Monday 8 August 2016

စတစ်ကာနဲ့ FILTER တွေပါဝင်တဲ့ SNAPCHAT စတိုင် SELIFE ကင်မရာအသစ်တခုကို FACEBOOK စမ်းသပ်

Filled under:


Facebook ဟာ ၎င်းရဲ့ app အတွင်းမှာ Selfie ကင်မရာအသစ်တစ်ခုကို စမ်းသပ်လျက်ရှိပါတယ်။ အဆိုပါကင်မရာမှာ Snapchat လိုမျိုး စတစ်ကာနဲ့ filter တွေကို ရိုက်နေရင်းထည့်သွင်းနိုင်မှာဖြစ်ပြီး၊ ယနေ့ပဲ ကနေဒါနဲ့ ဘရာဇီးနိုင်ငံတို့မှာ စတင်စမ်းသပ်လျက်ရှိတယ်လို့ သိရပါတယ်။

Facebook ဟာ လွန်ခဲ့တဲ့မတ်လတုန်းက ဝယ်ယူလိုက်တဲ့ AR effects app ‘MSQRD’ ရဲ့ နည်းပညာတွေကို ယခုကင်မရာအသစ်မှာ ထည့်သွင်းအသုံးပြုထားတာဖြစ်ပြီး၊ ရီယိုအိုလံပစ်ပွဲနဲ့ အချိန်ကိုက် စမ်းသပ်နေတာဖြစ်တယ်လို့ ယူဆရပါတယ်။

Selfie ကင်မရာအသစ်စမ်းသပ်မှုမှာ ပါဝင်သူတွေအနေနဲ့ Facebook app ကို ဖွင့်ဖွင့်ချင်းမှာ “What’s on your mind” ဘောက်စ်ရဲ့အပေါ်ဘက်၊ News Feed အပေါ်ဆုံးမှာ လက်ရှိကျင်းပလျက်ရှိတဲ့ Rio အိုလံပစ်ပြိုင်ပွဲပုံနဲ့အတူ Open Camera ဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Capture

“Open Camera” ကို နှိပ်လိုက်တာနဲ့ စခရင်အပြည့်မြင်ကွင်းပေါ်လာမှာဖြစ်ကာ ဓာတ်ပုံရိုက်ရင်ရိုက် ဒါမှမဟုတ် ဗီဒီယိုအတိုပိုင်းတစ်ပိုင်းလောက် ရိုက်ချင်ရင်ရိုက်လို့ ရပါတယ်။ ရှေ့ကင်မရာနဲ့ ရိုက်မယ်ဆိုရင် MSQRD ရဲ့ AR filter တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပြီး၊ ကိုယ်အားပေးတဲ့အသင်းအလံ၊ စာသားစတာတွေကို ကင်မရာရိုက်နေရင်းနဲ့ ထည့်သုံးနိုင်မှာပါ။


ယခုကင်မရာနဲ့ရိုက်ပြီးတင်လိုက်တဲ့ပုံတွေဟာ သာမန်ပုံတွေအတိုင်း News Feed နဲ့ သင့်ပရိုဖိုင်တိုင်းမ်လိုင်းထဲ ဝင်သွားမှာပါ။

အရင်ကတော့ အခုလိုမျိုး မိမိပုံမှာ စတစ်ကာတွေ အသင်းအလံတွေထည့်ချင်တယ်ဆိုရင် တခြား app တစ်ခုခု ဒါမှမဟုတ် photoshop တွေနဲ့ လုပ်နေရပေမယ့်၊ အခုတော့ Facebook ကင်မရာမှာတင် အဆင်သင့်လုပ်နိုင်မှာဖြစ်ပါတယ်။

ယခုကင်မရာအသစ်ကို ကနေဒါနိုင်ငံမှာ Android ကော iOS နဲ့ ဘရာဇီးနိုင်ငံမှာတော့ iOS တစ်ခုတည်းမှာပဲ စတင်စမ်းသပ်သွားမှာဖြစ်ပြီး၊ မကြာခင် AR ဓာတ်ပုံတွေကို တစ်ကမ္ဘာလုံးသုံးနိုင်မှာဖြစ်တယ်လို့  Facebook က ပြောကြားခဲ့ပါတယ်။
Credit to ==> Digital Times


0 comments:

Post a Comment