Wednesday 11 June 2014

ANDROID ထုတ်ကုန်တစ်ခုမှ GOOGLE ACCOUNT PERMISSION များကို ပြင်ဆင်ခြင်း

Filled under:


Google account permission များကို ပြင်ဆင်ခြင်းသည် သုံးစွဲသူ၏ account ကို လုံခြုံမှုရှိစေမည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်သည့်အခါ Google account ဖြင့် အသုံးပြုခွင့် ရထားသည့် app များကို ကြည့်ရှုနိုင်သည်။

Google account permission များကို ဝက်က်ဘ်ဆိုက်မှတစ်ဆင့် ကြည့်ရှုပြီး ပြင်ဆင်နိုင်သလို Android သုံးစွဲသူများ အနေနှင့်လည်း ၎င်းတို့၏ ထုတ်ကုန်မှ တိုက်ရိုက်ကြည့်ရှုနိုင်သည်။


Google account permission ပြင်ဆင်ရန် အတွက် သီးခြား app တစ်ခုကို download ပြုလုပ်ဖို့ မလိုအပ်ဘဲ Google Settings app မှတစ်ဆင့် ပြုလုပ်နိုင်သည်။



- App drawer ကိုဖွင့်ပြီး Google Settings ကို ဖွင့်ပါ။

- ပြီးလျှင် Connected Apps ကို နှိပ်ပါ။

- သုံးစွဲသူရဲ့ account နှင့် ခွင့်ပြုထားသည့် app များနှင့် ဝန်ဆောင်မှုများကို တွေ့ရပါမည်။ - ထို app များအနက် နှစ်သက်ရာ တစ်ခုကို နှိပ်ပါ။ သက်ဆိုင်ရာ app ၏ အချက်အလက်ကို ဖော်ပြပေးမည့် screen တစ်ခု ပေါ်လာပါမည်။

- ထို့နောက် Screen အောက်ဘက်ရှိ Disconnect ခလုတ်ကိုရှာပါ။ လက်ရှိ account နှင့် အဆိုပါ ဝန်ဆောင်မှု အသုံးပြုခြင်းကို ရပ်ဆိုင်းလိုလျှင် အဆိုပါ ခလုတ်ကိုနှိပ်ပြီး confirm လုပ်ပါ။

အထက်ပါ လုပ်ငန်းစဉ်များ အဆင့်ဆင့်ပြုလုပ်ပြီးပြီဆိုလျှင် Google account permission များကို ပြင်ဆင်ပြီးပါပြီ။

Ref: CNET
Internet Journal

0 comments:

Post a Comment