Sunday 30 November 2014

Android Root Directory ထိ Manage/Edit လုပ်နိုင်တဲ့ Root Explorer 3.3.1.apk

Filled under:


Android Device Service သမားတွေ၊ Developer တွေနဲ့ Android System ကို လေ့လာနေသူတွေ အသုံးများတဲ့ RE (Root Explorer ) ကတော့ ဗားရှင်း 3.3.1 ထွက်လာပြီးဖြစ်ပါတယ်.. အသစ်ထွက်လာတဲ့ RE ရဲ့ Feature တွေထဲက Android Lollipop 5.0 မှာ Root မလိုဘဲ external SD ကို Write လုပ်ပေးနိုင်တယ်. ဆိုတဲ့ Feature ဟာ ထူးခြားလာပါတယ်..  နောက်ဆုံးထွက် Android Lollipop 5.0 အတွက် အထူး Support ပေးထားတဲ့အချက်တွေလည်း ပါဝင်လာပြီး error တွေကိုလည်း အကောင်းဆုံး ပြုပြင်ထားပါတယ်..
-

What’s in this version :
  •     Hotfix for new Lollipop SD write code
  •     Allow write to external SD without root in Android 5.0 Lollipop
  •     Display SE Linux context in file/folder properties (Android 4.3+)
  •     Change SE context menu option (Android 4.3+)
App Feature Review:
Features include SQLite database viewer, Text Editor, create and extract zip or tar/gzip files, extract rar archives, multi-select, execute scripts, search, remount, permissions, bookmarks, send files (via email, bluetooth etc), image thumbnails, APK binary XML viewer, change file owner/group, create symbolic link, “Open With” facility, MD5.
We will always try to help with any problem you may have with the app. If we can’t help then you can have a refund, no questions asked.
Although 11,000+ five star ratings will tell you that most people are very satisfied customers. Make sure you read as many comments as possible to get a good idea of what most people think of the app.
We still respect the old 24 hour refund policy. So if you’re not happy with the app just email us within 24 hours and you can have a refund. We’ll need to know the order number, which you can find on the emails sent to you by Google when you downloaded.
Why compromise? Get the original and the best!

Screen Shots
  
  


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Root Explorer 3.3.1.apk : 2.38 Mb

Download Links:

Solidfiles

Zippyshare

Tusfiles

ShareBeast

Mirror ( 7 Links )


Posted By ဝေယံစိုး23:32

Android Version 2.3.3 ကနေ 5.0 ထိ Myanmar Font မှန်မှန်ကန်ကန် သွင်းပေးမယ့် MPPG Font Tool 1.3.apk

Filled under:

ကျနော်လက်လှမ်းမှီသမျှ android မြန်မာဖေါင့်ထည်.တဲ့ Method မှန်သမျှကို 1 Click ရအောင် လုပ်ပေးထားပါတယ်.. MPPG Font Tool { APK version } ပါ
Samsung တွေ EMojo မပျောက်ပါဘူး.. မြန်မာစာ ရှေ့နောက်မလွဲပဲမှန်မယ် (ဆရာကိုကျော်ဇောနိုင်ကိုကျေးဇူးတင်လိုက်ပါ )
ရိုးရိုးဖေါင့်နဲ့မပေါ်နိုင်တဲ့ဖုန်းတွေ SmartZawgyi သုံးထားပါတယ် (ကျော်စွာသွင်မှထုတ်လုပ်ထားပါတယ်)
အခြားအခြားသော ယခု apk ထဲမှာပါတဲ့ ဖေါင့်များကို ရေးသားထားတဲ့ ဒဘလော့ပါတွေကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောကြားပါတယ်
ကျနော်ကိုယ်တိုင်လည်း free release လုပ်တာဖြစ်တဲ့အတွက် ကျန်နေသူတွေရှိရင်ဒီနေရာကတောင်းပန်ပါတယ်



 

င်္ဒီ apk ရဲ့ အထူးအားသာချက်ကတော့
  • နေရာတိုင်းမြန်မာစာ ရှေ့နောက်မလွဲစေရန် FEPFZ method ထည့်ထားခြင်း
  • USER မှ ဘာမှရွေးချယ်ပေးစရာမလိုပဲ
  • 1 Click 1 Button ဖြင့်သာ သုံး၇န်လိုအပ်ပီး ကျန်တာအားလုံး ကျနော့် ဘက်မှတာဝန်ယူ
  • ထားခြင်း
  • သတင်းခေါင်းစဉ်များ ဖေ့ဘုတ်မြန်မာနာမည်များ COC Game များက အစ မြင်ရအောင်လုပ်ထားပေးခြင်း
  • Original font restore ပြုလုပ်နိုင်ခြင်း
တို.ဖြစ်ပါတယ်

What is New : v1.3
  • Y320-U01 fixed
  • G620-L72 fixed
  • G730-U00 fixed
  • Bug Fixed
OS : Android 2.3 and Above
Update : 29.11.2014

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




MPPG Font Tool 1.3.apk : 6.95 Mb

Download Links:

DevHost

Solidfiles

Zippyshare

Tusfiles

Mirror ( 7 Links )


Posted By ဝေယံစိုး23:31

iPad ကနေ ဖုန်းခေါ်ကြမယ်

Filled under:

iPad ကနေ ဖုန်းခေါ်လို့ မရဘူးလားလို့ တစ်မေးထဲ မေးနေကြသူတွေ အတွက် အခုဆိုရင် iPad ကနေ နိုင်ငံတစ်ကာကို 3G, 4G, WiFi connection များ အသုံးပြုပြီး တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်မည့် Application တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်.. 

"RingCredible" လို့ အမည်ပေးထားတဲ့ iPad Free Application က iPad မှနေ၍ နိုင်ငံတစ်ကာရှိ မိုဘိုင်းလ်ဖုန်း၊ ကြိုးဖုန်းတို့ကို ဖုန်းခေါ်ဆိုနိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။ 

iOS 6.0 နှင့်အထက် iPad များမှာ သွင်းယူ အသုံးပြုနိုင်ပြီး..
ပထမဦးစွာ Application ကို Download/Install လုပ်ပြီးနောက် မိမိအသုံးပြုနေတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာတို့နှင့် SingUp လုပ်ရမှာဖြစ်ပါတယ်။ Verification code ကို မိမိပေးထားတဲ့ ဖုန်းနံပါတ်ကို ပြန်လည် ပေးပို့လာပါလိမ့်မယ်။ မြန်မာနိုင်ငံမှ ဖုန်းနံပါတ်များနှင့်လည်း ပြုလုပ်နိုင်ပါတယ်။ 


SingUp ပြုလုပ်ပြီးနောက် နမူနာသုံးစွဲခွင့် ၁ မိနစ် ခွင့်ပြုထားပြီး ပိုမို သုံးစွဲလိုပါက Balance ဝယ်ယူ ဖြည့်တင်းရမှာဖြစ်ပါတယ်။ 


စင်ကာပူကနေ မြန်မာနိုင်ငံဖုန်းကို ခေါ်ဆိုမှုအတွက် တစ်မိနစ်ကို SG$0.40 မှာဖြစ်ပြီး ခေါ်ဆိုတဲ့ မိနစ်စုစုပေါင်းအပေါ်မှာ connection ချိပ်ဆက်ခ $0.07 ထပ်ပေါင်းမှာ ဖြစ်ပါတယ်။ (ဥပမာ ၁၀ မိနစ်ခေါ်ဆိုခအတွက် SG$4.07 ပါ။) မိမိရဲ့ call plan ထဲက နုတ်ယူသွားမှာ မဟုတ်ပါဘူး..။ 


မိမိအတွက် အသုံးတည့်မည် ဆိုပါက AppStore မှနေ၍ Free Download Install လုပ်နိုင်ပါပြီ.. 

>> Download RingCredible (App Store) 

Posted By ဝေယံစိုး17:36

Log In to your Mac with iPhone Touch ID

Filled under:

Mac ကွန်ပျူတာ အသုံးပြုနေသူများအတွက် မိမိရဲ့ iPhone Touch ID fingerprint ကို အသုံးပြုပြီး iPhone မှ တိုက်ရိုက် Mac computer ကို unlock လုပ်နိုင်ပါပြီ..။

ယခင်က Mac computer ကို Log In ဝင်တိုင်း password ကို keyboard မှ ရိုက်သွင်းခဲ့ကြရသော်လည်း ယခုအခါ Touch ID sensor third party App တစ်ခု ဖြစ်တဲ့ "FingerKey" ကို အသုံးပြုပြီး iPhone 5s, 6 နှင့် 6Plus တို့ရဲ့ fingerprint ID ကို အသုံးပြုပြီး ဝင်နိုင်ပါပြီ.. 

"FingerKey" App က တစ်လုံးထက် ပိုသော Mac computers တွေကို unlock လုပ်ပေးနိုင်ရုံသာမက၊ 256-bit AES encryption နဲ့ Notification Center မှာပါ Widget တစ်ခုအဖြစ် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်အောင် ထည့်သွင်းထားလို့ ရပါတယ်။ 


Bluetooth connection နဲ့ အပြန်လှန် ချိပ်ဆက် အသုံးပြုရတဲ့ "FingerKey" ကို ဖနိတီးသူ developer က နောက်ထပ် ထွက်လာမယ့် version မှာ Windows, Linux တို့ အတွက်ပါ စွမ်းဆောင် နိုင်လိမ့်မယ်လို့ အသိပေးထားခဲ့ပါတယ်။ 

"FingerKey" ကို App Store မှာ $1.99 နဲ့ ရောင်းချထားပါတယ်။ "FingerKey" အလုပ်လုပ်ပုံကို ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။ 

>> Download FingerKey 

 






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

Posted By ဝေယံစိုး17:34

TaiG Jailbreak Tool (v 1.0.1) for iOS 8.1.1

Filled under:

iOS 8.1.1 အတွက် Jailbreak အသစ်စက်စက် ထွက်လာခဲ့ပါပြီ၊ ဒီတစ်ခါတော့ Pangu မဟုတ်တော့ပဲ အခြား တရုပ်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ TaiG team က စွမ်းဆောင်ပေးခဲ့တာပါ။ 

ယခု TaiG က ထုတ်ပေးလိုက်တဲ့ iOS 8.1.1 Jailbreak ဟာ အလွယ်ကူ အရိုးရှင်းဆုံး နည်းပညာလို့ ပြောရလောက်အောင် လွယ်ကူပြီး Jailbreak လုပ်ပြီးတာနဲ့ တစ်ပြိုင်နက် Cydia ကို Home screen မှာ အသင့် တွေ့ရှိရမှာဖြစ်ပါတယ်..။ 

ထုံစံအတိုင်း အစဦးဆုံး Jailbreak Tool က Windows အတွက်သာ ရရှိသေးပြီး Mac အတွက်တော့ အချိန်အနည်းငယ် စောင့်ရပါလိမ့်မယ်.. 

>> Download TaiG (v1.0.1) Jailbreak tool 

**လုပ်ငန်းစဉ်** 

၁) ပထမဦးစွာ TaiG Tool ကို download လုပ်ထားပြီး Desktop တွင် Zip ဖြည်ထားပါ။ 

၂) iDevice ကို ကွန်ပျူတာတွင် ချိပ်ဆက်ထားပါ။ iTunes မှ iDevice ကို သိနေရမည်။ 

၃) iPhone ကို iOS 8.1.1 သို့ Update လုပ်ပါ။ (iOS 8.1.1 ဖြစ်ပြီးပါက ဤအဆင့်ကို ကျော်ပါ) 

၎) Settings -> iCloud ရှိ "Find My iPhone" ကို OFF ပါ။ 

 Settings -> Touch ID & Passcode ကို Disable (ဖြုတ်ထားပါ)။ 

 Settings (သို့) Control Center ထဲမှနေ၍ Airplane Mode ကို ON ပါ။ 

 Desktop ရှိ TaiGJBreak_1006.exe ဖိုင်ကို Right click ခေါက်ပြီး 'Run as Administrator' နဲ့ ဖွင့်ပါ။ 

၈) TaiG tool က iDevice ကို သိပါလိမ့်မည်။ ဒုတိယအကွက်ကို အမှန်ခြစ် ဖြုတ်ပါ၊ Cydia ကို အမှန်ခြစ် ပေးထားပါ။ ထို့နောက် အစိမ်းရောင် Jailbreak button ကို နှိပ်ပါ။ 

၉) Jailbreak လုပ်နေပါပြီ။ Jailbreak ပြီးသွားသည့်အခါ အောက်ပါပုံအတိုင်း ပြုံပြနေသော အရုပ်လေးကို တွေ့ရပါမည်။ 

၁၀) ထို့နောက် iPhone Reboot ပြန်တက်လာသော အခါတွင် Home screen ၌ Cydia ကို Install လုပ်ထားပြီးသား တွေ့မြင်ရပါလိမ့်မည်။ 

အခုဆိုရင် iOS 8.1.1 ကို Jailbreak လုပ်သော လုပ်ငန်းစဉ် လွယ်ကူအောင်မြင်စွာ ပြီးဆုံးသွားပါပြီ..။ 
ယခု TaiG tool သည် (iOS 8.0 ကနေ iOS 8.1.1 ထိ) Jailbreak ပြုလုပ်ပေးနိုင်ပါသည်။ 

>>ဗီဒီယို သရုပ်ပြ<< 

 

Posted By ဝေယံစိုး17:31

Friday 28 November 2014

Allwinner A23 Tablet firmware Download နဲ့ တင်နည်း

Filled under:








 
 အခုနောက်ပိုင်း တရုတ် tablet တော်တော်များများက Allwinner A23 chip တွေနဲ့ပဲလာတော့ပါတယ်..အဲဒီမှာ အရင် A13 ပဲတွေ့ဖူးနေတော့ firmware တင်ဖို့အခက်တွေ့ရပါတယ်....ကျွန်တော်ကိုယ်တိုင် ရှာဖွေပေမယ့် မြန်မာပြန် post တစ်ခုမှမတွေ့ရပါ...အဲဒါနဲ့ ဒီ post ကိုရေးရခြင်းဖြစ်ပါတယ်... (အရင်ဆုံးလုပ်ရမှာက မိမိစက်ထဲမှာရှိတဲ့ antivirus တွေအကုန်လုံး disable လုပ်ဖို့ပါ) ပေးထားတဲ့လင့်ထဲက suite လေးကိုဒေါင်းပြီး ဖြည်ချလိုက်ပါ အဲဒီထဲက PhoenixUSBPro.exe ကို run လိုက်ပါ(ပုံ-၁) ပြီးလျှင် suite ထဲက KEY ဆိုတဲ့ buttom လေးကို နှိပ်ပြီး ဒေါင်းလို့ရလာတဲ့ထဲက KEY file လေးကိုရွေးပေးလိုက်ပါ (ပုံ-၂/၃) အဲဒီနောက် IMAGE buttom ကိုနှိပ်ပြီး သက်ဆိုင်ရာ firmware image file ကိုရွေးပေးလိုက်ပါ (ပုံ-4) (Firmware ကတော့ မိမိ Mainboard မှာပါတဲ့ ID အတိုင်းရှာဒေါင်းလိုက်ပေါ့) ကျွန်တော်စမ်းသပ်အောင်မြင်ထားတဲ့ firmware ကို လင့်ပေးထားပါတယ် လိုအပ်တယ်ဆိုဒေါင်းထားလိုက်ပေါ့ (ပုံ-၅) ပြီးရင် START buttom ကိုနှိပ်လိုက်ပါ (ပုံ-၆) အဲဒီမှာ ညာဘက်ဒေါင့်နားလေးမှာ အမှတ်ခြစ်အစိမ်းရောင်လေးပေါ်လာရပါမယ် ချက်ချင်းမပေါ်လျှင်စောင့်လိုက်ပါ(ပုံ-၇) အဲဒီနောက်မှာတော့ tablet မှ Vol + ကိုနှိပ် USB ကြိုးထိုးပြီး Power buttom ကို ခုနစ်ချက်နှိပ်ပါ driver searching လုပ်ပါမယ် driver မသိလျှင် My computer > right click > properties > device manager > ထဲက unknown device ကို right click > update driver software ကိုနှိပ် Browse my computer for driver software > Browse > လုပ်ပြီး ဒေါင်းလို့ရလာတဲ့ထဲက USB driver folder ကိုညွှန်းပေးပြီး next လုပ်လိုက်လျှင် driver သိသွားပါမယ် (ပုံ-၈) အဲဒီနောက်မှာတော့ suite က firmware တင်ခြင်းကို စတင်နေပါပြီ (ပုံ-၉) မှာ အနီပြထားတဲ့အကွက်ထဲမှာ % တွေတက်လာပြီး 100% ပြည့်လျှင်တော့ firmware တင်ခြင်းပြီးဆုံးပါပြီ.....အားလုံးအဆင်ပြေကြပါစေ...
အသုံးဝင်တယ်ထင်လျှင် ၀ိုင်း Share ပေးကြပါ
 

Posted By ဝေယံစိုး20:10

Oppo 4.4.2 တွေကိုမြန်မာစာ 100% မှန်ကန်စေတဲ့ ICS Font

Filled under:





ICS Font : Mb

Download Links:

Mediafire

Credit to : လမင်းမြတ် တာချီလိတ်နည်းပညာဖြန့်ဝေခြင်း

Posted By ဝေယံစိုး20:05

Viber က Public Chat ကို မိတ်ဆက် & Viber Viber 5.1.1.42 Download

 
Viber က Public Chat ကို မိတ်ဆက်

သတင်းအချက်အလက်များကို လူအများဆီသို့ လွယ်ကူလျင်မြန်စွာ ဖြန့်ချိပေးနိုင်မည့် Public Chat ကို Viber က စတင်မိတ်ဆက်ကြောင်း သိရသည်။

Viber ၏ ဗားရှင်းအသစ်တွင် ယခင်ဝန်ဆောင်မှု ပေးအပ်ခဲ့သည့် Group Chat တွင် ပါဝင်ခြင်းမရှိသည့် သတင်းအချက်အလက် ဖြန့်ဝေပုံစနစ်သစ်ကို Public Chat အနေဖြင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။
“ဆိုရှယ်မီဒီယာတစ်ခုအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီး စဉ်းစားတဲ့အခါမှာ Public Chat ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်”ဟု Viber မှ ပြောရေးဆိုခွင့်ရှိသူ Ms. Megan Qurik ကပြောသည်။

Public Chat သည် ကိုယ်ပိုင်အမည် တစ်ခုနှင့် စာမျက်နှာတစ်ခု ထူထောင်နိုင်သည့် စနစ်တစ်ခုဖြစ်ပြီး အဆိုပါစာမျက်နှာကို Viber အသုံးပြုသူ မည်သူ မဆို Follow ပြုလုပ်နိုင်သည်ဟု သိရသည်။ Viber အသုံးပြုသူများသည် ကိုယ်တိုင် Follow ပြုလုပ်ထားသည့် Public Chat စာမျက်နှာမှ သတင်း အချက်အလက်များကို အမြဲရရှိနေမည် ဖြစ်သော်လည်း Massage အနေဖြင့်သော်လည်းကောင်း၊ Sticker အနေဖြင့်သော်လည်းကောင်း၊ ပြန်လည်ပေးပို့နိုင်မည် မဟုတ်ကြောင်း Viber က သတင်းထုတ်ပြန်ထားသည်။

“လူမှုစီးပွားကို အကျိုးပြုတဲ့ အကြောင်းအရာတွေ၊ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့အကြောင်း အရာတွေအပြင် အခြားသော အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသုံးပြုသွားမှာပါ။ အွန်လိုင်းမှာ တချို့ကိစ္စရပ်တွေက ပြန်လည်ဖြေရှင်းဖို့ ခက်တဲ့အခါတွေမှာလည်း သုံးနိုင်တယ်။ မကောင်းတဲ့ အနေနဲ့ သုံးတဲ့လူတွေကလည်း ရှိမှာပဲ။ ပိုကောင်းတဲ့ဘက်ကနေ အသုံးပြုသွားဖို့ရှိပါတယ်” ဟု လက်ရှိအချိန်၌ Viber Public Chat ကို အသုံးပြုနေသူတစ်ဦးဖြစ်သည့် မတင်မိုးလွင်ကပြောသည်။

ပြည်တွင်း၌ Viber အသုံးပြုသူ ၅.၅ သန်းရှိပြီး Public Chat စတင်အသုံးပြုသူ ၈ ဦးရှိနေပြီဟု သိရသည်။ စီးပွားရေးလုပ်ငန်းများ၊ အနုပညာရှင်များနှင့် အခြားသော Public Chat ကို စတင် အသုံးပြုလို သူများသည် Publicchat@viber.com သို့ ဆက်သွယ်ဆောင်ရွက်ရပြီးဖြစ်ပြီး နောင်တစ်ချိန်၌ အသုံးပြုသူကိုယ်တိုင် Public Chat ကို Create ပြုလုပ်နိုင်ရန် စီစဉ်ပေးမည်ဟုသိရသည်။ Public Chat တစ်ခု၌ သတင်းအချက်အလက်များ ဖြန့်ချိပေးနိုင်သည့် Participant ကို ၉၉ ဦးအထိ ခန့်အပ်ထားနိုင်သည့်အပြင် Follower များနှင့် Participant များသည် အခြားသော Viber အသုံးပြုသူများကိုလည်း Public Chat အတွင်းသို့ ဖိတ်ခေါ်မှုများ ပြုလုပ်နိုင်မည်ဟု သိရသည်။

Viber ၏ ကြေညာချက်အရ Follower တစ်ဦးသည် Follow ပြုလုပ်ထားခြင်းမှာ ရပ်တန့်နိုင်မည် မဟုတ်ကြောင်း၊ ညစ်ညမ်းသော Public Chat များကို Report ပြုလုပ်နိုင်မည် ဖြစ်သော်လည်း Public Chat ကို လက်ရှိအချိန်၌ Viber Desktop တွင် အသုံးပြုနိုင်မည်မဟုတ်ကြောင်း သိရသည်။ ထို့အပြင် Viber ၏ Public Chat ၌ Follower များနှင့် Create ပြုလုပ်ထားသူများ၏ မိုဘိုင်းဖုန်းနံပါတ်နှင့် အခြားသော သတင်းအချက်အလက်များကို မည်သူတစ်ဦးတစ်ယောက်မျှ ကြည့်ရှုနိုင်မည်မဟုတ်ကြောင်း သိရသည်။

Public Chat ပါဝင်တဲ့ Viberမရှိသေးသူများ အောက်ကလင့်များမှာ Download ယူသွားနိုင်ပါကြောင်း
 
 
Credit:Internet Journal

Posted By ဝေယံစိုး20:03

Handy Toolkit by Kyaw Swar Thwin

Filled under:

ဒီ Tool လေးကို မင်းဘူးမြို့ရဲ့ဆိုးရွားလှတဲ့ကော်နက်ရှင်ကြားကြ... ပိုက်ဆံအကုန်ခံပြီး Ooredoo နဲ့တင်ထားပါတယ်... တင်ပေးမယ်တင်ပေးမယ်နဲ့ Skynet လေးလိုင်းကောင်းမလားစောင့်ရင်းနောက်ဆုံး စိတ်မရှည်တာနဲ့ Ooredoo နဲ့တင်ပေးလိုက်တာပါ... ရေးထားတာ 1 နှစ်မကတော့ပါဘူး... မူလက မိတ်ဆွေတွေပဲပေးထားတာ... နောက်စိတ်ကူးပေါက်တာနဲ့ Function တွေအတော်များများဖြုတ်ပြီး Free Version အနေနဲ့တင်ပေးလိုက်တယ်...

Handy Toolkit မှာ...

ုန်းအားလုံး Gmail, Gtalk, Play Store 1-Click တင်ပေးမယ်... ဖုန်းဖွင့်ဖွင့်ခြင်းအ၀ိုင်းလည်မှာမပူနဲ့ အဲ့ဒါတွေရှင်းထားတယ်... Gtalk လား Hangout လား Auto ဖုန်းနဲ့ကိုက်တာတင်ပေးသွားလိမ့်မယ်...

2 Line App တွေသုံးချင်တဲ့သူတွေအတွက် BusyBox လဲတင်ပေးနိုင်တယ်...

Pattern Lock တွေ ဘာ Lock ညာ Lock တွေလဲ Noti ဘားပြောက်မှာ Data ပျက်မှာစိုးရိမ်စရာမလိုဖြုတ်နိုင်မယ်... Charging Mode ပါတဲ့ဖုန်းတွေဆို USB Debug On မထားလဲ Charging Mode ထဲမှာထားပြီးဖြုတ်ပေးနိုင်တယ်...

Mode အမျိုးမျိုးထဲကို 1-Click ၀င်နိုင်တယ်...

စမ်းသပ်ပြီးသားဖြစ်တဲ့အတွက် စိတ်ချလက်ချသုံးနိုင်ပါတယ်...

Download Handy Toolkit

Posted By ဝေယံစိုး20:02

Service ဆရာတွေအတွက် အသုံးဝင်မယ့် Uni-Android Tool version 5.0 For PC

Filled under:

Function တွေစုံလင်လွန်းလို့ ဘယ်လို ရေးပြလိုက်ရမှန်းမသိဘူး.. ပုံကိုသာကြည့်ပါတော့ခင်ဗျာ.. အိန္ဒိယက ရေးတဲ့ Tool ပါ.. အရင်က version 2 ကိုတော့ တင်ပေးခဲ့ဖူးပါတယ်.. ခုဗားရှင်းဟာ ကိုဟိန်းဇော်ဆီမှာတွေ့တာနဲ့ ပြန် Share လိုက်တာပါ.. PC နဲ့တွဲသုံးရပါမယ်..




အဆင်ပြေပါစေ..





ni-Android Tool version 5.0 : 1.68 Mb

Download Links:

Mediafire

Posted By ဝေယံစိုး20:00

ဒီနေ့ခေတ် Smartphone အလွဲသုံးမှု


နေ့ခေတ် မြန်မာနိုင်ငံမှာ အပေါဆုံးနဲ့လူအကြိုက် အများဆုံး အသုံးအဆောင်ကို ပြပါဆိုရင်တော့ လူ တိုင်းနီးပါးရဲ့ လက်ထဲမှာရှိနေတဲ့ Smartphone aတွပဲ ဖြစ်ပါတယ်။
ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ SIM ကတ်တွေ ဈေးကွက်ဝင်လာမှုနဲ့အတူ လူတိုင်းလူ တိုင်း ဖုန်းတစ်လုံးတော့ ကိုင်ထားကြပါတယ်။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ ရှိလာပါတယ်။ အဲဒါကတော့ Smartphone အလွဲသုံးမှုပါ။ ဒီစာလုံးက လက်ရှိခေတ်စကား အနေနဲ့တော့ စိမ်းနေပါလိမ့်မယ်။ အကြောင်းကတော့ အလွဲသုံးမှုဆိုတဲ့စကားအနေနဲ့သုံးတာက မူးယစ်အလွဲ သုံးမှုဆိုတဲ့နေရာတစ်နေရာပဲ ရှိလို့ပါ။ ဒါပေမဲ့ မူးယစ်ဆေး ကလည်း စွဲတတ်သလို အခု Smartphone ကိုလည်း အလွဲသုံးမိလို့ကတော့ မှားတတ်ပါတယ်။
ကဲ . .ကျွန်တော့် ဆောင်းပါးလေးဆက်ပါ့မယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်က Smartphone ရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကိုပြောချင်ပါတယ်။ ရန်ကုန်လူထုအနေနဲ့ တော့ Smartphone ရဲ့ ဆိုလိုရင်းကို နားလည်သဘော ပေါက်ကောင်းပေါက်နိုင်ပေမယ့် နယ်ဘက်ကစာဖတ်သူ တွေအတွက်ရည်ရွယ်ပြီး အခုစာပိုဒ်လေးကို ထည့်ပြော လိုက်တာပါနော်။
Smartphone ဆိုတာကတော့ Touch စနစ်နဲ့ သုံးနိုင်တဲ့ဖုန်းတွေကိုပြောတာပါ။ Keypad စနစ်နဲ့မဟုတ်တဲ့၊ ခလုတ်နှိပ်ရတဲ့ဖုန်းမဟုတ်တဲ့ဖုန်းအားလုံးကို Smartphone လို့ ခေါ်ပါတယ်။ နည်း ပညာမြင့်ဖုန်းစနစ်တွေကို ဆိုလိုတာပါ။
ဒီဖုန်းတွေရဲ့ အားသာချက်ကတော့ အလွယ်ဆုံးဥပမာပေးရရင် Message ပို့ဖို့အတွက် စာရိုက်တာတောင်မှ Keyboard ကို မျက်နှာပြင်မှာ ခေါ်ပြီးရိုက်နိုင်တာဖြစ်ကာ Keypad တွေမှာလို စာလုံးတစ်လုံးအတွက် ခလုတ်တစ်ခုတည်းကိုပဲ မျှပြီးသုံးရတာမျိုး မဟုတ်ပါဘူး။ ထားပါတော့၊ ဒါက ကျွန်တော့်ရဲ့လိုရင်းမဟုတ်ပါဘူး၊ ဒီတော့ Smartphone ဆိုတာနဲ့ Keypad မဟုတ်တဲ့ ဖုန်းတွေဆိုတာကို နား လည်ထားပေးရင် ရပါပြီနော်။
ဒီနေ့ခေတ်လူငယ်အများစုမှာ ကိုင်ဆောင်သုံးစွဲနေ တဲ့ ဖုန်းအမျိုးအစားက Smartphone တွေပါ။ Keypad တွကို ကိုင်ရမှာရှက်တဲ့ လူငယ်တွေတောင်ရှိပါတယ်။ အ ကြောင်းကတော့ Keypad တွေမကောင်းလို့၊ အားနည်း လို့ဆိုတာထက် တန်ကြေးကြောင့်ပါ။ ဈေးကွက်မှာ Keypad ဖုန်းတွေက ဈေးနည်းနည်းနဲ့ရနိုင်သလို Smartphone တွေ ကတော့ ဈေးမြင့်ပါတယ်၊ ဒါပေမဲ့ လူငယ်တွေအများစု ကိုင်ဆောင်နေကြတဲ့ Smartphone အများစုကတော့ တန်ကြေးအနည်းဆုံး သိန်းဂဏန်း ဝန်းကျင်ကနေ နောက် ဆုံးပေါ်ဖုန်းတွေထိအောင် သိန်းနဲ့ချီတဲ့ ဖုန်းတွေလည်း ပါပါတယ်။
ဒီတော့ဟုတ်ပြီ၊ တန်ကြေးနည်းတာကို မသုံးချင်ဘူး၊ တန်ကြေးကြီးတာကို သုံးချင်တယ်၊ ဒီတော့ဘယ်နေရာမှာ သုံးမှာလဲ၊ အသုံးဝင်အောင်သုံးမှာလား ဆိုတဲ့ မေးခွန်း တွေ မေးလာစရာရှိပါတယ်။ ကျပ် ငါးသိန်းလောက်တန် ကြေးရှိတဲ့ Smartphone ကိုင်ထားတဲ့ လူငယ်တစ်ယောက် ကို ကျွန်တော်အဲဒီမေးခွန်းမျိုး မေးကြည့်ဖူးပါတယ်။ သူ့ အဖြေကတော့''ဒီဖုန်းက မြင်ကွင်းကျယ်တယ်လေ အစ်ကို ရဲ့၊ Video တွေ ကောင်းကောင်းကြည့်လို့ ရတယ်၊ နောက် ပြီး Screen ကျယ်တော့ Facebook သုံးရတာလဲ အဆင် ပြေတယ်၊ Style လဲ ကျတယ်''လို့ ပြန်ဖြေပါတယ်။ သူ့ အဖြေထဲမှာ ဒီလောက်တန်ကြေးကြီးဖုန်းတစ်လုံးကို ကိုင် ထားပြီး ဒီဖုန်းရဲ့ တန်ကြေးနဲ့တန်အောင် အကျိုးရှိရှိအသုံး ချမယ်ဆိုတဲ့ အဖြေတစ်ခုမှမပါပါဘူး။
အဲဒါက ယနေ့ ခေတ်လူငယ်တွေရဲ့ Smartphone အလွဲသုံးမှုပါ။
တလောလေးက ကျွန်တော်စာရေးနေတဲ့ စာပေတိုက် တစ်တိုက်က သတင်းထောက်လေးတွေ Smartphone တစ်လုံးစီ အရစ်ကျစနစ်နဲ့ ဝယ်လာကြပါတယ်။ ပျမ်းမျှ ပြောရရင်တော့ သူတို့ဝယ်လာတဲ့ ဖုန်းတစ်လုံးစီရဲ့တန်ကြေး က ကျပ် နှစ်သိန်းခွဲလောက်ရှိပါတယ်။ ဒီတော့ ကျွန်တော် က ''မင်းတို့တွေ ဘာသုံးဖို့ဝယ်လာတာလဲ''လို့ မေးကြည့် ဖြစ်ပါတယ်။
''ကင်မရာလေးကောင်းတာရယ် နောက်ပြီး လူတောတိုးဖို့ရယ်လေဆရာရဲ့''လို့ ဖြေသွားကြပါတယ်။ ဟုတ်ပါပြီ၊ သတင်းထောက်ဖြစ်တဲ့အတွက် ဖုန်းနဲ့တစ်ပါ တည်းပါတဲ့ ကင်မရာကောင်းတာကို ရွေးချယ်ဝယ်ယူတာ ကိုတော့ ကျွန်တော်အပြစ်ပြောစရာမရှိပါဘူး၊ ဒါပေမဲ့ လူတောတိုးဖို့ဆိုတဲ့ အဖြေနဲ့အတွေးကတော့ တော်တော် ကိုမှားနေတာပါ။ ''သူတို့တွေရဲ့ လစာဘယ်လောက်ပေး ရသလဲ''လို့ အဲဒီတိုက်က အယ်ဒီတာကို မေးကြည့်တော့ ''တစ်သိန်းစွန်းစွန်းပါပဲ''တဲ့။
ကိုယ်ရတဲ့ လခနဲ့မတန်အောင် Smartphone တစ် လုံးကို အလွဲသုံးနေကြပါတယ်။ ဒါက ကျွန်တော်နဲ့နီးစပ်တဲ့ အပိုင်းပါ။ ကျွန်တော်နေတဲ့ ရွှေပြည်သာမှာကိုပဲ အထည် ချုပ်ဝန်ထမ်းလေးတွေဆိုရင် လစာသိန်းဂဏန်းလောက် နဲ့သိန်းကျော်တန်တဲ့ Smartphone တွေကို ဝယ်နေ၊ သုံး နေကြတာ မျက်မြင်ဖြစ်ပါတယ်။ ဒီတော့ သူတို့တွေ ဘာ အတွက် Smartphone တွေ ဝယ်နေတာလဲ၊ အဖြေက တော့ အထက်မှာ သတင်းထောက်လေးတွေဖြေတဲ့ အဖြေ မျိုးပါ။ လူတောတိုးဖို့ ဖြစ်ပါတယ်။
''သူများက တစ်သိန်း တန်ဖုန်းကိုဝယ်ရင် ကိုယ်ကသူ့ထက်တန်ကြေးနည်းတာ တော့ ဝယ်လို့မဖြစ်ဘူး''ဆိုတဲ့ အတွေးက ဒီနေ့ခေတ်လူငယ် တိုင်းမှာ စွဲနေ၊ တွေးနေကြတာပါ။
ဒီအတွေးက မှားပါတယ်၊ ကိုယ်က ဖုန်းတစ်လုံးကို ဝယ်တော့မယ်ဆိုတာနဲ့ အဲဒီဖုန်းကို ဘယ်လိုအပိုင်းတွေ မှာသုံးမှာလဲ၊ ဘယ်လောက်ထိ အဆင့်မြင့်ဖို့ လိုအပ်သလဲ ဆိုတာ ကြိုတွေးထားသင့်ပါတယ်။ မဟုတ်ရင်တော့ ကိုယ့် ရဲ့ ချွေးနှဲစာကို ကိုယ်တိုင်ဖြုန်းတီးပစ်လိုက်တာနဲ့တူ နေမှာပါ။ ဒီနေ့ ကျွန်တော်တို့ ဖုန်းတွေကို သုံးနေကြတာက အချင်းချင်းကြားမှာ ဆက်သွယ်မှုရှိဖို့ပါ။ ပြိုင်ဆိုင်ဖို့ မ ဟုတ်ပါဘူး။ ပြီးတော့ အခုဆောင်းပါးက အခြေခံလူ တန်းစား အများပြည်သူတွေ အတွက် ရည်ရွယ်ပါတယ်။ ပြိုင် ဖို့ မစဉ်းစားပါနဲ့၊ အသုံးတည့်ပြီး အဆင်ပြေဖို့ဦးစားပေးပါ။ သင့်အနေနဲ့ဖုန်းပြောဖို့ သက်သက်လောက်ပဲဆိုရင် တန် ကြေးနည်း Smartphone အမျိုးအစားကိုဖြစ်စေ၊ Keypad အမျိုးအစားကိုဖြစ်စေ သုံးသင့်ပါတယ်။
ဒီနေရာမှာ လူငယ်တော်တော်များများက တန်ကြေး ရှိတဲ့ ဖုန်းကိုသုံးမှ အထင်ကြီးခံရမယ်လို့ ထင်နေကြပါတယ်။ ဒီအတွေးကလည်း မှားတယ်လို့ ဆိုပါရစေ။ တကယ်လို့ လူတစ်ယောက်အတွက် အရေးကြီးတာက အရည်အချင်း ပါ၊ အသုံးအဆောင်မဟုတ်ပါဘူး။ တကယ်လို့ အထက်မှာ ဥပမာပေးခဲ့တဲ့ သတင်းထောက်လေးတွေလိုများ လူတော တိုးဖို့အတွက် တန်ကြေးကြီးတဲ့ Smartphone ကို ကျွန် တော်ကိုယ်တိုင်လည်း ဝယ်ကိုင်ရမယ်ဆိုရင် မခက်လားဗျာ။
လက်ရှိ ကျွန်တော်သုံးနေတဲ့ Smartphone ဆိုရင် ကျပ် ၇ဝဝဝဝလောက်ပဲ တန်ပါတယ်။ Mail အဝင်စစ်ဖို့အ တွက်၊ လိုအပ်ရင် Browser ဖွင့်ဖို့အတွက်၊ ဖုန်းခေါ်ဆို လက်ခံဖို့အတွက်၊ Message ပို့ဖို့အတွက် အဆင်ပြေပါ တယ်။ ဒါဆို မပြီးဘူးလားဗျာ၊ ကျွန်တော်တို့က လူချမ်းသာ တွေ မဟုတ်ပါဘူး၊ ဒီတော့ ပြိုင်ဆိုင်ဖို့ကို အရင်ဆုံးမတွေး ပါနဲ့အသုံးတည့်ဖို့ကိုသာ ဦးစားပေးကြပါဗျာ။ ။

ချစ်ဖေ(တောင်တွင်းမြေ)


Credit : Yangon Media Group

Posted By ဝေယံစိုး19:59

ကြော်ငြာ ကြည့်ပီးပိုက်ဆံရှာကြစို့ မြန်မာပြည်က ခုလုပ်နေကြတဲ့ PTC ဆိုက်ပါ

Member များအတွက် သတင်းကောင်း


  • ကြော်ငြာများကြည့်ခြင်းဖြင့် ၀င်ငွေရနိုင်ပါသည်။
  • ရရှိငွေများအား အလွယ်တကူထုတ်ယူနိုင်ပါသည်။
  • ဖိတ်ခေါ်သူရရှိပါက ၀င်ငွေတိုးနိုင်ပါသည်။
  • ဖုန်း၊ Tablet များဖြင့် အသုံးပြုနိုင်ပါသည်။
  • ငွေထုတ်စနစ်အား မြန်မာလူမျိုးများနှင့် အဆင်ပြေနိုင်သာ ဖုန်းငွေဖြည့်ပေးခြင်း၊ ပြည်တွင်းဘဏ်များမှ ငွေလွဲခြင်း၊ MPU ကတ်များသို့ ငွေဖြည့်ပေးခြင်း၊ Myanpay စနစ်များ အသုံးပြုထားပါသည်။
  • ကိုယ်ပိုင် Website/Blog များကို လူအများသိအောင် အလွယ်တကူ ကြော်ငြာနိုင်ပါသည်။
  • ကိုယ့်ပတ်ဝန်းကျင်ရှိ ခင်မင်သူများ၏ Website/Blog များကို လူအများသိအောင် အလွယ်တကူ ကြော်ငြာနိုင်ပါသည်။
  • ကိုယ်ပိုင် ကြော်ငြာဈေးကွက်ရှာဖွေမှုအခွင့်အလမ်း ကို မြန်မာPTC မှ ဖန်တီးပေးထားပါသည်။



  • REGISTER (အဖွဲ့ ၀င်အသစ်လုပ်ရန်)

Posted By ဝေယံစိုး19:36

မြန်မာ ဘောလုံးပွဲ Fox Sports နဲ့ တိုက်ရိုက် ကြည့်ရအောင်

Filled under:

ယခုလာမယ့် (၂၆)ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ဆူဇူကီးဖလား ၂၀၁၄ ၊ မြန်မာ - စင်ကာပူ ပွဲစဉ်ကို အခြေနေအမျိုးမျိုးကြောင့် ကွင်းထဲမရောက်နိုင်ပဲ iOS Mobile မှ တစ်ဆင့် Online မှ အာပေးကြမည့် နိုင်ငံတစ်ကာမှ မြန်မာ ပရိသတ်ကြီးအတွက် အထူးဆောင်းပါး အနေနဲ့ အလျှင်အမြန် ဖော်ပြပေးလိုက်ပါတယ်။ 

လက်ရှိတွင် Online မှ အားပေးသူ ၁၀၀% နီးပါး MRTV channel မှ တစ်ဆင့် ပြန်လည် လွှင့်ထုတ်သော အရည်သွေးနိမ့် ပုံရိပ်မျာနှင့် စိတ်ညစ်ငြူးစရာ နောက်ခံ အားကစားသတင်း ကြေငြာသူများ၏ ဒဏ်ကို သီးခံနားဆင် ကြည့်ရှုနေကြရသည့် အခက်အခဲကို ကျော်လွှားနိုင်ပြီး အရည်အသွေးမြင့် ပုံရိပ်များနှင့် ကမ္ဘာ့အဆင့်မီ ခံစားနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါသည်။ 

ဆူဇူကီးဖလား တိုက်ရိုက်ထုတ်လွှင့်မှုကို ကမ္ဘာ့နာမည်ကြီး ချန်နယ် တစ်ခုဖြစ်သည့် "Fox Sports" မှလည်း တိုက်ရိုက် ထုတ်လွှင့် ပြသလျှက်ရှိပါသည်။ 
သို့သော် သက်ဆိုင်ရာ TV line များတွင် ( ဥပမာ စင်ကာပူမှာဆို Star Hub, Sing Tel ) ပိုက်ဆံပေးသွင်းပြီး subscribe လုပ်ထားသူများသာ TV, Mobile တို့မှ သက်ဆိုင်ရာ Log In, password အသုံးပြုပြီးမှ ကြည့်ရှုနိုင်ပါသည်။ 

အဆိုပါ "Fox Sports" channel ကို မည်သည့်နိုင်ငံမှ မဆို အခမဲ့ ကြည့်ရှုနိုင်မည့် နည်းလမ်းလေးကို တင်ပြပေးလိုက်ပါရစေ... 

နည်းလမ်းလေးက ရိုးရှင်းသည် ဆိုသော်ငြားလည်း မိမိဘက်မှ၊ လမ်းညွှန်ထားသော အထောက်အကူပြု ဆင့်ပွား ဆောင်းပါးများမှ စာကို နားလည်အောင် ဖတ်ပြီး ကိုယ်တိုင် လုပ်ကြည့်ရမည့် ကိစ္စဖြစ်သည်၊ Plug & Play, Drag & Drop လောက်တော့ မလွယ်ကူ။ 
(Beginner များအား အသိပေးခြင်းသာ ဖြစ်ပါသည်) 

သို့သော် ရလာမည့် အကျိုးအမြတ်က ဆူဇူကီး ပွဲစဉ် တစ်ခုထဲသာမက ကမ္ဘာပေါ်ရှိ နိုင်ငံတစ်ကာ အားကစားပွဲများ အားလုံး (Premier League) တို့ အပါအဝင် ကို တိုက်ရိုက် အခမဲ့ ကြည့်ရှုနိုင်သွားပါလိမ့်မည်။ 

ထို့ကြောင့် မိမိကိုယ်တိုင် ကျိုးစားကြည့်ပါလို့ တိုက်တွန်းလိုပါသည်... 

- လိုအပ်ချက်များ - 
- Jailbroken iPhone, iPad, iPodTouch
- Installed FLEX 2


**Install Fox Sports Play**
ပထမဦးစွာ "Fox Sports Play" ကို App Store တွင် Free ရယူပါ။ 
"Fox Sports Play" ကို ရယူရန် သင်၏ Apple ID သည် US Store ဖြစ်ရန် လိုအပ်ပါသည်။ မဖြစ်သေးပါက အောက်ပါ လင့်ခ်အတိုင်း စတိုး အရင် ပြောင်းပေးပါ။ 

>> Apple ID တစ်ခုထဲနှင့် ကမ္ဘာပါတ်နည်း 

>> Fox Sports Play (App Store) 

"Fox Sports Play" ကို သွင်းယူပြီးနောက် ဖွင့်ကြည့်လိုက်သော အခါ အောက်ပါ ပုံအတိုင်း သက်ဆိုင်ရာ TV channel ကိုရွေးပြီး Log In လုပ်ရန်သာ ပြသနေပါမည်။ (ဤအဆင့်ကို patch နှင့် ကျော်မှာ ဖြစ်ပါတယ်) 
ပြန်ထွက်ပြီး App ကို ပိတ်ထားလိုက်ပါ။ 


**Install FLEX 2** 
Cydia မှတစ်ဆင့် "FLEX 2" ၏ latest version ကို သွင်းယူနိုင်ရန် "http://repo.insanelyi.com/" ကို source တွင် Add လုပ်ပါ။ FLEX 2 ကို Install လုပ်ပါ။ 

**Making Patch with FLEX
Applications များကို Flex နှင့် hack လုပ်ရသည့် နည်းလမ်းကို ရေးသားဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ အောက်ပါ ဆောင်ပါး လင့်ခ်ထဲမှ ဗီဒီယို သင်ခန်းစာနှင့် "Flex နဲ့ patch တစ်ခု ဖန်တီးကြည့်ရအောင်" ဆိုတဲ့ ဆောင်းပါးကို နားလည်အောင် ဖတ်ရှု ကြည့်စေလိုပါတယ်။ 

>> Flex 2 အခြေခံသုံးပြုနည်း နှင့် Patch များဖန်တီးခြင်း 

**Patch for Fox Sports Play** 
အထက်ပါ ဆောင်းပါး လင်ခ့်မှနေပြီး You Tube video အတွက် patch ဖန်တီးခဲ့ပုံ အဆင့်ဆင့်ကို သဘောပေါက် နားလည်ပြီ ဆိုပါက၊ ထိုနည်းလမ်းအတိုင်းပင် "Fox Sport play" App အတွက် patch ကို အောက်ပါပုံ၏ data များကို ရှာဖွေ၍ အဆင့်ဆင့် လုပ်ဆောင်ပါ...။ 

- Unit for -(BOOL) isLive
- Unit for -(BOOL) isAirPlayActive
- Unit for -(BOOL) isUserVideoSessionVilid
သုံးမျိုး တို့၏ Return Value (BOOL) -> Override Value တွင် "TRUE" ဟု ရွေးပေးပါ။ 



- Unit for -(BOOL) isJailbroken 
၏ Return Value (BOOL) -> Override Value တွင်မူ "FALSE" ဟု Set လုပ်ပေးပါ။ 

အခုဆိုရင် ပုံတွင်ဖော်ပြထားသည့် အတိုင် "Fox Sports" ၏ အချိန်ဇယားတွင် မြန်မာ - စင်ကာပူပွဲကို ကြည့်ရှုနိုင်ရန် အသင့် ဖြစ်နေကြောင်းတွေ့ရပါလိမ့်မည်...။ 







အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ် 

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်... 

မိုးသိကြား


Posted By ဝေယံစိုး19:25