Thursday 15 May 2014

အမေရိကန်တွင် နေထိုင်သူတိုင်း GOOGLE GLASS ကို ၀ယ်ယူနိုင်ပြီ

Filled under:

အမေရိကန်တွင် အကန့်အသတ် မရှိရောင်းချပေးခဲ့ပါသည်။ ယခုအခါတွင် Google က စမတ်မျက်မှန်ကို အမေရိကန် တွင် နေထိုင်သူအားလုံး ကို ရောင်းချပေးပြီ ဖြစ်သည် ဟု Google Plus တွင် ရေးသား ထားပါသည်။

ယခုရောင်းချပေးနေသည့် စမတ်မျက်မှန် သည် Glass Explorer Edition ဖြစ်ပြီး ရောင်းတန်းဝင် အဆင့် မဟုတ်သေးဟု သိရပါသည်။ Google က Hardware နှင့် Software ကို ပိုမိုကောင်းမွန်အောင် ပြုလုပ် မည်ဟု ပြောပါသည်။ သို့သော် စမတ်မျက်မှန် ကို စောင့်မျှော်နေသည့် အမေရိကန် တွင် နေထိုင်သူများ ၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်ပါသည်။

Google Glass Beta Version ကို ဒေါ်လာ (၁၅၀၀) ဖြင့် ၀ယ်ယူနိုင်မည် ဖြစ်သည်။ ရောင်းတန်းဝင် အဆင့် Google Glass ထွက်ရှိလာလျှင် ဒေါ်လာ ငါးရာ ၀န်းကျင်ဖြင့် ရောင်းချနိုင်သည် ဟု ကျွမ်းကျင် သူများ က သုံးသပ်ပါသည်။ Google က အမေရိကန် တွင် စတင်ရောင်းချပေးလိုက်ပြီ ဖြစ်သဖြင့် မကြာမီတွင် တစ်ကမ္ဘာလုံးတွင် ရောင်းချတော့မည် ဟု မျှော်လင့်ရပါသည်။

သူရ

Myanmar Digital Life Journal

0 comments:

Post a Comment