Thursday 19 June 2014

ASUS ZENFONE 4 ဖုန်းတွေကို ROOT လုပ်နည်း

Filled under:

ဈေးသက်သာပြီး သုံးလို့လည်း အဆင်ပြေတဲ့ ASUS ZenFone 4 ဖုန်းတွေ ကိုင်ဆောင်တဲ့ ဘော်ဒါတွေအတွက်ပါ...
ဒီ Asus ဖုန်းက နဂိုမြန်မာဘာသာ ပါလာပေမဲ့ ယူနီကုဒ်ကြီးဖြစ်တဲ့အတွက် Zawgyi ကိုဖတ်ဖို့ အဆင်မပြေတော့ပါ...
 ဒါကြောင့် Zawgyi Font ကို သွင်းဖို့ မဖြစ်မနေ Root ဖောက်ရတော့မှာပါ ဒီ Zenfone4 က Root Tools တွေနဲ့ Root ဖောက်လို့ မရပါဘူး... ဒါကြောင့် Root ဖောက်ချင်တဲ့ ဘော်ဒါတွေ လိုအပ်တဲ့ဖိုင်လ်တွေ အောက်မှာဒေါင်းယူလိုက်နော်...

ကဲ...  ဒေါင်းလို့ အဆင်ပြေပြီဆိုရင် Usb Driver ကိုအရင်းသွင်းလိုက်ပါ ပြီးရင် Root zip ကို zip ဖြည်လိုက်ပါ..
ပြီးရင် ဖုန်းကို usb setting တွေ ပြင်ပေးလိုက်ပါ ....
ပြီးရင်ဖုန်းကိုဘက်ထရီခဏ ထုတ်လိုက်ပါ... ပြီးရင် Droidboot Mode ခေါ်ဖို့ အတွက် စောစောကထုတ်ထားတဲ့ ဘက်ထရီ ပြန်ထည့်ပါ... ပြီးရင်  vol up ကိုအရင်ဖိပြီး power ကိုပြိုင်တူ ထပ်ဖိပါ.... ဒါဆို asus logo တက်လာပြီး စက်ရုပ်ပုံတက်လာရင် usb ကြိုးချိတ်ဆက်ပေးလိုက်ပါ...
 ဒါဆို
Ready for download စာတန်းတက်လာရင် Droidboot mode တက်လာပါပြီ ဒါဆို စောစောက zip ဖြည်ထားတဲ့ Root ဖိုင်လ်တွေကိုဖွင့်လိုက်ပါ ဒီပုံတိုင်းတွေ့ ရပါမယ်...
ပြီးရင် open နေရာမှာနှိပ်ပေးလိုက်ပါ ဒီလို cmd box တက်လာပါမယ်..
အဲ့ဒီ box အကွက်ထဲမှာ အောက်က စာတန်းတွေ copy ကူးပြီး ရိုက်ထည့်ပေးလိုက်ပါ

fastboot flash update root_v2_zenfone4_v4.2.0.zip 

ပြီးရင် Enter ရိုက်ပေးလိုက်ရင် cmd ကသူဟာသူ root zip ကို flash ပေးသွားမှာပါ Flash လို့ အောင်မြင်ပြီဆိုရင် ဖုန်းက reboot ကျသွားပါမယ်...

Reboot ကျပြီး ခဏနေပြန်တက်လာရင် Root လုပ်ဖို့ အောင်မြင်ပါပြီ..
post by : SmartGhost

0 comments:

Post a Comment