Tuesday 13 May 2014

IPhone/IPad တွေအတွက် ပထမဆုံးထွက်ရှိလာတော့မယ့် Memory Stick “IStick”

Filled under:

ယခင်ကဆိုရင် iPhone/iPad တွေမှာ သီချင်းနားထောင်ချင်ရင် ၊ ဗီဒီယိုကြည့်ချင်ရင် ၊ Word Document တွေပြင်ချင်ရင် ၄င်း iPhone/Pad တွေကိုကွန်ပျူတာနဲ့ချိတ်ပြီး Sync လုပ်ပြီးမှ အသုံးပြုနိုင်ပါတယ်။ ယခုတော့ ဒီဒုက္ခတွေကနေ အတော်အသင့်ကင်းဝေးသွားစေမယ့် တွဲဖက်ပစ္စည်းတစ်ခုထွက်ရှိလာပြီဖြစ်ပါတယ်။ ယင်းပစ္စည်းကတော့ iStick ပါတဲ့။ iStick ဆိုတာကတော့ USB Memory Stick တစ်ခုဖြစ်ပြီး သာမန် USB Stick တွေနဲ့မတူပါဘူး ။ သူ့မှာ usb ခေါင်း ၂ ခုပါဝင်ပါတယ်။ ခေါင်းတစ်ခုက USB 2.0 Cable ခေါင်းဖြစ်ပြီး ကျန် USB ခေါင်းတစ်ခုကတော့ Apple iOS Device တွေမှာချိတ်ဆက်အသုံးပြုနိုင်မယ့် Lightning usb cable ခေါင်းအမျိုးအစားဖြစ်ပါတယ်။
ဒီပစ္စည်းထဲကို music , video နဲ့အခြား document file တွေထည့်သွင်းသိမ်းဆည်းထားနိင်ပြီး ယင်း stick ကို iPhone/iPad မှာတိုက်ရိုက်တပ်ဆင်ထားရုံနဲ့ ယင်း stick ထဲမှာထည့်သိမ်းထားတဲ့ file များကိုတိုက်ရိုက် access လုပ်သုံးစွဲနိုင်မှာပါ။ iStick လို့ခေါ်တဲ့ device လေးကို 8gb, 16GB , 32GB , နဲ့ 64GB စသည်ဖြင့် လေးမျိုးထုတ်လုပ်သွားမည်ဟုသိရပြီး ဈေးအားဖြင့် Memory Storage အလိုက် ၆၅ ဒေါ်လာ ၊ ၈၅ ဒေါ်လာ ၊ ၉၉ ဒေါ်လာ နဲ့ ၁၄၉ ဒေါ်လာတို့ အသီးသီးဖြစ်မယ်လို့ သိရပါတယ်။ iStick အကြောင်း ဗီဒီယိုကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။
ယခင်ကဆိုရင် iPhone/iPad တွေမှာ သီချင်းနားထောင်ချင်ရင် ၊ ဗီဒီယိုကြည့်ချင်ရင် ၊ Word Document တွေပြင်ချင်ရင် ၄င်း iPhone/Pad တွေကိုကွန်ပျူတာနဲ့ချိတ်ပြီး Sync လုပ်ပြီးမှ အသုံးပြုနိုင်ပါတယ်။ ယခုတော့ ဒီဒုက္ခတွေကနေ အတော်အသင့်ကင်းဝေးသွားစေမယ့် တွဲဖက်ပစ္စည်းတစ်ခုထွက်ရှိလာပြီဖြစ်ပါတယ်။ ယင်းပစ္စည်းကတော့ iStick ပါတဲ့။ iStick ဆိုတာကတော့ USB Memory Stick တစ်ခုဖြစ်ပြီး သာမန် USB Stick တွေနဲ့မတူပါဘူး ။ သူ့မှာ usb ခေါင်း ၂ ခုပါဝင်ပါတယ်။ ခေါင်းတစ်ခုက USB 2.0 Cable ခေါင်းဖြစ်ပြီး ကျန် USB ခေါင်းတစ်ခုကတော့ Apple iOS Device တွေမှာချိတ်ဆက်အသုံးပြုနိုင်မယ့် Lightning usb cable ခေါင်းအမျိုးအစားဖြစ်ပါတယ်။
ဒီပစ္စည်းထဲကို music , video နဲ့အခြား document file တွေထည့်သွင်းသိမ်းဆည်းထားနိင်ပြီး ယင်း stick ကို iPhone/iPad မှာတိုက်ရိုက်တပ်ဆင်ထားရုံနဲ့ ယင်း stick ထဲမှာထည့်သိမ်းထားတဲ့ file များကိုတိုက်ရိုက် access လုပ်သုံးစွဲနိုင်မှာပါ။ iStick လို့ခေါ်တဲ့ device လေးကို 8gb, 16GB , 32GB , နဲ့ 64GB စသည်ဖြင့် လေးမျိုးထုတ်လုပ်သွားမည်ဟုသိရပြီး ဈေးအားဖြင့် Memory Storage အလိုက် ၆၅ ဒေါ်လာ ၊ ၈၅ ဒေါ်လာ ၊ ၉၉ ဒေါ်လာ နဲ့ ၁၄၉ ဒေါ်လာတို့ အသီးသီးဖြစ်မယ်လို့ သိရပါတယ်။ iStick အကြောင်း ဗီဒီယိုကိုတော့ အောက်မှာကြည့်ရှုနိုင်ပါ
Ref: http://www.applemyanmar.net/2014/05/iphoneipad-memory-stick-istick.html

0 comments:

Post a Comment