Monday 26 May 2014

အူရီးဒူးက ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတို့တွင် ရွေ့လျားကျန်းမာရေး စောင့်ရှောက်မှုပေးမည်

Filled under:

 
မတ်လ၂၅ရက်ကကျင်းပသည့် အူရီးဒူးမြန်မာကုမ္ပဏီ မီဒီယာရှင်းလင်းပွဲအခမ်းအနား(ဓာတ်ပုံ−ကျော်ဇင်သန်း)
 
အူရီးဒူးမြန်မာကုမ္ပဏီမှ ကားရှစ်စီးဖြင့် ရွေ့လျားကျန်းမာ ရေးစောင့်ရှောက်မှုများကို အရပ် ဘက်အဖွဲ့အစည်းနှစ်ခုနှင့် ပူး ပေါင်း၍ တိုင်းဒေသကြီးလေးခု တွင် ပြုလုပ်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတွင် လူဦးရေ ၄၄ ဦး ဆံ့သည့် ကားကြီးနှစ်စီးဖြင့် တစ် နှစ်ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ဆောင်ရွက်မည်ဟု အူ ရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိ ချုပ် မစ္စတာ ရော့စ်ကော်မက်က ပြောသည်။

မန္တလေး၊ မကွေးနှင့် စစ် ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၂၀ နှင့် ရွာပေါင်း ၁၈၀၀ ကျော်ကို ကားငယ် ခြောက်စီးဖြင့် ၂ နှစ်ခန့် လိုက်လံကုသပေးမည် ဖြစ်ပြီး Pact Myanmar အဖွဲ့အ စည်းနှင့် ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကာ မိခင်နှင့်ကလေး ကျန်းမာ ရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် ရော ဂါရှာဖွေကုသခြင်းများကို ဆောင် ရွက်မည်ဟု အူရီးဒူးမြန်မာမှ သိရ သည်။

မြို့ပြဒေသများ၌ FHI 360 အဖွဲ့နှင့် ပူးပေါင်းပြီး တစ်နှစ်အ တွင်း လူဦးရေ ၃၆,၀၀၀ ခန့်အထိ ကုသပေးမည်ဖြစ်ရာ စတင်အ ကောင်အထည်ဖော်မည့် အချိန်မ သတ်မှတ်ရသေးဘဲ ၂၀၁၅ နှစ် ကုန်အထိ ဆောင်ရွက်သွားမည် ဟု ဆိုသည်။

‘‘အခုမြန်မာပြည်မှာ ဒီကျန်း မာရေးစောင့်ရှောက်မှု လိုအပ် ချက်တွေ ရှိနေသေးတာကြောင့် ဒီဆေးခန်းတွေ စတင်ဖွင့်လှစ် လုပ်ဆောင်နိုင်ရေးကို ပြင်ဆင်နေ ပါပြီ’’ ဟု အူရီးဒူးမြန်မာ၏ အမှု ဆောင်အရာရှိချုပ်က ပြောသည်။

အူရီးဒူးမြန်မာသည် လက်ရှိ တွင်    မိုဘိုင်းကွန်ရက်တည် ဆောက်မှုများ လုပ်ကိုင်နေပြီး မို ဘိုင်းဆင်းမ်ကတ်များကို သြဂုတ် လနောက်ပိုင်းမှသာ ရောင်းချ မည့်အချိန် ထုတ်ပြန်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

Author: ဆွေမွန် / နိုင်လင်းအောင်
7Day Daily

Posted By ဝေယံစိုး22:19

မောက်စ်တစ်ခု ကီးဘုတ်တစ်ခု တည်းနဲ့ ကွန်ပျူတာများစွာကို ချိတ်ဆက်အသုံးပြုနည်း

Filled under:

ကျွန်တော်တို့ ကွန်ပျူတာ တစ်လုံးစီမှာ mouse နဲ့ Keyboard ကိုယ်စီရှိကြပါတယ်..ခု ဒီပို့စ်မှာတော့ ကွန်ပျုတာ တစ်လုံးမက များစွာကို mouse တစ်လုံး keyboard တစ်ခုနဲ့ပဲအားလုံးချိတ်ဆက်သုံးပြုလို့ရမယ့်နည်းလမ်းကို တင်ပြမှာဖြစ်ပါတယ်။သင့်ကွန်ပျုတာ တစ်လုံးမှာ မောက်စ် နဲ့ကီးဘုတ်ရှိရုံနဲ့ အခြား ကွန်ပျူတာတွေမှာပါ ချိတ်ဆက်ခြင်းမရှိပဲ သုံးနိုင်မှာဖြစ်ပါတယ်။မောက်စ် တစ်ခု ကီးဘုတ်တစ်ခုနဲ့ ကွန်ပျူတာ အလုံးများစွာကို ထိန်းချုပ်မှာဖြစ်ပါတယ်။ 
ဒီလိုလုပ်ဆောင်ဖို့ကို ကျွန်တော်တို့ Synergy ကိုသုံးမှာဖြစ်ပါတယ်။
 

Synergy ဆိုတာ.


Synergy ဆိုတာဟာ ဆိုဒ်အသေးလေးနဲ့ စွမ်းအားကြီးမားတဲ့ Tool တစ်ခုဆိုရင်မှားမယ်မထင်ပါဘူး။ဒီကောင်ကပဲ မောက်စ်တစ်လုံးကီးဘုတ်တစ်ခုနဲ့ ကွန်ပျူတာများစွာကိုထိန်းချုပ်သုံးနိုင်မှာဖြစ်ပါတယ်။Synergy ရဲ့ Interface အသွင်အပြင်ဟာ ရိုးရှင်းပြီးတော့ သုံးရလွယ်ကူပါတယ်။Synergy ဟာ လက်ရှိလူသုံးများတဲ့ OS တွေကို ထောက်ပံ့ပေးထားပါတယ်..Linux,Windows and MAC Os,(Under development for Mac OS X Mavericks) တို့လိုပေါ့။ ..ပြီးတော့ 32 bit / 64bit နှစ်ခုလုံးမှာအဆင်ပြေတာကိုတွေ့ရပါတယ်။


Synergy ရဲ့ လုပ်ဆောင်မှု


-ကွန်ပျုတာ တွေကြားထဲမှာရှိတဲ့ encryption of informationတွေကို ထောက်ပံ့ပေးပါတယ်(ဒါက နက်ဝပ်ပေါ်ရှိနေတဲ့သင့်အချက်အလက်တွေကို ကာကွယ်ပေးပါတယ်..တချို့က လက်ဆော့တတ်ကြတယ်လေ :D)
-သင့်သုံးလိုတဲ့ကွန်ပျုတာပေါ်ကို မောက်နဲ့ကီးဘုတ်ကို အလွယ်တကူ ရွှေ့ပြောင်းနိုင်ပါတယ်။ ဖြုတ်ပြီး သွားတပ်တာကိုဆိုလိုတာမဟုတ်ပါဘူး ကိုယ်ထိုင်နေတဲ့နေရာကပဲ တစ်ဖက်ကွန်ပျူတာကို ထိုင်ရာမထ ထိန်းချုပ်တာပါ
-ဖိုင်တစ်ခုကို ကော်ပီလုပ်လိုက်တာနဲ့  ကျန်တဲ့ ကွန်ပျူတာအားလုံး မည်သည့်နေရာမှာဖြစ်စေ Paste လုပ်နိုင်ပါတယ်။
-Window နဲ့ MAC မှာ Drag and Drop feature ကိုထောက်ပံ့ပေးပါတယ်
-သင့်ကွန်ပျူတာတွေကြားမှာဆက်သွယ်ဖို့ local network connection တည်ဆောက်ပါမယ်။
-သင်ဒါကိုမသုံးခင် သင်သုံးမယ့်ကွန်ပျူတာအားလုံးဟာ တူညီတဲ့နပ်ဝပ်တစ်ခုပေါ်မှာရှိနေစေရပါမယ်

ကဲ... စတင်ကြည့်ရအောင်..

Server System


ဒီနေရာမှာ Server System က သင့်ရဲ့  မောက်စ်နဲ့ကီးဘုတ်တပ်ဆင်ထားတဲ့ အဓိက ကွန်ပျူတာ ကိုဆိုလိုတာပါ။

Client System:

 client system ကတော့ မောက်စ် ကီးဘုတ်တပ်ဆင်မထားတဲ့ အခြားကွန်ပျူတာ တွေပေါ့။ အဲဒီတော့ Server computer ကနေ Client ကွန်ပျူတာတွေကို မောက်စ် နဲ့ ကီးဘုတ်သုံးနိုင်မှာဖြစ်ပါတယ်။

Synergy ကို သင့်ကွန်ပျူတာမှာ Installing-Configuring   ပြုလုပ်ခြင်း


ပထမဆုံအနေနဲ့  သင့် OS နဲ့ကိုက်ညီမယ့်  Synergy software ကို ဒေါင်းလုပ်ဆွဲရပါမယ်။
သင့်က ၀င်းဒိုးသုံးတာဆို  http://synergy-foss.org/download/?list ပေါ့
သင်က  Linux or MAC OS  ဆိုရင် http://synergy-foss.org/download/?list ပေါ့..သွားရောက်ကြည့်ပါ။OFfical link တွေဖြစ်ပါတယ်။
သတိပြုရန်- Synegy ကို သင့်ရဲ့ Server computer(ကီးဘုတ် ။မောက်စ် တပ်ထားတဲ့ကွန်ပျူတာ) မှာ Install ရမှာဖြစ်ပါတယ်။

Configuring the server system:


ဒေါင်းလုပ်ဆွဲပြီးရင် install လုပ်ပါ။ပြီးးရင် Run လိုက်ပါ။ 'ဒါဆိုရင်သင်က Server / Client ရွေးပေးရပါမယ်..
Configure server ကို ကလစ်ပေးပါ။ဒါဆိုရင် server configuration ၀င်းဒိုးတစ်ခုပွင့်လာပါမယ်။



ပုံမှာဆိုရင် Linux-mint က ကျွန်တော့်ရဲ့  ဆာဗာ ဖြစ်ပြီး  Win7 ကတော့ Client ဖြစ်ပါတယ်။ Client ကတော့ တစ်လုံးထက်မကရှိနိုင်ပါတယ်။
advanced settings မှာလည်း မိမိစိတ်ကြိုက် ၀င်ကြည့်နိုင်ပါသေးတယ်။ကျွန်တော်ကတော့ Save/OK ကို ပဲနှိပ်လိုက်ပါတယ်..ပြီးရင် သင့်ဆာဗာကွန်ပျူတာရဲ့ IP address ကို မှတ်သားထားလိုက်ပါ။ note pad မှာရေးမှတ်ထားလိုက်ပါ။

Configuring the client computer:


client computerတွေက မောက်စ်ကီးဘုတ်မရှိတဲ့ ကွန်ပျူတာတွေပေါ့။ အဲ..Client တွေပေါ်မှာလည်း Synergy ကို install လုပ်ရမှာဖြစ်ပါတယ်။ပြီးရင် Run ပါ ။ဒီတစ်ခါ Client ကိုရွေးပေးရုံပဲဖြစ်ပါတယ်။



ပုံမှာပြထားတဲ့အဆင့်ကိုရောက်ပြီဆိုရင် စောစောကမှတ်ထားတှဲ့ဆာဗာကွန်ပျူတာရဲ့ IP address ကို Server IP အကွက်ထဲမှာထည့်လိုက်ပြီးတော့ Apply ကိုနှိပ်ပေးပါ။

ပြီးရင် Sharing ကိုစတင်ဖို့အတွက် ...ဆာဗာကွန်ပျူတာမှာ Start ကိုနှိပ်ပါ။ Client ကွန်ပျူတာမှာလည်း Start ကိုနှိပ်လိုက်ပါ။
ခဏလောက်စောင့်လိုက်ပါ။ဒါဆိုရင်တော့ သင့် ဆာဗာကွန်ပျူတာက ကီးဘုတ် နဲ့မောက်စ်တစ်ခု စီကို အခြား ကွန်ပျူတာတွေကို မျှဝေလိုက်ပါပြီ။ ကိုကြိုက်တဲ့ Client ကွန်ပျူကာကိုရွေးပြီးတော့ လှမ်းပြီး မောက်စ် ကီးဘုတ်နဲ့ စေခိုင်းနိုင်ပါပြီ။ဆော့ဝဲဗားရှင်းပေါ်မူတည်ပြီး နေရာအထားအသိုလေးတွေ လွဲကောင်းလွဲနိုင်ပါတယ်။ဒါပေမယ့် သဘောတရားအတူတူမို့ အားလုံးနားလည်ပါလိမ့်မယ်။ဟုတ်ကဲ့ ...ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပို့စ်ရေးသားသူ-Han Wai Linn(www.sayyoethe.blogspot.com)

Posted By ဝေယံစိုး20:04

ကျပ် ၁၅ဝဝ ထက် မပိုသည့် မိုဘိုင်းဆင်းမ်ကတ်များ ကို အော်ရီဒူးက အစောဆုံး ဇူလိုင်နှင့် နောက်အကျဆုံး စက်တင်ဘာ အတွင်း ရောင်းချမည်

Filled under:


ရန်ကုန်၊ မေ ၂၅- ကျပ် ၁၅၀၀ ထက်မပိုသည့်နှုန်းဖြင့် အင်တာနက် ပါဝင်ပြီး 3G ကွန်ရက်စနစ်သုံး မိုဘိုင်း ဆင်းမ်ကတ်များကို ယခုနှစ်တွင် အစောဆုံးအနေဖြင့် ဇူလိုင်လနှင့် နောက် အကျဆုံး အနေဖြင့် စက်တင် ဘာလအတွင်း အကန့်အသတ်မဲ့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ 3G ကွန်ရက်သုံး စွဲနိုင်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အစရှိသည့်မြို့ကြီးများ တွင် ဒေတာစင်တာများတည်ဆောက် ပြီးဖြစ်ကာ ဆက်သွယ်ရေးအတွက် အခြေခံ အဆောက် အအုံများဖြစ်သည့် တာဝါတိုင် ၄ဝဝကျော်စိုက်ထူသွား မည်ဖြစ်ပြီး ယင်းနှင့်ချိတ်ဆက်မည့် ဖိုက်ဘာလိုင်း ၁၂ဝဝကီလိုမီတာကျော် ချခြင်းများ ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း မေ၂၅ရက် Sule Shangri-La တွင် မွန်းလွဲ၂နာရီမှ ၄ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာ ရှင်းလင်းပွဲတွင် အော်ရီဒူး (မြန်မာ)မှ  အလုပ်အမှုဆောင်အရာရှိချုပ် Mr.Ross Cormack  က ပြောကြားခဲ့သည်။
ယင်းက''ဆင်းမ်ကတ်ရောင်းချမယ့်ဈေး၊ ဖုန်းပြောဆိုခ၊ အင်တာနက်နှုန်း စတာတွေကို ရက်အတိအကျကိုတော့ထပ်ကြေညာပါ့မယ်။ ပြိုင်ဘက်အော်ပ ရေတာတွေကလဲ ရှိနေတော့ သေချာမ ပြောပါရစေနဲ့ဦး။ တတိယသုံးလပတ်လို့ပဲ အကြမ်းဖျင်းပြောထားပါရစေ။ ဆင်းမ်ကတ် စရောင်းတဲ့အချိန်မှာ အရေအ တွက် ဘယ်လောက်စချမယ်ဆိုပြီး ကန့်သတ်ထားတာ မျိုးမရှိ ဘူး။ မှတ်ပုံတင် ပြတာနဲ့ ဝယ်နိုင်မယ်''ဟုပြောသည်။

TPM Ooredoo 1
အော်ရီဒူး (မြန်မာ)မှ  အလုပ်အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က ရှင်းလင်းပြောကြားစဉ်။
နှစ်တစ်နှစ်တွင် ပထမသုံးလပတ်ဆိုသည်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် တို့ကိုဆိုလိုခြင်းဖြစ်ပြီး၊ ဒုတိယ သုံးလပတ်ဆိုသည်မှာ ဧပြီ၊ မေနှင့် ဇွန်လတို့ ကိုဆိုလိုခြင်းဖြစ်ကာ တတိယ သုံးလပတ် ဆိုသည်မှာ ဇူလိုင်၊ ဩဂုတ်နှင့်စက် တင်ဘာလတို့ကိုဆိုလိုခြင်းဖြစ်ကြောင်း အော်ရီဒူး(မြန်မာ)မှ သိရသည်။ ယင်းသို့ 3G ကွန်ရက်ဖြင့် စတင်အသုံးပြုနိုင်ရန်အတွက် ဇန်နဝါရီလ လယ်က ဖုန်းစမ်းသပ်ခေါ်ဆိုမှုများ ဆောင်ရွက်ထားပြီး ယခုနှစ်ကုန်ပိုင်းတွင် ဖိုက်ဘာ လိုင်းများကိုလည်း ကွန်ရက်ဖြန့်ကြက် မှုနှင့် အညီ ကီလိုမီတာ ထောင် နှင့်ချီ၍ လိုင်းချသွား မည်ဖြစ် ကြောင်း သိရသည်။

အော်ရီဒူး(မြန်မာ)အနေဖြင့် သုံးစွဲသူများ၏ကိုယ်ရေးအချက်အလက် များအား ကာကွယ်ပေးခြင်းများနှင့်ပတ်သက်၍ Mr.Ross Cormack   က ''ဒေတာစင်တာတွေ နက်ဝေါ့ခ်တွေက အော်ရီဒူး က ပိုင်ဆိုင် တာ တွေဖြစ်တယ်။ သုံးစွဲသူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်မယ်။
 
 ကမ္ဘာ အနှံ့မှာဆောင်ရွက်နေတဲ့နည်းဥပဒေအတိုင်း အစိုးရက အချက် အလက် တွေ တောင်း တိုင်း ပေးမှာမဟုတ်ပါဘူး '' ဟု ယင်းကဆက်လက်ပြောသည်။

အော်ရီဒူး (မြန်မာ)သည် ဖေဖော်ဝါရီလ ၅ရက်တွင် တယ်လီကွန် လိုင်စင်ရရှိခဲ့ပြီး မြန်မာဝန်ထမ်းများ ဆက်တိုက်ခန့်အပ်လျက်ရှိကာ ကျန်းမာရေး၊ ပညာရေးနှင့်အားကစား အစရှိသည့် ကဏ္ဍ များ တွင် လည်း ပံ့ပိုးကူညီပေးလျက် ရှိကြောင်း သိရသည်။    

PPT [--Democracy today Daily Newspaper--]

Posted By ဝေယံစိုး20:03

Friday 23 May 2014

ပုံပြင်ကမ္ဘာ ကလေးရုပ်စုံစာစောင်

Filled under:

စာပေဗဟုသုတတိုးပွားစေရန်အတွက်စာပေချစ်မြတ်နိုးသောရပ်နီး ၊ ရပ်ဝေးသူငယ်ချင်းတွေဖတ်ရှု့ကြစေ
ရန်အဆင်ပြေအောင်လို့တိုက်ရိုက်ဖတ်ရှု့ရန်နှင့်ဒေါင်းလော့စ်ဆွဲရန်အဆင်ပြေအောင်လို့တင်ပေးလိုက်ပါ
တယ်။Full Screen အပြည့်ဖတ်ရှု့နိုင်ပြီးညာဘက်ဒေါင့်တွင် download ကိုနှိပ်ပြီးလည်းဒေါင်းနိုင်ပါတယ်။
ဒီစာအုပ်လေးကိုတော့ Burmeseclassic ကဒေါင်းလော့စ်လုပ်ပြီးပြန်လည်မျှဝေပေးထားခြင်းဖြစ်ပါတယ်။
ဒါကြောင့် Burmeseclassic ကို Credit ပေးပါတယ်ခင်ဗျာ။
Click to Read & Download

Posted By ဝေယံစိုး18:24

Phone Memory ကနေ SD card ထဲကို app တွေအလွယ်တကူပြောင်းပေးမဲ့ AppMgr Pro III (App 2 SD) v3.32 APK

Filled under:

Phone ထဲမှာ memory တွေပြည့်နေလို external SD card ထဲကိုပြောင်းချင်ကြပါတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီ application လေးကို ဆောင်ထားစေချင်ပါတယ်။ Application တွေကို 
အလွယ်တကူ ပြောင်းလဲ နိုင်ပြီး uninstall လုပ်ဖို့အတွက်လဲ တစ်ခါတည်း ပါဝင်တာကြောင့် အဆင်ပြေပြေ အသုံးပြုနိုင်တာကိုတွေ့ရပါတယ်..

အခုထွက်တဲ့  application လေးကတော့ နောက်ဆုံးထွက် version လေးဆိုတော့ အသုံးပြုရလွယ်ကူအဆင်ပြေမှာတော့မလွဲပါပဲ။ အသုံးတတ်ဘူးဆိုရင် အောက်မှာတွေနှင့်လမ်းညွန်းပေးထားပါတယ်သူငယ်ချင်းတို့ရယ်။အဆင်ပြေလို
အသုံးပြုလိုသူတွေအနေနဲ့တော့ android version 2.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါပြီဗျာ။
Note:
 
 
 
 

Posted By ဝေယံစိုး00:58

IPHONE PASSCODE ကို ပြန်လည် ရယူနည်း

Filled under:


ယနေ့ခေတ်တွင် iDevice ကို အသုံးပြုသူ လူတိုင်းနီးပါးက မိမိ၏ အရေးကြီးသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို iDevice အတွင်းမှာ သိမ်းဆည်းထားတတ်ကြပြီး.. အခြား တစ်စုံတစ်ယောက် အလွယ်တစ်ကူ အသုံးမပြုနိုင်စေရန် ကိုယ်ပိုင် Passcode လေးများနှင့် Lock လုပ်ထားတတ်ကြပါတယ်.. 

မိမိကိုယ်တိုင် Set up လုပ်ထားတဲ့ Passcode ကို မေ့သွားခဲ့မယ်ဆိုရင်တော့...
အရင်ကဆိုရင် Restore ပြန်လုပ်ရုံကလွဲ၍ အခြားနည်းလမ်း မရှိခဲ့ပါဘူး။
ယခုတော့ iDevice ကို Restore ပြန်လုပ်ရန် မလိုပဲနှင့် Passcode ကို ပြန်လည်ရှာဖွေနိုင်မယ့် Toolkit တစ်ခုကို iPhone Dev Team က ဖန်တီးပေးလိုက်ပါပြီ... 

"Gecko Toolkit" လို့ အမည်ရတဲ့ Tool ဟာ iDevice ရဲ့ Passcode ကို ပြန်ရှာပေးနိုင်ရုံမျှမကပဲ အကြောင်းကြောင်းကြောင့် 'Disable' ဖြစ်နေတဲ့ iPhone ကိုပါ ပြန်လည် ကုစားပေးနိုင်ပါတယ်၊ ဒါ့အပြင် Apple logo မှာ တစ်နေခြင်း ပြဿနာကိုလည်း ဖြေရှင်းပေးပါလိမ့်မယ်...

Features
      -Bypass iDevice's (A4) Lock Code
      -Bypass iDevice's (A4) "iPhone Disabled" after failed attempts
      -Fix stuck on Apple logo problems
      -And more!


ဖော်ပြပါ လုပ်ဆောင်ချက်များကိုတော့ (A4) iDevice များဖြစ်တဲ့...

  • iPodTouch 1, 2, 3, 4
  • iPhone1G, 2G, 3G, 3GS, 4
  • iPad 1
    တို့မှာသာ ရရှိနိုင်ပါသေးတယ်...

Bypassing the Lock Code

မိမိရဲ့ မေ့သွားတဲ့ Passcode ကို ပြန်လည်ရယူနိုင်ရန် အတွက်:
      ၁) iDevice ကို PC နှင့် ချိပ်ဆက်၍ "Gecko Toolkit" ကို Run လိုက်ပါ
      ၂) "Read lockscreen password" tab ကိုသွားပြီး မိမိ iDevice အမျိုးအစားကိုရွေးပါ
      ၃) ထို့နောက် "Boot" ကိုနှိပ်ပါ။
      ၄) iDevice ၏ iOS version (ipsw) ကို ရွေးပေးပါ (မရှိသေးပါက ဤနေရာတွင် Download လုပ်ပါ။
      ၅) အလိုလျှောက် ဆောင်ရွက်နေပြီး "Launch" ကို နှိပ်ရန် ပြောလာပါက နှိပ်ပါ။
      ၆) Pascode ကို ရှာဖွေပေးနေပါပြီ

Starting the Process:


Process Results:


Bypassing the "iPhone Disabled" Function

      ၁) "Disable" ဖြစ်နေသော iPhone ကို ဖြေရှင်းရန်:
      ၂) Bypass "phone disabled" tab ကိုသွားပြီး မိမိ iDevice အမျိုးအစားကိုရွေးပါ
      ၃) ထို့နောက် "Bypass" ကို နှိပ်ပါ။


Other Fix

Cydia မှ သွင်းယူလိုက်သော sources များကြောင့်ဖြစ်စေ၊ အခြားအကြောင်း အမျိုးမျိုးကြောင့် Apple logo တွင် ရပ်နေသော iDevice များအတွက် ဖြေရှင်းရန် နည်းလမ်း နှစ်ခု ရွေးချယ်ခွင့် ပေးထားပြီး နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ (method 1) ကတော့ အန္တရာယ်ကင်းသော နည်းလမ်းဖြစ်ပြီး (method 2) မှာတော့ မိမိစိတ်ကြိုက် payloads ထည့်သွင်းပြီး customize လုပ်နိုင်ပါတယ်။


မှတ်ချက်
ဖော်ပြပါ လုပ်ဆောင်ချက်များ အားလုံးသည် (A4) Device များတွင်သာ အသုံးပြုနိုင်ပါသည်။ အကြောင်းရင်းခံမှာ Program မှ custom RAMdisk တစ်ခု ပြုလုပ်ပေးပြီးနောက် data များကို new RAMdisk အဖြစ် device ပေါ်တွင် ကူးယူပေးလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် A5+ device များကဲ့သို့ exploit မလုပ်နိုင်သော A4 device သီးသန့်များတွင်သာ အထက်ပါ လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...


  မိုးသိကြား

Posted By ဝေယံစိုး00:55

APPLE ၏ IPHONE 6 ပုံများနှင့် အတိုင်းအတာများထွက်ပေါ်လာ

Filled under:




Aung Ko Htet (Myanmar IT Knowledge)

Apple ရဲ့ နောက်ဆုံးထွက်ရှိလာတော့မဲ့ iPhone 6 ပုံကြမ်းနဲ့ အတိုင်းအတာတွေထွက်ပေါ်လာပါတယ်။ အဆိုပါ iPhone 6 ရဲ့ မျက်နှာပြင်အကျယ်ကတော့ 4.7 လက်မရှိပြီး resolution ကတော့ 960×1,704 ရှိတယ်လို့ခန့်မှန်းထားပြီး  iPhone 5s ရဲ့ screen နဲ့ အနည်းငယ်သာ ကွာခြားကာ resolution ကလည်း 50 % ထိကွာခြားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 

Apple iPhone 6 ရဲ့ ပုံသဏ္ဍန် အတိုင်းအတာကတော့ 137.5× 67×7 mm ရှိပြီး iPhone 5s ရဲ့ 123.8×58.6×7.6 mm အတိုင်း အတာကို နမူနာယူပြီး ခန့်မှန်းထုတ်ပြန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ 

ခန့်မှန်းချက်အတိုင်းအတာများနဲ့ တိုင်းတာ ထုတ်လုပ်ထားတဲ့ iPhone 6 ရဲ့အတိုင်းအတာ ပုံရဲ့ အပြင်ပိုင်းကတော့ iPod touch ရဲ့ ဒီဇိုင်းကို အတုယူပြီး ထုတ်ထားခြင်းဖြစ်ပြီး Home button ကိုလည်း အဖြူရောင်ကို ရွှေရောင်ဘောင်ကွပ်ထားတဲ့ button ဒီဇိုင်းနဲ့ ထုတ်ထားတာဖြစ်ပြီး နမူနာ ထုတ်ထားတဲ့ iPhone 6 ပုံရဲ့ အရောင်တွေကတော့ မီးခိုးရောင်၊ အနက်ရောင် နှင့် ရွှေရောင်တို့ပဲဖြစ်ပါတယ်။





Ref: Arena

Aung Ko Htet (Myanmar IT Knowledge)

Posted By ဝေယံစိုး00:53

GSM-စခန်းများ မန္တလေးတွင်တိုးချဲ့တည်ဆောက်နေပြီ ဖြစ်၍ ဖုန်းလိုင်းကျပ်တည်းမှုများကိုဖြေရှင်းနိုင်မည် ဟုဆို

Filled under:

Photo: GSM-စခန်းများ မန္တလေးတွင်တိုးချဲ့တည်ဆောက်နေပြီ ဖြစ်၍
ဖုန်းလိုင်းကျပ်တည်းမှုများကိုဖြေရှင်းနိုင်မည် ဟုဆို
=============================================(22.5.2014)

GSM-ဖုန်းလိုင်းကောင်းမွန်စေရန် မန္တလေးတိုင်းဒေသကြီး၌ ယခုသီတင်းပတ်
နှစ်ပတ်အတွင်း လိုင်းပေါင်း သုံးသိန်းကျော် တိုးချဲ့နိုင်ရန် GSM/UMTS
(1+3)ရေဒီယိုစခန်းပေါင်း ၁၂၀-ထိ တည်ဆောက်သွားမည်ဖြစ်၍ ဖုန်းပြောဆိုမှုနှင့်အင်တာနက်လိုင်းကျပ်တည်းမှုများကို ဖြေရှင်းပေးသွားနိုင်မည်ဟုမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊(မန္တလေး)ဒုတိယ အထွေထွေမန်နေဂျာ ဦးစောထူးသာကပြောသည်။                                                             ''မန္တလေး၇-မြို့နယ်မှာရေဒီယိုစခန်းပေါင်း၅၅ခုရှိပြီးလိုင်းကျပ်တည်းမှုဖြေရှင်းနိုင်အောင်မေလလယ်အတွင်းပြီးအောင်တိုးချဲ့တည်ဆောက်သွားမှာပါ။အရင်ရက်ပိုင်းမိုဘိုင်းဖုန်းအင်တာနက်လိုင်းတွေမကောင်းတာ၊ဖုန်းလိုင်းမကောင်းတာတွေကဖိုင်ဘာဆက်ကြောင်း ပြုပြင်တာ/လဲနေတာ
ကြောင့်ဖြစ်တာပါ။”  ဟုယင်းကဆက်လက်ပြောဆို သည်။
မန္တလေးတိုင်းဒေသကြီးတွင် GSM ဖုန်းလိုင်းပေါင်း ၅၅၀ ၀၀၀ ကျော်
ချထားပေးပြီးဖြစ်၍ လာမည့် မေလကုန် လောက်တွင် လိုင်းပေါင်း ၃၆၀ ၀၀၀
ကျော်တိုးလာမည်ဖြစ်၍ ဆက်သွယ်ပြောဆိုမှုဖုန်းလိုင်းများနှင့် အင်တာ
နက်လိုင်းများမှာ ယခုထက်ပိုမိုကောင်းမွန်လာနိုင်မည် ဟုဆိုသည်။
                  အင်တာနက်လိုင်း ကောင်း/မကောင်းဆိုတာ ဆက်သွယ်ရေးနဲ့ ရတနာပုံတယ်လီပို့အပိုင်းပါ။ဖိုင်ဘာဆက်ကြောင်းတွေကောင်းဖို့လိုတယ်။ရေဒီယိုစခန်းတွေတိုးချဲ့တိုင်းဖုန်းလိုင်းကျပ်တည်းမှုကို ဖြေရှင်းမပေးနိုင်ဘူး။ E-1 Line တွေတိုးဖို့နဲ့ခုနောက်ပိုင်းနည်းပညာအရ GE-Link,FE-Link တွေ တိုးပြီးတပ်ဆင်ပေးပြီးBackBone တွေကလည်း ပံ့ပိုးနိုင်ရင် ဖုန်းလိုင်းကျပ်တာတွေ မဖြစ်နိုင်တော့ဘူး။”
ဟု ပြင်ပဆက်သွယ်ရေးကုမ္ပဏီ တစ်ခုမှ ပညာရှင်တစ်ဦးက ပြောဆိုသည်။
                         လက်ရှိ မိုဘိုင်းဆက်သွယ်ရေးရေဒီယိုစခန်းများတွင်
E-1လိုင်းများတပ်ဆင်ထားသော်လည်း နည်းပညာအသစ် ဖြစ်သည့် GE-Link ,FE-Linkများ အသုံးပြုတပ်ဆင်ထားမှု နည်းသေးကြောင်း၊E-1 လိုင်းတစ်ခုလျင် 32-Chenalရှိ၍အမှန်တကယ်အသုံးပြုနိုင်သောလိုင်းမှာ ၃၀ ဖြစ်ပြီး၊အ၀င်
၁၅-လိုင်း၊အထွက် ၁၅-လိုင်း သာသုံးနိုင်ကြောင်း၊ အင်တာ နက်လိုင်းများကို
နိုင်ငံတကာကဲ့သို့ အသုံးပြုနိုင်ရန်မှာ မြန်မာ့ဆက်သွယ်ရေးအနေဖြင့်
Bandwidth ကို ထိန်းချုပ်ထားခြင်းမပြုဘဲ အပြည့်အ၀ပေးသင့်ကြောင်း ယင်းကသုံးသပ်ခဲ့သည်။
GSM-ဖုန်းလိုင်းကောင်းမွန်စေရန် မန္တလေးတိုင်းဒေသကြီး၌ ယခုသီတင်းပတ်
နှစ်ပတ်အတွင်း လိုင်းပေါင်း သုံးသိန်းကျော် တိုးချဲ့နိုင်ရန် GSM/UMTS
(1+3)ရေဒီယိုစခန်းပေါင်း ၁၂၀-ထိ တည်ဆောက်သွားမည်ဖြစ်၍ ဖုန်းပြောဆိုမှုနှင့်အင်တာနက်လိုင်းကျပ်တည်းမှုများကို ဖြေရှင်းပေးသွားနိုင်မည်ဟုမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊(မန္တလေး)ဒုတိယ အထွေထွေမန်နေဂျာ ဦးစောထူးသာကပြောသည်။ 
''မန္တလေး၇-မြို့နယ်မှာရေဒီယိုစခန်းပေါင်း၅၅ခုရှိပြီးလိုင်းကျပ်တည်းမှုဖြေရှင်းနိုင်အောင်မေလလယ်အတွင်းပြီးအောင်တိုးချဲ့တည်ဆောက်သွားမှာပါ။အရင်ရက်ပိုင်းမိုဘိုင်းဖုန်းအင်တာနက်လိုင်းတွေမကောင်းတာ၊ဖုန်းလိုင်းမကောင်းတာတွေကဖိုင်ဘာဆက်ကြောင်း ပြုပြင်တာ/လဲနေတာ
ကြောင့်ဖြစ်တာပါ။” ဟုယင်းကဆက်လက်ပြောဆို သည်။
မန္တလေးတိုင်းဒေသကြီးတွင် GSM ဖုန်းလိုင်းပေါင်း ၅၅၀ ၀၀၀ ကျော်
ချထားပေးပြီးဖြစ်၍ လာမည့် မေလကုန် လောက်တွင် လိုင်းပေါင်း ၃၆၀ ၀၀၀
ကျော်တိုးလာမည်ဖြစ်၍ ဆက်သွယ်ပြောဆိုမှုဖုန်းလိုင်းများနှင့် အင်တာ
နက်လိုင်းများမှာ ယခုထက်ပိုမိုကောင်းမွန်လာနိုင်မည် ဟုဆိုသည်။

အင်တာနက်လိုင်း ကောင်း/မကောင်းဆိုတာ ဆက်သွယ်ရေးနဲ့ ရတနာပုံတယ်လီပို့အပိုင်းပါ။ဖိုင်ဘာဆက်ကြောင်းတွေကောင်းဖို့လိုတယ်။ရေဒီယိုစခန်းတွေတိုးချဲ့တိုင်းဖုန်းလိုင်းကျပ်တည်းမှုကို ဖြေရှင်းမပေးနိုင်ဘူး။ E-1 Line တွေတိုးဖို့နဲ့ခုနောက်ပိုင်းနည်းပညာအရ GE-Link,FE-Link တွေ တိုးပြီးတပ်ဆင်ပေးပြီးBackBone တွေကလည်း ပံ့ပိုးနိုင်ရင် ဖုန်းလိုင်းကျပ်တာတွေ မဖြစ်နိုင်တော့ဘူး။”
ဟု ပြင်ပဆက်သွယ်ရေးကုမ္ပဏီ တစ်ခုမှ ပညာရှင်တစ်ဦးက ပြောဆိုသည်။

လက်ရှိ မိုဘိုင်းဆက်သွယ်ရေးရေဒီယိုစခန်းများတွင်
E-1လိုင်းများတပ်ဆင်ထားသော်လည်း နည်းပညာအသစ် ဖြစ်သည့် GE-Link ,FE-Linkများ အသုံးပြုတပ်ဆင်ထားမှု နည်းသေးကြောင်း၊E-1 လိုင်းတစ်ခုလျင် 32-Chenalရှိ၍အမှန်တကယ်အသုံးပြုနိုင်သောလိုင်းမှာ ၃၀ ဖြစ်ပြီး၊အ၀င်
၁၅-လိုင်း၊အထွက် ၁၅-လိုင်း သာသုံးနိုင်ကြောင်း၊ အင်တာ နက်လိုင်းများကို
နိုင်ငံတကာကဲ့သို့ အသုံးပြုနိုင်ရန်မှာ မြန်မာ့ဆက်သွယ်ရေးအနေဖြင့်
Bandwidth ကို ထိန်းချုပ်ထားခြင်းမပြုဘဲ အပြည့်အ၀ပေးသင့်ကြောင်း ယင်းကသုံးသပ်ခဲ့သည်။

Myanmar Digital Life Journal

Posted By ဝေယံစိုး00:52

Thursday 22 May 2014

နောက်ခံ Backgroundလေးကို 3D Parallax Background V 1.20 APKလုပ်ကြမယ် for android(latest version)

Filled under:

Live Wallpaper တွေကိုနှစ်သက်သော Android ဖုန်း ပိုင်၇ှင်ဘော်ဒါတို.အတွက်…..3D Parallax Background V-1.20For Android  နောက်ဆုံးဘားရှင်းလေးတင်ပေးလိုက်ပါတယ်3D Parallax Background ဆိုတဲ့ Apk လေးကတော့ … အားလုံးသိပြီးသားဖြစ်မှာပါ … Android OS 
ကိုင်ဆောင်တဲ့သူတွေအတွက် နောက်ခံ Background လေးကို 3 ဖက် မြင်ရအောင် လုပ်ပေးပြီးတဲ့ Apllication လေးပဲဖြစ်ပါတယ်Water Pro Live Wallpaper V- 1.20 နောက်ဆုံးဘားရှင်းလေးတင်ပေးလိုက်ပါတယ်။ Android O/S : 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။Give your background a real 3D depth feeling.
Unlike other live wallpapers which just move the background - this live wallpaper combines movement and rotation of the background to give the best illusion experience - exactly as featured on IOS7.
Compare and see the difference for yourself.

Features:

  fully 3D OpenGL environment
  unique feature of rotating background to match your device's rotation in all axis
  use your own custom image or choose from included backgrounds set
  smooth and battery efficent
  configure the levels of depth effectShould you have any issues with the wallpaper please write to vinwapgames@gmail.com and we will provide you with support. If the app crashes while setting your own background please write to us saying which device experienced this issue.READ/WRITE EXTERNAL STORAGE permission is being used for choosing own backgrounds.What's in this version : (Updated : May 21, 2014)please use desktop mode on browser when downloading layers from dropbox as mobile version resizes the image to incorrect 1200x1200 resolution added support for PHOTOS app. (No cropping available for this app)bug fix for Android 4.4 KitKat Nexus 4 sensors freeze
Android O/S : 2.1+
DOWNLOAD<<<<<<

Posted By ဝေယံစိုး23:49

မြန်မာ့တို့ရဲ့ ဂန္တ၀င် အသံဇာတ်လမ်း ဗိုလ်အောင်ဒင် MP3ဒေါင်းလုပ်

Filled under:



မြန်မာရုပ်ရှင်ခေတ်ဦးတုန်းက မင်းသားကြီးခင်မောင်ရင် တို့ရိုက်ကူးခဲ့တုန်းက သောက်သောက်လဲအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းပါ။ဒါကို ဂီတစာဆို မောင်ကြေးမှုံက အကယ်ဒမီ ကောလိပ်ဂျင်နေ၀င်း ၊ အကယ်ဒမီစိုးရွှေ၊ တို့နဲ့ အသံဇာတ်လမ်းသွင်းခဲ့တော့လည်း လွန်စွာအောင်မြင်ခဲ့ပါတယ်။ခု ဒီအသံဇာတ်လမ်းကို ဒေါင်းလုပ်လုပ် နားဆင်နိုင်ဖို့တင်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းကို ကက်ဆက်ခွေတွေမှ အသံဖိုင်အဖြစ်ပြောင်း တစ်ခါ upload လုပ်တင် ပေးရပါတယ်။အချိန်အများကြီးယူရပါတယ်။ဒါကြောင့် share လုပ်ပါက hanwailinn-www.sayyoethe.blogspot.com ကို ခရက်ဒစ်ကလေးပေးပေးပါလို့။ ဒေါင်းလုပ်ရတဲ့ rar ဖိုင်မှာ password ခံထားပါတယ်။ password က  www.sayyoethe.blogspot.com  ဖြစ်ပါတယ်။ အပိုင်းက ဗိုလ်အောင်ဒင်ကနေ သားဗိုလ်အောင်ဒင်ထိ ရှစ်ပိုင်းရှိပါတယ်။တစ်ပိုင်းဆီ ခွဲတင်ပေးမှာဖြစ်ပါတယ်။ အပိုင်း လေးထိ ပက်ဝပ်ခံထားပါ့တယ်။ငါးကနေတော့ ပက်စ်ဝပ်ထည့်မထားတော့ပါဘူး။ အဓိကကတော့ ဒီရှားပါးအသံဇာတ်လမ်းတွေကို ရရှိတဲ့ မူရင်းအရင်းအမြစ်ကတော့ မကွေးတိုင်းထဲက ကဇွန်းမရွာ က အပြတ်ရှင်း ဆိုင်မှဖြစ်ပါတယ်။ခရက်ဒစ်ပါ။တင်ရတဲ့ရည်ရွယ်ချက်ကတော့ ခေတ်လူငယ်တွေ နားဆင်နိုင်ဖို့ပါ။

ကဲ သုတ ရသ ဟာသ အလွမ်း အဆွေး ရောသမမွှေထားတဲ့ ဗိုလ်အောင်ဒင် မမြ၀င်း တို့ကို ခံစားကြပါစို့လားဗျာ။။။။။
DOWNLOAD အပိုင်း <<<A>>>
DOWNLOAD အပိုင်း <<<B>>>

Posted By ဝေယံစိုး23:34

Wednesday 21 May 2014

APPLE'S ICLOUD ACTIVATION LOCK ကိုကျော်လွှားနိုင်သော TOOL မကြာခင်ထွက်ရှိတော့မည်

Filled under:


iCloud Account ထည့်ထားတဲ့ ဖုန်းတွေကိုဝယ်လိုက်မိပြီ ၊ iCloud Account password မေ့သွားပြီဆိုရင် Firmware ပြန် restore လုပ်ပြီးကာစမှာအကြီးအမားဆုံးအတားအဆီးတစ်ခုဖြစ်တယ်ဆိုတာ iPhone ကိုင်တဲ့ users တော်တော်များများသိကြပါတယ်။ ဒါကိုဖြည်လို့မရတာတော့မဟုတ်ပါဘူး။  ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဒါကို ဈေးကြီးကြီးနဲ့ ဖြည်ပေးနေတာတွေတွေ့ရပါသေးတယ်။ ယခုတော့ထင်ရှားတဲ့ iO researcher and hacker ၂ ဦးဖြစ်တဲ့ AquaXetine နဲ့ MerrukTechnolog တို့ နှစ်ဦးပူးပေါင်းပြီး doulCi လို့ခေါ်တဲ့ Apple's iCloud activation Bypass Server ကိုတီထွင်လိုက်ပါပြီ ။ iCloud ကိုကျော်နိုင်တဲ့ explorit ကိုရှာဖွေတွေ့ရှိပြီး ငါးလကျော်ခန့် စမ်းသပ်ပြီးအောင်မြင်မှုရခဲ့တယ်လို့ဆိုပါတယ်။


 
 
doulCi ကို iPad နဲ့ iPhone 4S တွေမှာလည်းအသုံးပြုနိုင်ပြီး iPhone 5,5S နဲ့ 5C တွေမှာတော့ beta အဆင့်စမ်းသပ်အနေနဲ့သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ doulCi လို့ခေါ်တဲ့ Server ကိုအသုံးပြုဖို့အတွက် ကွန်ပျူတာထဲက host file မှာ code တစ်ကြောင်းလေးထည့်သွင်းပေးလိုက်ရုံပဲဖြစ်ပါတယ်။ Hacker ၂ ဦးကတော့ ဒီ code ၂ ကြောင်းကို "Magic Line" လို့တင်စားသုံးနှုန်းထားပါတယ်။
 
 ယင်း code တစ်ကြောင်းထည့်သွင်းပြီးပြီဆိုရင်တော့ သင့်ဖုန်းကို  USB ကြိုးအသုံးပြု၍ ကွန်ပျူတာနဲ့ချိတ်ဆက်ထားဖို့ပဲလိုတော့မှာပါ။ မကြာခင် users တွေအသုံးပြုနိုင်တော့မယ်လို့သိရပါတယ်။ iCloud မိနေတဲ့ users တွေအဆင်ပြေတော့မယ့်အချိန်ကိုရောက်ရှိလာတော့မှာပါ။ အားလုံးပဲအဆင်ပြေကြပါစေ။ 

MMAS

Posted By ဝေယံစိုး22:49

မပြုံးဘဲ ၀ါးလုံးကွဲရီရမယ့် ဓါတ်ဆီ+ဓါတ်ဆံ ဟာသ အသံဇာတ်လမ်း ဒေါင်းလုပ်

Filled under:


မပြုံးဘဲ ၀ါးလုံးကွဲရီရမယ့် ဓါတ်ဆီ+ဓါတ်ဆံ ဟာသ အသံဇာတ်လမ်း ဒေါင်းလုပ်ဆွဲကြရအောင်ဗျာ။အရမ်းရီရပါတယ်။ ခုခေတ်လူရွှင်တော်တွေ အားကျအတုယူရတဲ့ ဟာသဘိုးအေ ကြီးနှစ်ယောက်ရဲ့ ဟာသတွေပါ။ ရေနံချောင်းကဖေကံကောင်း ဇာတ်လမ်းကတော့ အရမ်းအူတက်အောင်ရီရမှာဖြစ်ကြောင်း အာမခံပါတယ်။ဒီအသံဇာတ်လမ်းတွေဟာ မူလက ကက်ဆက်တိတ်ခွေတွေပါ ဒါကို mp3 အသံဖိုင်အဖြစ်ပြန်လည်ပြောင်းယူ...upload ပြန်လုပ် နဲ့အချိန်ယူရပါတယ်။ဒါကြောင့် ဒါကို share မယ်ဆို hanwailinn-www.sayyoethe.blogspot.com လေးကိုခရက်ဒစ်ကလေးပေးပေးပါလို့
DOWNLOAD <<<<ဓာတ်ဆီ ဓာတ်ဆံ.mp3>>>>>

Posted By ဝေယံစိုး22:47

ဆားပုလင်းနှင်းမောင်နှင့်ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား-အသံဇာတ်လမ်းMP3ဒေါင်းလုပ်

Filled under:




ဆရာမင်းသိင်္ခံ ရဲ့ ဆားပုလင်းနှင်းမောင်နှင့်ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား-အသံဇာတ်လမ်းmp3ဒေါင်းလုပ် ပါ။ အရင်ခေတ် က ကက်ဆက်ခွေ ကို mp3 အဖြစ်ပြန်လည်ပြောင်းပြီးတင်ပေးလိုက်ပါ။ဆားပုလင်းနှင်းမောင်နေရာမှာ မင်းသိင်္ခံကိုယ်တိုင် ပါဝင်အသံသွင်းပြီး ဒေါက်တာဆိတ်ဖွားကတော့ မြန်မာ့ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေ၀င်းဖြစ်ပါတယ်။
လူ့သဘာဝ အသော့အထေ့လေးတွေ၊နဲ့ ဆားပုလင်းနှင်းမောင်နဲ့ ဥာဏ်ကြီးရှင် ဆိတ်ဖွားတို့ ပြိုင်ဆိုင်ကြပုံများကို စိတ်ဝင်တစားနားဆင်ရမှာဖြစ်ပါတယ်။အလွန်ကောင်းတဲ့ဇာတ်လမ်းပါ။ 
ဖိုင်ကို win rar နဲ့ နဲနဲချံ့ ထားပါတယ်။ဒေါင်းပြီးရင် ဖြည်ပေးပါ mp3 ဖိုင်ထွက်လာပါမယ်။ နောက်လည်း အသံဇာတ်လမ်းတွေတင်ပေးဖို့ရှိပါတယ်။ဝါသနာပါသူများ စောင့်မျှော်နိုင်ပါတယ်။ အချိန်ကုန်ခံပြီး ပြောင်းထားရတာကြောင့် Share ပါက HanWaiLinn-www.sayyoethe.blogspot.com ကို ခရက်ဒစ်လေးပေးကြပါလို့ ...။
DOWNLOAD အပိုင်း (A)
DOWNLOAD အပိုင်း (B)

Posted By ဝေယံစိုး20:50

Sunday 18 May 2014

7-Data Android Recovery Enterprise 1.1 Multilingual Portable

Filled under:

ဒီကောင်လေးကတော့သူငယ်ချင်းတို့ရဲ့ Android Phone/Tablet တွေမှာ photos, pictures, video, audio, documents, emails နှင့်အခြားသော files တွေကို Recover လုပ်ပေးနိုင်သောဆော့စ်ဝဲဖြစ်ပါ
တယ်။SD card မှမှားဖျတ်မိသောဖိုင်နှင့် documents, archives, emails, database, apps, အားလုံးကို
Recovery လုပ်ပေးနိုင်ပါတယ်။portable version လေးဖြစ်တဲ့အတွက်အသုံးပြုရလွယ်ကးပါတယ်။
!!!!!!!!!!!!!DOWNLOAD>>>>>>>>>>>>

Posted By ဝေယံစိုး22:43

1CLICK DVD COPY v5.9.9.4 Final + Crack

Filled under:

ဒီကောင်လေးကတော့ Episodic DVD Movies တွေအပြင် NTSC and PAL DVD movies တွေကအစ
ကူပေးနိုင်တဲ့ 1CLICK DVD COPY ဆော့စ်ဝဲပဲဖြစ်ပါတယ်။DVD images နှင့် temporary DVD files
DVD burning  တွေကအစမြန်ဆန်စွာဘန်းပေးနိုင်ပါတယ်။Full ဖြစ်စေဖို့အတွက် Crack ဖိုင်ကိုထည့်
ပေးထားပါတယ်။ဝင်းဒိုးအားလုံးမှာအသုံးပြုနိုင်ပါတယ်။
!!!!!!!!!!DOWNLOAD>>>>>>>>>>>>>

Posted By ဝေယံစိုး22:42

Moon+ Reader Pro V 2.5.2 APK for android(latest version)

Filled under:

Android Phone & Tablet တွေကိုအသုံးပြုပြီးစာဖတ်တက်တဲ့ သူတွေအတွက်အရမ်းကောင်းတဲ့ PDF Reader လေးပါ။PDF ဖိုင်တွေအပြင် Apple Devices တွေနဲ့မှဖတ်လို့ရနိုင်တဲ့epub Format & Ebooks တွေကိုလည်း Moon+Reader Pro လေးကိုအသုံးပြုပြီးဖတ်ရှုနိုင်ပါသေးတယ်။အခြား Ebooks 
Format ဖြစ်တဲ့mobi,chm,cbr,cbz,umb,fb2 and text စတာတွေကိုလည်းMoon+Reader Pro ကိုအသုံးပြုပြီးဖတ်ရှုနိုင်ပါတယ်။အခြားEbook Reader တွေထက်ပိုကောင်းတဲ့အချက်ကတော့Ebooks တွေကိုဖတ်ရှုတဲ့အခါမှာတရွက်ခြင်းစီကိုလှန်ပြီးဖတ်ရှုနိုင်ခြင်းပါပဲ။ Moon+Reader Pro V  2.5.2 App ကိုအသုံးပြုမယ်ဆိုရင်အောက်မှာဒေါင်းယူနိုင်ပါတယ်။Professional book reader with powerful controls & full functions.
*Support online ebook libraries and personal calibre ebook server.
*Read local books with smooth scroll and tons of innovation.

Support txt, html, epub, umd, fb2, chm, zip or OPDS, key features:

    Full visual options: line space, font scale, bold, italic, shadow, alpha colors, fading edge etc.
    10+ themes embedded, includes Day & Night mode switcher.
    Various types of paging: touch screen, volume keys or even camera, search or back keys.
    24 customized operations (screen click, swipe gesture, hardware keys), apply to 15 customized events: search, bookmark, themes, navigation, font size and more.
    5 auto-scroll modes: rolling blind mode; by pixel, by line or by page. Real-time speed control.
    Adjust the brightness by sliding your finger along the left edge of the screen, gesture commands supported.
    Intelligent paragraph; indent paragraph; trim unwanted blank spaces and lines options.
    “Keep your eyes health” options for long-time reading.
    Real page turning effect with customized speed/color/transparent; 5 page flip animations;
    My Bookshelf design: Favorites, Downloads, Authors, Tags; self bookcover, search, import supported.
    Justified text alignment, hyphenation mode supported.
    Turn off softkey backlight in night mode option.
    Backup/Restore options to cloud via DropBox, sync reading positions between phones and tablets.
    Highlight, Annotation, Dictionary (Offline or Online, support Google, ColorDict, Fora, etc.), Translation, Share functions all in moon+ ebook reader.
!!!!!!!!!!!!!!!!!!!DOWNLOAD>>>>>>>>>>>>>

Posted By ဝေယံစိုး22:40

CCleaner v4.13 Build 4693 +Professional + Business +Technician +Cracks

Filled under:

မိမိဝင်းဒိုးမှာမလိုအပ်တဲ့နောက်ကွယ်ကအလုပ်လုပ်နေတဲ့ဆော့စ်ဝဲတွေကြောင့်မိမိစက်ကမြန်သင့်သလောက်
မမြန်ဖြစ်နေတာတွေကိုရှင်းလင်းပေးမယ့်ဆော့စ်ဝဲပါ။Windows Registry,Addon,browsers,( Firefox and Internet Explorer, and Chrome )deleted files ,low system အစရှိသည်တို့မှအလိုအပ်တာတွေ
ကိုရှင်းလင်းပေးမယ့် powerful cleaning လေးပဲဖြစ်ပါတယ်။Full ဖြစ်စေဖို့အတွက် Crack ဖိုင်လေးကို
ထည့်သွင်းပေးထားပါတယ်။ဘယ်လိုထည့်သွင်းရလဲဆိုတာဖိုင်ထဲမှာပုံတွေနဲ့ပြထားပါတယ်။ 



Name: CCleaner v4.13 Build 4693
Version: Professional + Business + Technician +Cracks
Languange: English
Medicine: Include –Cracks
OS Support: Xp/Vista/7/8
Publisher: CCleaner

!!!!!!!!!!!!!!DOWNLOAD>>>>>>>>>>>

Posted By ဝေယံစိုး22:39

Xtouch SmartPhone Firmware all model

Filled under:

Xtouch Smart Phone များရဲ့ Firmware များကိုတိုက်ရိုက်လင့်မှတင်ပေးလိုက်ပါတယ်။မိမိအလိုရှိရာ
Firmware ကိုဒေါင်းလော့စ်လုပ်ယူပါ။Firmware သွင်းနည်း Tools and instructions နည်းစာအုပ်ပါ
တွဲပြီးတင်ပေးလိုက်ပါတယ်။

> Download X401 Firmware V1.0

> Download X401 Firmware V1.1

> Download X401 Firmware V1.2

> Download X401 Firmware V1.3

> Download X401 Firmware V1.4


> Download Tools and instructions


---------------------------------------------------------
> Download X403 Firmware V1.1

> Download X403 Firmware V1.3


> Download Tools and instructions


-------------------------------------------------------------------------

> Download X405 Firmware V1.0

> Download X405 Firmware V1.7 (with "C" near IMEI lable) 


> Download Tools and instructions


-------------------------------------------------------------------------

> Download X506S Firmware V1.0


> Download Tools and instructions


---------------------------------------------------------------
> Download X507Q Firmware V1.0


> Download Tools and instructions

---------------------------------------------------------------------
> Download X507S Firmware V1.2


> Download Tools and instructions

-------------------------------------------------------------
> Download X508 Firmware V1.3

> Download X508 Firmware V1.4


> Download Tools and instructions

----------------------------------------------------------

> Download X509 Firmware V1.2


> Download Tools and instructions

Posted By ဝေယံစိုး22:37

Smadav Antivirus 2014 rev. 9.71 + Serial Key Latest Version

Filled under:

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgasJw8vmUQ2AV7KMWzbm2lG35W_6OSDpoJ7BvcWGLyitoRBpOIzwjySnD5lb5OVRF-Bp8wC8P-hePykxZO7Lok8IhfjifX44V05puF0v56Jawx_nd36kpAM2F86MJMpTaiZkamPG1N1wtN/s1600/anas-turmudzi-download-antivirs-smadav-pro.png
Antivirus Software တွေမတင်ပေးရတာကြာလို့ မွှေမွှေနှောက်နှောက် ရှာဖွေလိုက်တာ Smadav Antivirus 2014 ဆိုတဲ့ Antivirus Software လေးတစ်ခုတွေ့တယ်ဗျာ။ အဲဒီ Antivirus ကိုကျွန်တော်လိုချင်နေတာ ကြာပြီဗျ။ ဓါတ်ပုံဆိုင်တစ်ဆိုင်မှာ သူ့ရဲ့လုပ်ဆောင်ချက်တွေကို ကြည့်ကတည်းက သဘောကျနေတာပါ။
ဒီ Antivurus ကိုမနေ့ညက နည်းနည်းကလိကြည့်လိုက်တာ သူ့ရဲ့ Protection တွေကိုအတော်လေးသဘောကျ လို့ အခြားသောသူငယ်ချင်းတွေ အသုံးပြုနိုင်အောင် ပြန်တင်ပေးလိုက်ပါတယ်ဗျာ။ ကွန်ပြူတာထဲသို့ USB ထိုးလိုက်တာနဲ့ USB ကိုအသေးစိတ် Virus Scan ဖတ်ပေးနိုင်တာ တော်တော်မိုက်တယ်ဗျာ။ သူ့ရဲ့ Feature တွေကလည်းအများကြီးပါ။ USB Virus Scan သာမက PC တစ်ခုလုံးကိုပါ Virus Scan လုပ်ပေးနိုင်ပါ တယ်ဗျာ။ Full Version အသုံးပြုနိုင်အောင် Serial Key ကိုပါထည့်သွင်းပေးထားပါတယ်ဗျာ။

Posted By ဝေယံစိုး22:36