Tuesday 17 February 2015

MPT ၏ 3G ကွန်ရက်ပမာဏ ယခုနှစ်မတ်လကုန်တွင် လက်ရှိထက် ၃ ဆ မြင့်တက်လာမည်


ရန်ကုန်မြို့၏ 3G ဆက်သွယ်ရေး ကွန်ရက် လွှမ်းခြုံမှုမှာ ၂၀၁၅ ခုနှစ် မတ်လနောက်ဆုံးပတ်အတွင်း၌ ယခုလက်ရှိထက် ၃ ဆပိုမို များပြားလာတော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ သတင်းရရှိသည်။


MPT သည် တစ်နိုင်ငံလုံး၏ ဆက်သွယ်ရေးစခန်း အရေအတွက်ကို ယခုနှစ် မတ်လကုန်တွင် လက်ရှိ ထက်နှစ်ဆမြင့်တက်လာစေရန်အတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်ဆောင် ရွက်နေခြင်းဖြစ်ပြီး ရန်ကုန်၏ ဆက်သွယ်ရေးကွန်ရက် အင်အားကို ရက်သတ္တပတ် ခြောက်ပတ်အတွင်း၌ ၃ ဆတက်လာစေရန် အတွက် အပြီးသတ်လုပ်ကိုင်နေကြောင်း သိရသည်။


ရန်ကုန်မြို့၏ ဆက်သွယ်ရေးကွန်ရက်သည် ရက်သတ္တပတ် အနည်းငယ်အတွင်း ၃ ဆမြင့်တက်လာမည် ဆိုပါက ပြည်တွင်း တယ်လီဖုန်း သုံးစွဲသူများအနေဖြင့် ယခင်က ဆက်သွယ်ရခက်ခဲသည့် ဖုန်းလိုင်းများ ကျပ်တည်းသည့် ပြဿနာနှင့် အင်တာနက်ဆက်သွယ်မှု မြန်နှုန်းများ နှေးကွေးခြင်းတို့အား ဖြေရှင်းပြီးဖြစ်မည်ဟု MPT မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှစတင်၍ ရန်ကုန်နှင့် နေပြည်တော်ဒေသများတွင် ဆက်သွယ်ရေး ကွန်ရက်တိုးချဲ့ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့အတွက် 3G ဆက်သွယ်ရေး ကွန်ရက်မြှင့်တင်ရေး အစီအစဉ်ကို လာမည့်လအတွင်း၌ အပြီးသတ် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေ သည်ဟု MPT ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

0 comments:

Post a Comment