Tuesday 16 August 2016

♪ ပိုကီမွန်ကောင်တွေအများကြီးရှိတဲ့ Pokestop နေရာတွေကို လိုက်ပို့ပေးနေတဲ့ Pokebus ♫

စင်္ကာပူနိုင်ငံမှာ Pokemon Go ခရေဇီတွေဟာ နည်းလမ်းအသစ်အဆန်း တစ်ခုကို ထပ်မံပြုလုပ်လိုက်ပြန်ပါပြီ။ အဲ့ဒါကတော့ စင်္ကာပူနိုင်ငံက Transportation ကုမ္ပဏီတွေဟာ Pokemon Go ကစားသမားတွေကို ဖယ်ရီပုံစံမျိုးနဲ့ Pokemon အကောင်တွေရှိတဲ့ Pokestop နေရာတွေကို အကောင်ဖမ်းနိုင်အောင် လိုက်ပို့ပေးတဲ့ ဝန်ဆောင်မှုကို လုပ်ကိုင်နေကြတာပါ။

ဒါကြောင့် Pokemon ကိုအရင်းပြုပြီး စီးပွားရှာနိုင်တဲ့ ခါတော်မီဈေးကွက်တစ်ခု ဖြစ်လာခဲ့တာဖြစ်တယ်လို့ သတင်းတွေက ရေးသားထားခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ သူတို့ကုန်ပစ္စည်းရောင်းချ မှုတွေ၊ ကြော်ငြာတွေအတွက် Pokemon Go ဂိမ်းကို အဓိကပစ်မှတ်ထားပြီး ဆွဲဆောင်လာတဲ့အနေနဲ့ Pokestop တွေထားပေးတာတွေ ပြုလုပ်လာခဲ့ကြပါတယ်။ ဒါကြောင့် Pokestop ရှိတဲ့နေရာတွေကို Pokebus ဘတ်စ်ကားက လိုက်ပို့ပေးတာဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံမှာသာမက တရုတ်(တိုင်ပေ) မှာလည်း အလားတူ ဝန်ဆောင်မှုမျိုးကို ပြုလုပ်နေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်ဝမ်မှာ Pokemon Go Fan တွေကို Bus Tour သဘောမျိုးနဲ့ Pokemon ဖမ်းနိုင်တဲ့ နေရာတွေကို လိုက်ပို့ပေးနေခဲ့တယ်လို့ သိရပါတယ်။


ဒီပွဲကို Fan ပေါင်း ၁၀၀၀ ကျော်လောက် ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ Bus ကားမှာ Wi Fi လွှင့်ထားပေးတာ၊ USB အားသွင်းပေါက်တွေ ထည့်သွင်းထားပေးတာတွေလို ဝန်ဆောင်မှုတွေလည်း ပေးထားခဲ့ပြီး Module လွှတ်ထားတဲ့ နေရာတွေ ရှိတဲ့နေရာတွေကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။
Credit to ==> Digital Times

0 comments:

Post a Comment