Apple သည် ဇွန်လ ၂ ရက်နေ့၌ ကျင်းပမည့် Worldwide Developers Conference (WWDC) တွင် Apple TV သို့မဟုတ် iWatch ထုတ်ကုန်များကို မိတ်ဆက်မည် မဟုတ်ကြောင်း Re/code ဝက်ဆိုက်က ဖော်ပြသွား သည်။
အဆိုပါ အခမ်းအနားတွင် Apple သည် iPad နှင့် iPhone အတွက် iOS အပြင် Mac ကွန်ပျူတာများအတွက် OS X အစရှိသည့် operating system များတွင်သာ အာရုံစိုက်ထားကြောင်း သိရှိရသည်။
WWDC တွင် OS X ကို သာအဓိကထား အာရုံစိုက်သွားမည် ဖြစ်ပြီး ပြီးခဲ့သည့်နှစ် iPhone တွင်ထွက်ရှိထားသည့် iOS 7 ကဲ့သို့ ဒီဇိုင်းပိုင်း ပြန်လည် မွမ်းမံထားဖွယ်ရှိကြောင်း 9to5Mac က ဖော်ပြခဲ့သည်။ iOS ဗားရှင်းသစ် တစ်ခု ဖြစ်သည့် iOS 8 တွင် Healthbook ဟုခေါ်သည့် fitness app တစ်ခု ပါဝင်လာမည် ဖြစ်ကာ feature သစ်များစွာ ပါဝင်လာဖွယ် မရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က Apple ၏အမှုဆောင်ချုပ် Tim Cook သည် ၂၀၁၄ ခုနှစ် အတွင်း ထုတ်ကုန်သစ်များ ထွက်ရှိလာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့ရာတွင် Apple သည် လတ်တလော၌ မြန်ဆန်သည့် ပရိုဆက်ဆာ အသုံးပြုထားသည့် update အနည်းငယ်ပြုလုပ်ထားသော Macbook Air ကိုသာ ထုတ်လုပ်ထားသေးသည်။
Ref: BusinessInsider
0 comments:
Post a Comment