Tuesday 2 December 2014

How to change Apple ID Email address.

Filled under:

အကြောင်းကြောင်းကြောင့်Apple ID မှာအသုံးပြုထားတဲ့ Primary Email address ကိုပြောင်းလဲချင်ရင်အလွယ်တကူ ပြောင်းလဲပုံကိုတင်ပြပေးချင်ပါတယ်...

ID ရဲ့လက်ရှိ Email address ကိုမပြောင်းခင်မှာ Sign in ၀င်ထားတဲ့ iCloud, iTunes Store, App Store, FaceTime, Find My Friends, Find My iPhone, iMessage စတာတွေမှာ Sign Out လုပ်ပေးထားဖို့တော့လိုပါတယ်....


- Sign Out လုပ်ပြီးပြီဆိုရင်တော့ My Apple ID သို့သွားပါ... 


- Manage your Apple ID ကိုရွေးပေးပြီးမိမိလက်ရှိIDကိုဖြည့်သွင်းပါ...

- ပြီးလျှင် အောက်တွင်ပြထားသောပုံပါအတိုင်း " Apple ID and Primary Email Address " မှာ Edit ကိုရွေးပါ... ကိုယ်ပြောင်းလိုတဲ့ Mail address ကိုထည့်ပေးလိုက်ပြီး Save လုပ်ပါ...နာမည်ပြောင်းချင်ပါကလဲ "Your Name" နေရာရှိ Edit ကိုနှိပ်ပြီးပြင်နိုင်ပါတယ်... 





- အားလုံးကိုSaveလုပ်ပြီးပြီဆိုရင်တော့ Apple မှ Mail နှစ်စောင်ပို့လိုက်ပါလိမ့်မယ်....တစ်စောင်ကတော့   ယခင်Email address မှ ယခုအသစ်ပြုလုပ်ထားတဲ့Mail ကိုပြောင်းလိုက်ကြောင်းနှင့် နောက်တစ်စောင်ကတော့ Verify လုပ်ပေးဖို့ပါ...




Email address အသစ်ကို Verify လုပ်ပြီးပြီဆိုရင်တော့ မိမိရဲ့ Apple ID Email address ပြောင်းလဲပြီးပြီပဲဖြစ်ပါတယ်...ယခင်Email address အဟောင်းရဲ့ Information အားလုံးဟာ Email အသစ်ကိုလွှဲပြောင်းထားတာဖြစ်လို့စိတ်ပူစရာလဲမလိုအပ်ပါဘူး....

ဒါဆိုရင်တော့ ဒီအကောင့်နဲ့Sign In ပြန်ဝင်လို့ရပြီပဲဖြစ်ပါတယ်...

0 comments:

Post a Comment