Monday 12 January 2015

GOOGLE PLAY SERVICE နှင့် ANDROID DEVICE MANAGER ဆိုတာဘာလဲ???

Filled under:

 


Google Play Service ဆိုတဲ့ App လေးကိုသိတဲ့သူရှိတယ်။ မသိတဲ့သူရှိတယ်။ တချို့တွေ ကိုယ့်ဖုန်းထဲထည့်ထားပြီးတာတောင်မသိကြတာတွေ့ရပါတယ်။ ဒီ App ကဘာလုပ်တာလဲဆိုတာကို နဲနဲပြောပြမလို့ပါ။
  သူက Google Service တွေကိုသုံးတဲ့ App တွေအတွက်နောက်ကွယ်ကနေ Background Process အနေနဲ့လုပ်ငန်းတွေလုပ်ပေးတာပါ။ ဒါပေမဲ့ Google Account ကိုတော့ ဒီ App ထည့်ရုံနဲ့မရပါဘူး။ ဒီ App ကိုယ်တိုင်က Google Account ရှိမှ အလုပ်လုပ်တာပါ။
သူ့ရဲ့နာမည်ကတော့ Google Play Service ဖြစ်ပြီး Package Name ကတော့ com.google.android.gmsဖြစ်ပါတယ်။ ဖုန်းထဲမှာတော့ Google Settings လို့ပဲပြပါတယ်။
 အဓိကသုံးတဲ့ Application တွေကတော့ 
> Google Play
> Google Plus
> Google Now (Advance Google Voice Search)
> Android Device Manager
> Some Games
> Others
တွေပဲဖြစ်ပါတယ်။ ဒါလေး Installမလုပ်ထားရင် အပေါ်ကApp တွေအလုပ်ကောင်းကောင်းမလုပ်ပါဘူး။ 

ဒါအပြင် အဲဒီ Service သုံးတဲ့ Softwareတွလဲ အလုပ်ကောင်းကောင်းမလုပ်တာမျိုး ဖြစ်နိုင်ပါတယ်။
GMail, GTalk(Hangsout) တွေကတော့ Google Play Service မရှိဘဲလဲအလုပ်လုပ်နိုင်သေးတာတွေ့ရပါတယ်။
အဲဒီထဲမှာမှ Android Device Manager အကြောင်းပြောချင်ပါတယ်။ သူက Android Device တစ်လုံးကို ဘယ်နေရာမှာရောက်နေတယ် ဆိုတာကို Internet ကနေတဆင့်စောင့်ကြည့်နိုင်ပါတယ်။ တကယ်လို့ကိုယ့်ဖုန်းပျောက်သွားတယ်ဆိုရင် ဖုန်းနောက်ဆုံး အင်တာနက်ဖွင့်ခဲ့ချိန်အထိဘယ်နေရာမှာရှိတယ်ဆိုတာကိုပြန်ရှာနိုင်ပါတယ်။ တခြား Function အနေနဲ့တော့ ဖုန်းကို Ringtone အသံထမည်အောင်လုပ်တာ။ လိုအပ်ရင် ရှိသမျှဒေတာ အချက်အလက်တွေကိုပါ Internet ကတဆင့်လှမ်းဖျက်နိုင်ပါတယ်။ 

 အဲဒီ Function တွေကိုအပြည့်သုံးချင်ရင်တော့ Device Setting ထဲက Security Setting ထဲမှာရှိတဲ့ Device Administrators ဆိုတဲ့ထဲမှာ Android Device Manager ကို Activate လုပ်ပေးထားရန်လိုပါတယ်။
တခုသတိထားရမှာက Internet ကနေလှမ်းထိန်းချုပ်ဖို့ဆိုတာ ဖုန်းထဲမှာ Google Account (Gmail Account) ထည့်ထားဖို့လိုပါတယ်။ (အဲဒီ Gmail(Google) Account နဲ့ပဲထိန်းချုပ်ရမှာဖြစ်လို့ ဖုန်းထဲမှာ ကို့ကိုယ်ပိုင် Account အပြင် အခြား Account မရှိဖို့နဲ့ ကိုယ့် Account ကိုလဲ ကိုယ်တစ်ယောက်ထဲသိတာသုံးတာဖြစ်ရပါမယ်။ မဟုတ်ရင် ကိုယ့်ဖုန်းကိုတခြားလူကထိန်းချုပ်သွားနိုင်ပါတယ်။ နောက်ပြီးတော့ အထက်ကပြောတဲ့ Google Play Service လိုတယ်။ Android Device Manager ကို Activate လုပ်ထားဖို့လိုတယ်။ ဖုန်းရဲ့ Internet ကိုလဲဖွင့်ထားဖို့လိုပါတယ်။

Internet ကနေထိန်းချုပ်ရမဲ့လိပ်စာကတော့ https://www.google.com/android/devicemanager ဖြစ်ပါတယ်။








Credit to Giand Droid

Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )အမှန်တစ်ကယ်ပြောရရင် ပြန်ပို့ဖို့ပိုက်ပိုက်မရှိလို့ပါခင်ဗျာ ကျေးဇူးတင်ရင် ဖုန်းဘေကဒ်လှမ်းပို့ပေးနိုင်ပါတယ်ခင်ဗျာ  :P

Welcome From My Blog

0 comments:

Post a Comment