှာတော့ Find My iPhone ရဲ့ လုပ်ဆောင်ချက်ကို ထပ်မံမြှင့်တင်လိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ကတော့ iPhone ရဲ့ ဘက်ထရီအား ကုန်ခါနီးမှာ နောက်ဆုံး တည်နေရာ Last Location ကို Apple သို့ အလိုလျှောက် ပေးပို့မှာဖြစ်ပါတယ်။ 

ဒီ Feature ကို အသုံးပြုဖို့ဆိုရင် Settings > iCloud > Find My iPhone ကို "ON" ပေးထားပြီး Send Last Location ကိုပါ "ON" ထားလိုက်ပါ။ 



အကယ်၍ iPhone ကို Airplane mode "ON" ထားခြင်း၊ WiFi, Cellular connection မရှိရင်တော့ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ 

ပျောက်ဆုံးသွားတဲ့ မိမိရဲ့ iPhone ကို ရှာဖို့ဆိုရင် Computer ကနေ iCloud dot com သို့ ဖြစ်စေ၊ မိမိ၏ အခြား iDevice မှ Find My iPhone App ကို အသုံးပြုပြီး ပျောက်ဆုံးသွားတဲ့ ဖုန်းကို ရွေးချယ်ပါ။ ထိုအခါ နောက်ဆုံး တည်နေရာ Last location ကို ဖော်ပြပေးနေပါလိမ့်မည်။ 

ဒါဟာ ပျောက်ဆုံးသွားတဲ့ iPhone တွေ အတွက် အသုံးဝင်ကောင်း ဝင်နိုင်ပါလိမ့်မယ်... 

Posted By ဝေယံစိုး00:50

Wednesday 29 October 2014

ပေါက်ပေါက်ရှာရှာ‬ ပြုံးပဒေသာ မေးခွန်းများ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYYVPKb7rk_O2Nn-LuIZVOyvO-FG4h4fART2bg5VpppkiQFj1Eit2FwpRanC2KZCRckBt39u1W7MgU7qzeZdBAeXbmYzVkpo1dosAYDXjzDTa-v-8ziVlN6UGkmYV44qFVy_jHO0SQxb8/s1600/1233394_10201472647073879_1973689685_n.jpg

 ရယ်မောခြင်းသည် ဘ၀အမော ပြေစေ၏လို့ ကာတွန်းဆရာ တစ်ယောက် ပြောသလို (နာမည်မမှတ်မိ တော့လို့ သိရင် ပြောပြပေးပါ) တနေ့တနေ့ ဟန်ဆောင် မျက်နှာဖုံးတွေနဲ့ ရင်ဆိုင်ရင်း မောနေမယ့် လည်လည်လာသူ တွေကို ပြုံးစေ ရယ်စေရင်း တခုခု ရသွားစေ ချင်လို့ပါ။ မရယ်ရခဲ့ရင်တောင် တခုခုရသွားမယ်လို့ မျှော်လင့်ပါတယ်။

မေး။ ကမ္ဘာ့ ပထမဆုံး တင့်ကားကို တီထွင်တာ ဘယ်နိုင်ငံလဲ၊ ဘယ်သူလဲ၊ ဘယ်အချိန်က ထွင်ခဲ့တာလဲ၊ ဘယ်လို အလုပ်လုပ်သလဲ။
ဖြေ။ မြန်မာပြည်မှာ တပင်ရွှေထီး က တောင်ငူခေတ်ဦး အေဒီ ၁၇ရာစု ၀န်းကျင်မှာ ထွင်ခဲ့တာပါ။ ဆင်ပေါ် အမြောက်တင်ပြီး ပစ်တယ်ခင်ဗျ.. သည်တင့်ကားက တောင်ပေါ်လဲ တက်နိုင်၊ တောလဲ တိုးနိုင်ပြီး မောင်းဖို့ ဓာတ်ဆီလည်း ထည့်စရာ မလိုဘူး။ ဆင်က သွားရင်း လာရင်း သူ့အစာသူ ရှာစားတယ်။
မေး။ ကမ္ဘာ့ ပထမဆုံး ၀ိုင်ယာလက်စ် တကနိုလိုဂျီ ကို ဘယ်နိုင်ငံက စသုံးခဲ့လဲ။ ဘယ်တုန်းက စလဲ။ ဘယ်လို အလုပ်လုပ်လဲ

ဖြေ။ မြန်မာနိုင်ငံပါပဲ။ ပျူခေတ် ကတည်းကပါ။ ရန်သူလာရင် စည်တီးပြီး အချက် ပေးရင်း ဆည်ချိုး ချတဲ့ နေရာမှာ သုံးခဲ့ ပါတယ်။
မေး။ တယ်စွမ်းတဲ့ မြန်မာတွေပဲ။ ကဲ သည်မြန်မာတွေ ခုဘာလုပ်လို့ ဘာဖြစ်နေလဲ
ဖြေ။ ဆရာရော ခုဘာလုပ်နေလဲ
မေး။ မေးတာ မဖြေဘဲ မင်းဘာစကား ပြောတာလဲ။ မင်း စော်ကား ချင်တာလား။ မင်း မိုက်ရိုင်းလှချည်လား
မှတ်ချက်။ သူများဘာလုပ်နေလဲ ဆိုတာကိုပဲ လိုက်ကြည့်ရုံ ကြည့်နေပြီး လျှောက်ပြော ရုံ ပြောနေ တတ်သူဟာ လေ့လာမှုမပါခဲ့ရင် ကိုယ်တိုင် မှာလဲ ကိုယ်လုပ်စရာတွေကို ဖိဖိစီးစီး လုပ်ဖို့ အချိန်တွေ ဖြုန်းတီး ပစ်ရာ ရောက်နေပြီး ကိုယ့် ဗဟုသုတက ခေတ်နဲ့ ညီနေ ပေမယ့် ကိုယ့် စွမ်းဆောင်ချက်က ခေတ်နောက် ကျန်နေခဲ့ တတ်ပါတယ်။ သည်လိုပဲ မေးတာကို မေးသူ အကြိုက်လိုက် ဖြေရုံသာ ဖြေတဲ့ အဖြေကိုသာ မျှော်လင့်နေတတ်တဲ့ ဆရာ ဆိုသူများနဲ့ ပတ်သက် မိနေသမျှ စဉ်းစားတွေးခေါ်မှု အရည် အသွေးက တလွဲ ထက်မြက်ပြီး လူ့လောကအတွက် အသုံးမကျတဲ့ အားထုတ်မှုတွေပဲ ထွက်ပေါ်စေမှာ ဖြစ်ပါတယ်။
Credit-Mc wai yan 

Posted By ဝေယံစိုး00:40

Monday 27 October 2014

Nokia Android Os သုံးဖုန်းတွေကို Root လုပ်နည်းနဲ့ Thai Font မပျောက်အောင် Myanmar Font သွင်းနည်း

Filled under:


ကဲ Nokia Android ဖုန်းတွေ ကိုင်ကြတဲ့ ဘော်ဒါတွေ အထူသဖြင့်ထိုင်းက ဘော်ဒါတွေ Nokia Android
တွေ ကို Root ဖောက်ပြီ မြန်မာစာ ထည့်တော့ ရကြပါတယ် ဒါပေးမဲ့ Thai Font တွေပျောက်ကုန်ပါတယ်
Thai Font လဲမပျောက်းခြေင်ဘူ မြန်မာဖောင်လဲ အသုံးပြုခြင်တဲ့ ဘော်ဒါတွေ အတွက် Thai Font မပျောက်တဲ့
မြန်မာစာသွင်းနည်း တင်ပေးလိုက်တာပါဒီနေရာမှာ အရင်ဆုံးကျေးဇူးတင်ရမှာက Ko Djjoe Man 
ကိုပါ အခုFont တွေကDjjoe Manလုပ်ထားတဲ့ Font တစ်ချို့ကို Modify အနည်းငယ်ပြန်လုပ်လိုက်တာပါ ကဲး
သွင်းနည်းကို အောက်မှာလေ့လာလိုက်ကြပါ



Nokia X Manager  ကိုဒေါင်းရန်

Font Zip ကိုဒေါင်းရန်

အရင်ဆုံး Nokia X Manager ကိုဖွင့်လိုက်ပါ Root ဖို့အတွက်မျှားပြထားတဲ့နေရာမှာ နှိပ်ပေးလိုက်ပါ ဖုန်းက reboot ကျပြီ ပြန်တက်လာရင် Root လုပ်တာ အောင်မြင်ပါပြီ




Root လုပ်ပြီပြီဆို စောစောက ဒေါင်းထားတဲ့ Font Zip ကို SD card ထဲcopyကူ ထည့်လိုက်ပြီ ဖုန်းထဲ သွင်းလိုက်ပါ ပြီရင် Nokia X Manager ကိုပြန်ဖွင့်ပါ ပြီရင် Install TWRP နေရာမှာထပ်နှိပ်ပါ
ဖုန်းက Reboot ကျပြီ ပြန်တက်လာရင် ဒီပုံစံတိုင်တွေ့ပါမယ်

Install နေမှာနှိပ်ပြီ စောစောက Copy ကူထည့်ထားတဲ့ Font zip ကို install လုပ်ပေးလိုက်ပါ
ပြီရင် ဖုန်းကို Reboot ချပေးလိုက်ပြီ ပြန်တက်လာရင် Thai font မပျောက်ဘဲ မြန်မာစာပါ ရောက်နေပါပြီ
မြန်မာစာက သွင်းစမှာ မမှန်ပါ ဖောင်မှန်ခြင်ရင်ဖောင်ပြန်ပြင်ပေးတဲ့
 Fepfz App ကိုသုံးပြီ ပြင်လိုက်ပါ မရှိရင်အောက်မှာဒေါင်းယူလိုက်ပါ

Fepfz apk ကိုဒေါင်းရန်

မှတ်ချက် =ဒီနည်းက Font changer တွေနဲ့ မြန်မာစာ သွင်းထားပြီသာဖုန်းတွေမှာ အဆင်မပြေပါ
လုံဝ font မသွင်းထားတဲ့ ဖုန်းတွေ မှာဘဲ အဆင်ပြေမှာပါ

Nokia Android Phone တွေ အကြောင်းအမျိုးမျိုးကြောင့် LOGO မှာရပ်နေပြီ Firmware ပြန်တင်ခြင်ရင်အောက်က လင့်ကနေ လေ့လာ လိုက်ပါ

Nokia Android Firmware တင်နည်းလေ့လာရန်

Posted By ဝေယံစိုး20:26

TELENOR အသုံးပြုသူများအတွက် မရှိမဖြစ်ဆောင်ထာသင့်တဲ့ APPLICATION များ

Photo: App For Telenor SIM Card User ( Android & IOS)
===========================================
Telenor ဖုန်းကဒ် အသုံးပြုသူတိုင်း မဖြစ်မနေ ဆောင်ထားရမယ့် Apk လေးတွေ စုစည်းပေးလိုက်ပါတယ်။အောက်မှာ Download linkလေးတွေနဲ့ တွဲပေးထားပါတယ်.။

1. Zero Facebook.apk
--------------------------------
ဒီApp လေးကတော့ Telenor က Facebook ကို Free သုံးဖို့ တရားဝင် ခွင့်ပြုပေးထားတာပါ။

Download link >> http://www.mediafire.com/download/gcfqlrayi6aibny/Zero_Facebook-1.0

2. Opera Mini.apk
-----------------------------
ဒီ App လေးကလည်း Telenor နဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ Browser App လေးပါ။ java script, flash တွေမပါဝင်တဲ့ အတွက် Data အသုံးပြုမှုကို နည်းပါးစေပြီး ငွေကုန် သက်သာစေပါတယ်။

Download link>>http://www.mediafire.com/download/aw3ca32th5yk5bn/Opera_Mini-7.6.35843

3 .အင်တာနက်မြန်နှုန်းပြ ပရို.apk
----------------------------------------
မြန်မာ / အင်္ဂလိပ် ဗားရှင်း 2 ခု လုံးပါဝင်ပါတယ်။ Download / Upload Speed တွေကို နိုတီဘား မှာ ပြသပေးမယ့်အပြင် တစ်နေ့ချင်း Data သုံးစွဲမှု / လစဉ် သုံး စွဲမှု မှတ်တမ်းတွေကိုပါ ပြသပေးပါတယ်။

English version Download link >>http://www.mediafire.com/download/uvp9sistgzns36i/အင်တာနက်မြန်နှုန်းပြ_ပရို_English_V1.4.3

Myanmar Version Download link >>http://www.mediafire.com/download/uvp9sistgzns36i/အင်တာနက်မြန်နှုန်းပြ_ပရို_English_V1.4.3

အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။

Credit: MMSDဖိုရမ်


App For Telenor SIM Card User ( Android & IOS)
===========================================
Telenor ဖုန်းကဒ် အသုံးပြုသူတိုင်း မဖြစ်မနေ ဆောင်ထားရမယ့် Apk လေးတွေ စုစည်းပေးလိုက်ပါ တယ်။အောက်မှာ Download linkလေးတွေနဲ့ တွဲပေးထားပါတယ်.။

1. Zero Facebook.apk
--------------------------------
ဒီApp လေးကတော့ Telenor က Facebook ကို Free သုံးဖို့ တရားဝင် ခွင့်ပြုပေးထားတာပါ။

Download link >> Zero Facebook

2. Opera Mini.apk
-----------------------------
ဒီ App လေးကလည်း Telenor နဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ Browser App လေးပါ။ java script, flash တွေမပါဝင်တဲ့ အတွက် Data အသုံးပြုမှုကို နည်းပါးစေပြီး ငွေကုန် သက်သာစေပါတယ်။

Download link>>Browser

3 .အင်တာနက်မြန်နှုန်းပြ ပရို.apk
----------------------------------------
မြန်မာ / အင်္ဂလိပ် ဗားရှင်း 2 ခု လုံးပါဝင်ပါတယ်။ Download / Upload Speed တွေကို နိုတီဘား မှာ ပြသပေးမယ့်အပြင် တစ်နေ့ချင်း Data သုံးစွဲမှု / လစဉ် သုံး စွဲမှု မှတ်တမ်းတွေကိုပါ ပြသပေးပါတယ်။

English version Download link >>Internet Speed

Myanmar Version Download link >>Internet Speed

အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။

Credit: MMSDဖိုရမ်

Posted By ဝေယံစိုး20:19

T-MOBILE GALAXY S4 SGH-M919 V- 4.4.2 ကိုလွယ်ကူစွာအမြစ်တူးမယ်(ROOT)

Filled under:

 ဦးအာကာဒီနေ့ တော့ T-Mobile Galaxy S4လေးကိုRootလုပ်နည်းလေးတင်ပေးလိုက်ပါတယ်
မခတ်ခဲပါဘူး နည်းလမ်းကတော့ သိပြီးသားပါပဲ ထစ်နေတယ်နော် Samsung ဖုန်းတွေကအမြစ်တူးတာအလွယ်ဆုံးပဲ ကဲအောက်မှာလိုအပ်တာလေးတွေအရင်ယူပါ
 


ဖုန်း 60% battery levelရှိရပါမယ်
computerမှာkies 3နဲ့ Driversကို အရင် installလုပ်လိုက်ပါ သွင်းထားတာရှိရင် မသွင်းနဲ့ တော့ 
ပြီးရင်  Settings ထဲကိုသွားပါDeveloper optionsကိုဝင်ပါUSB debugging checkမှာအမှန်ခြစ်လိုက်ပါ။
သတိ- Settings ထဲမှာDeveloper optionsမတွေ့ ပါက 
about deviceကိုဝင်ပါ Android versionပေါ်ကိုလက်ဖြင့် ၇ချက်နှိပ်လိုက်ပါ ဒါဆို 
Developer optionsပေါ်ပါလိမ့် မယ်

 ဒေါင်းပြီးပါက
ပါဝါပိတ်ပါ ပီးရင်(Volume Down + Home + Power buttons) ဖိနှိပ်ထားပါ
10 secondsလောက် ဒါဆို အောက်ကပုံလို ပေါ်ပါလိမ့် မယ်

 Download Mode၀င်အောင် Volume up key(အသံချဲတဲ့ ခလုတ်)ကိုနှိပ်ပါ  
 Download Mode၀င်သွားရင်
 Odin3 v3.07Runလိုက်ပါ မိမိဖုန်းကို computerနဲ့ ချိတ်စပ်လိုက်ပါ(Usb cable) 
 massage box displayပေါ်သို့ ( ID:COM )အရောင်သမ်းသွားတာကိုတွေ့ ပါလိမ့် မယ်

ထည့် သွင်းပုံအောက်ကပုံမှာလေ့လာပါ
APကိုနှိပ်ပါ ဒါဆို computerထဲမှာမိတ်ဆွေဘယ်နေရာမှာထားတာလဲ 
 ဒေါင်းထားတဲ့ CF  Root  ဖိုင်းထဲက tar.md5ကိုရှာပြီးထည့် ပေးလိုက်ပါ
 ပြီးရင် Startကိုနှိပ်ပါ
a few seconds ပါဝါကျသွားပါမယ်
ပြန်တတ်လာရင် su apkလေးမိတ်ဆွေဖုန်းထဲရောက်နေပြီးဆိုရင်တော့ okသွားပါပြီး
 
Zawgyi Font Changer.apk 
 

ဦးတင်ပေးသောpostကိုပြန်လှန်shareပေးခြင်းဖြင့် ကူညီပါ MY PAGE

ဦးအာကာ(ACME MOBILE)
www.ooarkar.com

Posted By ဝေယံစိုး20:18

How To Remove iCloud Activation Officially

Filled under:

iPhone တစ်လုံးကောက်ရထားပါတယ်...
ဈေးသက်သာလို့ iPhone တစ်လုံး ဝယ်ထားလိုက်မိပါတယ်..
မူလပိုင်ရှင်နဲ့ ဆက်သွယ်လို့ မရတော့လို့ပါ.. 


စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့ စတင်မေးမြန်းလာကြပေမယ့် နောက်ဆုံးမှာတော့ iCloud Activation ကို ကျော်ချင်လို့ နည်းလမ်းရှိရင် ပြောပြပေးပါ ဟူ၍ အဆုံးသတ်တွေ တူညီကြပါတယ်.. 

သူတို့တွေ အားလုံးဟာ "This iPhone is currently linked to an Apple ID. Sign in wth the Apple ID that was used to set up this iPhone" ဆိုတဲ့ စာတန်းလေးကို မြင်တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ်။ 


DoulCi က iCloud Activation ကို ကျော်လို့ရပြီလို့ သက်သေ အထောက်ထားများနဲ့တစ်ကွ ချပြလိုက်တဲ့ အချိန်ကစလို့ အားလုံးရဲ့ စိတ်ထဲမှာ iCloud ကို ကျော်လို့ရတာပဲလို့ စိတ်ထဲစွဲသွားပါတယ်... 

အဲဒီက စတင်လို့ internet မှာ iCloud Bypass software တွေပေါ်လာပါတော့တယ်၊ အားလုံးဟာ Fake တွေ Scam တွေဖြစ်ပြီး စက်ကို ဒုက္ခပေးတတ်ပါတယ်။ 
ဒါပေမယ့် အခုတော့ iCloud Activation ကို အမှန်တစ်ကယ် Bypass လုပ်ပေးနိုင်မယ့် အဖြေတစ်ခုကို တွေ့ထားပါပြီ... 

အထူးသတိပြုဖို့ တစ်ခုကတော့ ခိုးခံထားရတယ်လို့ Apple ကို Report လုပ်ထားတဲ့ iPhone, iPad တို့ဆိုရင်တော့ ဒီနည်းနဲ့လည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ Clean Device တွေမှာသာ အဆင်ပြေနိုင်ပါလိမ့်မယ်။ 

အကယ်၍ မိမိမှာ တစ်ဆင့်ပြန်ဝယ်ထားတဲ့ iPhone/iPad ရှိနေပြီး ဒီDevice Clean ဖြစ် မဖြစ်ဆိုတာ သိနိုင်ဖို့ အတွက် Device IMEI number နဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။ 

>> IMEI number ရှာဖွေနည်း 

ကိုယ့်ရဲ့ IMEI number ကို သိပြီဆိုရင်တော့ မိမိရဲ့ Device ဟာ Blacklist ထဲမှာ ထည့်ထားခံရပြီလားဆိုတာကို မသင်္ကာရင် စစ်ဆေးကြည့်နိုင်ပါတယ်။ 

>> Check iDevice Blacklisted 

iCloud Lock Remove လုပ်ပေးနိုင်သော Device များ 

  • iPhone 5S
  • iPhone 5C
  • iPhone 5
  • iPhone 4S
  • iPhone 4
  • iPad Air
  • iPad Mini with Retina
  • iPad Mini
  • iPad 4
  • iPad 3

ယခုဖော်ပြမည့်နည်းလမ်းဟာ အခမဲ့တော့ မဟုတ်ပါဘူး၊ ထိုက်တန်တဲ့ ဝန်ဆောင်ခကို ပေးချေပြီးမှ iCloud Activation Remove လုပ်ပေးမှာ ဖြစ်ပါတယ်.. 

**iCloud Activation ကို Remove လုပ်နည်း** 

၁) မိမိ iDevice ၏ IMEI number ကို မှန်ကန်စွာ သိရှိအောင် ရှာထားပါ။ 

၂) iCloud Removal Official website ဤနေရာသို့ သွားပါ။ 

၃) IMEI number ကို အမှာစာမှာ ဖြည့်သွင်းပေးပါ။ 


၎) iCloud lock ကို Remove လုပ်ပြီးသွားတဲ့ အခါမှာ email နှင့် အကြောင်းပြန်ကြားပါလိမ့်မည်။ 

၅) နောက်ဆုံးမှာတော့ မိမိကိုယ်ပိုင် iCloud account ကို ဖြည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။ 

မှတ်ချက်။ ။ ဖော်ပြပါဆောင်းပါးသည် ကြောငြာဆောင်းပါး မဟုတ်ကြောင်းနှင့် ကျွန်တော်ကိုယ်တိုင်လည်း ယခု service ကို အသုံးမပြုဖူးသေးကြောင်း ဝန်ခံပါသည်။ သို့သော် အဆိုပါ website သည် Unlock service နာမည်ရပြီးသော site တစ်ခုဖြစ်ပါသည်။ 

ထို့ကြောင့် အဆိုပါ service ကို အသုံးပြုမည့်သူသည် မိမိ၏ ကိုယ်ပိုင် စွန့်စားမှု (Own Risk) သာဖြစ်ပြီး၊ စာရေးသူနှင့် မသက်ဆိုင်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ 

Posted By ဝေယံစိုး01:44

Friday 24 October 2014

IOS 8xx အထက်ဖုန်းတွေကို One Click လေးနှိပ်ပေးရုံနဲ့ Jailbreak & Cydia App ကိုအလွယ်ကူဆုံးသွင်းနည်း

Filled under:

IOS 8 .xx အထက်တွေကို မကြာသေခင်က တရုတ်ထုတ် Tools နဲ့ Jailbreak လေထွက်ပြီ တစ်ချို့တွေ့ 
Jailbreak ဖောက်စမ်ကြည့်ကြပါတယ် အဲမှာ တစ်ခုက Cydia App တစ်ခါထဲ မပေါ်လာတာပါ
Cydia App ပြန်သွင်းဖို့အတွက် အလုပ်ရှုပ်ပြီ ဟိုစာရိုက်ထည့်ဒီစာရိုက်ထည့်နဲ့ လုပ်ဆောင်နည်း နည်နည်ရှုပ်ထွေစွာနဲ့ Cydia Appထည့်ရပါတယ် အခု အဲလို အလုပ်မရှုပ်ဘဲ One Click လေးနှိပ်ပေးရုံနဲ့
Cydia ကို အလွယ်ကူ သွင်းပေးသွားမှာပါ လိုအပ်တဲ့သူတွေ အောက်မှာ ဒေါင်းလိုက်ပါ


IOS 8.xx Jailbreak & Cydia Tools ကိုဒေါင်းရန်

 
Jailbreak မလုပ်ခင်သတိထားရမှာက အရင်ဆုံး အင်တာနတ်ချိတ်ထားပါ ဖုန်းရော ကွန်ပျူတာရောကို အင်တာနတ်ချိတ်ဆက်ထာပါနောက်တစ်ခု အရေကြီးဆုံးက ( မိမိဖုန်းမဟုတ်ပါက ICloud ID အကောက်ကြိုတင်ထုတ်ထားကြပါ ) 


အရင်ဆုံး Jailbreak လုပ်ဆောင်ကြရအောင် Tools ကိုဖွင့်လိုက်ပါ
Yes မှာရွေးပေးလိုက်ပြီ Pangu 8 ဆိုတဲ့အပေါ်စာတန်မှာ နှိပ်ပါ
ခါတိုင် Jailbreak လုပ်နည်းအတိုင်လုပ်ဆောင်သွားပြီ ပြီရင် Cydia App ဆက်သွင်းဖို့အတွက်
ဖုန်းထဲက Pangu app ကိုဖွင့်ပါ ပြီရင်ပုံထဲကအတိုင်နှိပ်ပါ
ပြီရင် Install လုပ်တာပြီအောင်စောင့်ပါ ပြီရင် cydia သွင်းဖို့ အပုံထဲကနေရာကိုနှိပ်ပါ
ပြီရင် ဒီအတိုင်စောင့်နေလိုက်ပါ ဘာမှ နှိပ်စရာ မလိုပါဘူ အခုပုံထဲက စာတန် တက်လာတဲ့အထိစောင့်နေပါ








ဒီလို စာတန် တက်လာပြီ ဆိုရင် U ကို နှိပ်ပေလိုက်ပြီ Enter နှိပ်ပေးလိုက်ပြီ Reboot ချပေးလိုက်ပါ ပြန်တက်လာရင် Cydia လေ ရောက်နေပါပြီ
 လက်ရှီ စမ်သပ်ပြီ ဖုန်းတွေက ( 4s,5,5s,Ipad Air,Ipad 4 ) တွေမှာ ဘာ Error မှမရှိဘဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်  အဆင်မပြေပါက အောက်က Video အတိုင် လုပ်ဆောင်သွားပါ


post by SmartGhost

                                                                                                                                                                           

Posted By ဝေယံစိုး20:21

iOS 8 အတွက် Cydia တွင် AFC2 ကို Update ပေးပြီ

Filled under:

iOS 8 to 8.1 ကို Jailbreak လုပ် Cydia သွင်းယူပြီးနောက်တွင် iOS 8 အတွက် မရှိမဖြစ်သော files အချို့ကို Cydia ဂုရုကြီး "Saurik" က တစ်ဖြည်းဖြည်းချင်း update လုပ်ပေးနေရာ တစ်နေ့က "Cydia Substrate" ကို ထုတ်ပေးခဲ့ပြီး ဒီနေ့တော့ jailbreak device အတွက် အရေးကြီးသည့် "Afc2" ကို update ထပ်မံလုပ်ပေးလိုက်ပါပြီ.. 

"Afc2" သည် မိမိ၏ Device ကို PC နှင့် USB ကြိုးသုံးပြီး ချိပ်ဆက်ရာတွင် အတွင်းပိုင်း File System များထိ ဝင်ရောက် နိုင်အောင် ပံ့ပိုးပေးသည့် အရေးကြီး system file တစ်ခု ဖြစ်သည်။ 

"Afc2" ကို မသွင်းယူနိုင်မီက Device ကို PC နှင့် ချိပ်ဆက်ကာ iFunBox, iTools တို့နှင့် ဖွင့်ကြည့်သည့်အခါ အောက်ပါ ပုံအတိုင်း "Connecting" မျှသာ အချိန်အကြာကြီး ပြသနေခဲ့ပြီး အတွင်းပိုင်းသို့ ဝင်မရခဲ့ပါ။ 


ယခု "Afc2" ကို သွင်းယူပြီးနောက် ပြန်လည်ချိပ်ဆက်ကြည့်ရာ အောက်ပါ ပုံအတိုင်း ဝင်ရောက်နိုင်ပါသည်။ ဤကဲ့သို့ ဝင်ရောက်နိုင်မှာ App များအတွက် hack file များကို ဝင်ရောက် ပြင်ဆင်နိုင်ပါလိမ့်မည်။ 


Cydia -> Search တွင် Apple File Conduit "2" ဟု ရိုက်ရှာပြီး သွင်းယူကြပါကုန်.. 


Posted By ဝေယံစိုး20:17

iOS 8+ နှင့် အဆင်ပြေမည့် Tweaks များ

Filled under:

iOS 8 - 8.1 ကို Jailbreak လုပ်၍ Cydia ကို သွင်းယူပြီးကုန်ကြသော Apple ချစ်သူ အပေါင်းတို့ အတွက် iOS 8+ နဲ့ အဆင်ပြေပြေ အလုပ်လုပ်နိုင်မယ့် Tweak/App စာရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်... 




Credit to : redmonpie 

Posted By ဝေယံစိုး20:16

Thursday 23 October 2014

iOS 8+ Jailbreak and Install CYDIA

Filled under:

iOS 8 နှင့် 8.1 တင်ထားသူများအတွက် Jailbreak ကို Pangu မှ ထုတ်ပေးလိုက်ပါပြီ၊ ပထမဆုံး ထွက်လာတဲ့ version 1.0.0 မှာ Jailbreak သာ လုပ်နိုင်သော်လည်း Cydia ပါမလာသေးတဲ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး။ 

ဒီနေ့တော့ Pangu version 1.0.0 ကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပြီး Cydia ကို install လုပ်နိုင်မယ့် version 1.0.1 ကို ထပ်မံ ထုတ်ပေးလိုက်ပါတယ်၊ ယခုအချိန်ထိတော့ Windows အတွက်သာ ရရှိသေးပြီး Mac အတွက်တော့ မကြာမီ ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.. 

iOS 8 & 8.1 အတွက် Pangu Jailbreak ဟာ Untether jailbreak အမျိုးအစားဖြစ်ပြီး Jailbreak လုပ်ပြီးသွားတဲ့အခါမှ Cydia ကို သီးသန့် ထပ်မံသွင်းယူရမှာ ဖြစ်ပါတယ်။ 
iOS 8 & 8.1 သွင်းယူထားသော အောက်ပါ iDevice များအတွက် Jailbreak ပြုလုပ်နိုင်ပါတယ်။ 

  • iPhone 6, iPhone 6 Plus, iPhone 5s, iPhone 5c, iPhone 5, iPhone 4S
  • iPad Air, iPad 4, iPad 3, iPad 2
  • iPad mini, Retina iPad mini
  • iPod touch 5G


**Jailbreak အတွက် လိုက်နာ ပြင်ဆင်ရန်** 

- Jailbreak မပြုလုပ်မီ iDevice ၏ passcode ကို အရင်ဖြုတ်ပေးထားပါ။ (Settings -> General -> Passcode Lock On -> Turn Passcode Off

- Pangu jailbreak သည် iOS 8/8.1 ကို OTA update (Over-The-Air) Device မှ တိုက်ရိုက် update လုပ်ထားခဲ့ပါက မအောင်မြင်နိုင်သည့်အတွက်၊ Device ကို iTunes နှင့် ချိပ်ဆက်ကာ iOS 8.1 ကို ကျကျနန update လုပ်ထားဖို့ လိုပါမည်။ 

- မိမိရဲ့ Data များကို iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ 

- iTunes version သည် latest version ဖြစ်ထားရပါမည်။ 

အထက်ပါအချက်လက်များ ပြည့်စုံသွားပြီ ဆိုပါက စတင်နိုင်ပါပြီ.. 


>> Download Pangu Jailbreak for iOS 8 & 8.1 (Windows) 

လုပ်ငန်းစဉ် 

၁) Download လုပ်ခဲ့သော Pangu exe file ကို Right click ခေါက်ပြီး "Run as Administrator" ရွေးပြီး ဖွင့်ပါ။ 

၂) Program တက်လာသည့်အခါ ဘယ်ဖက်နားရှိ "PP" ဟု ဖော်ပြထားသည့် Box ကို အမှန်ခြစ်ဖြုတ် (uncheck) လုပ်ကာ အပြာရောင် "Jailbreak" button ကို နှိပ်ပါ။ 


၃) ယခုအခါ Jailbreak လုပ်နေသည်ကို မြင်နေရပါပြီ။ ကြားထဲတွင် အမှတ်အားပြထားသောနေရာ အပြာရောင် ပေါ်လာပါက တစ်ချက်နှိပ်ပေးရန် လိုအပ်ပါသည်။ 


၎) Device တွင် Restore လုပ်နေသည့် ပုံစံမျိုး မြင်တွေ့နေရပြီး jailbreak လုပ်နေစဉ် device သည် မကြာခဏ အလိုလျှောက် Reboot လုပ်နေပါမည်။ Jailbreak လုပ်ငန်းစဉ် တစ်ခုလုံးအတွက် အချိန် ၅-၁၀ မိနစ်ခန့် ကြာမြင့်ပါလိမ့်မည်။ 

၅) Jailbreak လုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါ Device တွင် Pangu App ကို တွေ့ရပါလိမ့်မည်၊ ဒါဟာ Jailbreak ဖြစ်သွားပြီဆိုတဲ့ အမှတ် သင်္ကေတပါ။ 



ဲJailbreak ပြုလုပ်ခြင်း အဆင့်များ အောင်မြင်စွာ ပြီးဆုံးပါပြီ...
Cydia ကို ဆက်လက် သွင်းယူကြပါဦးစို့... 

Insatll OpenSSH 

၁) Cydia ကို install လုပ်နိုင်ရန် ပထမဦးစွာ Home screen ရှိ Pangu App ကို ဖွင့်လိုက်ပြီး "OpenSSH" ကို နှိပ်ပါ။ 


၂) ထို့နောက် Install လုပ်ပါ။ 



Cydia အတွက် မရှိမဖြစ် လိုအပ်သော .deb file နှစ်ခုကို အောက်တွင် Download လုပ်ထားပါ။ 

>> cydia-lproj_1.1.12_iphoneos-arm.deb
>> cydia_1.1.13_iphoneos-arm.deb 

**Cydia သွင်းယူရန် လိုအပ်ချက်များ** 

မိမိ Device နှင့် Computer နှစ်ခုစလုံးသည် တူညီသော Same Wi-Fi connection တွင် ချိပ်ဆက်ထားရမည်။
WinSCP software သွင်းယူထားရန် လိုအပ်သည်။ မရှိပါက.. 

>> Download WinSCP 


**Cydia ကို သွင်းယူခြင်း လုပ်ငန်းစဉ်** 

၁) iPhone, iPad.. ၏ Settings -> Wi-Fi သို့သွားကာ "i" ကို နှိပ်ပြီး IP Address ကို မှတ်သားပါ။ 



၂) Computer တွင် WinSCP ကို Run ပါ။ 

၃) Host name တွင် မှတ်ထားခဲ့သော IP Address ကို ဖြည့်ပါ။ User name တွင် root ဖြစ်ပြီး Password တွင် alpine ဟု ရိုက်သွင်းပြီး Login နှိပ်ပါ။ 


၎) ချိပ်ဆက်သွားပြီး အောက်ပါပုံအတိုင်း browser တက်လာပါက၊ ဘယ်ဖက်အခြမ်းတွင် .deb file သိမ်းထားသော path ကိုရှာပြီးထားပါ။ 
ညာဖက်တွင် root folder လမ်းကြောင်းကို ဝင်ထားပါ။ 


၅) ထို့နောက် ဘယ်ဖက်က .deb file နှစ်ခုလုံးကို ရွေးပြီး ညာဖက်အခြမ်းထဲသို့ Drag & drop ဆွဲထည့်လိုက်ပါ။ (password တောင်းလာပါက alpine) 


၆) ကီးဘုတ်က Ctrl + T ကိုနှိပ်ပါက ပုံပါအတိုင်း command box တက်လာပါမည်။ 


၇) Enter command: line ထဲတွင် အောက်ပါ စာကြောင်းကို ကူးယူ၍ ထည့်ပြီး တစ်ခါ Enter ခေါက်ပါ။
dpkg -i cydia-lproj_1.1.12_iphoneos-arm.deb 


၈) Enter command: line ထဲက ပထမစာကြောင်းကို ဖျက်ပြီး အောက်က စာကြောင်းကို ကူးယူ ထည့်ပြီး နောက်တစ်ခါ Enter ခေါက်ပါ။ 
dpkg -i cydia_1.1.13_iphoneos-arm.deb 


၉) iDevice ကို Reboot/Restart လုပ်ပါ 

၁၀) Device ပြန်တက်လာသောအခါ Cydia icon ကို Home screen တွင် မြင်ရပါလိမ့်မည်။ 



ယခုဆိုရင် iOS 8 - 8.1 ကို Jailbreak လုပ်ပြီး Cydia ထည့်သွင်းခြင်း လုပ်ငန်း ပြီးမြောက်သွားပါပြီ... အားလုံး ချောမွေ့ကြပါစေ.. 

Posted By ဝေယံစိုး19:04