Thursday 15 May 2014

iOS App will Run on Android Device

Filled under:

စိတ်ကူးယဉ်အိမ်မက်တွေကို ကြိုးစားအကောင်အထည်ဖော်လိုက်တဲ့အခါ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့ အရာတွေဟာ လက်တွေ့မှာ တစ်ကယ်ဖြစ်လာတာကို မယုံနိုင်ဖွယ်ရာ တွေ့ရပါတယ်... 

Columbia University က PhD ကျောင်းသား (၆) ယောက်ဟာ Android Device တွေမှာ Apple iOS App တွေကို အသုံးပြုနိုင်ဖို့ အတွက် သုတေသန Project အဖြစ် "Cider" ဆိုတဲ့ software ကို ပူးပေါင်း ဖန်တီးလိုက်ပါတယ်။ 

"Cider" က Android Handset (သို့) Tablet တစ်ခုထဲမှာတင်ပဲ iOS Application တွေကို အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ 

Binary compatibility နည်းပညာနှင့် ဖန်တီးထားတဲ့ "Cider" က App တစ်ခု Run နိုင်ဖို့ လိုအပ်တဲ့ Apple ရဲ့ 'XNU kernel' ပေါ်မှာ Run နေတဲ့ libraries, frameworks တွေကို Copy ကူးယူပြီး အလုပ်လုပ်နိုင်အောင် ပြုလုပ်ပေးပါတယ်။ 

"Cider" ဟာ သာမန်တွေ့မြင်နေကြ virtual machine ပုံစံမျိုးမဟုတ်ပဲ User တွေအနေနှင့် Android နှင့် iOS App တွေကို Device တစ်ခုထဲမှာတင် အပြန်အလှန် ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

**Demo Video** 

 

"Cider" software အနေနဲ့ အတိုင်းအတာ တစ်ခုအထိပဲ အလုပ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Device ရဲ့ built-in camera, GPS signal, cell radio, Bluetooth အစရှိတဲ့ အစိတ်အပိုင်းတွေ အတွင်းထဲထိတော့ "Cider" က ထိုးဖောက် အလုပ်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် iOS ရဲ့ Applications အားလုံးကို Run နိုင်ဖို့လည်း မမျှော်လင့်နိုင်သေးပါဘူး။ 

မည်သို့ပင်ဖြစ်စေ... ကျောင်းသား ခြောက်ဦးဖြစ်တဲ့ (Jeremy AndrusAlexander Van’t HofNaser AlDuaijChristoffer Dall,Nicolas ViennotJason Nieh) တို့ကတော့ သူတို့ရဲ့ အိမ်မက်ဖြစ်တဲ့ "Cider" ကို ဆက်လက် အဆင့်မြှင့် လုပ်ဆောင်သွားမှာဖြစ်ပြီး သိပ်မကြာတော့တဲ့ အနာဂါတ်မှာ "Cider" ဟာ ယခုလက်ရှိ အနေအထားထက် ပိုမိုပြီးပြည့်စုံလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

                            မိုးသိကြား

0 comments:

Post a Comment