Monday 8 August 2016

အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ



မေး - ကျွန်တော့်ဖုန်းမှာ Zapya Install လုပ်ထားပါတယ်။ Zapya ထဲက ကူးသမျှက Zapya ထဲမှာပဲဖွင့်လို့ရတယ်။ File Manager ထဲက Zapya ထဲမရောက်ဘူး။ အဲ့ဒါ ဘယ်လိုလုပ်ရမလဲခင်ဗျာ။

 ဖြေ - ဟုတ်ကဲ့။ Zapya Version 3.8 လောက်ကစပြီး အစ်ကိုပြောသလို File Manager ထဲက Zapya ထဲကို မရောက်တာပါ။ ဒါပေမဲ့ File Manager > Android > Data com.devmobile.kuaiya > Files အတွင်းကိုတော့ မိမိဆီ Share သမျှ ၀င်သွားပါလိမ့်မယ်။ အဲ့ဒီ Directory အတိုင်း မိမိယူချင်တာကို Copy (Or) Cut လုပ်ပြီး File Manager အတွင်းမှာ Paste လုပ်လိုက်ရင် Gallery, Movies စတဲ့ Player တွေမှာ ပြန်မြင်ရမှာဖြစ်ပြီး အရင်လို Zapya ကနေ ဖွင့်စရာမလိုတော့ပါဘူး။ အကောင်းဆုံးကတော့ Zapya ကို Version 4.3 လောက်မြှင့်လိုက်ပါ။ ဒါဆို မိမိ Share သမျှတွေ File Manager > Zapya ထဲကို ပြန်ရောက်မှာပါခင်ဗျာ။

 မေး - အစ်ကိုရေ ကျွန်တော့် Huawei C8816 ဖုန်းလေး Charging ကြိုးထိုးပြီးသုံးရင်ရတယ်။ ကြိုးဖြုတ်လိုက်တာနဲ့ ပါဝါပြန်သေသွားတယ်။ ပါဝါလည်းပြန်မနှိုးတော့ဘူးခင်ဗျာ။ ဘယ်လိုလုပ်ရင်အဆင်ပြေနိုင်မလဲ။ ကူညီပေးပါဦး။

 ဖြေ - ဟုတ်ကဲ့။ အရင်ဦးဆုံး ဘက်ထရီအသစ်လဲပြီးသုံးကြည့်ပါ။ ဘက်ထရီမကောင်းရင်လည်း ဖြစ်တတ်ပါတယ်။ မရရင်တော့ Charg-ing လမ်းကြောင်းကိုစစ်ရမှာပါ။ အများအားဖြင့် Charging IC ကြောင့် အဖြစ်များ ပါတယ်ခင်ဗျာ။
မေး - အစ်ကိုရေ ကျွန်တော့် Samsung Tab A လေး Second Hand ပါ။ ၀ယ်လာတုန်းက Touch က ဆွဲလို့ရတယ်။ အိမ်ပြန်ရောက်တော့ Touch ကရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်။ Pin နဲ့သုံးရင် အကုန်ရတယ်ဗျ။ ဘာကြောင့်များဖြစ်နိုင်မလဲ။ ကူညီပါဦး။

 ဖြေ - အစ်ကို့ဖုန်းက အပေါ် Glass လဲထားလို့ဖြစ်မယ်ထင်တယ်ဗျ။ အပေါ်က Glass နဲ့ အောက်က Touch မထိလို့ဖြစ်တာပါ။ ဖိပြီးဆွဲရင်တော့ရပါလိမ့်မယ်။ အဆင်မပြေရင်တော့ နီးစပ်ရာ Service မှာ Glass အသစ် ပြန်လဲလိုက်ရင် အဆင်ပြေသွားမှာပါခင်ဗျာ။

 မေး - ကျွန်တော့် Xiaomi ဖုန်းလေးမြန်မာစာရချင်ပါတယ်။ Root မလုပ်ပဲ ရတယ်လို့ပြောပါတယ်။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။

 ဖြေ - Xiaomi ဖုန်းတွေမှာ Root မလုပ်ပဲ မြန်မာစာရချင်တယ်ဆိုရင် ပထမဆုံး မိမိရဲ့ဖုန်းဟာ ဘာ ROM လဲဆိုတာသိဖို့လိုပါတယ်။ China Developer, Global Developer တွေဖြစ်နေရင် အလွယ်တကူသွင်းလို့ရပါတယ်။ နောက်ပိုင်းထွက်လာတဲ့ Redmi 3 တို့မှာတော့ Global Stable မှာလည်း အဆင်ပြေပါတယ်။ ပထမဆုံး Setting > System Font ပါမပါ ကြည့်ပါ။ System Font > Offline မှာ Zawgyi Roboto လို့ရိုက်ပြီး Themes လေး Download လုပ်လိုက်ပါ။ Mi Account ရှိဖို့တော့လိုပါမယ်။ Mi Account တောင်းရင် Log In ၀င်လိုက်ပါ။ Down ပြီးရင် Apply ကိုနှိပ်ပါ။ Reboot ကို နှိပ်ပေးလိုက်ပါ။ Reboot ပြန်တက်လာရင် နှစ်သက်ရာ မြန်မာ Keyboard တစ်ခုခု Install လုပ်ပြီး အသုံးပြုနိုင်ပါပြီခင်ဗျာ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei ဖုန်းပါ။ Touch လဲလိုက်တာ Sensor မရတော့ဘူး။ ဘာလုပ်ရမလဲမသိဘူးဗျာ။

 ဖြေ - အစ်ကိုရေ အဲ့ဒါက Touch ကိုပြန်တပ်တဲ့အခါမှာ Sensor နားမှာ ကော်သေချာမကပ်ဘဲ ဟနေရင်လည်းဖြစ်တတ်ပါတယ်။ Sensor အပေါ်မှာ စွပ်ထားတဲ့ရာ ဘာအစွပ်လေးပြန်မတပ်ပေးရင်လည်း ဖြစ်တတ်ပါတယ်။ အစ်ကိုပြင်ထားတဲ့ဆိုင်ကို ပြန်သွားပြကြည့်ပါ။

 မေး - ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကိုင်တဲ့ဖုန်းလေးက Samsung Note 2 လေးဖြစ်ပါတယ်။ သူငယ်ချင်းက ဖုန်းကိုအရမ်းကြီးကျွမ်းကျွမ်းကျင်ကျင်လည်း သိပ်မသုံးတတ်ပါဘူး။ ဖုန်းပြောတာတို့၊ Viber သုံးတာတို့၊ Facebook သုံးတာတို့လောက်ပဲ သုံးတတ်ပါတယ်။ အဲ့လောက်လေးပဲသုံးတတ်တာကို သုံးတာများသွားလို့လားမသိဘူး။ မီးဘုတ်ပျောက်သွားတယ်ဗျ။ ဘာကြောင့် အဲ့လိုဖြစ်ရတာလဲဆိုတာမသိလို့ ကူညီပေးပါဗျာ။

 ဖြေ - အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ Samsung Note 2 နဲ့ Samsung S3 တွေမှာ Hardware ပိုင်းဆိုင်ရာ Emmc-ic Error ကို မကြာခဏ တွေ့မြင်ရပါတယ်။ Emmc-ic သေသွားပြီဆိုရင် ဖုန်းမှာ Power လုံးဝမလာတော့ပါဘူး။ အဲ့လိုမျိုး Error ကို ဖုန်းမှာ Deat Boot သေတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။ အဓိက Error ကတော့ ဖုန်းမှာထည့်ထားတဲ့ Emmc-ic အရည်အသွေးညံ့လို့ဖြစ်ပါတယ်။ အဲ့လို Error မျိုးတွေကို Samsung Note 2 နဲ့ Samsung S3 တို့မှာတွေ့ရလေ့ရှိပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် Emmc-ic အကြောင်းနားလည်တဲ့ ကျွမ်းကျင်တဲ့ Service ဆရာကိုပြပြီး ပစ္စည်းလဲရမယ်ဆိုလည်း လဲလိုက်သင့်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

0 comments:

Post a Comment