Saturday 14 February 2015

GALAXY S6 မှာပြုပြင်ပြောင်းလဲလာသော SAMSUNG ရဲ့ ထူးခြားချက်များ

Filled under:



*** Galaxy S6 မှာပြုပြင်ပြောင်းလဲလာသော Samsung ရဲ့ ထူးခြားချက်များ ****

Galaxy S6 မှာထူးခြားမဲ့အချက်အလက်လေးတွေကို sammobile ကအခုလိုရေးထားတာဖတ်ရပါတယ်။

၁။ S Voice, S Health, S Note or Scrapbook စတဲ့ samsung preload appp များဖုန်းနဲ့ တပါတည်း ပါရှိမှာမဟုတ်တော့ပဲ samsung စတိုးမှာဒေါင်းလုဒ်ရယူနိုင်မှာဖြစ်ပါတယ်။ 

၂။ Microsoft OneNote, OneDrive, Office Mobile (with a free Office 365 subscription), and Skype စတဲ့ app တွေပါဝင်လာမယ်လို့သိရှိရပါတယ်။ 

Ads by InfoAd Options

 

၃။ Galaxy S6 မှာအသုံးပြုတဲ့ Touchwz ဟာ လက်ရှိ Note4 Lollipop Touchwiz ထက်အတော်လေးသိသိသာသာမြန်တာကိုတွေ့ရမှာဖြစ်ပါတယ်။ 

၎။ ဆမ်ဆောင်းကီးဘုတ်ဟာ TabS နဲ့ iphone keyboard ပေါင်းစပ်ထားသကဲ့သို့အသွင်သစ်အနေအထားမြင်ရမှာဖြစ်ပီး Theme option များလဲပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်။ 

၅။ Samsung app တွေအကုန် colorful ပုံစံနဲ့ အတော်လေးခပ်မိုက်မိုက်ဖြစ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။


၆။ အရင်က Touchwiz မှာလုပ်ခွင့်မရတဲ့ Home Layout ကို 4x4 , 4x5 နဲ့ 5x5 စသဖြင့်စိတ်ကြိုက်ပြောင်းလဲပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ 

၇။ app drawer ကို endless rotate လုပ်လို့မရတော့ဘူးလို့သိရပါတယ်။ ဆိုလိုတဲ့သဘောကတော့ app drawer စာမျက်နှာကိုတရွက်ပီးတရွက်သွားနေတုန်း ရှေ့ဆုံးစာမျက်နှာကို rotate သဘောနဲ့သွားလို့ရတော့မှာမဟုတ်ပဲ စာမျက်နှာတရွက်ချင်း နောက်ပြန်ဆုတ်ရမှာဖြစ်ပါတယ်

၈။ music app ဟာ အမြဲတမ်း full screen mode နဲ့ပဲ run မှာဖြစ်တယ်လို့သိရပါတယ်။
၉။ dialer ဟာ မြက်ခင်းကဲ့သို့အစိမ်းရောင်ဖြစ်သွားမယ်လို့သိရပါတယ်။ 




Ads by InfoAd Options



အားလုံးခြုံပြီးသုံးသပ်ရရင် Galaxy S6 မှာပါလာမဲ့ app များ feature များ software function ဟာ အရင်ကထက်ပိုပီး အသုံးဝင်လာအောင် အရင်အားနည်းချက်များကို ထပ်ပီးဖြည့်ပီး ပိုမိုကောင်းမွန်ပီး end-user တွေနဲ့ပိုပီးအဆင်ပြေအောင် ပြုလုပ်ထားတာဖြစ်တယ်လို့သုံးသပ်ရပါတယ်။ 

0 comments:

Post a Comment