Sunday 7 August 2016

How to download movies from torrent on iOS devices

Filled under:

iOS devices ပေါ်များမှနေ Torrent link နဲ့ Movies, Songs နှင့်အခြားသော torrent file များရယူနည်းအဆင့်ဆင့်ကို တင်ပြပေးချင်ပါတယ်...


Torrent ဟာ ဆိုရင် တော်တော်များများသိကြတဲ့အတိုင်း အင်မတန်မှ အသုံးပြုရအဆင်ပြေပြီး လျင်မြန်စွာနဲ့ ကိုယ်လိုချင်တာရယူနိုင်မှာကို သိကြပြီးသားပဲဖြစ်မှာပါ

အခုလိုပြုလုပ်ဖို့အတွက် device ကို Jailbreak ပြုလုပ်ထားဖို့လဲမလိုအပ်ပါဘူး...

လိုအပ်တာကတော့ Download Manager app ကောင်းကောင်းတခုပါပဲ... ဒါကလဲသိပ်မခက်ပါဘူး...

Total Downloader (TDownloader) ရှိရင်အဆင်ပြေပါပြီ...  TDownloader ကိုပဲ သုံးနေကြဖြစ်တာကြောင့် အဆိုပါ Downloader ကိုသုံးပြီး ပြုလုပ်ပုံများကိုပဲတင်ပြသွားပါမယ်.. အခြားသော Downloader, Download Manager များလိုပဲ သုံးရတာရိုးရှင်းပြီး လွယ်ကူပါတယ်..
TDownloader ကို Free Version နဲ့ Pro Version ဆိုပြီး ခွဲထားပါသေးတယ်..
Pro Version နဲ့ Free Version ကွာတာကတော့ Download Manager တိုင်းအတူတူပါပဲ.. Free Version မှာ Ads တွေပါနေမယ်.. Simultaneous Download ကို ၁ခုပဲကန့်သတ်ထားမယ်... အချို့သော User များကတော့ Camera Roll ကနေမှတဆင့် ပြန်ကြည့်ချင်ကြတဲ့အတွက် Move to Camera Roll ဆိုတဲ့ Function ပါမှ ကြိုက်ကြပါတယ်... ဒီ TDownloader မှာတော့ Free Version မှာ အဆိုပါ Function ပါရှိမှာမဟုတ်ပါဘူး... .... Version နှစ်ခုလုံးဟာ Resume Downloading Function ပါဝင်လို့ အဆင်ပြေအကြိုက်တွေ့စေကြမှာပါ...  ဒီTDownloader ကိုကြိုက်နှစ်သက်ရတဲ့အချက်ကတော့ အခြားသော Download Manager များလို Unzip လုပ်နိုင်တာတွေအပြင် File Type တွေကိုပါပြောင်းလဲနိုင်လို့ပါ...
ဒါပေမယ့်လဲ Move to Camera Roll function ပါမှကြိုက်တယ်ဆိုရင်တော့ Pro Version ၀ယ်သုံးပါ.. ဒါမှမဟုတ်ရင် File Manager for Web Cloud Drive ဆိုတဲ့ App ကို App Store ကနေ Free ရယူနိုင်ပါတယ်..  ဒီ App ကတော့ Display Name မှာ Downloader ဆိုပြီးသာပေါ်ပါလိမ့်မယ်

TDownloader (Free)
TDownloader (Pro)
Free Manager for Web Cloud Drive (Free)

Download Manager app တခုခုရရှိပြီဆိုရင်တော့ Torrent File တွေဘယ်လိုရယူနိုင်မလဲဆိုတာ ဆက်လက်ပြသပေးသွားပါမယ်...

Torrent File တွေကိုရယူမယ်ဆိုရင် အကောင်းဆုံး Torrent Site တွေကတော့

Kickass Torrents
The Pirate bay
ExtraTorrent
TorrenntTZ
Rarbg
1337x   စတဲ့ torrent site တွေကတော့ အစုံလင်ဆုံးနဲ့ အဆင်ပြေဆုံးပဲဖြစ်ပါတယ်. လောလောဆယ်အချိန်မှာတော့ The pirate bay ဟာဆိုရင် server down နေပါတယ်..

အခုဆိုရင် Torrent Movies တွေကို iOS devices ပေါ်ကနေ TDownloader (Pro) နဲ့ Kickass torrent သုံးပြီး ရယူဖို့အဆင်သင့်ဖြစ်နေပါပြီ ...

How to download movies from torrent on iOS devices

~ TDownloader app ကိုဝင်ပါ.. ထို့နောက် Browser Section ကိုသွားပါ..



~ Search bar မှာ https://kat.cr/movies/ ကိုရေးထည့်ပါ. ဒါ Kickass torrents ရဲ့ Movies section ကိုရောက်ရှိစေမှာဖြစ်ပါတယ်




~ ကြိုက်နှစ်သက်ရာ Movie ကိုရှာဖွေတွေ့ရှိပြီဆိုရင် Seed ကိုတချက်ကြည့်ပါ..




~  ပြီးရင် File Size ကို 1GB မကျော်ပါစေနဲ့. Seed များမှ Magnet Download ပေါ်ကို ခနဖိထားပေးပြီး Copy လုပ်ပါ




~ Copy လုပ်ပြီးရင် ညာဖက်ထောင်အောက်ခြေရှိ New Page ပုံကိုနှိပ်ပြီး Web Page အသစ်တခုယူပါ..



~ အဆိုပါ Web ရဲ့ Search bar မှာ https://www.zbigz.com/ ကို ရေးထည့်ပေးလိုက်ပါ.. Zbigz ဟာဆိုရင် Torrent မှ ရုပ်ရှင်၊သီချင်းစတာတွေကို ရယူနိုင်ပေးဖို့ အရေးပါတဲ့ကြားခံတစ်ခုဆိုလဲ မမှားပါဘူး..



~ ထို့နောက်မှာတော့ စောနက Copy လုပ်လာတဲ့ Torrent Magnet link ကို ပုံမှာပြထားတဲ့အတိုင်း Search Box နေရာမှာ Paste လုပ်ပေးလိုက်ပါ..



~ ပြီးရင် Go ကိုနှိပ်ပါ..



~ Go နှိပ်ပြီးရင်တော့ အောက်ပါအတိုင်းတွေ့ပါလိမ့်မယ်.. ဖတ်ရှုကြည့်ပါ.. Torrent magnet link မယူခင်တုန်းက ဘာကြောင့် File size ကို 1GB ထက်မကျော်စေလဲဆိုတာကို မြင်တွေ့ရပါလိမ့်မယ်.. 



~ Free Cloud ပုံလေးကိုတချက်နှိပ်ပေးလိုက်ပြီး ခနစောင့်ပါ...



~ ထို့နောက် အောက်ပါအတိုင်းတွေ့ရင် .zip ပေါ်ကို ဆက်နှိပ်ပါ. Zipping လုပ်နေပါလိမ့်မယ်



~ Zipping လုပ်ပြီးသွားရင် Free Cloud နဲ့ Premium Cloud ပုံ Page ကိုထပ်မံရောက်ရှိသွားပါမယ်. Free ကိုပဲရွေးပေးပါ



~ Free ရွေးပေးပြီးလို့ ခနစောင့်ပြီးရင် အောက်ပါပုံအတိုင်းတွေ့ပါလိမ့်မယ်..  Download ကို ရွေးပေးပါ



~ ဒီနေရာမှာတော့ File name, Destination လုပ်ချင်တဲ့နေရာ စတာတွေကို ပြုပြင်နိုင်မှာပါ.. ပြီးရင်တော့ ညာဖက်အပေါ်က Download ကိုနှိပ်ပေးလိုက်ပါ



~ Download လုပ်နေတာကိုကြည့်ချင်တယ်ဆိုရင်တော့ Screen ဘယ်ဖက်မှ ညာဖက်ကိုပွတ်ဆွဲပြီး Downloads Section မှကြည့်နိုင်သလို Web Page Search Bar ဘယ်ဖက်မှ More Tap (အကြောင်း၃ကြောင်း) ကိုနှိပ်ပြီးလဲ Downloads Section ကိုသွားရောက်ကြည့်ရှုနိုင်ပါတယ်..



~ အခုဆိုရင်တော့ Torrent မှ Movie file ကို Zip File အဖြစ်ချုံပြီး ရယူနိုင်ပြီပဲဖြစ်ပါတယ်..



~ Download ပြုလုပ်ပြီးရင်တော့ File Section မှာ Zip File အဖြစ်နဲ့ရောက်ရှိနေပါလိမ့်မယ်.  အဆိုပါ Zip ကိုနှိပ်လိုက်ပြီး Decompress လုပ်လိုက်ပါ. ( Zip ဖြည်တာကို Screenshot မရိုက်လိုက်ရလို့ပါ)



~ ပြီးရင်တော့ Save to Camera Roll လုပ်လုပ်၊ File Type ပြောင်းပြောင်း၊ ကြိုက်တဲ့Playerကနေပဲဖွင့်ဖွင့် ဖွင့်ကြည့်နိုင်ပါပြီ... TDownloader ကနေပဲ ကြည့်မယ်ဆိုရင်လဲ Player ပါဝင်ပြီးသားဖြစ်ပါတယ်...






BOOM!


အခုဆိုရင် iOS Device ပေါ်မှ Torrent Movie file ဘယ်လိုရယူမလဲဆိုတာကိုသိရှိလောက်ပြီပဲထင်ပါတယ်..  အခြားသော Torrent မှ Movies, Songs တွေကိုလဲ ဒီနည်းနဲ့ရယူနိုင်ပါတယ်. Zbigz မှာ Premium Member မဟုတ်သ၍ 1GB နှင့် အထက် File size တွေကိုရယူနိုင်မှာမဟုတ်သေးပါဘူး...


အဆင်ပြေကြပါစေ . . .


Think Different . . .

0 comments:

Post a Comment