Thursday 15 May 2014

iPhone Upgrade Program!

Filled under:

မိတ်ဆွေ လက်ရှိ အသုံးပြုနေတဲ့ iPhone 4 ဒါမှမဟုတ် iPhone 4S ကို Model အမြင့် iPhone 5s, 5C တို့နဲ့ လဲလှယ်ဖို့ ဆန္ဒရှိတယ် ဆိုရင်တော့ ယနေ့ပဲ နီးစပ်ရာ Apple Store ကို အရောက်သွားလိုက်ပါတော့... 

Apple ရဲ့ Device အသစ်အဟောင်း လဲလှယ်တဲ့ In-Store iPhone Upgrade အစီအစဉ် စတင်နေပါပြီ။ 

လဲလှယ်ဖို့ စံချိန်မီတဲ့ iPhone 4, 4S ပိုင်ရှင်များထံကို Apple က “It’s a beautiful time for an upgrade.” ခေါင်းစဉ်နဲ့ မေလ ၈ ရက်နေ့ကစပြီး email များ စတင် ပေးပို့လာပါပြီ။ 
ဒါ့အပြင် Apple Store ဆိုင်များကိုလည်း ညွှန်ကြားစာ တစ်ရပ်အနေနှင့် iPhone 4, 4S ပိုင်ရှင်များကို ဆွဲဆောင်နိုင်စေမယ့် Trade-In point များနှင့် စည်ရုံးဖို့ကိုလည်း ညွှန်ကြားချက် ပေးပို့ထားပါတယ်။ 

Apple က iPhone 4 အတွက် $99 credit နှင့် iPhone 4S အတွက် $199 credit ကမ်းလှမ်းနေပြီး အဆိုပါ Trade-In points များကို iPhone 5, 5S ဝယ်ယူရာတွင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

Apple က ပေးပို့ထားတဲ့ စာမှာတော့ အောက်ပါအတိုင်း ဖော်ပြထားပါတယ်.. 

“It’s a beautiful time for an upgrade. You may be eligible for upgrade pricing on a new iPhone. And if you bring in your old iPhone to be recycled, you could get credit toward a new one. Ask us for details.” 

လောလောဆယ်မှာ iPhone အသစ်ကို ပြောင်းကိုင်ချင်နေပြီး iPhone 6 ထွက်တဲ့အထိကို အစောင့်နိုင်တဲ့ သူများအတွက် အဆင်ပြေစေမယ့် အစီစဉ်ကောင်း တစ်ခုဖြစ်ပါတယ်။ 
Screen size ကြီးကြီးနဲ့ iPhone 6 ကလည်း ထွက်လာဖို့ ရှိနေပေမယ့် အသစ် ချက်ခြင်း ကိုင်ချင်သူများကတော့ နီးစပ်ရာ Apple Store ကိုသာ ပြေးလိုက်ပါတော့... 

သြော်...ဒါနဲ့ ပြောဖို့ ကျန်သွားမှာစိုးလို့ပါ..
အခုအစီစဉ်က လောလောဆယ်မှာတော့ US က ပန်းသီးဆိုင်တွေမှာပဲ ရသေးတာနော်… 

                         မိုးသိကြား

0 comments:

Post a Comment