Thursday 12 June 2014

သီချင်း ၁ သန်းကျော် နားဆင်နိုင်မည့် PRIME MUSIC ဝန်ဆောင်မှုကို AMAZON လွှင့်တင်

Filled under:


Amazon Prime သုံးစွဲသူများ ကြော်ငြာမပါဘဲ အွန်လိုင်းမှ သီချင်း ၁ သန်းကျော် နားဆင်နိုင်မည့် Prime Music အွန်လိုင်းသီချင်းဝန်ဆောင်မှုကို Amazon က မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုသည် သုံးစွဲသူများအား playlist များကို ရှာဖွေနားဆင်နိုင်စေသလို playlist တစ်ခုတွင်လည်း သီချင်းတစ်ပုဒ်ချင်းစီကို ထည့်သွင်းစေနိုင်သည်။ ထို့အပြင် သီချင်းအားလုံးကိုလည်း offline အနေဖြင့် အကန့်အသတ်မရှိ နားဆင်နိုင်သည်။

ထို့အပြင် Amzon သည် Amazon Cloud Player iOS app ကို Amazon Music အမည်သို့ ပြောင်းလဲခဲ့ပြီး interface ပြောင်းလဲပြင်ဆင်ထားသည့် ၎င်း app ကို Prime Music ဝန်ဆောင်မှုမှ သီချင်းများ နားဆင်ရာတွင် အသုံးပြုနိုင်သည်။ Amazon Music app သည် web interface နှင့် တူညီပြီး Prime Music မှ သီချင်းများကို မိုဘိုင်းထုတ်ကုန်ပေါ်တွင် download ပြုလုပ်ကာ အင်တာနက်ချိတ်ဆက်မှုမလိုဘဲ နားဆင်နိုင်မည် ဖြစ်သည်။

Amazon ၏ Prime Music ဝန်ဆောင်မှုသည် ကုမ္ပဏီ၏ Prime Instant Video နှင့် ပူးပေါင်းထားသောကြောင့် ရုပ်ရှင်နှင့် တီဗီရှိုးများကိုလည်း ကြည့်ရှုနိုင်စေမည် ဖြစ်သည်။ လက်ရှိတွင် Amazon သည် Prime member သန်း ၂၀ အတွက် သီချင်း၊ ရုပ်ရှင်နှင့် တီဗီရှိုးကို ၂ ရက် အခမဲ့ ကြည့်ရှုနိုင်ရန် ခွင့်ပြုထားသည်။

Amazon Prime Music ကို လက်ရှိတွင် Amazon Prime member များက အခမဲ့ သုံးစွဲခွင့် ရရှိမည် ဖြစ်သည်။ Prime member ဖြစ်ရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉၉ ကျသင့်မည် ဖြစ်သည်။ စမ်းသပ်သုံးစွဲလိုသူများ အနေဖြင့် Amazon ဝက်ဘ်ဆိုက်တွင် ရက် ၃၀ အခမဲ့ သုံးစွဲနိုင်သည်။

Ref: MacRumours
Internet Journal

0 comments:

Post a Comment