Wednesday 5 November 2014

iOS 8 ထုတ်ကုန်များတွင် မြန်မာစာရိုက်ရန် အခက်အခဲ ရှိသူများအတွက် Nexy Keyboard ကို App Store ပေါ်တွင် အခမဲ့ဖြန့်ချိ

iOS 8  ထုတ်ကုန်များ ဖြစ်သည့် iPhone နှင့် iPad အသုံးပြုသူများ အနက်မှ မြန်မာစာရိုက်ရန် အခက်အခဲ ရှိသူများအတွက် Nexy Keyboard ဟူသည့် မြန်မာစာသို့ ပြောင်းလဲပေးမည့် ကီးဘုတ်တစ်ခု ကို App Store ပေါ်တွင် ယခုလ ၃၀ ရက်နေ့မှ စတင်ကာ အခမဲ့ download ရယူသုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

မိုဘိုင်းဖုန်းများပေါ်တွင်  မြန်မာစာရိုက်သည့်အခါ လက်ကွက် အခက်အခဲကြောင့် စာရိုက်နှေးကွေးသည့် ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း အဆိုပါ Application ကိုရေးဆွဲသည့် NEX Co.,Ltd မှ အမှုဆောင် အရာရှိချုပ် ဦးရဲမြတ်မင်းက ပြောသည်။

iOS 8 ထုတ်ကုန်များ၏ ကီးဘုတ်တွင် မြန်မာစာရိုက်ရန် အခက်အခဲရှိသူများသည် မြန်မာစာလုံးများ၏ အသံထွက်ကို အင်္ဂလိပ်စာလုံးများဖြင့် ရိုက်ခြင်းဖြင့် မြန်မာဘာသာသို့ ပြောင်းလဲပေးမည့် application တစ်ခုဖြစ်သည်။

"နောက်ပြီး Myanglish လိုပဲ ရိုက်တတ်တဲ့ သူတွေရှိပြီး တချို့ဖတ်ရတဲ့ သူတွေက အဲဒီလို အဓိပ္ပာယ် လွဲသွားနိုင်တာတွေ ရှိတယ်။ အဲဒါကြောင့် ဒီ Application ကိုရေးဆွဲဖြစ်တာပါ" ဟု အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။

App Store ပေါ်တွင် အခမဲ့ရယူနိုင်မည့် အဆိုပါ Nexy Key-board ၏ဖိုင်အရွယ်အစားမှာ 1.2 MB ရှိပြီး version 1.0 တွင်လတ်တလော၌ အဖြူရောင်နှင့် အနက်ရောင် Theme နှစ်မျိုးသာ ပါရှိဦးမည်ဖြစ်ပြီး နောက်ပိုင်းတွင်  Uni-code Font နှင့်ပါ အသုံးပြုနိုင်ရန် ဖြည်စွက်သွားမည် ဖြစ်ကြောင်းသိရသည်။

Nexy Keyboard ပေါ်တွင် မိမိရိုက်လိုသည့်စာကို မြန်မာအသံ ထွက်အတိုင်း အင်္ဂလိပ်ဘာသာဖြင့် ရိုက်လိုက်ရုံဖြင့် အသံထွက် တူညီသည့် မြန်မာစာလုံးများကို Suggestion ဖော်ပြပေးသွားမည် ဖြစ်သည်။
Zawgyi Myanmar Font ကို install ပြုလုပ် အသုံးပြုနိုင်မည့် အဆိုပါ ကီးဘုတ်ကို နည်းပညာရှင် လူငယ်များဖြင့် တည်ထောင်ထားသည့် Nex Co.,Ltd ကဖြန့်ချိထားခြင်း ဖြစ်ပြီး iOS developer ကို ဖြိုးမင်းသူက ရေးဆွဲထားခြင်း ဖြစ်သည်။

ယုဇနကိုကို

Internet Journal

0 comments:

Post a Comment