Wednesday 3 December 2014

သော့မလိုပဲ iPhone နှင့် တံခါးပွင့်စေမည်

Apple iPhone များသည် အနာဂါတ်တွင် လူတစ်ယောက်၏ အသုံးအဆောင်များထဲတွင် အရေးအကြီးဆုံး ထိန်းသိမ်းရမည့် ထိပ်တန်းပစ္စည်း တစ်ခု ဖြစ်လာနိုင်စရာ ရှိနေပါသည်...။ 

Apple ကလည်း ဤကဲ့သို့ ဖြစ်လာစေရန် သူ၏ ထုတ်ကုန် ပစ္စည်းများကို အဆက်မပြတ် အဆင့်မြှတင့် လျှက်ရှိပြီး ကဏ္ဍအသီးသီး နယ်ပယ်အစုံတွင် အသက်ဝင်နေစေရန် ရည်ရွယ် ဖော်ဆောင်နေပါသည်။ 

Apple ထုတ်ကုန်များကို သုံးစွဲကြသူတိုင်း Apple ID သည် မည်မျှ အရေးကြီးသည်ကို နားလည် သိရှိပြီး ဖြစ်သလို၊ ငွေကြေးဆိုင်ရာ Credit Card, Debit Card နှင့် ကိုယ်ရေး အချက်လက်များ အားလုံးနီးပါ ထည့်သွင်းထားသည်နှင့်အမျှ မိမိ၏ iPhone သည်လည်း ထပ်တူ အရေးကြီးလှပါသည်။ 

Apple ၏ co-founder တစ်ဦးဖြစ်သူ Steve Wozniak က Hollywood မှာ ရှိတဲ့ သူ့ရဲ့ ဟိုတယ်လ် အခန်းတံခါးကို မည်သည့် သော့မျှ မပါပဲ SPG App ကို သုံးပြီး iPhone 6 နှင့် ဖွင့်ပြသွားခဲ့ပါတယ်။ 

SPG App ကို Starwood Hotels လုပ်ငန်းအတွက် ရေးသားထားပြီး၊ အဆိုပါ Hotel သို့ လာရောက် တည်းခိုကြသော ဧည်သည့်များ Check-In ဝင်သည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ အခန်းသော့ကို Bluetooth စနစ်နှင့် ဧည်သည်၏ iPhone ထဲသို့ အလိုလျှောက် ပေးပို့တဲ့ SPG keyless system ဖြစ်ပါတယ်။ 

အဆိုပါစနစ်ကို iPhone 6 မှာ အသစ်ပါလာတဲ့ NFC chip ပေါ်မှာ အလုပ်လုပ်ခြင်း ဖြစ်ပြီး၊ ဧည့်သည်က သူ၏ အခန်းတံခါးပေါက်တွင် iPhone ကို ထိကပ်လိုက်တာနဲ့ တစ်ပြိုင်နက် အခန်းတံခါး ပွင့်သွားစေမှာပါ။ 

New York, Hong Kong, LA, Berlin နှင့် Dohaရှိ Starwood Hotel (၁၀)ခုတွင် SPG keyless ကို လွန်ခဲ့သောလမှ စတင်ကာ သုံးစွဲနေပြီး ၂၀၁၅ ခုနှစ် အစပိုင်းက စတင်ကာ ကမ္ဘာတစ်ဝှမ်းလုံးရှိ Starwood Hotel ခွဲပေါင်း ၁၅၀ ကျော်မှာလည်း ဒီစနစ်ကို စတင် သုံးစွဲသွားပါလိမ့်မယ်... 

 
Apple Pay စနစ် ပေါ်လာခဲ့ပြီး စီးပွားရေး လုပ်ငန်း များစွာကလည်း ပူပေါင်း ဆောင်ရွက်ခဲ့ကြသလို၊ SPG keyless system ကလည်း မကြာမီ အားလုံး မျက်စိကျ သဘောတွေ့လာစေမည့် စနစ်တစ်ခု ဖြစ်လာနိုင်ပါတယ်...
ဒါကြောင့်မို့ iPhone တွေဟာ ကျွန်တော်တို့ နေ့စဉ်ဘဝအတွက် မရှိမဖြစ်သော အသုံးအဆောင် တစ်ခုအဖြစ် ထိပ်တန်းနေရာကို ချဉ်းကပ်လာနေခဲ့ပါပြီ...။ 

>> SPG App (Download AppStore) 

0 comments:

Post a Comment