Monday 8 August 2016

FACEBOOK က NEWS FEED မှာကြော်ငြာများ ပြဖို့ နေရာသိပ်မကျန်ဟုပြော


Facebook က ဧပြီလကနေဇွန်လကြားယခုနှစ် ဒုတိယကွာတားတစ်ခုထဲ ကနေတောင် ကြော်ငြာဝင်ငွေ ၆.၂ ဘီလီယမ်ရရှိခဲ့ပြီးကြော်ငြာများဖြင့် ၀င်ငွေ မြောက်များစွာ ရှာဖွေနိုင်တဲ့ ကမ္ဘာ့အချမ်းသာဆုံးကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပါ တယ်။ ယခုအခါ CFO Dave Wehner က စိတ်ဝင်စားစရာကောင်းတဲ့ သတင်း တစ်ခုကိုပြောကြားလိုက်ပါတယ်

Facebook က News Feed မှာ User တစ်ယောက်ချင်းစီကို ပြသတဲ့ ကြော်ငြာအရေအတွက်ဟာအမြင့်မားဆုံး ဖြစ်နေပြီလို့ ပြောပါတယ်။ News Feed မှာ Users များအားကြော်ငြာများ တိုးမြှင့်ပြသဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူး။ လူမှုကွန်ရက်အစားကြော်ငြာ ကွန်ရက်ဖြစ်သွားမှာဖြစ်ပြီး User များစွန့်ခွာသွားနိုင်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီရဲ့ ကြော်ငြာစီးပွားရေးကိုဆက်လက်ထိန်းထားနိုင်ဖို့ အခြားနည်းလမ်း များကို ရှာဖွေရတော့မှာပါ။

ဒီလိုလုပ်ဖို့ Users အသစ်များကိုထပ်မံရှာဖွေရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းက ထိရောက်တဲ့ ကြော်ငြာ များကိုဖန်တီးပေးရ မှာပါ။ Facebook သုံးသူအရေအတွက်ဟာအစဉ်တစ်စိုက် မြင့်မားလာနေ ပါတယ်။ ယခင်ကွာတားတစ်ခုထဲမှာတင်ပဲဖောက်သည် အသစ်သန်း ၆၀ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပိုမိုကောင်းတဲ့ ကြော်ငြာများဖန်တီးဖို့က ခက်ခဲပါ တယ်။

အဲဒါကြောင့် Facebook က Video, Live Video များကိုပစ်မှတ်ထားနေပါ တယ်။ ဒါ့အပြင် Facebook ကနေအဓိကကြော်ငြာဝင်ငွေများ ရရှိနေပေမယ့် လည်းInstagramလိုကြော်ငြာဝင်ငွေများ ရနိုင်တဲ့ အခြားထုတ်ကုန်များလည်း ရှိနေပါတယ်။ အနာဂတ်မှာ Oculus, Messenger , WhatsAppတို့ကနေလည်း ၀င်ငွေများ ရလာနိုင်ပါသေးတယ်။


အခြား Apps များမှာ Facebook ကြော်ငြာ များကို ပြသနိုင်တဲ့ Audience Network ကိုလည်း Facebook က ဖန်တီး နေပါတယ်။ အဲဒီအတွက် Facebook News Feed မှာကြော်ငြာများ ပြသဖို့ နေရာ သိပ်မကျန်တဲ့ ပြဿနာကိုဖြေရှင်းနိုင်မယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal

0 comments:

Post a Comment