Sunday 30 November 2014

TaiG Jailbreak Tool (v 1.0.1) for iOS 8.1.1

Filled under:

iOS 8.1.1 အတွက် Jailbreak အသစ်စက်စက် ထွက်လာခဲ့ပါပြီ၊ ဒီတစ်ခါတော့ Pangu မဟုတ်တော့ပဲ အခြား တရုပ်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ TaiG team က စွမ်းဆောင်ပေးခဲ့တာပါ။ 

ယခု TaiG က ထုတ်ပေးလိုက်တဲ့ iOS 8.1.1 Jailbreak ဟာ အလွယ်ကူ အရိုးရှင်းဆုံး နည်းပညာလို့ ပြောရလောက်အောင် လွယ်ကူပြီး Jailbreak လုပ်ပြီးတာနဲ့ တစ်ပြိုင်နက် Cydia ကို Home screen မှာ အသင့် တွေ့ရှိရမှာဖြစ်ပါတယ်..။ 

ထုံစံအတိုင်း အစဦးဆုံး Jailbreak Tool က Windows အတွက်သာ ရရှိသေးပြီး Mac အတွက်တော့ အချိန်အနည်းငယ် စောင့်ရပါလိမ့်မယ်.. 

>> Download TaiG (v1.0.1) Jailbreak tool 

**လုပ်ငန်းစဉ်** 

၁) ပထမဦးစွာ TaiG Tool ကို download လုပ်ထားပြီး Desktop တွင် Zip ဖြည်ထားပါ။ 

၂) iDevice ကို ကွန်ပျူတာတွင် ချိပ်ဆက်ထားပါ။ iTunes မှ iDevice ကို သိနေရမည်။ 

၃) iPhone ကို iOS 8.1.1 သို့ Update လုပ်ပါ။ (iOS 8.1.1 ဖြစ်ပြီးပါက ဤအဆင့်ကို ကျော်ပါ) 

၎) Settings -> iCloud ရှိ "Find My iPhone" ကို OFF ပါ။ 

 Settings -> Touch ID & Passcode ကို Disable (ဖြုတ်ထားပါ)။ 

 Settings (သို့) Control Center ထဲမှနေ၍ Airplane Mode ကို ON ပါ။ 

 Desktop ရှိ TaiGJBreak_1006.exe ဖိုင်ကို Right click ခေါက်ပြီး 'Run as Administrator' နဲ့ ဖွင့်ပါ။ 

၈) TaiG tool က iDevice ကို သိပါလိမ့်မည်။ ဒုတိယအကွက်ကို အမှန်ခြစ် ဖြုတ်ပါ၊ Cydia ကို အမှန်ခြစ် ပေးထားပါ။ ထို့နောက် အစိမ်းရောင် Jailbreak button ကို နှိပ်ပါ။ 

၉) Jailbreak လုပ်နေပါပြီ။ Jailbreak ပြီးသွားသည့်အခါ အောက်ပါပုံအတိုင်း ပြုံပြနေသော အရုပ်လေးကို တွေ့ရပါမည်။ 

၁၀) ထို့နောက် iPhone Reboot ပြန်တက်လာသော အခါတွင် Home screen ၌ Cydia ကို Install လုပ်ထားပြီးသား တွေ့မြင်ရပါလိမ့်မည်။ 

အခုဆိုရင် iOS 8.1.1 ကို Jailbreak လုပ်သော လုပ်ငန်းစဉ် လွယ်ကူအောင်မြင်စွာ ပြီးဆုံးသွားပါပြီ..။ 
ယခု TaiG tool သည် (iOS 8.0 ကနေ iOS 8.1.1 ထိ) Jailbreak ပြုလုပ်ပေးနိုင်ပါသည်။ 

>>ဗီဒီယို သရုပ်ပြ<< 

 

0 comments:

Post a Comment