Saturday 20 April 2013

AV Uninstall Tools Pack v 2013.03 Full Version ( 102 MB )

Filled under:


Antivirus Programs တွေကို ဟိုဟာကောင်းနိုးနိုး သည်ဟာကောင်းနိုးနိုး နဲ့ လေ့လာစမ်းသပ်ရင်း နောက်ဆုံး မိမိ စက်နဲ့ မကိုက်ညီလို့ပဲဖြစ်ဖြစ်, မလိုချင်တော့လို့ တခြား Antivirus  Program ကိုပြောင်းသုံးချင်တဲ့အခါ လက်ရှိစက်ထဲက ရှိနှင့်ပြီးသား Antivirus Program ကို အရင်ဆုံး Uninstall လုပ်ပစ်ရပါတယ် .. ဒါပေမဲ့ ဘယ်လိုUninstallre ဆော့ဝဲလ် တွေသုံးပြီး ထုတ်ထုတ် အစ,အန လေးတွေ ကျန်နေတတ်ပြီး ထုတ်မရတာမျိုး , နောက်ထပ်Antivirus Program ကိုလည်း ထပ်ထည့်မရတာမျိုးတွေ ကြုံရတတ်ပါတယ် .....။ 
အဲ့ဒီပြဿနာတွေကို ... ဒီ  AV Uninstall Tools ကရှင်းပေးနိုင်ပါတယ်..။
 နောက်ဆုံး Version လေးပါ.. နာမည်ကြီး Antivirus အမျိုး အစားပေါင်း (၄၀) ကျော် ကို မိမိ ကွန်ပြူတာထဲကနေ အပြတ်ရှင်းထုတ်ပေးနိုင်တဲ့Software ကောင်းလေးမို့ ကွန်ပြူတာ အသုံးပြုသူတိုင်း ဆောင်ထားကြစေလိုပါတယ်....။ 
 Autorun ဆိုတဲ့ .exe ဖိုင်လ်လေးကို Double Click 
ပြီးဖွင့်လိုက်ပါ။ စစချင်း Russian Language နဲ့ပေါ်နေပါလိမ့်မယ်။ ဘယ်ဘက်မှာEnglishLanguageလေးကိုနှိပ်ပြီးLanguage ပြောင်းလိုက်ပါ။ ပြီးတော့ ကိုယ် Uninstall လုပ်ချင်တဲ့  
Antivirus အမျိုးအစားကိုရွေးပြီး Uninstall ကိုနှိပ်ပါ။ ဒါဆိုရင် Antivirus ဟာ မိမိကွန်ပြူတာထဲကနေ အစ,အန မကျန်အောင် ပျက်သွားပါလိမ့်မယ်...။ နောက်ထပ် မိမိ အသုံးပြုလိုတဲ့ Antivirus Program ကိုလည်း အဆင်ပြေပြေနဲ့Install လုပ်နိုင်ပါပြီ...။ 
 Antivirus Program တွေ ဖြုတ်မရ , ထုတ်မရလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများ ပျော်ရွှင်ကြပါစေ...။


Windows 8 အတွက်ပါ ထောက်ပံ့ပေးထားပါတယ်ခင်မျာ

0 comments:

Post a Comment