Thursday 15 May 2014

IPHONE 6 IN AUGUEST

Filled under:


အားလုံးမျှော်လင့်နေကြတဲ့ iPhone 6 ကို နဂိုက ရည်မှန်းထားတဲ့ အချိန်ထက် တစ်လပိုစောပြီး ပွဲထုတ်ဖို့ Apple က စီစဉ်နေပြီဖြစ်ကြောင်း တိုင်ဝမ် အခြေစိုက် စီးပွားရေး သတင်းစာ တစ်စောင်ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်..

ယခုတစ်ခါ အသစ်ထွက်လာမယ့် iPhone 6 ကိုတော့ ထူးထူးခြားခြား Screen size နှစ်မျိုးနဲ့ ထုတ်လုပ်သွားဖို့ရှိပါတယ်...

အရွယ်အစား 4.7inch iPhone 6 ကို လာမယ့် သြဂုတ်လမှာ စတင်ပွဲထုတ်လိမ့်မယ်လို့ ခန့်မှန်းထားပြီး Screen size ပိုကြီးတဲ့ 5.5inch iPhone 6 model ကိုတော့ စက်တင်ဘာလ လောက်မှာ ထွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ 


သတင်း တော်တော်များများက iPhone 6 နှစ်မျိုးစလုံးရဲ့ ထုတ်လုပ်တဲ့ အပိုင်းမှာ ကြန့်ကြာမှု ရှိနိုင်ကြောင်း အခိုင်အမာ ပြောဆိုနေကြပေမယ့် လတ်တလော သတင်းအရ 4.7inch iPhone 4 အမှာစာတွေထဲက ၁၅ ရာခိုင်နှုန်းကို Pegatron (iPhone ထုတ်မည့် စက်ရုံ) ကို ခွဲဝေပေးလိုက်ပြီလို့ သိရပါတယ်။

ဒါ့အပြင် Apple နဲ့ sapphire glass ထုတ်လုပ်ရာမှာ ပါတနာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ GT Advanced Technologies က iPhone 6 အတွက် အဆိုပါ မှန်တွေကို တရုပ်ကို တင်ပို့ပေးလိုက်ပါပြီ။

iPhone အသစ်ရဲ့ Handset ကို screen size ပိုမိုကြီးမား ပါးလွှာပြီး အခုလက်ရှိ iPodTouch နောက်ဆုံး မော်ဒယ်လ် အသွင်အပြင်မျိုး တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အတွင်းပိုင်းမှာတော့ Samsung နဲ့ Taiwan Semiconductor Manufacturing Company (TSMC) တို့ကို ပူးပေါင်း ထုတ်လုပ်စေတဲ့ "Apple A8" processor ပါရှိလာပါလိမ့်မယ်။

တိုင်ဝမ် အခြေစိုက် စီးပွားရေး သတင်းစာမှာ iPhone 6 အတွက် Handset ပေါင်း သန်း၈၀ လောက်ကို ဒီနှစ်အတွင်းမှာ ထုတ်လုပ်ဖို့ ရှိတယ်လို့ ဖြည့်စွက်ထားပါတယ်။ Apple အနေနှင့် စက်တင်ဘာမှာ ပြုလုပ်နေကြ iPhone အသစ် မိတ်ဆက်ပွဲကို သြဂုတ်လမှာ ပြောင်းလဲလုပ်ဖို့ သေချာနေပြီး iPad မိတ်ဆက်ပွဲကိုတော့ အောက်တိုဘာမှာ ဆက်လက်၍ ပြုလုပ်သွားပါလိမ့်မယ်။

မိုးသကြား

0 comments:

Post a Comment